အခန်း ၃၁ - ၃၈
Vol. 3 Ch. 31-38
Chapter 31
ဝန်ထမ်း၏ ဦးဆောင်မှုဖြင့်သူတို့သည် KTV သို့ ရောက်လာကြသည်။
အခန်းထဲကို ဝင်လာပြီးနောက် သူတို့စိတ်ကိုယ်သူတို့ လွှတ်ချလိုက်ပါတော့သည်။
အခန်းက တော်တော်မှိန်ပြီး သူတို့ဟာ အရက်နည်းနည်းသောက်ထားတာကြောင့် ပက်ထရစ်နဲ့ မယ်ဒီဆင် က ထောင့်နားကို တိုက်ရိုက်သွားပြီး နှစ်ယောက်သား ချစ်ကြည်နူးနေကြသည်။
မကြာခင်မှာပဲ လှပတဲ့ မိန်းကလေး သုံးယောက်ကသီချင်းဆိုနေကြကာ ဒေးဗစ်မှလွဲ၍ အခြားသော နှစ်ယောက်က ၎င်းတို့၏ ဖုန်းများဖြင့် ကစားနေကြသည်။
ဒေးဗစ်သည် ဆိုဖာပေါ်တွင်ထိုင်ရသည်မှာ အနည်းငယ်ပျင်းသော်လည်း ထွက်သွားရန် မသင့်တော်သောကြောင့် သူသည် မိန်းကလေးများ၏ အသံကိုသာ နားထောင်နိုင်ခဲ့သည်။
အနုပညာဌာနကမလို့ အသံကတော့ တော်တော်ကောင်းကြသည်။
အချိန်တွေတဖြည်းဖြည်းနဲ့ကုန်သွားသည်။
မိန်းကလေးသုံးယောက် မောပန်းနွမ်းနယ်လို့ အနားယူရမယ့်အချိန်ပါပဲ။
ပက်ထရစ်က မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး "ဒီနေ့ ငါတို့နဲ့အတူ လိုက်လာတဲ့ အလှလေးသုံးယောက်ကို ကျေးဇူးအများကြီးတင်ပါတယ်" လို့ ပြောလိုက်သည်။
ထို့နောက် သူက ဒေးဗစ်ကို လက်ညှိုးထိုးပြပြီး “ဒါက ငါ့သူငယ်ချင်း ဒေးဗစ်ပဲ၊ သူက အခုတစ်ကိုယ်တည်းဖြစ်နေတုန်းပဲ။ မင်းတို့မှာ ရည်းစားမရှိရင် တစ်ယောက်နဲ့တစ်ယောက် သိဖို့ ဆက်သွယ်ဖို့ အသေးစိတ်အချက်အလက်တွေဖလှယ်နိုင်ပါတယ်။ မင်းတို့ စုံတွဲဖြစ်သွားနိုင်တယ် ဆိုတာ ဘယ်သူကသိမှာလဲ။ တခြားအရာအားလုံးထက် ငါ့သူငယ်ချင်းက သူ့ရည်းစားအပေါ် သစ္စာရှိမှာ သေချာတယ်။”
ဒေးဗစ်သည် ထိုစကားကိုကြားသောအခါ ရယ်ရမလား ငိုရမလားမသိပေ။ 'သူ ငါ့ကို ချီးမွမ်းနေတာလား ၊ ဖဲ့နေတာလား'
သူဟာတော်တော်လေး သစ္စာရှိသည်။ သူသည် အလွန်သစ္စာရှိသူဖြစ်ပြီး စွန့်ပစ်ခံရပြီးနောက် သွေးအန်ပြီးမေ့လသွားခဲ့သည်။
ပက်ထရစ်က သူ့ကို ချီးကျူးနေမှန်း မသိရင် ဒါကို အမှန်အတိုင်း သိတဲ့သူတွေက ရယ်ကြလိမ့်မည်။ ပက် က ဒီည တော်တော် သောက်ထားတာပဲ။
ပက်ထရစ် သည် ထိုစကားကို ပြီးဆုံးပြီးနောက်တွင် ချောမောလှပသော မိန်းကလေးများထံမှ တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သည်။ မိန်းကလေး သုံးယောက်မှာ ရည်းစားမရှိသေးကြောင်း မယ်ဒီဆင် ထံမှ ကြားသိရသောကြောင့် ယခုကဲ့သို့ လုပ်ခဲ့ခြင်း ဖြစ်သည်။
ဒါတောင် ဒေးဗစ်က အရပ်အရှည်ဆုံးဖြစ်တဲ့ တာရာ နဲ့ အခွင့်မသာပေ။ဒေးဗစ်နေနေသာသာ ပက်ထရစ်လို ပလေးဘွိုင်တစ်ယောက်တောင် ဒီလိုနတ်ဘုရားမလေးကို လိုက်ဖို့ ခက်ခဲလိမ့်မည်။
ဒါပေမယ့် ဒေးဗစ်မှာ အခြားနှစ်ယောက်နှင့် အခွင့်အရေးရှိသည်။
ထို့အပြင်၊ ဒေးဗစ်သည် မကြာသေးမီက အပြောင်းအလဲအချို့ကို ကြုံတွေ့ခဲ့ရပုံရသည်။ သူက ပိုသန်မာလာပြီး စိတ်နေစိတ်ထားလည်း ပြောင်းသွားသည်။ ဆာရာ နဲ့ အတူရှိစဉ်တုန်းကလောက် မရှက်တတ်တော့ပေ။ ခုတော့ သူကိုယ်သူ ပိုယုံကြည်လာပုံရသည်။
အတိုချုပ်ပြောရလျှင် သူသည် ယခုအချိန်တွင် အကျင့်စာရိတ္တကောင်းမွန်သူဖြစ်သည်။
ပက်ထရစ်ပြောသောစကားကို ရိုဆာလီ နှင့် အယ်လီဆာ ကြားသောအခါတွင် တုံ့ပြန်ခြင်းမပြုပေ။
အခန်းတည်းရှိ ယောက်ျားလေး လေးယောက်တွင် ချမ်းသာသော မိသားစုမှ ဆင်းသက်လာသော ပက်ထရစ်မှလွဲ၍ ကျန်အားလုံးမှာ ဆင်းရဲသားများ ဖြစ်ကြောင်း သူတို့ ပြောပြနိုင်သည် ။
ပက်ထရစ်ရဲ့ကားထဲက ကောင်လေးတွေ ထွက်လာတာကို သူတို့ တွေ့လိုက်သည်။ ဘယ်သူဌေးက တခြားသူရဲ့ ကားနဲ့လာမှာလဲ?
ဓာတ်ဆီချွေတာဖို့လား?
နောက်နေတာ ရပ်လိုက်တော့! ချမ်းသာတဲ့သူတွေက ဒါကို ဂရုစိုက်မှာလား။ ဒေးဗစ်ဟာ နောက်မှရောက်လာသော်လည်း၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ စျေးပေါသောအဝတ်အစားများကိုကြည့်ရုံဖြင့် သူ
မချမ်းသာကြောင်း ပြောနိုင်သည်။ဒေးဗစ်သည် ရုပ်ရည်ချောမောပြီး စတိုင်ကျသော်လည်း ရုပ်ရည်တစ်ခုတည်းနဲ့ ရှင်သန်နိုင်မည်လား။
ထို့အပြင် ၎င်းတို့သည် South River Multimedia University ၏ အနုပညာဌာနမှ ဖြစ်သောကြောင့် ယခင်က ချောမောသော ယောက်ျားများ အများအပြားကို တွေ့ဖူးသည်။
သူတို့သည် သူတို့၏ ငယ်ရွယ်မှုကို အလဟသ မဖြစ်စေလိုပါ။
နှစ်ယောက်သား တုံ့ပြန်ခြင်းမပြုသော်လည်း အခြားတစ်ဦးမှ တုံ့ပြန်ခဲ့သည်။
တာရာ သည် ဒေးဗစ် အကြောင်း သိချင်နေခဲ့သည်။
သူသည် အထင်သေး ခံနေရသော်လည်း ဆင်းရဲသားဟန်ဆောင်နေသေးသည်။
ထို့အပြင် သူသည် ၎င်းကို ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။ အခန်းဖော်တွေတောင် ဒါကို သတိမထားမိပေ။
ဆာရာ က သူ့အခန်းဖော်တွေကို သတိပေးချင်လိုက်သည်။ 'နင်တို့အမြဲတမ်း လိုချင်ခဲ့တဲ့ သူဌေးသားက မင်းတို့ရှေ့မှာ ရပ်နေတယ်လေ၊ ၊ ဒါပေမယ့် နင်တို့က သူ့ကို မမြင်ချင်ယောင်ဆောင်ကြနေတာလား။
'နင်ရှေ့မှာ ရွှေတောင်တစ်လုံးရှိနေတယ်၊ ဒါပေမယ့် မင်းတို့က အဲဒါကို အညစ်အကြေးလို သဘောထားကြတယ်"
ဒေးဗစ်က ဘယ်သူလဲဆိုတာ သိရင် သူ့မအခန်းဖော်တွေက ဘယ်လိုအမူအရာမျိုးဖြစ်မလဲဆိုတာ သူမသိချင်သည်။
သူတို့ စိတ်ဆိုးမှာလား?
နောင်တရမှာလား?
သူဌေးသားနှင့် ချိန်းတွေ့ခြင်းကို ၎င်းတို့၏ အဆုံးစွန်သော ဘဝပန်းတိုင်အဖြစ် ယူဆထားတဲ့ သူတို့လို လူတွေအတွက်၊ ဒါက သူတို့ကိုသူတို့ သတ်သေစေနိုင်သည်။
'ကောင်းပြီ မင်းတို့ သူ့ကိုမလိုချင်ရင် ငါသွားလိုက်မယ်။'
အဲဒါနဲ့ တာရာ မတ်တပ်ထရပ်ပြီး ဒေးဗစ်ရှေ့သို့လျှောက်သွားလိုက်သည်။ သူမသည် သူမ၏ ညာလက်ကို ဆန့်ထုတ်ကာ “ဒေးဗစ်၊ မင်္ဂလာပါ၊ ကျမက နာမည်က တာရာ ပါ။ ကျမက South River Multimedia University အနုပညာဌာနရဲ့ တတိယနှစ် ကျောင်းသူပါ။ တွေ့ရတာဝမ်းသာပါတယ်။ သူငယ်ချင်းကောင်းတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ပိုသိနိုင်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုစကားကို သူမပြောပြီးနောက် အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
ပက်ထရစ် သည် မိုက်ခရိုဖုန်းကို လွှတ်ချလုနီးပါး ဖြစ်သွားသည်။
တာရာလို နတ်ဘုရားမလေးက ဒေးဗစ်ကို စိတ်ဝင်စားနေတာလား
အဲ့ဒါကို ဘယ်သူကယုံမှာလဲ။
နတ်ဘုရားမ အမလီယာ က လွန်ခဲ့တဲ့နေ့လည်ပိုင်းက ဒေးဗစ် ကိုရှာဖို့ လာတာကို သုံးယောက်သား ရုတ်တရက် သတိရသွားသည်။
ဒေးဗစ်မှာ နတ်သမီးတွေကို ဆွဲဆောင်နိုင်တဲ့မှော်ဆန်တဲ့ အရှိန်အဝါရှိနေတာလား။ ပထမအကြိမ်က တိုက်ဆိုင်မှုတစ်ခုဆိုရင်....
