← Chapters

အခန်း ၃၉ - ၄၅

Vol. 3 Ch. 39-45

အခန်း ၃၉ - ၄၅

Vol. 3 Ch. 39-45

Chapter 39

'သန်း ၁၀၀လောက်လား'

ဤဝါကျဟာ သူမဘ၀တွင် ကြားဖူးသမျှထဲမှာ

အထိရောက်ဆုံးသောစကားဖြစ်ပြီး ဤဝါကျသည် သူမ၏မိသားစုကို ချောက်ထဲက ဆွဲတင်နိုင်သောကြောင့်ဖြစ်သည်။

ကမ် နှင့် လော်ရာ သည် မျက်လုံးများပြူးကျယ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့၏ မျက်နှာများသည် တုန်လှုပ်ခြောက်ခြားမှုများဖြင့် ပြည့်နှက်နေသည်။

သမီးရဲ့ရည်းစားကို နည်းနည်းတော့ နားမလည်ပေ။

သူ့အတွက် သန်း ၁၀၀ က ဘာမှမဟုတ်ဘူး။

ဒါက သန်း ၁၀၀ ပါ။ သူတို့မိသားစုဟာ သူတို့ရဲ့ အချမ်းသာဆုံးအဆင့်မှာတောင် သန်း 100 ကိုတောင် မထုတ်နိုင်ခဲ့ပါဘူး။

သို့သော် သူကပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်ပါ့မလား။

ဤကဲ့သို့သော တစ်စုံတစ်ယောက်က သူတို့သမီး၏ ချစ်သူဖြစ်ခဲ့ပါသလား။ သူတို့သမီးအတွက် အရမ်းပျော်မိသည်။

ထို့အပြင် သူသည် သမီးဖြစ်သူကို ကူညီရန် သန်း ၁၀၀ ပေးမည်ဆိုပါက သူသည် သူမကို လွန်စွာနှစ်သက်သည်ဟု ဆိုလိုပါသည်။

"လုံလောက်ပြီ! လုံလောက်ပါပြီ။ ကျေးဇူးတင်ပါတယ် ဒေးဗစ်!” သူမယခုပင် ငိုချင်လာသည်။ နေ့ခင်းကတည်းက သူမ အရမ်း တင်းမာနေခဲ့ပြီး အခုအချိန်မှာတော့ သူမဟာ နောက်ဆုံးတော့ ပြေလျော့သွားပါပြီ။ သူမသည် ယခုအချိန်တွင် ဆိုးရွားလွန်းလှသည်။

"မင်းရဲ့ အကောင့်နံပါတ်ကို ပေးလိုက်ပါ။ နောက်မှ လွှဲပေးလိုက်မယ်။" ဖုန်းထဲကနေ ဒေးဗစ်ရဲ့ အသံထွက်လာသည်။

"အိုကေ၊ ကျေးဇူးအများကြီးတင်ပါတယ် ဒေးဗစ်!"

ဆာရာ ဖုန်းချသွားပြီးနောက်တွင် သူမ၏အကောင့်အသေးစိတ်ကို ဒေးဗစ်ထံသို့ ပေးပို့ခဲ့သည်။

နောက်တော့ သူ့မိဘတွေက သူ့ကို စိုက်ကြည့်နေတာကို သတိထားမိသည်။

"ဖေဖေ မေမေ ဘာဖြစ်နေတာလဲ" "တာရာ၊ ဒေးဗစ်ကမင်းရဲ့ရည်းစားအစစ်လား။"

"ဟုတ်တယ်! မဟုတ်ရင် သူက ငွေကုန်ခံပြီးသန်း၁၀၀ ကို ပေါ့ပေါ့ပါးပါး ချေးမှာ မဟုတ်ဘူး မဟုတ်လား။

“မှန်တယ်။ သူ့ကို ဘယ်တော့ အိမ်ခေါ်လာမှာလဲလဲ။ ငါတို့က သူ့ကို ကောင်းကောင်းကြီး ကျေးဇူးတင်ချင်တယ်'

“သူအားမှ၊ သူအရမ်းအလုပ်များနေတယ်!"

"သူအားတဲ့အချိတ် ငါတို့နဲ့တွေ့ဖို့ သူ့ကိုအိမ်ခေါ်လာရမယ်။"

"ကောင်းပြီ! ကောင်းပြီ! မေမေ၊ ညစာသွားစားရအောင်။ သမီးဗိုက်ဆာနေပြီ။"

ထိုအချိန်တွင် တာရာ ၏ဖုန်းမှ စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။

"XXXX ဖြင့်အဆုံးသတ်ထားသော သင့်အကောင့်သည် ရန်ပုံငွေလွှဲပြောင်းမှုဒေါ်လာ သန်း ၁၀၀ ရရှိထားသည်။"

သူတို့သုံးယောက် အံ့အားသင့်သွားကြသည်။

တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရသွားကြသည်။

ဒေးဗစ်သည် သူတို့ကို ငွေချေးမည်ဟု ကတိပေးခဲ့သော်လည်း၊ ငွေမ၀င်မီတွင် ၎င်းတို့၏ ရင်ဘတ်အလေးချိန်သည် ရှိနေဦးမည်ဖြစ်သည်။

အခု သူတို့ ပိုက်ဆံတွေ ရလာတော့ သူတို့ မိသားစု အကြပ်အတည်းလည်း ပြေလည်သွားခဲ့သည်။

လော်ရာသည် ညစာစားရန် ပျော်ရွှင်စွာ သွားခဲ့သည်။

ကမ် သည် လွန်ခဲ့သည့် နှစ်ရက်က သူနေခဲ့သည့် အခန်းမှ ထွက်လာခဲ့သည်။ နွားနို့သောက်ပြီးတာနဲ့ ရေချိုးဖို့ သွားလိုက်သည်။

ထိုအချိန်တွင် တာရာ သည် ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကို တွေးနေမိသည်။

ဒေးဗစ်၏အကူအညီမရရှိခဲ့ပါက သူမ၏မိသားစုတွင် မည်သို့ဖြစ်မည်ကို သူမ စိတ်ကူးမယဉ်နိုင်ပေ။

သူမ၏ မိဘများသည် ဤအရာအားလုံးကို အပြစ်ပုံချပြီးနောက် ဤလောကမှ ထွက်ခွာသွားပေမည်။

ထို့နောက် သူမနှင့် ညီမလေးသည် မိသားစုမရှိသော တစ်နေရာသို့ ပြောင်းရွှေ့ကာ အထီးကျန်စွာ နေထိုင်သွားရမည်။

ဒေးဗစ်သည် သူမ၏ မိဘများကို ကယ်တင်ခဲ့ပြီး သူမနှင့် ညီမကိုလည်း ကယ်တင်ခဲ့သည်။ ဒါအပြင် ဖျက်ဆီးခံရတော့မယ့် ဒီမိသားစုကိုလည်း ကယ်တင်ခဲ့သည်။

ထို့ကြောင့် သူမစိတ်ထဲ စွဲသွားခဲ့သည်။

ယနေ့မှစ၍သူမကို ဒေးဗစ်သာလျှင် ပိုင်လိမ့်မည်။

ဒေးဗစ်လိုအပ်နေသမျှ ကာလပတ်လုံး သူမရှိနေမည်။

ဒေးဗစ် သူမကို မလိုအပ်တော့သောအခါသူမပျောက်ကွယ်သွားပေးမည်။

သူမသည် သူ့မိန်းမ သို့မဟုတ် အိမ်အကူဖြစ်ပါစေ ဒေးဗစစ၏အနားတွင်ရှိရန် ဆုံးဖြတ်ခဲ့သည်၊ သူ့အတွက် အလွန်ကြိုးစားရနိုင်သော်လည်း သူမဂရုမစိုက်ပေ။