Chapter 32
ဒုတိယအကြိမ်ဆိုရင်ရော။
တတိယအကြိမ် ဒါမှမဟုတ် စတုတ္ထအကြိမ်ထပ်ဖြစ်မှာလား။
စွန့်ပစ်ခံရပြီးနောက် သူ့ဘဝက ပိုကောင်းလာတာလား။
ထိုအခိုက်တွင် ဒေးဗစ်သည်လည်း အနည်းငယ် အံ့ဩသွားသည်။
စနစ်ရှိပြီးနောက်တွင် သူသည် အမျိုးသမီးများနှင့် ပတ်သက်ပြီး အလွန်ကံကောင်းလာသည်ဟု သူခံစားမိသည်။
ပထမက ပုလဲ ထို့နောက် အမလီယာ ယခု တာရာဖြစ်သည်။
သူတို့အားလုံးသည် နတ်သမီးဟာများပင်။
'ဘယ်တစ်ယောက်ကို ရွေးရမလဲ။
''ကလေးတွေကပဲ ရွေးချယ်ရမှာ ငါကအားလုံးကိုလိုချင်တယ်...'
ဒေးဗစ်သည် လျင်မြန်စွာ သတိပြန်ဝင်လာသည်။ ထို့နောက် မတ်တပ်ထရပ်ကာ "ဟယ်လို တာရာ၊ ငါလည်း မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်။ !"
သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်ပြီးနောက် ဖုန်းနံပါတ်နှင့် Instagram ကို အပြန်အလှန်ဖလှယ်ခဲ့ကြသည်။
ထိုအချိန်တွင် အခန်းတံခါးပွင့်လာသည်။
သူတို့က ဝန်ထမ်းလို့ပဲထင်လိုက်ကြသည်။
သို့သော်လည်း တံခါးကို ဝင်လာသော ပထမဆုံးလူမှာ အရပ်ပုပု ပိန်ပိန်ပါးပါးနှင့် လူလတ်ပိုင်းဖြစ်သည်။
သူ့နောက်မှာ မနေ့က တာရာနဲ့တွေ့တဲ့ ဒါရိုက်တာ ဆိုင်မွန်(ပီတာ) ကလိုက်လာသည်။
ဆိုင်မွန် နှင့် ဟက်တာ တို့သည် ယနေ့ညတွင် အခြားရင်းနှီးမြှုပ်နှံသူ နှစ်ဦးနှင့်အတူ လာသော်လည်း လမ်းတွင် တာရာ နှင့် သူမ၏ သူငယ်ချင်းအချို့ကို ဤနေရာတွင် တွေ့လိုက်သည်။
ထို့ကြောင့်၊ ဟက်တာ က သူ့အတွင်းရေးမှုးကို သူတို့နောက်သို့လိုက်ပြိး ၎င်းတို့၏ သီးသန့်ခန်းကို လိုက်ရှာခိုင်းသည်။ ရင်းနှီးမြုပ်နှံသူနှစ်ဦးကို နေရာချပေးပြီးနောက် သူတို့သည် ဤနေရာသို့ တည့်တည့်မတ်မတ်ရောက်လာသည်။
အခန်းထဲသို့ဝင်ပြီးနောက်၊ ဆိုင်မွန်က “မင်္ဂလာပါ အားလုံးပဲ၊ ငါ့နာမည်က ဆိုင်မွန်ပီတာပါ။”
ထို့နောက် သူ့ဘေးနားရှိ ခပ်ပိန်ပိန် လူလတ်ပိုင်း အမျိုးသားကို မိတ်ဆက်ပေးသည်။
“ဒါက Starlight Entertainments က
မစ္စတာ ဂိုမက်ဇ် ပါ။ ဒီနေ့ဒီကိုရောက်ရတဲ့ အကြောင်းအရင်းကိုတော့ အားလုံးသိလောက်မှာပါ။ မင်းတို့က SRMU ကကျောင်းသူတွေမလား။ မစ္စတာဂိုမက်ဇ် နဲ့ ကျွန်တော်က ရင်းနှီးမြုပ်နှံမှု သန်း ၁၀၀ ကျော်ရှိတဲ့ ရုပ်ရှင်အတွက် သရုပ်ဆောင်တွေရှာဖို့ မင်းတို့ရဲ့တက္ကသိုလ်ကို သွားချင်တာကြောင့် မြစ်မြို့ ကို လာခဲ့ကြတာပါ။ မင်းတို့ ငါတို့နဲ့ အရက်သောက်ဖို့ စိတ်ကူးရှိလား"
ဆိုင်မွန် စကားပြီးသောအခါ၊ ဟက်တာ သည် တာရာ၏ရှေ့သို့ စိတ်မရှည်စွာ လျှောက်လာပြီး "မင်းကတာရာ ဖြစ်ရမယ်။ ငါကသည် Starlight Entertainments မှ ဟက်တာဂိုမက်ဇ် ပါ။ တွေ့ရတာဝမ်းသာပါတယ်။ မင်းက အရမ်းဂန္ထဝင်ဆန်ပြီး ငါတို့ကုမ္ပဏီက ရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်ရဲ့ အမျိုးသမီးဇာတ်ဆောင်အတွက် ပြီးပြည့်စုံတယ်လို့ ငါထင်တယ်”
သူ့ရှေ့က တာရာ ကိုကြည့်နေသော ဟက်တာ ၏မျက်လုံးများသည် တောက်ပနေသည်။
သူမသည်အလွန်လှပပြီး classy ဖြစ်သည်။ ထို့အပြင် သူမသည် သူ့ထက် အရပ်ပိုမြင့်သည်။ ဒါကြောင့် သူမနဲ့ စကားပြောတဲ့အခါ ခေါင်းကို အနည်းငယ် မော့ထားဖို့ လိုပါလိမ့်မည်။
သူက သူ့ထက်အရပ်မြင့်တဲ့ အမျိုးသမီးတွေကို သဘောကျသည်။
ဤအရာက ကြီးစိုးမှုကို ဖြစ်ပေါ်စေနိုင်သည်၊ ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ ဤမိန်းမကို ရအောင်ယူရမည်။
“တောင်းပန်ပါတယ် မစ္စတာဂိုမက်ဇ်။ မင်းရုပ်ရှင်ရဲ့ သရုပ်ဆောင်ဖြစ်ဖို့ ငါ စိတ်မဝင်စားဘူး” ဟု တာရာ က တည်ငြိမ်စွာ ဖြေကြားလိုက်သည်။
သတိမထားမိဘဲ ပေါ်လာတဲ့ ဆိုင်မွန် နဲ့ ဟက်တာ ကိုကြည့်ရင်း တာရာ ရုတ်တရက် သဘောပေါက်သွားသည်။
ဆိုင်မွန်က မနေ့က ဒီမစ္စတာ ဟက်တာဂိုမက်ဇ်ဆီ သွားဖို့တောင်းဆိုနေတာ ဖြစ်နိုင်သည်။
တာရာ သည် ဟက်တာ ၏ တိုတောင်းပြီး အဆီရွှဲနေသော ခန္ဓာကိုယ်ကို ကြည့်ရင်း ရွံရှာသွားသည်။သူနဲ့နေမယ့အစား သတ်သေလိုက်တာကမှ ပိုကောင်းမယ်။
မည်သို့ပင်ဆိုစေကာမူ သူမသည် အမျိုးသမီးဇာတ်ဆောင်၏ အခန်းကဏ္ဍကို ဂရုမစိုက်ခဲ့ပေ။
“မစ္စတာရာ၊ ငါတို့ ဒီရုပ်ရှင်အတွက်
သန်း ၁၀၀ရင်းနှီးမြုပ်နှံထားတာ မင်းမသိဘူးလား။ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးလာနိုင်တယ်။ ပြီးတော့ ငါတို့ကနာမည်ကြီး အနုပညာရှင်မယ်ရီကန့် ကို ဇာတ်ပို့ အမျိုးသမီး ဇာတ်ဆောင်အဖြစ် တောင်းဆိုထားတယ် ဇာတ်ရုပ်ကို လက်ခံရင် မင်းနေ့ချင်းညချင်း ကျော်ကြားလာမှာပါ” ဟက်တာ က သူမကို ဆက်ပြီး သွေးဆောင်လိုက်သည်။
သူပြောသော်လည်း တာရာ ဘာမှမခံစားရပါ။ သို့သော် အဲလစ်ဇာ၊ ရိုဆာလီနှင့် မက်ဒီဆင်တို့သည် သွေးဆောင်ခံလိုက်ရသည်။
အမျိုးသမီးဇာတ်ဆောင်? မယ်ရီကန့် လည်းပါတာလား
အနုပညာဌာနကို ရွေးချယ်ပြီး ဘယ်သူတွေ ကနာမည်မကြီးချင်မှာလဲ။ ဘယ်သူက ကြယ်ပွင့်မဖြစ်ချင်မှာလဲ။ သို့သော်လည်း သူတို့မှာ အဲဒီလိုလုပ်ဖို့ အခွင့်မသာခဲ့ပေ။
"တောင်းပန်ပါတယ် မစ္စတာဂိုမက်ဇ်၊ ငါတကယ် စိတ်မဝင်စားဘူး" တာရာသည် မတုန်လှုပ်သေးပေ။
“မစ္စတာ ဂိုမက်ဇ်၊ငါစိတ်ဝင်စားတယ်!"
“မစ္စတာ ဂိုမက်ဇ်၊ ငါလည်း စိတ်ဝင်စားတယ်။”
အဲလစ်ဇာ နဲ့ ရိုဇာလီ က အမြန်ရောက်လာပြီး ပြောလိုက်သည်။
သို့သော် မက်ဒီဆင်သည် ချစ်သူပက်ထရစ် အနီးနားတွင် ရှိနေသောကြောင့် သူမသည် မလွန်ဆန်ခဲ့ပေ။ အခက်အခဲများစွာနဲ့နောက်ဆုံးမှာ ချမ်းသာတဲ့ချစ်သူတစ်ယောက်ရခဲ့ပြီး သူ့ကိုအဆုံးရှုံးမခံချင်ပေ။
ဟက်တာ သည် အဲလစ်ဇာ နှင့် ရိုဇာလီ ကို စိတ်မဝင်စားပေ။ အရင်က ဒီလိုမျိုး မိန်းမတွေ အများကြီးနဲ့ ကစားဖူးသည်။
ဟက်တာ က ဆိုင်မွန် ကို ကြည့်ကာ တာရာ နဲ့ စကားပြောခိုင်းသည်။
ဒါပေမယ့် တာရာ က သူတို့ကို အခွင့်အရေးမပေးခဲ့ပေ။ သူမ ချက်ချင်းပဲ မယ်ဒီဆင် ကို “ မယ်ဒီ ၊ ငါ့မှာ လုပ်စရာတစ်ခုရှိသေးတယ် ၊ ဒါဆို ငါသွားတော့မယ် ။ ပျော်ပါစေ။"
"ဒေးဗစ် နင်ငါ့ကို လိုက်ပို့ပေးလို့ရမလား” လို့
ဒေးဗစ်ကိုမေးလိုက်သည်။
"အိုး ကောင်းပြီလေ!" ဒေးဗစ်က မြန်မြန်ပြန်ဖြေလိုက်သည်။ သူထွက်သွားချင်နေတာကြာပြီလေ အခု နောက်ဆုံးမှာတော့ အကြောင်းပြချက်တစ်ခုရှိလာသည်။
အခန်းထဲရှိလူအားလုံးကို ပြောပြီးနောက် နှစ်ယောက်သား အတူထွက်သွားကြသည်။
Chapter 33
မကြာမီ ဒေးဗစ်နှင့်တာရာ ထွက်သွားသည်။
အခန်းထဲမှာကျန်ခဲ့တဲ့ ဟက်တာ က သူ့မျက်နှာမှာ မျက်နှာပျက်နေသည်။
Starlight Entertainments ၏မန်နေဂျာဖြစ်လာပြီးနောက် ဟက်တာ သည် ဤမျှမလေးစားသောအမျိုးသမီးတစ်ဦးနှင့်တွေ့ဆုံခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။
ဟက်တာ သည် showbiz တွင်မပါဝင်ချင်ဘဲခေါင်းမာလွန်းသောအမျိုးသမီးများကိုဘာမှမလုပ်နိုင်ပါ။
အဲလစ်ဇာ နှင့် ရိုဇာလီ သည် ဟက်တာ ၏ တစ်ဖက်တစ်ချက်တွင် ထိုင်ကာ ပြောနေသည်။ သူတို့သည် ဤဇာတ်ရုပ်ကို တကယ်လိုချင်ခဲ့သည်။
ပက်ထရစ် နဲ့ Musketeer သုံးယောက်ကလွဲရင် ကျန်နှစ်ယောက်က ဆိုင်မွန်ကို ဖားနေကြသည်။ ဆိုင်မွန် သည် လူကြိုက်များသည့် ဒါရိုက်တာတစ်ဦးဖြစ်ပြီး အဲလစ်ဇာတို့အတွက် ကြီးမားသောအခွင့်အရေးဖြစ်နေပြီဖြစ်သည်။
ဒီလိုနဲ့ သူတို့ဟာ သူတို့၏ နှလုံးသားထဲတွင်ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သောက်လာကြသည်။
ထိုအချိန်တွင် ဒေးဗစ်နှင့် တာရာသည် အောက်ထပ်သို့ဆင်းရန် ဓာတ်လှေကားထဲသို့ရောက်လာသည်။
သူတို့ ဓာတ်လှေကားထဲကို ရောက်သောအခါ တာရာ က ရုတ်တရက် မေးလိုက်သည်"ဒေးဗစ် ဒီဟိုတယ်က နင့်မိသားစုပိုင်လား"
"ဟင်?" ဒေးဗစ်သည် ကြောင်သွားသည်။
“ဖုံးကွယ်ဖို့ ဆင်ခြေရှာမနေနဲ့။ မင်း ဒီဟိုတယ်နဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်စပ်မှုရှိရမယ် ဆိုတာ ငါသိတယ်” ဟု တာရာ က ထပ်မံပြောသည်။
"ငါ ဘာမှ ဖုံးကွယ်မထားဘူး၊ မင်းဘာတွေပြောနေတာလဲ ငါမသိဘူး!" ဒေးဗစ်က ပြောလိုက်သည်။
“ဒေးဗစ် ပွဲတစ်ခုကြောင့် ဟိုတယ်က ညစာ အလကား မပေးနိုင်တဲ့အပြင် ညစာစားတိုင်းဒေါ်လာတစ်သိန်းထက် ပိုကုန်ကျတယ်။ မင်းနည်းနည်းတော့ လိုသွားတယ်။ စျေးလျှော့ပေးတယ်ဆျုရင်တောင် ပိုကောင်းလိမ့်မယ်။"
"ဟိုတယ်က ညစာ အလကားပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ငါနဲ့ဘာဆိုင်လို့လဲ"
"ဒေးဗစ်နင် ဒါကို ဝန်မခံချင်ရင်လည်းရပါတယ်၊ ဒါပေမယ့် မိန်းမတစ်ယောက်ရဲ့ ပင်ကိုယ်ကအသိစိတ်ကအရမ်းမှန်တယ်ဆိုတာ နင်သိထားသင့်တယ်။ ညစာအခမဲ့ ပေးဖို့ဟိုတယ်ကို ပြောထားတာမင်းဖြစ်ရမယ် ဟိုတယ်ရဲ့အလွန်အရေးပါတဲ့ သူတွေပဲအဲ့တာကို လုပ်ဆောင်နိုင်တယ် ။ မယ်ဒီ နဲ့ကျန်တဲ့သူတွေ ရောက်ရင်သေချာ ခွဲခြမ်းကြည့်မယ်။ ဒီမှာ ဘယ်သူက ဒီလောက် အခွင့်အာဏာ ရှိတယ် ဆိုတာ ငါ ကြည့်မယ်။”
ဤအမျိုးသမီးသည် အံ့သြဖွယ်ကောင်းသည်ဟု ဒေးဗစ်ခံစားရသည်။ သူမက အရမ်းစမတ်ကျသည်။ညစာ အလကား ဘယ်သူ ကျွေးတယ် ဆိုတာတောင် သူမ တွေးကြည့်နိုင်သည် ။ သူမစုံထောက်မလုပ်တာ ဖြုန်းတီးရာကြတာပဲ။
သို့သော် တာရာသည် မနေ့ညက ဒေးဗစ်ဟိုတယ်ထဲသို့ ဝင်လိုက်သောအခါ အစောင့်များက ဦးညွှတ်နေသည်ကို သူမ မြင်သောကြောင့်အတည်ပြုခဲ့တာကို ဒေးဗစ်မသိပေ။
"ကောင်းပြီ! တာရာ၊ မင်းနိုငပါတယ်ေ။ငါက အခမဲ့ ညစာအတွက် စီစဉ်ပေးသူပါ။” ဒေးဗစ်သည် ဖုံးကွယ်၍မရတော့သည်ကို သိသောကြောင့် ရိုးရိုးရှင်းရှင်း ဝန်ခံခဲ့သည်။
"ဟိုတယ်နဲ့ ဆက်ဆံရေးကကော ဘယ်လိုလဲ"
တာရာသည် ဒေဗစ်ဝန်ခံသည်ကို မြင်သောအခါ စူးစမ်းစိတ်ဖြင့် မေးလိုက်သည်။
"မင်းပြောသလိုပဲ ငါ့မိသားစုက ဒီဟိုတယ်ကိုပိုင်တယ်"
"ဒါဆို မင်းက သခင်ငယ်လေးလား"
"ထင်တာပဲ။"
"မဆိုးပါဘူး! ဒေးဗစ်၊ မင်းက အလွန်ချမ်းသာတဲ့ သူတစ်ယောက်လို့ ငါမထင်ခဲ့ဘူး!”
"တာရာ မင်းလည်းမဆိုးဘူး။ ဒါရိုက်တာနဲ့ ရင်းနှီးမြုပ်နှံသူတွေ ရောက်လာပြီး မင်းကို အမျိုးသမီးဇာတ်ဆောင်လုပ်ဖို့ တောင်းဆိုတုန်းက မင်း ငြင်းပယ်ခဲ့တယ်။”
"မင်းလို ချမ်းသာတဲ့သူလောက် ငါ မတော်ဘူး”
နှစ်ယောက်သား စကားစမြည်ပြောရင်း ဟိုတယ်မှ ထွက်လာကြသည်။
"တာရာ၊ မင်းအိမ်ကိုလိုက်ပို့ပေးရမလား"
ဒေးဗစ်သည် ဟိုတယ်အဝင်ဝတွင် ရပ်ကာ မေးလိုက်သည်။
"အင်း! ငါ့ကို တက္ကစီစီးပြန်ဖို့ မင်းမျှော်လင့်ထားတာလား" တာရာ က သူ့ကို မျက်စောင်းထိုးလိုက်သည်။
ကောင်းပြီလေ ဒေးဗစ်က ပခုံးတွန့်ပြီး သူ့ Benz G-Class ကို ခေါ်လိုက်သည်။ ထို့နောက် သူသည် တာရာကို South River Multimedia University သို့ လိုက်ပို့သည်။
တာရာကို ပြန်ပို့ပြီးနောက် ဒေးဗစ် သည် International Residence သို့ ပြန်သွားခဲ့သည်။
ပုလဲ အိပ်ပျော်နေပြီဖြစ်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ပုလဲသည် ပင်ပန်းရမည်ဟု ဒေးဗစ် တွေးခဲ့မိသည်။ ဟိုတယ်ကို လွှဲပြောင်းပေးအပ်ခြင်းအား အသေးစားအသေးစိတ်အချက်အလက်များကိုပါချန်ထားလို့မရပေ။
ရေချိုးပြီးတာနဲ့ အိပ်ယာပေါ်မှာ လှဲအိပ်လိုက်သည်။
ခဏအကြာတွင်၊ သူသည် သူ၏လက်ပ်တော့ကိုဖွင့်ကာ Whale Streaming သို့ ဝင်ရောက်လိုက်သည်။
အမလီယာ live stream လွှင့်မနေသလို ၎င်း၏ဝမ်းကွဲ လီလီလည်း streamမနေပါ
ထို့ကြောင့် ဒေးဗစ်သည် လှည့်ပတ်သွားလာနေသော်လည်း သူ၏အဆင့်မှာ အနည်းငယ်ကြောက်စရာကောင်းနေသည်။
သူက Level 1100 ပါ
Level 1000 နှင့်အထက်တွင် တစ်စုံတစ်ယောက်သည် ဘုရင်ဖြစ်လိမ့်မည်။
Streamတစ်ခုထဲသို့ သူဝင်သွားသည်နှင့်လက်သည်းငါးခုရှိသော ရွှေနဂါးကြီးသည် သူ့ဖန်သားပြင်ပေါ်တွင် လှည့်ပတ်နေတော့သည်။ ထို့နောက် ရွှေရောင်စကားလေးလုံးပေါ်လာသည်။ 'ဘုရင် ကြွလာပါပြီ။'
ဤရောက်ရှိမှုသည် အံ့ဩစရာဖြစ်ခဲ့သည်။
Streamက ချက်ချင်းပေါက်ကွဲသွားသည်။
"မဖြစ်နိုင်ဘူး ဂန္တဝင် Mr. Match က ဒီမှာ!"