တောင်ပိုင်းမြစ်တက္ကသိုလ်။

ဒေးဗစ်သည် သူ့အလှည့်ကို စောင့်နေဆဲဖြစ်သည်။

နောက်အလှည့်ကသူ့အလှည့်ပါ။

အခု တာရာတွေးနေတာတွေကို သိရင် သူ စိတ်ရှုပ်သွားမှာ သေချာပါတယ်။

သူမကို သန်း ၁၀၀ ပဲ ချေးထားတာမို့ သူ့အသက်ကို ဘာလို့ ပေးရမှာလဲ ။

ထိုအချိန်တွင် တင်ဆက်သူ၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

"နောက်တစ်လှည့်ဖျော်ဖြေသူ အဗာစနိုးဒန် ဖျားနေလို့၊ ငါတို့အတွက် ဒေးဗစ်လစ်ဒဲလ်က အစားစန္ဒယားတီးပေးပါလိမ့်မယ်။"

သူပြောပြီးတဲ့ နောက်မှာတော့ ပရိသတ်အားလုံးကြောင်သွားခဲ့သည်။

"ဟင်၊ ဒေးဗစ်က ဘယ်သူလဲ"

"ငါ့နတ်သမီး ဘယ်မှာလဲ သူမကို ဘယ်လိုအစားထိုးနိုင်မှာလဲ"

“ဟေး ဒေးဗစ်။ အဲဒီနေ့က မင်းသွေးအန်သွားတာကို မင်း ငါတို့ကို ပြနိုင်မလား။ ငါ့ရည်းစားက မကြာခင် လမ်းခွဲတော့မှာဆိုတော့ မင်းဆီက သင်ယူချင်တယ်"

"ဟားဟား! ဟုတ်တယ်၊ သူသွေးအန်ပုံကို ပြပါရစေ။"

"ဟားဟား!"

မြင်ကွင်းက အနည်းငယ် ဖရိုဖရဲဖြစ်နေခဲ့သည်။

ဒေးဗစ် စင်ပေါ်တက်ပြီးတာနဲ့ စင်အောက်က ကျောင်းသားတွေရဲ့ ရယ်သံကို ကြားလိုက်ရသည်။

သူဂရုမစိုက်ပေ။

သူက စန္ဒယားနားကို လျှောက်သွားပြီး မိုက်ခရိုဖုန်းကို ကိုင်လိုက်သည်။ ထို့နောက် သူက “ဆရာတွေနဲ့ ကျောင်းသားတွေအားလုံး မင်္ဂလာညချမ်းပါ၊ ကျွန်တော့်နာမည်က ဒေးဗစ်လစ်ဒဲလ်ပါ။ ဒီညတော့ ကျွန်တော်ရေးထားတဲ့ 'Boy' ဆိုတဲ့ သီချင်းတစ်ပုဒ်ကို တင်ဆက်ပါ့မယ်။ ဒါကို မင်းတို့ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။"

သူသည် စန္ဒယားရှေ့တွင် ထိုင်ကာ ခလုတ်များပေါ်တွင် သူ့လက်များကို တင်လိုက်သည်။ သူ့ကိုယ်သူ ပြန်လည်ပြင်ဆင်ပြီးနောက်၊ စန္ဒယားတီးနည်း သင်ခန်းစာက သူ့ဦးနှောက်ထဲမှာ ပေါ်လာသည်။

ဒါကအကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားသလိုပါပဲ။

သူ့လက်ချောင်းတွေက ခလုတ်ပေါ်မှာ ကခုန်နေသည်။

စန္ဒယားမှ ထွက်ပေါ်လာသော တေးဂီတသည် လူတိုင်း၏နားထဲသို့ ပျံ့လွင့်သွားသည်။

"ဟမ် မဆိုးဘူး! သူ့ကြည့်ရတာ ပရော်ဖက်ရှင်နယ်တစ်ယောက်လိုပဲ။”

“ဒေးဗစ်က စန္ဒယားတီးတတ်တယ် ။ ဒါကို သူ ကောင်းကောင်း ဖုံးကွယ်ထားတာပဲ !”

Chapter 40

ထို့နောက် ဒေးဗစ်၏အသံသည် လူတိုင်းနားထဲသို့ တိုးဝင်လာသည်။

“ဘာတွေ တုံ့ဆိုင်းနေမှန်း မသိတဲ့ အချိန်တုန်းက၊

"ကျွန်တော် သူမကို အမှတ်တမဲ့ ချစ်မိသွားတယ်။

"ငါသူ့ကိုနားလည်နေပြီထင်ခဲ့တယ်။

“ဒါကြောင့်မို့လို့ သူ့ကို သိပ်ဂရုမစိုက်ဘဲ ချစ်ခဲ့တာ။

“တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်တစ်စုံ၊

“ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့် အနာဂတ်ကို စွဲလမ်းခြင်းမှ မလွတ်စေနှင့်။

"မင်းရဲ့အချစ်ကို ငါမေ့လို့မရဘူး။

“ဒါပေမယ့် အဆုံးသတ်က ပြောင်းရခက်တယ်။

“ငါမနေနိုင်ခဲ့ဘူး။

"ပြီးတော့ ငါက သူနဲ့ မတူဘူး

“မင်းကို လိုချင်တောင့်တတဲ့ အနာဂတ်ကို ငါမပေးနိုင်ဘူး။

"မင်းရဲ့ ကောင်လေး...

ပထမအပိုဒ်က ပြီးသွားသည်။

လူတစ်သောင်းကျော်ရှိတဲ့ နေရာဟာ တိတ်ဆိတ်ခြင်းတွေလွှမ်းမိုးနေသည်။

မကြာခင် ဒုတိယအပိုဒ်ကိုရောက်လာသည်။

“မင်းရဲ့ ဂရုစိုက်မှုတွေကို ငါနေရာတိုင်း ယူဆောင်လာပေးတယ်။

“နောက်ပြီး တခြားဘယ်သူမှ မရှိတဲ့ နေရာမှာပဲ ဖွင့်ကြည့်မယ်။

“မင်း အခု ဝမ်းနည်းနေသေးလားလို့ မေးချင်ပါတယ်။

“နေရောင်အောက်မှာ ပင်လယ်ကြီးလိုပဲ၊

“ နှလုံးသားနဲ့ ခြယ်ထားတဲ့ အရောင်လိုပဲ၊

“မင်းကို ပြုံးပြပြီး သတ္တိပေးမယ်။

"ငါ မင်းကို မေ့လို့မရဘူး။"

သီချင်းက ပြီးသွားသည်။

သို့သော်လည်း ခန်းမမှာ တိတ်ဆိတ်နေခဲ့သည်။

သူတို့ ထိတ်လန့်သွားတာလား။

ဟုတ်ပါတယ်။

ဒေးဗစ်သည် ဤမျှဝမ်းနည်းဖွယ်သီချင်းကို သီဆိုမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။

သီချင်းစာသား၊ တေးဂီတ၊ ဖျော်ဖြေတင်ဆက်မှုနှင့် စန္ဒယားသံသည် လူတိုင်း၏နှလုံးသားထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

အလားတူ အတွေ့အကြုံများကို မျှဝေပေးသူများသည် သူတို့၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာခဲ့သည်။

ဆာရာ သည် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ ကို မှီ၍ သူ့မျက်နှာတွင် မျက်ရည်များရွှဲနေသည်။