"ကြိုဆိုပါတယ် မစ္စတာ Match!"
"ကြိုဆိုပါတယ် မစ္စတာ Match! မင်းရဲ့တည်ရှိမှုကို ငါတို့ ဂုဏ်ယူတယ်။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လမ်းညွှန်ပေးပါဦး။”
Chapter 34
streamer သည် The Island Game ကိုကစားနေသည်။
အရမ်းချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ နာမည်ကတော့ ဂျက်စမင် ပါ။
Level 1000အထက်ကဘုရင်ဖြစ်သည့် ဒေးဗစ်ကိုတွေ့သောအခါ အံ့သြသွားသည်။
ထို့နောက် မတ်တပ်ထရပ်ကာ လက်နှစ်ဘက်လုံး၏ လက်သန်းများကို မြှောက်လိုက်သည်။ ထို့နောက် သူမသည် ခါးကိုအနည်းငယ်ကွေးကာ “ငါ့ရဲ့streamကနေ ကြိုဆိုပါတယ် မစ္စတာ Match။ မင်းကို ဒီမှာ တွေ့ရတာ ဂုဏ်ယူစရာပါပဲ။”
ဒါဟာ အလွန်ကြီးမားတဲ့ သူဌေးကြီးဖြစ်လို့ သူမ သူ့ကို ကောင်းကောင်းဖျော်ဖြေဖို့ လိုပါတယ်။
ချစ်စရာ streamer ၏ အမူအရာသည် ဒေးဗစ်ကို ရယ်မောစေခဲ့သည်။
ငွေသည် ကမ္ဘာကြီးကို အမှန်တကယ် လှည့်ပတ်စေသည်။
ဒေးဗစ်က ချက်ချင်းမှတ်ချက်ပေးလိုက်သည်။
“ဂျက်စမင် ဂိမ်းကိုကောင်းကောင်းကစားပါ။ မင်းအနိုင်ရရင် မင်းကို 666 Super Rockets တွေကို ဂုဏ်ပြုလက်ဆောင်အဖြစ် ငါပေးမယ်။"
ဂျက်စမင်သည် ဒေးဗစ် ၏ မှတ်ချက်ကို မြင်သောအခါ သူမ အံ့သြသွားသည်။ အကယ်၍ သူမသည် ဤအချီတွင် အနိုင်ရခဲ့ပါက သာမန်အချိန်များတွင် အကြိမ်တစ်ရာ သို့မဟုတ် အကြိမ်တစ်ထောင်အနိုင်ရခြင်းထက် ပို၍ပင်တန်ဖိုးရှိပေလိမ့်မည်။
သူမ အမြန်ထိုင်ပြီး ဂိမ်းကို ဆက်ဆော့သည်။ သူမကစားနေစဉ်တွင် သူမက "အားပေးမှုအတွက် ကျေးဇူးတင်ပါတယ် Mr. Match! ငါအနိုင်ရဖို့ ကြိုးစားပါ့မယ်။"
ဤအရာကို ကြည့်ရှုနေသော ပရိသတ်များသည် မှတ်ချက်ကဏ္ဍတွင် ပလူပြန်လာပြန်သည်။
“မစ္စတာ match၊ မင်းကတကယ့်လူပဲ!"
“မစ္စတာ match မင်းက အရမ်းမိုက်တာပဲ!"
“မစ္စတာ match မင်းတကယ်ကို တုနှိုင်းမရတဲ့သူပဲ မင်းပိုက်ဆံသုံးတဲ့ပုံစံက သာမာန်နဲ့ မတူဘူး!"
ဂျက်စမင် သည် ဂိမ်းတွင် ဇာတ်ကောင်ကို ဂရုတစိုက် ထိန်းချုပ်ထားသည်။ သူမရဲ့ စွမ်းရည်က သာမန်ဖြစ်ပြီး ၁၀ ကြိမ်မှာ ၈ ကြိမ် လောက်အနိုင်ရနိုင်သည်။
သို့သော် သူမ ရှုံးရမှာကို ကြောက်နေသည်။ သူသာလုပ်နိုင်ရင် သူ့လက်ဆောင်က ဒေါ်လာတစ်သန်းကျော်သည်။ ထို့ကြောင့် သူမသည် အလွန်စိတ်လှုပ်ရှားနေမှန်း သိသာသည်။
အခက်အခဲအားလုံးကို သူမ ကျော်ဖြတ်ပြီးနောက် လူ သုံးယောက်သာ ကျန်တော့သောအခါ
ဂျက်စမင်သည် သက်သာရာရကြောင်း အရိပ်အယောင်ကို ထုတ်ပြသည်။ သူမ အခုနိုင်ရမယ်။
သို့သော် ရုတ်တရက် လက်ပစ်ဗုံးတစ်လုံး သူ့ဘေးနားသို့ ကျရောက်သဖြင့် တစ်ဖက်သို့ အမြန်ခုန်ဆင်းခဲ့သော်လည်း အချိန်နှောင်းသွားခဲ့သည်။
ပေါက်ကွဲသံနှင့်အတူ ဂျက်စမင် သေဆုံးသွားခဲ့သည်။
ထိုအချိန်တွင် ဂျက်စမင် သည် တစ်စုံတစ်ယောက်ကို သတ်ပစ်ချင်နေခဲ့သည်။
ဒေါ်လာတစ်သန်း တန်ဖိုးရှိသော လက်ဆောင်ကိုရနိုင်ခဲ့သော်လည်း ယခုအခါ မရှိတော့ပြီ။ ဂျက်စမင် သည် ကွန်ပြူတာရှေ့တွင် အကြာကြီးထိုင်ကာ စကားမပြောနိုင်ဖြစ်နေသည်။
Streamမှ ပရိသတ်များကလည်း သနားကြောင်း ဖော်ပြခဲ့ကြသည်။
ဒေးဗစ်သည် သူမ၏ အရည်အချင်းများ ကောင်းမွန်နေသေးသည်ဟု ခံစားမိသည်။
"ဂျက်စမင် မင်းကဘာလို့ငါနဲ့မကစားတာလဲ။"
ဂျက်စမင်သည် ဒေးဗစ်၏ မှတ်ချက်ကို မြင်သောအခါတွင် အာရုံများ ပြန်ရောက်လာသည်။ ထို့ကြောင့် သူမက အမြန်ပြန်ပြောလိုက်သည် "သေချာတာပေါ့ မစ္စတာ Match မင်း ဘယ်မှာလဲ ။ ငါ မင်းကို ရှာလိုက်မယ်။"
ဒေးဗစ်သည် ဂိမ်းထဲသို့ ဝင်လိုက်သည်နှင့် သူတို့နှစ်ဦးသည် အသစ်တစ်ကျော့ပြန်စရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။ သူတို့နှစ်ဦးသည် ချိုင့်ဝှမ်းတစ်ခုထဲသို့ ဆင်းသက်ကြပြီး ကိုယ့်ကိုယ်ကိုယ် လက်နက်တပ်ဆင်ရန် လက်နက်များကို စတင်ကောက်ယူကြသည်။
ဂျက်စမင် လှည့်ပတ်ပြေးနေပြီး ဒေးဗစ်ကို ပစ္စည်းကောင်းတွေ အကုန်ပေးနေသည်။
ဒေးဗစ်လည်း မငြင်းပေ။ ရိုးရိုးသားသား ပြောရရင် ဒေးဗစ်ဟာ မကြာခဏ ဂိမ်းမကစားတတ်တဲ့အတွက် သိပ်မဆော့တတ်ပေ။
သို့သော် ဤအချီတွင် အားကောင်းသည့်ရန်သူမရှိသောကြောင့် သူတို့နှစ်ဦးသည် အလွန်ကံကောင်းနေပုံရသည်။
နောက်ဆုံးတွင် ဂျက်စမင် သည် ဒေးဗစ် ကို အထွတ်အထိပ်သို့ အောင်မြင်စွာ ခေါ်ဆောင်ကာ အနိုင်ရခဲ့သည်။
ဒေးဗစ်၏ ပထမဆုံးအကြိမ် နိုင်ပွဲလည်းဖြစ်သည်။
သူသည် ဂိမ်းကစားရာတွင် မကျွမ်းကျင်သော်လည်း ထူးဆန်းသည်မှာ streamတွင် မည်သူမျှ သူ့ကို ဆူပူကြိမ်းမောင်းခြင်း မရှိခြင်းပင်။ တော်တယ်လို့တောင် ပြောနေကြသည်။
ဒီလို သူဌေးကြီးကို ဘယ်သူက ဆူပူကြိမ်းမောင်းဝံ့မှာလဲ။ ဒီလိုလူမျိုးနဲ့ လက်တွေ့ဘဝမှာ တွေ့ရင်
မကောင်းဘူး။
streams တွေပေါ်မှာ သန်းပေါင်း ဆယ်ဂဏန်းလောက် သုံးနေတာလား။ ဒီလိုသူဌေးကြီးကို ဒေါသထွက်စေရင် သူတို့ဘယ်မှာနေနေ ရှာတွေ့လိမ့်မည်။