ဒေးဗစ်၏သီချင်းသည် သူတို့၏အတိတ်အကြောင်းဖြစ်သည်။

သီချင်းထဲက မင်းနဲ့ငါက ဒေးဗစ်နဲ့သူမ။

ဆိုဖီသည် သူမ၏ အချစ်ဆုံးသူငယ်ချင်းကို ပွေ့ချီကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

သူသည် ဤမျှထူးခြားပြီး သစ္စာရှိသူတစ်ဦးဖြစ်သော်လည်း သူမသည် သူ့ကို ညစ်ညမ်းစေသောအတတ်အတွက် စွန့်ပစ်ခဲ့သည်။ သူမနှင့် မထိုက်တန်ဟု ကြံရွယ်ခဲ့သည်။

အဗာသည် စင်မြင့်အောက်တွင် ထိုင်ကာ စင်မြင့်ပေါ်ရှိ ဒေးဗစ်ကို ငိုင်ငိုင်ကြီး စိုက်ကြည့်နေသည်။

ဤလူသည် သူမ၏ အတန်းဖော်အဖြစ် သုံးနှစ်ရှိပြီဖြစ်သော်လည်းသူ့အကြောင်းကိုလုံးဝ သိခဲ့ပုံမရပေ။

သူရဲ့ စာသားရေးသားမှု၊ သီဆိုမှု၊ သီချင်းရေးစပ်မှုတွေဟာ ထိပ်တန်းအရည်အသွေးတွေပါပဲ။

အရေးအကြီးဆုံးကတော့ သူကိုယ်တိုင် ကြုံဖူးတာဆိုတော့ ဒီလို ထိထိမိမိ စာသားတွေ ရေးခဲ့တာပါပဲ။

ထူးထူးခြားခြား လူတစ်ယောက်သည် ညအချိန်တွင် ပိုးစုန်းကြူးနှင့်တူသည်။ သူက အမြဲတမ်း မျက်စိကျနေလိမ့်မည်။

လမ်းခွဲပြီးနောက်တွင် ဒေးဗစ်သည် သူ၏လျှို့ဝှက်ချက်ကိုပြလိုက်တယ်လို့ အဗာ တွေးမိသည်။

သူ့မှာ လျှို့ဝှက်ချက် ဘယ်လောက်ရှိတာလဲ။

အဗာသိချင်လာသည်။

ထိုအချိန်တွင် အမလီယာ သည် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ဒေးဗစ်သည် အလွန်ထူးခြားသည်ကိုသူမ မအံ့သြမိပေ။

ဟာသပဲ ဒီလိုသူဌေးကြီးက ဘက်စုံတော်တာပဲ

သို့သော်၊ ဒေးဗစ်သည် နိမ့်ကျသော ပရိုဖိုင်ကို ထိန်းသိမ်းလိုသည်ဟု ပြောခဲ့တယ်မလား။

ဒီ ပရိုဖိုင်ကနိမ့်ကျနေပါသလား။

ကောင်းပြီ၊ သူမမှာ ပြိုင်ဖက်တွေ အများကြီးရှိနေပြီလေ။

အမလီယာ သည် အခြားသူများကို ဂရုမစိုက်ဘဲ ဒေးဗစ် နှင့် အတန်းတူ အဗာ ၏ ခြိမ်းခြောက်မှုကို ခံစားခဲ့ရသည်။

ဒေးဗစ်၏ အခြေအနေမှန်ကို လူတိုင်းမသိမီတွင် သူမသည် ဒေးဗစ်ကို အလျင်အမြန် ရယူရမည်။

ဒီလိုမှမဟုတ်ရင် သူဒီလိုလူကောင်းတစ်ယောက်ကို လက်လွှတ်လိုက်ရလိမ့်မည်"

တက္ကသိုလ်ရှိ ဂီတဆရာများသည် အဖိုးတန်ရတနာတစ်ခုကို တွေ့ရှိလိုက်သကဲ့သို့ ဒေးဗစ်ကို ကြည့်နေကြသည်။

ဤမျှ ဂီတစွမ်းရည်ရှိသော ဤကျောင်းသားကို သတိမထားမိခဲ့ကြဘူးလား။

ဘယ်သူက လက်ခုပ်တီးမှန်းမသိပေ အသံထွက်လာသည်။

ထို့နောက် တစ်ခဏချင်းတွင် လူတစ်သောင်းကျော် လက်ခုပ်တီးကြသည်။

ဒေးဗစ်သည် စင်ပေါ်မှ မထွက်မီ မတ်တပ်ရပ်ကာ ပရိသတ်ရှေ့၌ ဦးညွှတ်လိုက်သည်။

ယနေ့ညတွင် သူသည် မျက်စိအကျဆုံးလူ ဖြစ်လာရန် ရည်မှန်းထားသည်။

Chapter 41

Lakeမြို့။

မြို့၏ပင်လယ်ကမ်းစပ်တွင်

ကုန်းတွင်းပိုင်းဖြစ်ခဲ့သည့် မြစ်မြို့ နှင့် နှိုင်းယှဉ်ပါက အခြားကဏ္ဍအားလုံးတွင် ပိုမိုအဆင့်မြင့်သည်။

ထိုအချိန်တွင် ဒေးဗစ်သည် မြစ်မြို့ မှ Lake Cityသို့ ပျံသန်းသော လေယာဉ်ပေါ်တွင် မျက်စိမှိတ်လိုက်လာသည်။

သူ့နောက်တွင် လှပပြီး အရပ်ရှည်သော

ဘဏ္ဍာစိုးမလေး တစ်ဦးဟာ သူ့ပခုံးများကို နှိပ်နယ်နေသည်။

သူသည် အလွန်ဇိမ်ကျပထမတန်းတွင် ထိုင်နေသည်။ သူ့မှာ သူ့ကိုယ်ပိုင်အခန်းနဲ့ ကမ္ဘာ့အကောင်းဆုံး အစားအစာ မျိုးစုံကို ပိုင်ဆိုင်ထားရုံသာမကဘဲ သူ့ကို ကျွေးမွေးဖို့ ဘဏ္ဍာစိုးတစ်ဦးကိုလည်း ခန့်ထားခဲ့သည်။

ဝန်ဆောင်မှုက အရမ်းကောင်းတာကြောင့်၊ စျေးနှုန်းကလည်း ရယ်စရာကောင်းပါတယ်။ ရိုးရိုးတန်းဈေးထက် အဆ ၅၀ ရှိသည်။ ဒါက သာမာန်လူတိုင်း ခံစားနိုင်တဲ့အရာ မဟုတ်ပါဘူး။

“မစ္စတာ လစ်ဒဲလ် မင်း အစာ ဒါမှမဟုတ် သောက်စရာတွေ လိုသေးလား" ဂျိန်း ဘလော က ဒေးဗစ် ၏ ပုခုံးများကို နှိပ်နယ်ရင်း မေးလိုက်သည်။

သူမသည် ဒေးဗစ်ကို တစ်နာရီကြာ နှိပ်နယ်နေခဲ့သည်။ သူမလက်တွေ နာကျင်နေပြီဖြစ်သော်လည်း ဒေးဗစ်က သူမကို မရပ်ခိုင်းသောကြောင့် မရပ်တန့်ဝံ့ပေ။ အဲဒီအစား ဒေးဗစ်ကို တစ်ခုခုစားချင်သလားလို့သာ မေးနိုင်သည်။