ဒေးဗစ်သည် စိတ်ကောင်းရှိသောကြောင့် Super Rockets ကို စတင်ပေးခဲ့သည်။
(Lil Match သည် streamer ဂျက်စမင် အား Super Rocket x1 ကိုပေးသည်]
[Lil Match သည် streamer ဂျက်စမင် အား Super Rocket x666 ကိုပေးသည်)
ဒါကို အားလုံးက ပြီးသွားပြီလို့ ထင်ကြတဲ့အခါ။
[Lil Match သည် streamerဂျက်စမင် အား
Super Rocket x888 ကိုပေးသည်]
(Lil Match သည် streamerဂျက်စမင် အား
Super Rocket x1314 ကိုပေးသည်)
နောက်ဆုံးတွင် Super Rockers အရေအတွက်သည် 1314 တွင်ရပ်တန့်သွားသည်။
ဒီဟာက နှစ်သန်းကျော်တန်သည်။
Whale Streaming ၏ ဈေးအကြီးဆုံး ဂိမ်းအဖော်အဖြစ် ကြေညာခဲ့သည်။
streamer သည် The Island ကိုအသုံးပြုသူနှင့်အတူကစားခဲ့ပြီး အနိုင်ရရှိသောအခါ ၂.၆သန်းကျော်လက်ဆောင်ရရှိခဲ့သည်။
ဂျက်စမင် သည် ဒေးဗစ်ကို Instagram တွင် follow လိုက်ပြီးဂိမ်းကစားလိုသည့်အချိန်တိုင်း သူမကိုရှာဖွေရန် ဒေးဗစ် ကိုတောင်းဆိုခဲ့သည်။
Chapter 35
မေလတွင် အားလပ်ရက်ရှိမည်ဖြစ်သောကြောင့် ဤတနင်္ဂနွေတွင် အားလပ်ရက်များ ရှိမည်မဟုတ်ပါ။
အလုပ်သမားနေ့အတွက် စွမ်းရည်ပြပွဲကို အားလပ်ရက်မတိုင်မီ တစ်ရက်အလိုတွင် ကျင်းပမည်ဖြစ်သည်။
ဒေးဗစ်သည် ထုံးစံအတိုင်း အတန်းတက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဒေးဗစ်၏ အဖြစ်အပျက်သည် တဖြည်းဖြည်း ဆွဲဆောင်မှု မရှိတော့သော်လည်း ယခုအခါ တက္ကသိုလ်တွင် ကျော်ကြားသူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
Golden Leaf ဟိုတယ်ကို လွှဲပြောင်းပေးအပ်ခြင်းလည်း ပြီးမြောက်ခဲ့ပြီး ယခုအခါ ဒေးဗစ်သည် Golden Leaf ဟိုတယ်၏ သူဌေးဖြစ်လာခဲ့သည်။ ထို့အပြင်သူသည် ၁၈ ဘီလီယံကိုအောင်မြင်စွာသုံးစွဲပြီး ခမ်းနားသောအမှတ် ၁၈၀မှတ် ရရှိခဲ့သည်။
သူ၏ခန္ဓာကိုယ်နှင့်စိတ်ကို ၅၀ မှတ်အထိအဆင့်မြှင့်တင်ရန် ခမ်းနားသောအမှတ် ၄၀ ကိုအသုံးပြုပြီးနောက်၊ ဒေးဗစ် သည် ဆက်လက်အဆင့်မြှင့်တင်ခြင်းမပြုတော့ပေ။ ၄၅ မှတ် နှင့် ၅၀ မှတ်ကြား ခြားနားချက်သည် ကြီးကြီးမားမားမဟုတ်ဟု သူခံစားမိသည်။
အမှတ် ၅၀ မှာ ထည့်ပြီးချိန်မှာ သူ့ခန္ဓာကိုယ်နဲ့ စိတ်ဟာ 'တော်တော်လေး သန်မာတဲ့' အပိုင်းကို ရောက်နေပါပြီ။
ဒေးဗစ်သည် ကျန်ရမှတ် ၁၄၀ ကို အသုံးမပြုဘဲ သူအလိုရှိတိုင်း မည်သည့်အရည်အချင်းကိုမဆို အသုံးပြုနိုင်ရန်သိမ်းထားသည်။
အလုပ်သမားနေ့ အားလပ်ရက် မတိုင်ခင် တစ်ရက်အလို...
ဒေးဗစ်သည် နေ့ခင်းဘက်တွင် အတန်းမရှိသဖြင့် ညဘက်တွင် စွမ်းရည်ပြပွဲအတွက် ပြင်ဆင်ရန် သူ့အိပ်ဆောင်တွင် အနားယူခဲ့သည်။
---
အိပ်ဆောင်ထဲတွင် တာရာ သည် အိမ်ပြန်ရန် အဆင်သင့်ဖြစ်နေပြီးသူမ၏ ပစ္စည်းများကို ထုပ်ပိုးနေသည်။
ရုတ်တရက် သူမဖုန်းမြည်လာသည်။
တာရာ က သူ့ဖုန်းကို ကောက်ကိုင်လိုက်သည်နှင့် သူ့အမေဖြစ်ကြောင်း သိလိုက်သောကြောင့် အမြန်ပြန်ဖြေလိုက်သည်။
သို့သော် ဖုန်းပြောအပြီးတွင် သူမ အံ့သြသွားသည်..
လောလောဆယ် အိမ်မပြန်သင့်ဘူးလို့ သူ့အမေက ပြောသည်။ ထို့အပြင် ငွေတစ်သိန်းကိုလည်း သူမထံ လွှဲပေးပြီး ချွေတာသုံးရန် တောင်းဆိုခဲ့သည်။
တာရာ က အိမ်မှာ တစ်ခုခုဖြစ်နေတယ်လို့ ခံစားမိတာကြောင့် သူ့အမေကို မေးမြန်းလိုက်တော့ ငိုရင်းနဲ့ သူ့အမေက အမှန်တရားကို ပြောပြခဲ့သည်။
သူမရဲ့ မိသားစုစီးပွားရေး ဒေဝါလီခံလိုက်ရပြီးအကြွေးတွေ များနေခဲ့သည်။ အခုတော့ အိမ်ကို သူတို့ရဲ့ အကြွေးရှင်တွေက စောင့်ကြည့်နေပြီး တာရာအိမ်ပြန်ရောက်တာနဲ့ သူမကို အဲဒီ အကြေးရှင်တွေက တားထားလိမ့်မည်။ ထို့ကြောင့် သူ့မိသားစုသည် အဘိုးအဘွားအိမ်တွင်သာ ပုန်းနေနိုင်ကြသည်။
သူ့အဖေက မစားမသောက်တာ နှစ်ရက်ရှိပြီး ကိုယ်အလေးချိန် တော်တော်ကျသွားသည်။ ဒါအပြင် ဘယ်သူ့စကားကိုမှ နားမထောင်ပေ။
တာရာ၏ နှလုံးသားထဲတွင် သူ့အဖေက ကောင်းကင်ကြီးဖြစ်ပြီး အခုတော့ ကောင်းကင်ကြီးက ပြိုကျသွားပြီ။ သူမ နားမလည်နိုင်ခဲ့ပေ။ သူ့မိသားစုက စီးပွားရေးလုပ်လာတာ နှစ်အတော်ကြာနေပြီ ရုတ်တရက် ဘယ်လိုလုပ် ဒေဝါလီခံသွားတာလဲ။
သူမ အခုပြန်သွားကာ ဘာတွေဖြစ်နေလဲ ဆိုတာကို မေးကြည့်ရမည်။ အခု မပြန်ရင် သူ့မိဘတွေကို မတွေ့ရတော့မှာကို စိုးရိမ်မျသည်။
အဲ့တာနဲ့ မြန်မြန်ထုပ်ပိုးလိုက်သည်။ တာရာသည် အိမ်သို့ အမြန်ပြေးသွားခဲ့သည်။
သူမ၏အိမ်မှာ River City နှင့် မဝေးသော မြို့တွင်ရှိသည်။ ရထားစီးသွားရင် နာရီဝက်လောက်ကြာရင်ရောက်မှာပါ။ ကားမောင်းရင်တောင် နှစ်နာရီကနေ သုံးနာရီလောက်ပဲကြာသည်။
အဘိုးအဘွားအိမ်သို့ ရောက်သောအခါ ညနေစောင်းနေပြီ။
ဒေါက် ဒေါက်!
တာရာ က သူ့ကိုယ်သူ သေသေသပ်သပ်ပြင်ဆင်ပြီးပြီး တံခါးကိုခေါက်လိုက်သည်။
ဘယ်သူမှ မဖြေပေ။
ဒေါက် ဒေါက်!
တာရာ က ထပ်ခေါက်ကြည့်သည်။
ဒါတောင် ဘယ်သူမှ မဖြေပေ။
'ဖြစ်နိုင်မလား… မဟုတ်ဘူး! ဘယ်လိုမှမဖြစ်နိုင်ဘူး!'
တာရာ၏ နှလုံးတွေ တုန်လှုပ်သွားပြီး သူ့အမေဆီ ဖုန်းဆက်ဖို့ သူ့ဖုန်းကို အမြန်ထုတ်လိုက်သည်။
Chapter 36
“မေမေ သမီးပြန်လာပြီ အဖွားအိမ်ရှေ့မှာ တံခါးဖွင့်ဦး!" တာရာ က စိုးရိမ်တကြီးပြောလိုက်သည်။
"တာရာ ပြန်လာပြီလား။သမီးကို ပြန်မလာဖို့ပြောခဲ့တယ်မဟုတ်ဘူးလား"
တာရာသည် သူ့အမေ၏ အသံကို ကြားလိုက်ရတော့မှစိတ်ထဲသက်ပြင်းချမိသည်။ သူမ မောပန်းနွမ်းနယ်နေသော်လည်း အနည်းဆုံးတော့ သူမ အသက်ရှင်နေသေးသည်။
မကြာခင်မှာပဲ တံခါးပွင့်လာပါသည်။
တာရာ သည် သူ့အမေကိုမြင်သောအခါ သူမကိုယ်သူမ မထိန်းနိုင်ပဲ ငိုမိသည်။
ခဏလောက် ငိုပြီးနောက်အိမ်ထဲကို ဝင်သွားသည်။
အိမ်မှာဘယ်သူမှမရှိတာကိုတွေ့တော့ တာရာ က “မေမေ၊ ဘာဖြစ်တာလဲ? အဖေ ဘယ်မှာလဲ အဘိုးနဲ့အဘွားရော ညီမလေး ရောဘယ်မှာလဲ"
“သမီးဦးလေး လာပြီး မင်းအဘိုးအဘွားနဲ့ ညီမကို ခေါ်သွားတယ်။ သမီးအဖေက အခန်းထဲမှာတံခါးပိတ်ထားပြီး အပြင်ကို ထွက်မလာဘူး။ တာရာ သမီးအဖေနဲ့ သွားပြောလိုက်ဦး။ သူအစားမစားတာ နှစ်ရက်ရှိပြီ။ ဒီအတိုင်းဆက်သွားရင် သူ့ခန္ဓာကိုယ်က ခံနိုင်တော့မှာ မဟုတ်ဘူး”
တာရာ အခန်းထဲဝင်လာတော့ ဆံပင်တွေဖြူလုမတတ်ဖြစ်နေပြီး ဆေးလိပ်သောက်နေတဲ့လူကိို သူ့အဖေလို့ မပြောပြနိုင်တော့ပေ။
ဟိုတုန်းကတော့ သူက အရမ်းစိတ်အားထက်သန်သည်။ ကျေးလက်ဒေသက လာပြီး မြို့ထဲမှာ အလုပ်လုပ်သည်။ သူသည် မိသားစုတွင် အလားအလာအရှိဆုံးသူဖြစ်ပြီး သူ့ကိုတွေ့တဲ့လူတိုင်းက လက်မထောင်ပြကြသည်။
သို့သော်လည်း သူ့ရှေ့က ဒီလူက အတွင်းထဲမှာ သေနေပုံရသည်။ အသက်လေးဆယ်ကျော်ရှိ ဤလူကိုကြည့်ရသည်မှာ အသက်ခြောက်ဆယ်ကျော်လိုထင်ရသည်။
"ဖေဖေ!" တာရာ က အော်ရင်း ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာသည်။
သူ့အဖေက သူမကို ပြန်မဖြေပေ။ သူ့ကိုယ်ပိုင်စီးပွားရေးကို တွေးပြီး စီးကရက်သောက်နေသေးသည်။ တစ်လိပ်ကုန်ရင် နောက်တစ်လိပ်ဆက်သောက်သည်။
"မေမေ၊ ဘာဖြစ်တာလဲ ဖေဖေ ဘယ်လိုဖြစ်သွားတာလဲ" တာရာ က သူ့အမေကိုကြည့်ဖို့ ခေါင်းလှည့်လိုက်သည်။
“အဲ့ဒါ.. သမီးအဖေ အလိမ်ခံရတယ်။ သူ့လုပ်ဖော်ကိုင်ဖက်က ကုမ္ပဏီရဲ့ ပိုက်ဆံတွေအားလုံးကို ခိုးပြီး နိုင်ငံက ထွက်သွားတယ်။ သမီးအဖေကကုမ္ပဏီ၏တရားဝင်ပိုင်ရှင်ဆိုတော့ သူ့နာမည်က ချေးငွေနဲ့ ပြေစာများအားလုံးမှာရှိတယ်။ ဘဏ်ကလွဲပြီး တခြားချေးငွေအကြွေးတွေ ရှိသေးတယ်။ မင်းအဖေက ဒါကို သည်းမခံနိုင်တော့ဘူ။ ဒီမှာထိုင်နေတာ နှစ်ရက်ရှိပြီ။”
"ဘာလို့လဲ? ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ။ သမီးတို့အရင်က ကောင်းပါတယ်၊ ဘယ်လိုဖြစ်သွားတာလဲ" တာရာ သည် ဆိုဖာပေါ်လဲကျသွားပြီး သူမမျက်နှာတွင် မျက်ရည်များ အထိန်းအကွပ်မရှိ စီးကျလာသည်။
လွန်ခဲ့သည့်လအနည်းငယ်က သူမထွက်ခွာမီတွင် သူမ၏မိသားစုသည် ငြိမ်းချမ်းပြီး သဟဇာတဖြစ်နေဆဲဖြစ်သည်။ သူ့အဖေက အရင်လို မခံချင်စိတ် ပြင်းပြနေသေးသည်။
သူ့အမေက သူနဲ့ သူ့ညီမကို ဆူပူရတာ ကြိုက်တဲ့ သက်လတ်ပိုင်း အမျိုးသမီးကြီးပဲ ။ ဒီလောက်ကောင်းတဲ့ မိသားစုလေးကဘာလို့ ရုတ်တရက်ကြီး ပျက်စီးသွားရတာလဲ။
လော်ရာ ကာလ်တန် က ဒူးထောက်ပြီး သူ့သမီးကို ပွေ့ဖက်လိုက်သည်။ ။ သူမ မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်ဟု ခံစားမိသော်လည်း မရပ်တန့်နိုင်ခဲ့ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက သူမ ငိုကြွေးနေသည်။
ခင်ပွန်းဖြစ်သူက အများကြီးကြိုးစားထားတာသိသောကြောင့် ခင်ပွန်းသည်ကို အပြစ်မတင်ပေ။ သူမသည် ကြံဥာဏ်ကောင်းလွန်းသော ထိုလူလိမ်များကိုသာ အပြစ်တင်နိုင်သည်။
“တာရာ၊ ငါတို့ ဒီအခက်အခဲကို မကျော်ဖြတ်နိုင်ဘူး။ ငါတို့အနားမှာမရှိတော့ရင် သမီးရဲ့ညီမလေးကို သေချာဂရုစိုက်ရမယ်။ သမီးက အရွယ်ရောက်နေပြီမို့ သမီးရဲ့ညီမကို ထိန်းဖို့ မင်းတာဝန်ယူရမယ်မလား" လော်ရာက တာရာ ကို ကိုင်ရင်း ပြောလိုက်သည်။
သူ့အမေပြောတာကို တာရာကြားတော့ စိတ်တွေ တုန်လှုပ်သွားပြီး “မေမေ၊ ဘာမှ မဖြစ်ပါဘူး၊ဒါကို သမီးတို့ ကျော်ဖြတ်နိုင်မှာပါ!"
လော်ရာသည် သမီးဖြစ်သူ၏ ပန်ကြားချက်ကို မကြားသလိုပင် ဆက်ပြောခဲ့သည်။
"ဒါပေမယ့် မင်းစိတ်မပူပါနဲ့။ မင်းအဖေနဲ့ ငါက မင်းဦးလေးရဲ့ နေရာမှာ မင်းတို့နှစ်ယောက်အတွက် ပိုက်ဆံနည်းနည်းစုထားတယ်။ အများကြီးမဟုတ်ပေမယ့် စိတ်ပူစရာမလိုဘဲ မင်းတို့အသက်ရှင်ဖို့ လုံလောက်ပါတယ်။"
“အမေ၊ ဘာမှ မလုပ်နဲ့။ နည်းလမ်းရှိရမယ်! ရှိရမယ်!"
လော်ရာက “ဒါပေမယ့် မင်းရွှေ့သင့်တယ်၊ မင်းကိုမတွေ့နိုင်တဲ့နေရာကို ရွှေ့ရမယ်။ ဒီကြွေးမြီအများစုဟာ ချေးငွေလုပ်ငန်းတွေမလို့မင်းနဲ့မင်းညီမတို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာမှာငါစိုးရိမ်တယ်။”
"မေမေ၊ သမီးတို့ ပိုက်ဆံပေးရင် ပြေလည်မှာလား။"
တာရာ သည် ဒေးဗစ် ဟာ Golden Leaf Hotel ၏ သခင်လေးဖြစ်သည်ကို အမှတ်တမဲ့ သတိရမိသည်။ သူ့ပိုက်ဆံကို ချေးဖို့ ဆန္ဒရှိနေသရွေ့ သူ့မိသားစုရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မှာပါ။
ထို့နောက် ဖြည်းညှင်းစွာ သူ့ကို ပြန်ပေးမည်။ မတတ်နိုင်ရင် သူ့မယား ဒါမှမဟုတ် ဒုတိယမယားတောင် လုပ်မည်။
ဒေးဗစ် သည်အရမ်း ချောမောသော လူငယ်တစ်ယောက်မဟုတ်ပဲ ဟက်တာ ကဲ့သို့ အရပ်ပုပြီး ရုပ်ဆိုးသည့်တိုင်၊ သူမ၏ မိသားစုအကြပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်သရွေ့ သူနှင့်အတူရှိရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ နှလုံးသားထဲတွင် မိသားစုထက် ပိုအရေးကြီးသောအရာ မရှိပေ။
“မိုကလိုက်တဲ့ ကောင်မလေး၊ ပိုက်ဆံပေးပြီး ဖြေရှင်းလို့ ရတယ်၊ ဒါပေမယ့် ငါတို့ မတတ်နိုင်ဘူး။အမေတို့ နည်းလမ်းပေါင်းစုံနဲ့ချေးပြီးပြီ။ အမေတို့ တတ်နိုင်သမျှ ရောင်းပြီး လူတိုင်းဆီက ချေးထားပေမယ့် နောက်ဆုံးမှာတော့ မလုံလောက်သေးဘူး။”
Chapter 37
တောင်ပိုင်းမြစ် တက္ကသိုလ်၊
ကျောင်းသား တစ်သောင်းကျော်သည် ကွင်းပြင်တွင် စနစ်တကျ စုရုံးနေကြသည်။
အလုပ်သမားနေ့ စွမ်းရည်ပြပွဲကို မကြာမီ စတင်တော့မည်ဖြစ်သည်။
ရှေးဦးစွာ တက္ကသိုလ် အဓိပတိက အမှာစကား ပြောကြားသည်။
ထို့နောက် ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများစတင်သည်။
စင်ပေါ်တွင် သီချင်းဆိုခြင်း၊ အက၊ စကေးများ အစရှိသည့် ဖျော်ဖြေပွဲများအားလုံးကို ဖျော်ဖြေနေကြသည်။
သို့သော်လည်း ဒေးဗစ်သည် ယခုအချိန်တွင် ဖျော်ဖြေမှုကို မကြည့်ရသေးပေ။
အဲဒီအစား သူ့ဆရာက သူ့ကို စာသင်ခန်းထဲ ပြန်ခေါ်သွားသည်။ ဟုတ်ပါတယ်၊ သူတစ်ယောက်တည်းကို ခေါ်တာမဟုတ်ပါဘူး။ အတန်းထဲက အားလုံးကို ပြန်ခေါ်သွားခြင်းဖြစ်သည်။