ဂျိန်းသည် ဤလေကြောင်းလိုင်း၏ စူပါဇိမ်ခံ ပထမတန်းစား၏ လေယာဉ်မယ်တစ်ဦးဖြစ်သည်။ ဤနေရာရှိ ဘဏ္ဍာစိုးများသည် စီးပွားရေး အတန်းအစား သို့မဟုတ် ရိုးရိုးတန်းစား ဘဏ္ဍာစိုးများနှင့် မတူပါ။

ပထမတန်းစား ဧည့်သည်များကို တစ်ဦးချင်း ဝန်ဆောင်မှုပေးသောကြောင့် အလုပ်မှာ လွယ်ကူပြီး ၎င်းတို့၏ လစာသည် အခြား လေယာဉ်ဝန်ထမ်း နှစ်ယောက်၏ လစာထက် များစွာ မြင့်မားသည်။

ဤအလုပ်သည် ကဏ္ဍပေါင်းစုံတွင် ၎င်းတို့အတွက် အလွန်မြင့်မားသော တောင်းဆိုမှုများရှိသည်။ နောက်ဆုံးတော့ ဇိမ်ခံ ပထမတန်းစားမှာ ထိုင်နိုင်သူတွေဟာ နူဗို လူချမ်းသာတွေဆျုတာသေချာပါသည်။

သူမသည် ဤအခန်းကို တာဝန်ယူခဲ့သည်မှာ တစ်လမပြည့်သေးပေ။ ဤအခန်းကို အုပ်စိုးသော နောက်ဆုံး ဘဏ္ဍာစိုးမသည် သူဌေးတစ်ဦးကို ဖမ်းဆုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် ချမ်းသာသော ဇနီး၏ဘဝဖြင့် နေထိုင်ရန် အလုပ်ထွက်သွားသည်။

သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေထဲကဘယ်သူက သူဌေးတစ်ယောက်နဲ့ ဘယ်အချိန် ထွက်သွားမယ်ဆိုတာ မသိနိုင်ပေ။

ထို့ကြောင့်၊ အရန်များလည်း အများအပြားရှိပြီး လေယာဉ်ပေါ်တွင် အလုပ်လုပ်ရန် နေ့တိုင်း စောင့်မျှော်နေကြပါသည်။

သင်တန်းတက်ပြီးတာနဲ့ နှစ်ရှည်အလုပ်သမားစာချုပ်ကို လက်မှတ် ရေးထိုးသည်။ ရာထူးမှ နုတ်ထွက်ပါက ကုမ္ပဏီမှ ရင်းနှီးမြှပ်နှံထားသော ကုန်ကျစရိတ်များ အများအပြား ဆုံးရှုံးမည်ဖြစ်သည်။

ဒါတောင်မှ နှစ်တိုင်း ရာထူးမှ နုတ်ထွက်တဲ့ ဝန်ထမ်းတွေ အများကြီး ရှိပါ သေးတယ်။ နှုတ်ထွက်ပြီးနောက် အချို့မှာ သာယာသောဘဝများ ရှိကြပြီး အချို့မှာတော့ မဟုတ်ပေ။

ဂျိန်း က ချမ်းသာတဲ့ ယောက်ျားတွေနဲ့ ချိန်းတွေ့ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး၊ သူမဟာ ဒီအလုပ်ကိုပဲ မြတ်နိုးသည်။

“မစ္စတာ လစ်ဒဲလ်?" ဒေးဗစ်က ပြန်မဖြေတဲ့အခါ

ဂျိန်းက ထပ်ခေါ်လိုက်သည်။

ဒီအချိန်မှာ ဒေးဗစ်ဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်။

“မစ္စတာ လစ်ဒဲလ်?" ဂျိန်းက ထပ်ခေါ်လိုက်သည်။

ဒေးဗစစက မတုံ့ပြန်သေးပေယ

ဒေးဗစ် အိပ်ပျော်သွားသည်ကို ဂျိတ်း သတိပြုမိသောအခါ သက်ပြင်းတစ်ချက်ချကာ နှိပ်နယ်ခြင်းကို ရပ်လိုက်သည်။ ထို့နောက် တံခါးကို ဖြည်းညှင်းစွာပိတ်ကာ ထွက်လာခဲ့သည်။

နာရီဝက်အကြာ…

“မစ္စတာ လစ်ဒဲလ်? မစ္စတာလစ်ဒဲလ်" ဂျိန်း၏အသံသည် ဒေးဗစ်နားနားတွင် ပေါ်လာပြန်သည်။

ဒေးဗစ် ဖြည်းညှင်းစွာ နိုးလာသည်။

“မစ္စတာ လစ်ဒဲလ်၊ ငါတို့ Lake City ကိုရောက်ပြီ"

"ဟင်? ရောက်ပြီလား?" ဒေးဗစ်သည် သမ်းဝေစွာမေးလိုက်သည်။

“မစ္စတာ လစ်ဒဲလ် မင်း အိပ်နေတာ တစ်နာရီကျော်ပြီ။"

“ကျေးဇူးတင်ပါတယ်၊ မစ္စဘလော” လို့ David က ပြောပါတယ်။

“ရပါတယ်မစ္စတာ လစ်းဲလ်။ ဒါက ငါတို့လုပ်သင့်တဲ့ဟာပါပဲ။”

ဒေးဗစ်သည် လေယာဉ်ပေါ်မှ မဆင်းမီ သူ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ သူ့ဖုန်းကလွဲလို့ တခြားဘာမှ ယူမလာပေ။

ဒေးဗစ်သည် လေဆိပ်မှ ထွက်လာပြီးနောက် လေဆိပ်ရှေ့ လမ်းဘေးတွင် ရပ်လိုက်သည်။ လေယာဉ်မတက်ခင်မှာ ဟာ့ ကိုဖုန်းဆက်ဖားသည်။။

ဟာ့က သူ့ကို ခေါ်ဖို့ လာမယ်လို့ ပြောခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် သူ ဒီကို မရောက်သေးပါဘူး။

ဆယ်မိနစ်လောက်ကြာတော့ သူ့နောက်ကနေ ရင်းနှီးတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။

“မစ္စတာ လစ်ဒဲလ်!"

ဒေးဗစ်သည် သူ့ခေါင်းကို လှည့်ကြည့်လိုက်ရာ လေယာဉ်ပေါ်၌ နှိပ်နယ်ပေးသော ဂျိန်း ဖြစ်သည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဂျိန်း သည် သူမ၏ ယူနီဖောင်းကို ၀တ်ဆင်ထားပြီး ခရီးဆောင်အိတ်ငယ်ကို ကိုင်ထားသည်။

“မစ္စ ဘလော၊ မင်္ဂလာပါ” ဟု ဒေးဗစ်က ဖြေသည်။

“မစ္စတာ လစ်ဒဲလ်၊ မင်းသူငယ်ချင်းကို စောင့်နေတာလား။" ဂျိန်းက မေးလိုက်သည်ေယ

“အင်း… မလာသေးလို့ တက္ကစီခေါ်တော့မလို့ ”

ဒေးဗစ်သည် ဟာ့ ၏ကုမ္ပဏီသို့သွားရန် တက္ကစီတစ်စီးခေါ်ရန် အမှန်တကယ် စီစဉ်နေခဲ့သည်။

တက္ကစီခေါ်မှာလား

ဂျိတ်းက စပ်ချင်သွားသည်။ စူပါဇိမ်ခံ ပထမတန်းမှာ ထိုင်ဖို့ တတ်နိုင်တဲ့သူတစ်ယောက်က တက္ကစီကို ခေါ်နေတာလား။

“တိုက်ဆိုင်လိုက်တာလား။ ကျမ ဟိုတယ်ကိုသွားဖို့ တက္ကစီတစ်စီး လာစီးတော့မယ်။ မင်းဘယ်သွားမလို့လဲ မစ္စတာလစ်ဒဲလ် ကားကြုံစီးချင်လား" ဂျိန်းက မေးလိုက်သည်။

ဒေးဗစ်က မလိုက်တော့ဘူလို့ ပြောခါနီးတခြားအသံကို ကြားလိုက်ရသည်။

"ဂျိန်း မင်းရည်းစားလား"

ဂျိန်း ထက် နှစ်အနည်းငယ်ပိုကြီးတဲ့ ဘဏ္ဍာစိုးအမျိုးသမီးက သူမရဲ့ ခရီးဆောင်အိတ်ကို လှမ်းကိုင်လိုက်သည်။

“ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့ မစ္စ ဂျန်ကင်။ ဒါက မစ္စတာ လစ်ဒဲလ်ပါ။ အခုပဲ ကျွန်မတာဝန်ယူရတဲ့ အခန်းထဲမှာ သူရှိနေတယ်” ဟု ဂျိန်း က ရှင်းပြသည်။

"ဂျိန်း၊ မင်းယောက်ျားကိုရှာတဲ့အခါ မင်းမျက်လုံးဖွင့်ထားရမယ်။ တချို့လူတွေက ချမ်းသာချင်ယောင်ဆောင်ပြီး မင်းကို လှည့်ဖြားဖို့ ပထမတန်းမှာ စီးကြတယ်။ ငါတို့အဖွဲ့သားထဲက မိန်းကလေးတော်တော်များများ လှည့်စားခံရတယ်။”

"မစ္စ ဂျန်ကင် မင်းထင်သလိုမဟုတ်ပါဘူး..."

"မင်းတို့လိုလူငယ်တွေက ငယ်ငယ် ချောချောလေးတွေကို မင်းရဲ့ချစ်သူအဖြစ် အမြဲလိုချင်နေတာ ငါသိပါတယ်။ အသက်နည်းနည်းကြီးလာတဲ့အခါ ရုပ်ရည်ချောမောတာကပိုက်ဆံမရဘူးဆိုတာ သိလာလိမ့်မယ်။ လက်တွေ့ကျတဲ့သူ၊ မင်းအပေါ်ကောင်းတဲ့သူ၊ ပိုက်ဆံလည်းရှိတဲ့သူကို ရှာရမယ်။ ငါ့ကိုယုံပါ၊ ငါမင်းကိုလိမ်မှာမဟုတ်ဘူး"

ဒေးဗစ်သည် မျက်နှာကို မိတ်ကပ်ထူထူဖြင့် အုပ်ထားသည့် မစ္စ ဂျန်ကင်ကို တစ်ချက်ကြည့်လိုက်သည်။

ဒီအမျိုးသမီးက ခေါင်းကိုက်နေတာလား။ ဒါမှမဟုတ် သွေးဆုံးနေသလား။

Chapter 42

'ငါ့ဘာသာငါ ကားကို ဒီမှာစောင့်နေတာလေ ငါမင်းကို ဘယ်လို စော်ကားလို့လဲ'

သူပြောတော့အချိန်..

မြည်!

Range Rover တစ်စီးက သုံးယောက်ရှေ့မှာ ရပ်သွားသည်။

"ငါ့ရည်းစားက ဒီမှာ။ ဂျိန်း၊ မင်းကိုလိုက်ပို့ပေးဖို့ ငါတို့ကို လိုအပ်သေးလား။" မစ္စ ဂျန်ကင် က ဟန်ဆောင်ကာ မေးသည်။

ဒီအချိန်မှာ တံခါးဖွင့်လိုက်တာနဲ့ ကားထဲက လူတစ်ယောက်ထွက်လာတာကို တွေ့လိုက်ရသည်။

မစ္စ ဂျန်ကင်၏ ချစ်သူကို ဒေးဗစ်မြင်သောအခါတွင် သူ ထပ်မတုံ့ပြန်ချင်တော့ပါ။

ဒီလူဟာ အရပ် ၁၆၀ စင်တီမီတာသာ ရှိပြီး ကိုယ်အလေးချိန် ၁၀၈ ကီလိုဂရမ်လောက်ရှိသည်။ ရုပ်ရည်အရလည်း ထိုဖျော်ဖြေရေးကုမ္ပဏီမှ မစ္စတာ ဂိုမက်ဇ် နှင့်ပင် ယှဉ်ပြိုင်နိုင်သည်။ ထို့အပြင် သူသည် ထိပ်ပြောင်နေသောကြောင့် ဒေးဗစ်သည် အသက် ၄၀ မှ ၅၀ ဝန်းကျင်ဟု ထင်လိုက်သည်။

“အဆင်ပြေပါတယ် မစ္စ ဂျန်ကင်။ ငါတို့က ကားခေါ်လို့ရတယ်” ဟု ဂျိန်းက ပြောသည်။

"သူက ပထမတန်းမှာစီးတာနဟုတ်ဘူးလား။ သူဘာလို့ ကားခေါ်ရမှာလဲ ။ ဂျိန်း၊ မင်းလိမ်ညာခံရတဲ့အခါ ငါမင်းကိုသတိမပေးခဲ့ဘူးလို့ မပြောနဲ့။"

ဤအခိုက်အတန့်တွင် သူတို့ အော်ဟစ်သံကို ကြားရသည်။

"ကြည့်စမ်း ဒီကားက အရမ်းလှတာပဲ!" “အေးကွာ၊ အရမ်းမိုက်တဲ့ ပြိုင်ကားတစ်စီးပဲ။ တစ်ခုရှိဖို့တောင် အိပ်မက်မက်ရတယ်" ထို့နောက် Range Rover နောက်တွင် ပြောင်လက်တောက်ပသော ပြိုင်ကားနှစ်စီး ရပ်တန့်သွားသည်။

တံခါးပွင့်လာသောအခါ ဟာ့ကားထဲမှ ထွက်လိုက်သည်။ ထို့နောက် ဒေးဗစ်ထံသို့ တည့်တည့်လျှောက်သွား၏။

"ဒေ့ဗ် နောက်ကျသွားတာ တောင်းပန်ပါတယ်။ မင်စကိုပြန် ဂရုစိုက်ပေးပါ့မယ်။ ဒါက မင်းရဲ့ကားသော့ပဲ"

ဟာ့ပြောပြီးတာနဲ့ သော့တွေကို ဒေးဗစ်ဆီကိုပစ်ပေးလိုက်သည်။ ဒေးဗစ်သည် သော့များယူပြီးနောက် ဟာ့ ကို ပွေ့ဖက်လိုက်သည်။

"အဆင်ပြေပါတယ် ဟာ့ မင်းရဲ့အလုပ်များတဲ့ အချိန်ဇယားမှာ အချိန်တစ်ခုလောက် ဖဲ့ပေးဖို့တောင်းဆိုတဲ့အတွက် ရှက်မိတယ်”

“ကောင်းပြီ၊ ယဥ်ကျေးမှုတွေမဖလှယ်ကြတော့ဘူး။ မင်းရဲ့ကားကို သွားကြည့်လိုက်။ ဒီကားက သုံးနှစ်အတွင်းမှာ ကီလိုမီတာ ၃၀၀ ထက်နည်းပြီး မောင်းနှင်ခဲ့တာဖြစ်လို့ အသစ်နဲ့မထူးပါဘူး” လို့ဟာ့ကဒေးဗစ်ရဲ့ ပခုံးပေါ်မှာ သူ့လက်ကို တင်လိုက်ပြီး ပြောလိုက်သည်။