အားလုံးက နည်းနည်းတော့ စိတ်ရှုပ်သွားသည်။
အဲဒီအချိန်မှာပဲ ဆရာက စကားပြောလိုက်သည်။
“အရေးပေါ်အခြေအနေရှိတယ်။ အဗာနေမကောင်းလို့ စင်ပေါ်မတက်နိုင်တော့ဘူး။ မင်းတို့အထဲမှာ ဘယ်သူစန္ဒယားတီးတတ်လဲ။ မင်းတို့အရမ်းကောင်းနေဖို့ မလိုဘူး၊ ဒါကို ကိုင်တွယ်ဖို့ပဲလိုတယ်။"
အားလုံးက အဗာဘက်ကို လှည့်ကြည့်လိုက်သည်။
အမှန်တော့ အဗာ၏ နဂိုက နှင်းဆီရောင် ပါးပြင်များသည် ယခုအခါ အလွန်ဖျော့တော့သည် ။
အချိန်အတော်ကြာအောင် စောင့်ပြီးမှ “ဒီတာဝန်ကို လက်ခံတဲ့ ဘယ်သူမဆို သူတို့ရဲ့ အနားယူခွင့်တွေကို အတည်ပြုပေးမယ် ဘာအကြောင်းပဲရှိရှိ"ဟူ၍ စေတနာ့ဝန်ထမ်းမရှိသောအခါ သူမက ဆက်ပြောသည်။
ဆရာမက အဲဒီလိုပြောသောအခါ တချို့က စိဆ်လှုပ်ရှားသွားပေမယ့် စန္ဒယားတီးတာက သိမ်မွေ့လွန်းသည်။ ရက်အနည်းငယ်လောက်ပဲသင်ယူပြီး စင်ပေါ်မှာ ဘယ်သူမှ ဖျော်ဖြေနိုင်မှာ မဟုတ်ပါဘူး။
ဒေးဗစ်လည်း စိတ်လှုပ်ရှားသွားသည်။ ဤတာဝန်ကို သူလက်ခံလိုက်ရင် နောင်တစ်ချိတ် သးအပြင်ထွက်ဖို့ တောင်းဆိုရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။
ထို့ကြောင့် သူသည် ကျွမ်းကျင်မှုကော်လံတွင် 'စန္ဒယားကျွမ်းကျင်မှု' ကိုထည့်ရန် ခမ်းနားသောအမှတ်အချို့ကို သုံးလိုက်သည်။ထို့နောက် သူသည် သူ၏စန္ဒယားစွမ်းရည်ကို အတွေ့အကြုံမရှိသေးသူမှ ကျွမ်းကျင်သူအထိ တိုးတက်စေရန် ခမ်းနားသောအမှတ် ၁၀ မှတ်ကို သုံးလိုက်သည်။
များမကြာမီ ဒေးဗစ်သည် သူ၏ဦးနှောက်ထဲသို့ အသိပညာများစွာ ဝင်လာသည်ကို ခံစားလိုက်ရသည်။ ဒေးဗစ်သည် စိတ်ချလက်ချ မတ်တပ်ရပ်ပြီး “ဆရာ၊ကျွန်တော် စမ်းကြည့်ပါရစေ” ဟု ပြောလိုက်သည်။ ကျောင်းသားများ၊ အခြားတပ်သားသုံးယောက်၊ အဗာနှင့် ဆရာအပါအဝင် ဒေးဗစ်ကို မယုံကြည်သောမျက်နှာဖြင့် ကြည့်လိုက်ကြသည်။
“ဒေးဗစ်က စန္ဒယားတီးတတ်တာလား။'
'နောက်နေတာ ရပ်လိုက်တော့။
သူ့ရဲ့ တက္ကသိုလ် နေ့ရက်တွေ တစ်လျှောက်လုံး အားလပ်ချိန်တိုင်း အချိန်ပိုင်းလုပ်တာ ဒါမှမဟုတ် စာတွေပဲလုပ်နေခဲ့သည်။ စန္ဒယားတီးဖို့ သူဘယ်လိုအချိန်ရမှာလဲ။
"မင်းတီးတတ်တာလား?" ဆရာမက ခဏတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်သည်။
“ဟုတ်တယ်၊ အချိန်ပိုင်းအလုပ်စလုပ်တုန်းက သင်ဖူးတယ်။”
"သီချင်းတစ်ပုဒ်လုံးတီးလို့ရလား" ဆရာက ထပ်မေးလိုက်သည်။
"တီးလို့ရပါတယ်!"
“ကောင်းပြီလေ။ အခြားမည်သူမှ စေတနာ့ဝန်ထမ်းမလုပ်တာမလို့ မင်းလုပ်လို့ရတယ် လွယ်လွယ်နဲ့ အမှားမလုပ်မိအောင် သတိရပါ။”
ထိုအချိန်တွင် ဒန်သည် မတ်တပ်ထရပ်ကာ နာကျင်နေသောမျက်နှာဖြင့် “အ.. ဆရာမ၊ ကျွန်တော်လည်း နေမကောင်းဘူး။ ဒေးဗစ်ကို တစ်ကိုယ်တော် ဖျော်ဖြေခိုင်းသင့်တယ်။”
ဒေးဗစ်ကြောင့် သူ့ကိုယ်သူ အရှက်မခွဲချင်ပေ။
ဘာပဲဖြစ်ဖြစ် ဒေးဗစ်လိုကောင်ကစန္ဒယားတီးတတ်မယ်ဆိုတာ သူ ယုံမှာမဟုတ်ပေ။
ဒေးဗစ်သူ့ကိုယ်သူ အရူးလုပ်နေတာကို ကြည့်ဖို့ စင်အောက်ကနေ ထိုင်ကြည့်နေတာကပိုကောင်းတယ်မလား။
အတန်းထဲက ကျောင်းသားတွေက ဒန်ဟာနာကျင်နေဟန်ဆောင်နေတာကို တွေ့တော့ ရယ်ချင်သွားသည်။
ထုံးစံအတိုင်း ဆရာက ဒါကိုလည်း မြင်သည်ယသို့သော် ဒန်ကို သူမ ထုတ်ဖော်ခဲ့ပေ။ အဲဒီအစား၊ဒေးဗစ်ကို “ဒေးဗစ်မင်းတစ်ယောက်တည်း လုပ်ပေးနိုင်မလား” လို့မေးတယ်။
"ရပါတယ်" ဒေးဗစ်က ပြန်ဖြေလိုက်သည်။ ။
ဒန်ကို သူနဲ့အတူ စင်ပေါ်မှာ မတက်စေချင်ပေ။ ယောက်ျားတစ်ယောက်နဲ့ တွဲဖျော်ဖြေရတာ အဓိပ္ပါယ်မရှိဘူးလေ။
သို့သော် စန္ဒယားတီးရုံဖြင့်ဆို အနည်းငယ် ငြီးငွေ့ဖို့ကောင်းသည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူသည် ၎င်း၏ စာသားအရေးအသား၊ သီချင်းရေးစပ်မှုနှင့် သီဆိုမှုစွမ်းရည်များကို ကျွမ်းကျင်သူအဖြစ် အဆင့်မြှင့်တင်ရန် ခမ်းနားသောအမှတ် ၃၀မှတ် ကို အသုံးပြုလိုက်သည်။
အခုတော့ သူအဆင်သင့်ဖြစ်နေပါပြီ။
ကိစ္စ ပြေလည်သွားတော့ အားလုံးက ပွဲကြည့်ဖို့ ကွင်းထဲကို ပြန်သွားကြသည်။
ထိုအချိန်တွင် ဒေးဗစ်သည် သူ၏အလှည့်ကို စောင့်မျှော်နေကာ နောက်ကွယ်တွင် ရပ်နေလေသည်။
ဂုတ်မြို့(ဆိတ်မြို့)
တာရာ၏ အဖွားအိမ်။
“ဖေဖေ၊ မေမေ၊ သမီးမှာ Golden Leaf Hotel ရဲ့ သခင်လေးဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အဲဒီဟိုတယ်ကို သိတယ် မဟုတ်လား ။ အဲ့တာကကြယ် 8 ပွင့်ဟိုတယ်ဖြစ်ပြီး South River ပြည်နယ်မှာ အဆင့်မြင့်ဆုံးနှင့် ဇိမ်ခံဟိုတယ်လည်းဖြစ်တယ်။ အဲဒီနေရာက ပိုက်ဆံတော်တော်တန်တယ်။ သူက သမီးတို့ကို ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီအကျပ်အတည်းကို ကျော်ဖြတ်နိုင်မှာပါ”
တာရာ သည် သူမ၏ မိဘများကို စိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။ မျှော်လင့်ချက်ရှိနေသရွေ့တော့ အရှုံးမပေးနိုင်ပေ။
ကမ်စမစ် သည် သူ့သမီးပြောသည်ကိုကြားသောအခါ နောက်ဆုံးတွင်လှည့်ကြည့်ကာ တာရာ နှင့် သူ့အမေကို အသက်မဲ့ပုံပေါ်တော့သော မျက်လုံးများဖြင့် ကြည့်နေလေသည်။
သန်းရာနှင့်ချီသော အသားတင်ကြွယ်ဝသည့် သူဌေးကြီးလည်းဖြစ်ခဲ့ဖူးသော South River ပြည်နယ်မှ သူတစ်ယောက်အနေဖြင့် Golden Leaf Hotel အကြောင်း သူသိမှာ သေချာပါသည်။ ဟိုအရင်က အရမ်းအရေးကြီးတဲ့ ဖောက်သည်တစ်ယောက်နဲ့တောင် အဲဒီမှာတွေ့ဖူးသည်။
ယခု ဟိုတယ်၏ စျေးကွက်တန်ဖိုးသည် အနည်းဆုံး ၁၅ ဘီလီယံဖြစ်သည်။ သူ့သမီးပြောသလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ဒါက ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်ဖို့ ကူညီပေးပါလိမ့်မည်။
အကယ်၍ သူသည် ငွေတိုးချေးစားသူများနှင့် ဘဏ်များထံ လိုအပ်သော ငွေများကို ပြန်ဆပ်နိုင်ပြီး သူ့ကုမ္ပဏီအပေါ် တားမြစ်ချက်ကို ရုတ်သိမ်းနိုင်ခဲ့ပါက၊ သူသည် သူ၏ တတ်စွမ်းသမျှ ပြန်လည်ပေးဆပ်မည်ဖြစ်သည်။
ဒီလိုဖြစ်နိုင်ရင် သူ့ရဲ့ပျော်ရွှင်တဲ့မိသားစု ပြန်ရနိုင်သည်။
"တကယ်လား?" ကမ် က ကျယ်လောင် အသံဖြင့် မေးလိုက်သည် ။
ဤသည်မှာ နှစ်ရက်အတွင်း ပထမဆုံး သူပြောသည့်စကားဖြစ်သည်။
"တကယ်! တကယ်ပါ!" သူ့အဖေက နောက်ဆုံးစကားပြောနေတာကို တာရာကမြင်တော့ မျက်ရည်တွေသုတ်ပြီး ပြောလိုက်သည်။
ခင်ပွန်းသည် နောက်ဆုံးစကားပြောနေသည်ကို လော်ရာက မြင်သောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဒါပေမယ့် သူ့မှာ ဒီစွမ်းရည်ရှိရင်တောင်မှ သူက ငါတို့ကို ဘာလို့ ကူညီပေးမှာလဲ။ မင်းက သူ့အတန်းဖော်တစ်ယောက်ပဲလေ။ သန်း ၁၀၀ လောက်လိုတယ်၊ ဒီငွေကို သူတကယ်ချေးမှာလား။ ” ကမ်ကမေးလိုက်သည်။
သန်း ၁၀၀?