ဒေးဗစ် သည် သူ၏ Bugatti Veyron ဆီသို့ လျှောက်သွားပြီး ကားကိုထိရန် လက်လှမ်းလိုက်သည်။ ချစ်စရာကောင်းပြီ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထက်တောင် ပိုကောင်းတယ်လို့ ခံစားရသည်။

ဒါက အရမ်းမိုက်တယ်။

အရမ်းစတိုင်ကျတယ်။

တက္ကသိုလ်ကို ပြန်မောင်းထုတ်ရင် အဲဒီ b*tches တွေရဲ့မျက်ခွက်ကို ဖြတ်ရိုက်နိုင်မှာ သေချာပါတယ်။

“ဟာ့ ဒီကားက အရမ်းကောင်းတယ်။ ငါအရမ်းကြိုက်တယ်"

"အဲဒါကောင်းတယ်။ လာ၊ ကားပေါ်တက်။ ငါ မင်းကို ကြိုဆိုဖို့ နေရာတစ်ခုဆီ ခေါ်သွားသွားမယ်။"

"ဒါဆို ဒီနေ့ မင်းရဲ့ အစီအစဉ်တွေကို ငါလိုက်ခဲ့မယ်!"

ဒီအခိုက်အတန့်မှာ ကားနောက်ခန်းမှာ ရပ်ထားတဲ့ လူတစ်ယောက်က ဆင်းလာပေမယ့် ထပ်တူထပ်မျှ တောက်ပနေသည်။ ။ ထိုလူက ဟာ့ ရှေ့သို့ လှမ်းလာပြီး သော့တစ်ချောင်း ပေးလိုက်သည်။

“မစ္စတာ ဂရင်း ဒီမှာ မင်းရဲ့ကားသော့။"

"လန်နီ၊ မင်း ကုမ္ပဏီကို ပြန်သွားဖို့ ကားတစ်စီးခေါ်သင့်တယ်" ဟု ဟာ့ က ပြောသည်။

"ကောင်းပြီ မစ္စတာဂရင်း"

ဒေးဗစ် သည် Bugatti Veyron နံဘေးတွင် ရပ်ကာ ကားပေါ်တက်တော့မည်ဖြစ်သည်။

ရုတ်တရက် လမ်းဘေးမှာ ရပ်နေတဲ့ ဂျိန်းကို တွေ့တော့ သတိရသွားသည်။

"မစ္စဘလော နင်ဘယ်သွားမလို့လဲ။ မင်းငါ့ကို လိုက်ပို့ပေးစေချင်လား" ဒေးဗစ် က ဂျိန်းကိုမေးတယ်။

"ရပါတယ် မစ္စတာ လစ်ဒဲလ်၊ ငါ မင်းကို ဒုက္ခမပေးချင်ဘူး။ တက္ကစီပဲ ခေါ်လိုက်မယ်” လို့ ဂျိန်းက ပြန်ဖြေသည်။

"ဝင်ခဲ့လေ!" ဒေးဗစ် က ပြောပြီး Bugatti Veyron ရဲ့ ယာဉ်မောင်းထိုင်ခုံထဲကို ဝင်သွားသည်။

ဂျိန်း က ခရီးသည်၏ထိုင်ခုံသို့ မတက်မီတုံ့ဆိုင်းနေပြီးနောက် ကားပေါ်တက်သွားသည်။

ဒေးဗစ်သည် ကားထဲသို့ဝင်ပြီးနောက်တွင် ကားနောက်ဘက်ရှိ ဟာ့ ကိုဖုန်းဆက်ကာ တစ်နေရာရာကိုပို့ချင်သည်ဟု ပြောခဲ့သည်။

ဂျိန်း၏ဦးတည်ရာသည် လမ်းစရောက်နေပြီဖြစ်သောကြောင့်၊ ဟာ့သည် ဒေးဗစ် ကိုဦးဆောင်ရန် ရှေ့သို့သွားခဲ့သည်။

ခပ်မိုက်မိုက် ပြိုင်ကားကားနှစ်စီးသည် ကျယ်လောင်စွာ မြည်သံနှင့်အတူ လေဆိပ်မှ ပျောက်ကွယ်သွားခဲ့သည်။

မစ္စ ဂျန်ကင် သည် အဝေးသို့ မောင်းနှင်နေသော ပြိုင်ကားများကို ကြည့်ကာ သူမ၏ အမူအရာမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ မျက်နှာကို ဖြတ်၍ ပါးရိုက်ခြင်းမှာ လျင်မြန်လွန်းသဖြင့် တုံ့ပြန်ရန် အချိန်မရသေးသောကြောင့် ဖြစ်သည်။

ယခု သူမဂုဏ်ယူနေသော သန်းကြွယ်သူဌေး ချစ်သူကို ကြည့်လိုက်သောအခါ သူမသည် ထိုမျှလောက်ကြီး မဟုတ်တော့ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

အဝေးက တခြားသော ဘဏ္ဍာစိုး အချို့က အဖြစ်အပျက်ကို မြင်သည်။

"အဲဒါကို မင်းတို့တွေ့လား? ဂျိန်းက အဲဒီပြိုင်ကားထဲကို ဝင်သွားတယ်”

"မင်းတို့ ဓာတ်ပုံရိုက်ဖူးလား။ အဲဒီကားကို သွားကြည့်လိုက်။ အရင်က တစ်ခါမှ မမြင်ဖူးဘူး။”

"ငါအခုရှာနေတယ်...

"Gosh၊ ဒါက နောက်ဆုံးထုတ် Bugatti Veyron လစ်မစ်တက်အက်ဒီရှင်ပဲ။ ကမ္ဘာမှာ ၈ စီးပဲ ရှိပြီး ပေါက်ဈေးက သန်း ၆၀"

"ဘာ? သန်း 60? လွန်လွန်းတယ်!”

“ပိုပြီးရယ်စရာကောင်းတဲ့ အရာတစ်ခုရှိတယ်။အဲ့တာကလွန်ခဲ့တဲ့ ၃ နှစ်က ပေါက်ဈေးပဲ အခု သန်း ၈၀ အထိ တိုးလာတယ်”

"ဘုရား! ဂျိန်းကလွန်ခဲ့သော တစ်လခန့်ကမှ စလုပ်တာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချောမောပြီး ချမ်းသာတဲ့ သူဌေးတစ်ယောက်ကို ဘယ်လိုတွေ့ခဲ့တာလဲ။ ဘာလို့ဒီလိုလူနဲ့မဆုံနိုင်ရတာလဲ"

Chapter 43

ဒေးဗစ် ဂျိန်းကို သူတည်းခိုသောဟိုတယ်သို့ ပို့ပြီးနောက် သူသည် ဟာ့နဲ့ Lake Heart Club သို့လိုက်သွားခဲ့သည်။

Lake Heart Club သည် Lake City တွင် အမြင့်မားဆုံးသောကလပ်ဖြစ်ပြီး လူလုပ်ရေကန်၏အလယ်တွင် တည်ဆောက်ထားသည်။

လှပသောရှုခင်းအပြင်၊ ဂေါက်ကွင်းနှင့် အပြေးပြိုင်ကွင်း အပါအဝင် ချမ်းသာသူများအတွက် ဂိမ်းအမျိုးအစားအစုံရှိပါသည်။

အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အတွင်း လူခုနစ်ယောက်မှ ရှစ်ဦးသည် ဧည့်ခန်းထဲတွင် စကားစမြည်ပြောနေကြသည်။

အပြင်မှာ ဂေါက်ရိုက်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတစ်ယောက်တောင် ရှိသေးသည်။ ယောက်ျားက မိန်းမကို သိုင်းဖက်ထားရင်း သူ့လက်တွေက မိန်းမရဲ့လက်တွေကို ဆုပ်ကိုင်ထားသည်။

“အားလုံးကို မိတ်ဆက်ပေးပါရစေ။ ဒါက ကျွန်တော့်သူငယ်ချင်း ဒေးဗစ်လစ်ဒဲလ်ပါ။ သူက တောင်ပိုင်းမြစ် တက္ကသိုလ် မှာ ပညာသင်ကြားနေပါတယ်” ဟု ဟာ့ က ဧည့်ခန်းရှိ လူများအား ပြောကြားခဲ့သည်။

ဒေးဗစ်အား၊ ဒေးဗစ်သူတို့က SCCရဲ့အဖွဲ့ဝင်တွေပဲ" ဟုပြောလိုက်သည်။

ထိုထိုင်နေသောလူများသည် ဒေးဗစ်ကိုအလေးမထားကြပေ။ သူက အရမ်းငယ်တယ်။

"ဂရင်း မင်းက ဒီ ဒေးဗစ် နဲ့ မိတ်ဆက်ပေးဖို့ ငါတို့ကို ဒီမှာ စောင့်ခိုင်းထားတာလား" အသက် ၂၄ နှစ်၊ ၂၅ နှစ်လောက်ရှိတဲ့ လူငယ်တစ်ယောက်က မေးလိုက်သည်။

သူ၏အမည်မှာ အန်ဒီလီဝိ့ ဖြစ်ပြီး၊ သူသည် ဟာ့ ကဲ့သို့ SCC ၏ အလယ်အလတ်တန်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

SCC တွင် မတူညီသော အဆင့်များ ရှိခဲ့သည်။ မင်းရဲ့အဆင့်မြင့်လေ၊ မင်းအင်အားက ပိုများလေပဲ။

ထို့ကြောင့် အောက်ခြေအဖွဲ့ဝင်တစ်ဦးသည် တန်းမြင့်အဖွဲ့ဝင်တစ်ဦးနှင့် စကားပြန်မပြောဝံ့ပေ။

သို့သော်၊ သူသည် ဟာ့ နှင့်တူညီသောအဆင့်တွင်ရှိသောကြောင့်၊ သူနှင့်ယဉ်ကျေးနေရန်မလိုအပ်ပါ။ သူ့စိတ်ထဲရှိတာ ဘာမဆို ပြောလိမ့်မည်။

ထို့အပြင်၊ ဟာ့ သည် ချောမွေ့ပြီး ပေါ့ပါးသော စီးပွားရေးသမားတစ်ဦးဖြစ်သောကြောင့် သူသည် ပို၍လွယ်ကူသည်။

“အန်ဒီ၊ ငါ ဒီနေ့ မင်းကို ငါ့သက်သေအဖြစ် ခေါ်ထားတယ်။ ဒေးဗစ်ကို SCC သို့ ဖိတ်ကြားဖို့ အလယ်တန်းအဖွဲ့ဝင်တစ်ဦးအနေဖြင့် ငါ့ရဲ့အခွင့်အရေးတွေကို အသုံးပြုမယ်။

ဟာ့ ပြောတာကိုကြားတော့ ဒေးဗစ်ကို တည့်တည့်ကြည့လာကြသည် ဟာ့ သည် ၎င်း၏ အလယ်အလတ်တန်းအဖွဲ့ဝင်အခွင့်အရေးများကို အသုံးချနိုင်သူတိုင်းသည် သာမန်လူမဟုတ်သည်မှာ သေချာပါသည်။

အလယ်တန်းအဆင့်အသင်းဝင်တစ်ဦးသည် ကလပ်သို့ဝင်ရောက်ရန် လူတစ်ဦးတည်းကိုသာ ဖိတ်ကြားနိုင်ကြောင်း သိရှိထားရမည်ဖြစ်သောကြောင့် အရင်းအမြစ်သည် အလွန်အဖိုးတန်ပါသည်။ သန်းဆယ်ဂဏန်းနဲ့ ဝယ်ဖို့ အဆိုပြုသူတွေတောင် ရှိပေမယ့် အခုထိ မရသေးပေ။

အခု ဟာ့ က သူ့ရှေ့မှာ ဒီလူငယ်ကို သူ့ရဲ့ တစ်ခုတည်းသော ဖိတ်စာ ပေးနေတာလား။ ဒီကလေးက ဘယ်သူလဲ။

ဤအခိုက်အတန့်တွင် အသက်သုံးဆယ်ကျော်ရှိ အမျိုးသားတစ်ဦးက "ဂရင်း က အလယ်တန်းအဆင့်အသင်းဝင်တစ်ဦးအနေနနဲ့သူရဲ့အခွင့်အရေးကို သုံးလိုက်တာကြောင့် ဒေးဗစ်် အခုကစပြီးSCC အဖွဲ့ဝင်ဖြစ်လာမယ်။ လာ၊ ဒေးဗစ်ငါ့အဆက်အသွယ်ကို သိမ်းဆည်းပြီး မင်းရဲ့ ID ပို့ပေးပါ။ အဲဒါကို ရုံးချုပ်ကို အကြောင်းကြားပြီး သုံးရက်ကြာရင် မင်းရဲ့ တံဆိပ်ကို ရလိမ့်မယ်။ SCC ရဲ့ နိဒါန်းအကျဉ်းကိုလည်း ပို့ပေးပါ့မယ်။"

ထိုသို့ပြောပြီးနောက် သူ့ဖုန်းကိုထုတ်ကာ ဒေးဗစ်နှင့် ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များကို ဖလှယ်ခဲ့သည်။

ဒေးဗစ် ရှုပ်သွားသည်။ SCC က ဘာလဲ ၊ သူဝင်ရင် သူဘာတွေ ရနိုင်မလဲ မသိဘူး။

သို့သော်လည်း ဟာ့ က သူ့ကို ဝင်ခိုင်းပြီးသောကြောင့်ဝင်လိုက်သည်။

အဆက်အသွယ် ဖလှယ်ပြီးနောက် ဒေးဗစ်သည် ၎င်း၏ ID ကို ပေးပို့ခဲ့ပြီး စာရွက်စာတမ်းကိုလည်း လက်ခံရရှိခဲ့သည်။ ဒေးဗစ်သည် ၎င်းကိုဖွင့်၍ အနီးကပ်ကြည့်ရှုခဲ့သည်။

SCC သည် အတိုကောက်တစ်ခုသာဖြစ်ပြီး ၎င်း၏အမည်အပြည့်အစုံမှာ Springfield Car Club ဖြစ်သည်။

သူတို့၏ဌာနချုပ်သည် Springfield တွင်ရှိပြီး ပထမတန်းမြို့ကြီးများတွင် ရုံးခွဲများစွာရှိသည်။

ဒေးဗစ်သည် မြို့များစာရင်းကို ကြည့်လိုက်ရာ Lake City သည် ၎င်းတို့ထဲမှ တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ သို့ရာတွင် ဤမြို့များအားလုံးသည် တောင်ဘက်တွင်ရှိပြီး မြောက်ဘက်တွင် မရှိပါ။

SCC ကို စတင်တည်ထောင်စဉ်က မော်တော်ကားနှင့် အပြိုင်အဆိုင် စွဲစွဲလမ်းလမ်း စွဲလမ်းနေသူများ စုဝေးရာနေရာ ပေးခြင်းဖြင့် ဘဝကို ပိုမိုလွယ်ကူစေရန် ရည်ရွယ်ပါသည်။