တာရာ သည် ဤနံပါတ်ကို ကြားလိုက်သောအခါ သူမ ပို၍ပင် တုန်လှုပ်သွားသည်။
Chapter 38
သူမ၏မိသားစုဟာ ပိုက်ဆံသန်းအနည်းငယ်မျှသာ အကြွေးတင်နေသည်ဟု သူမထင်ထားခဲ့သည်။ထို့ကြောင့် ဒေးဗစ်၏ အလွန်ချမ်းသာသော အဆင့်အတန်းနဲ့ ဤကိန်းဂဏန်းလောက်ကို
ဂရုမစိုက်လောက်ဘူးလို့ထင်ခဲ့သည်။
သို့သော်လည်း အကြွေးဟာသန်း ၁၀၀ ဖြစ်မယ်လို့ သူမ မျှော်လင့်မထားခဲ့ပေ။
သန်း ၁၀၀! ဒေးဗစ်ဟာ အလွန်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ဖြစ်ရင်တောင်မှတစ်ကြိမ်တည်းမှာ ငွေအများကြီးထုတ်နိုင်မှာလား။
သူ့မိသားစုကတော့ထုတ်နိုင်ပေမယ့် သူကတော့ ကျောင်းသားပဲလေ။ သူ့မိသားစုကသိတာ ရက်အနည်းငယ်သာရှိတဲ့လူကို ချေးဖို့ ပိုက်ဆံအများကြီးထုတ်ခွင့်ပေးမှာမဟုတ်ပေ။
သူမ ဘာလုပ်သင့်လဲ။
သူမ ဘာလုပ်သင့်လဲ။
မတတ်နိုင်ပေ။ နောက်ဆုံးတွင် သူမသည် သူမ၏မိဘများကို မျှော်လင့်ချက်အချို့ပေးခဲ့သောကြောင့် အမှန်တရားကို မပြောနိုင်တော့ပေ။
"ဖေဖေ၊ ဒေးဗစ်က ကျွန်မကို ပိုက်ဆံချေးပေးတာက သူကသမီးရည်းစားမို့လို့။ သမီးတို့အတူနေခဲ့တာ တစ်နှစ်ခွဲရှိပြီ။ သမီးက ငယ်လွန်းတယ်လို့ ပြေမှာကို စိုးရိမ်လို့ မပြောပြခဲ့တာ"
ကမ် နှင့် လော်ရာ အံ့အားသင့်သွားသည်။
သူတို့၏ နှလုံးသားထဲရှိ သံသယစိတ်များ ပျောက်ကွယ်သွားသည် ။
သူတို့သမီးလေးဟာ ဒီလိုထူးချွန်တဲ့ ချစ်သူကို ရှာတွေ့နိုင်ခဲ့တာ မထူးဆန်းပါဘူး။
သူတို့သမီးကို အရမ်းယုံသည်။
သို့သော် ကမ် သည် သူ့နှလုံးသားထဲတွင် နောက်ထပ်မေးခွန်းတစ်ခုရှိနေသည်။
သူ့သမီးက သူ့ကို နှစ်သိမ့်ပေးဖို့ လိမ်ညာခဲ့တာလား။
ဖြစ်နိုင်တယ်!
ဒါကြောင့် ကမ် က "သူ့ကို အခုဖုန်းဆက်ပြီး သူ့ဆီက ပိုက်ဆံချေးပေးနိုင်မလား။"
တာရာ၏ နှလုံးသား တင်းမာသွားသည်။ ဖေဖေ၊ မနက်ဖြန် ဖုန်းဆက်လိုက်မယ်။ တစ်ခုခုစားသင့်တယ်၊ သမီးလည်း ဗိုက်ဆာနေပြီ"
စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာကြာအောင် နေလာသူတစ်ဦးအနေဖြင့် ကမ်သည် ၎င်း၏သမီးလေး၏ အပြုအမူတွင်ကွဲပြားမှုကို သတိပြုမိခဲ့သည်။
'ငါသံသယရှိတဲ့အတိုင်းပဲ' ကမ် သက်ပြင်းချလိုက်သည်။
ဒါက သူ့သမီးရဲ့ နှောင့်နှေးတဲ့ နည်းဗျူဟာပဲလေ။
ထိုအချိန်တွင် လော်ရာက တစ်ခုခုပြောလိုက်သည်။
"တာရာ သူ့ကိုခေါ်လိုက်ပါ! ငါတို့ပိုက်ဆံချေးနိုင်ရင် မင်းအဖေက ပြင်ဆင်လို့ရတယ်။ ငါတို့ မတတ်နိုင်ရင်တောင်မင်းနဲ့ မင်းညီမတော့ ပြေလည်ဖို့ လိုသေးတယ်။ မဟုတ်ရင် မင်းအဖေနဲ့ ငါ အေးအေးချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး။”
တာရာ မှာ ရွေးချယ်စရာမရှိပေ။ သူ့ဖုန်းနံပါတ်ကို ရှာကြည့်ပြီးမှ ဒေးဗစ်ကို ဖုန်းလှမ်းဆက်လိုက်ရုံပါပဲ။
သူမသည် မျှော်လင့်ချက်မဲ့နေပြီဖြစ်သော်လည်း အံ့ဖွယ်တစ်ခုကို မျှော်လင့်နေဆဲဖြစ်သည်။
တောင်ပိုင်းမြစ်တက္ကသိုလ်။
ဒေးဗစ်သည် သူ့အလှည့်ကို စောင့်မျှော်နေ၏။
ရုတ်တရက် သူ့ဖုန်းမြည်လာသည်။
သူ့ဖုန်းကို တစ်ချက်ကြည့်လိုက်တော့ တာရာဖုန်းဆက်တာကိုတွေ့လိုက်ရတယ်။
တာရာက ဘာလို့ သူ့ကို ခေါ်တာလဲ။
သူ သိချင်နေသော်လည်း ဖုန်းကိုင်လိုက်သေးသည်။
"မင်္ဂလာပါ မစ္စ တာရာစမစ် ဘာကူညီရမလဲ?"
ဖုန်း၏အခြားတစ်ဖက်တွင်၊ ဒေးဗစ် သည် သူ့သမီးကို မစ္စ တာရာစမစ်ဟုခေါ်သည်ကို ကမ် ကြားလိုက်သောအခါတွင် သူ၏နောက်ဆုံးမျှော်လင့်ချက်သည် ချက်ချင်းပင် မှုန်ဝါးသွားသည်။
ယောက်ျားလေးတွေက ကိုယ့်ချစ်သူကောင်မလေးကို ဒီလိုစကားမျိုး မပြောကြဘူး။
သို့သော် တာရာသည်အသေးအဖွဲ အသေးစိတ်အချက်အလက်များကိုဂရုမစိုက်မိပေ။
"ဒေးဗစ် မင်းအခုအားလား။ ငါ မင်းကို တစ်ခုပြောချင်တယ်။"
ဒေးဗစ်သည် အချိန်ဇယားကိုကြည့်ကာ သူ့ရှေ့တွင် လူအနည်းငယ်ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဆိတ်ငြိမ်သောနေရာသို့ လျှောက်သွားလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ?"
"ဒေးဗစ်၊ ရှင့်ဆီက ပိုက်ဆံနည်းနည်းချေးချင်လို့"
ဒေးဗစ် အံ့ဩသွားသည်။
'ပိုက်ဆံ ချေးတာလား
'တာရာရဲ့မိသားစုက ချမ်းသာတယ် မမဟုတ်ဘူးလား?
'ဘာလို့ ငါ့ဆီက ပိုက်ဆံချေးရတာလဲ'
"ဘယ်လောက်လဲ?" ဒေးဗစ်က မေးလိုက်ငည်။ ။
"သန်း ၁၀၀"
"ဘယ်လောက်?" ဒေးဗစ်သည် တားကြားမှားသည်ဟု ထင်သောကြောင့်ထပ်မေးလိုက်သည်။
"သန်း ၁၀၀ ချေးချင်လို့"
"ဘာလို့ ပိုက်ဆံအများကြီးချေးရတာလဲ။" ဒေးဗစ်က မေးလိုက်သည်။
“ဒေးဗစ် ကျွန်မမိသားစုရဲ့လုပ်ငန်းက ဒေဝါလီခံလိုက်ရပြီ၊ ငွေတိုးချေးစားတဲ့သူတွေကို ပိုက်ဆံအများကြီးပြန်ဆပ်ရမယ်။ ငါတို့က ပိုက်ဆံမပေးရင် ငါတို့မိသားစု ပျက်စီးလိမ့်မယ်။ ကျေးဇူးပြုပြီး ငါ့ကိုကူညီနိုင်မလား။ ကျမ ရှင့်ကိုနည်းနည်းချင်း ပြန်ဆပ်ပါ့မယ်”
တာရာ က ဖုန်းထဲမှာ ငိုရှိုက်လျက်ပြောလိုက်သည်။
ငွေတိုးချေးစားသူ?
အဲဒါက သူ့ဘဝကို ပျက်စီးစေမယ့် အရာပဲ။
မစ္စတာဂိုမက်ဇ်က သူနှင့်အတူ အိပ်ရန်အရိပ်အမြွက်ကို ငြင်းဆိုနေသည့် တာရာ၏ ပုံရိပ်သည် ဒေးဗစ်၏ ဦးနှောက်ထဲတွင် ပေါ်လာသည်။
သူ အခုငြင်းလိုက်လို့ခဏကြာရင် ပိုက်ဆံအတွက် ဒီလူတွေရဲ့ ကစားစရာ ဖြစ်သွားလိမ့်မယ်။
ကောင်းပြီ၊ ဒါဟာ ဘဝရဲ့ ခြေလှမ်းမှားခဲ့တဲ့
မိန်းမငယ်လေးကို ကယ်တင်ခြင်းလို့ပဲ သူတွေးလိုက်မယ်။
"သန်း ၁၀၀လောက်လား" ဒေးဗစ်က မေးလိုက်သည်။