တစ်ဖြည်းဖြည်းနဲ့ တင်းတင်းကြပ်ကြပ် တင်းကျပ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်ပေါ်လာသည်။

ဤသည်မှာ အထက်တန်းစားများ၏ ထိပ်ပိုင်းစက်ဝိုင်းဖြစ်သည်။

အပျော်သဘော၊ အပြေးပြိုင်၊ မြင်းစီး၊ ဂေါက်ရိုက်ဖို့ စုရုံးရုံတင်မကဘဲ လုယက်မှုတွေကိုလည်း မျှဝေခံစားနိုင်တဲ့ အခြေအနေရောက်အောင် အပြန်အလှန် ကူညီပေးနိုင်ဖို့ အတူတူထိုင်ပြီး စီးပွားရေးစကားပြောဆိုနိုင်ကြပါတယ်။

အထက်တန်းလွှာများနှင့် နိုဗိုသူဌေးအများအပြားသည် အထက်တန်းလွှာအချို့ကို သိရန် ဤစက်ဝိုင်းထဲသို့ ဝင်ရောက်လိုသော်လည်း ထိုသို့ပြုလုပ်ရန် နည်းလမ်းမရှိပေ။ ဒီနေရာက သူတို့မှာ ပိုက်ဆံရှိတိုင်းဝင်လို့ရမယ့်နေရာမဟုတ်ဘူး။

လိုအပ်ချက်တွေက တင်းကျပ်ပြီး သူတို့ သုံးခုကို ဖြည့်ဆည်းပေးရမည်။

ပထမဦးစွာ၊ သန်းဆယ်ဂဏန်းတန်သော ပြိုင်ကားတစ်စီးကို ပိုင်ဆိုင်ရန်မှာ မခဲယဉ်းပေ။

Chapter 44

ဒုတိယအချက်မှာ လူတစ်ဦးချင်းစီတွင် ပိုင်ဆိုင်မှုဒေါ်လာတစ်ဘီလီယံကျော်ရှိရမည်၊ သို့မဟုတ် ၎င်းတို့နောက်တွင်ရှိသောမိသားစုသည် ပိုင်ဆိုင်မှုဒေါ်လာဆယ်ဘီလီယံကျော်ရှိရမည်ဖြစ်သည်။

ဒါကလည်း သိပ်ခက်တာ မဟုတ်ဘူး။

နောက်ဆုံးတွင် အလယ်တန်းအဆင့် သို့မဟုတ် အထက်ရှိသော အဖွဲ့ဝင်တစ်ဦးမှ အကြံပြုရန် လိုအပ်ပါသည်။

ဒါက အခက်ခဲဆုံး လိုအပ်ချက်ဖြစ်ပြီး တစ်စုံတစ်ယောက်က ဖိတ်စာတစ်ခု ပေးမယ်ဆိုရင်၊ တက်လာတဲ့သူတွေက အဲဒါအတွက် သေချာပေါက် တိုက်ပွဲဝင်မှာပါ။

ဟုတ်ပါတယ်၊ မျက်နှာပြင်မှာ၊ ခွဲတမ်းကို ငွေနဲ့ ရောင်းဝယ်လို့ မရပေမယ့် တံခါးပိတ်ပြီး ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သင်ဘယ်တော့မှ မသိပါဘူး။

SCC အဖွဲ့ဝင်တစ်ဦးတွင် အဆင့် ၄ ဆင့်ရှိသည်။

ပုံမှန်အသင်းဝင်၊ အလယ်တန်းအဆင့်အဖွဲ့ဝင်၊ တန်းမြင့်အဖွဲ့ဝင်နှင့် အဓိကအဖွဲ့ဝင်။

သာမန်အဖွဲ့ဝင်တစ်ဦးသည် အကြံပြုပိုင်ခွင့်မရှိပါ။

အလယ်တန်းအသင်းဝင်တစ်ဦးတွင် ဖိတ်ကြားချက်တစ်ခုရှိသော်လည်း တန်းမြင့်အဖွဲ့ဝင်တွင် သုံးခုရှိသည်။

တစ်ချိန်တည်းတွင်၊ အဓိကအဖွဲ့ဝင်တစ်ဦးတွင် အကန့်အသတ်မရှိပေ။

SCC ၏ အဓိကအဖွဲ့ဝင်ဖြစ်လာနိုင်သူများသည် SCC အတွက် စီမံခန့်ခွဲမှုအဖြစ် ဆောင်ရွက်ခဲ့သည့် စူပါသူဌေးကြီးများဖြစ်သည်။

အဆင့်တစ်ခုတက်လိုပါက SCC သို့ ပံ့ပိုးကူညီမှုအချို့ ပြုလုပ်ရပါမည်။

SCC သည် လူတိုင်း၏ စည်းလုံးညီညွတ်မှုကို တိုးမြင့်လာစေရန်အတွက် ပြိုင်ကားပြိုင်ပွဲများ သို့မဟုတ် စုဝေးပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်မည်ဖြစ်သည်။

ဒါကို ဒေးဗစ်မြင်ပြီးနောက်မှာ ဟာ့ ဟာ တော်တော်လေးကို ဂရုတစိုက်ရှိနေတာကို သူသိလိုက်တာကြောင့် ဟာ့ ကို ပိုမေးသင့်တယ်လို့ သူတွေူလိုက်သည်။

ဟာ့ က သူ့ကို ဒီစက်ဝိုင်းထဲ မခေါ်ခဲ့ရင်၊ ဒီလိုနေရာမျိုးတွေကို ဘယ်တော့မှ သိလာမှာမှာ မဟုတ်ပါဘူး၊ သူ့မှာ ငွေအမြောက်အမြား သုံးဖို့ နေရာလည်း ရှိလာမှာ မဟုတ်ပါဘူး။

ဒီကလပ်ကို ခေါ်လာဖို့သူကိုဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကို ဒေးဗစ် မသိခဲ့တာက Golden Leaf Hotel ဝယ်ဖို့ ဒေးဗစ် က ဘီလီယံ ၂၀ လောက် ထုတ်နိုင်ရင် ပုန်းအောင်းနေတဲ့ မင်းမျိုးရိုးမိသားစုတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကလေးတစ်ယောက်ဖြစ်ရမယ်လို့ ဘီလ်က သူ့ကို ပြောတာကြောင့်ပါ။

ဟာ့ သည် လျှို့ဝှက်ဆန်းကြယ်သော မိသားစုမှ မည်သူနှင့်မျှ မတွေ့ဖူးပေ။ သူတစ်ယောက်နဲ့တွေ့ဖူးလားဆျုတာမသိပေ။ ထိုလူများသည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး နောက်ကွယ်တွင် အမြဲပုန်းနေခဲ့ကြသည်။

ထုံးစံအတိုင်း၊ ဟာ့ ဟာ ဒီလိုလူမျိုးကို သိခွင့်ရရင် တွန့်တိုနေမှာ မဟုတ်ပါဘူး။

"ဒေ့ဗ် မင်း ငါတို့ကို မင်းရဲ့ပိုင်ဆိုင်မှုအထောက်အထားပြဖို့ လိုသေးတယ်"

“အဲဒါ မလိုပါဘူး။ မြစ်မြို့ က Golden Leaf ဟိုတယ်ကို လွန်ခဲ့သည့် ရက်အနည်းငယ်က ဒေ့ဗ်ကို ရောင်းချခဲ့တယ်သူက အခု ရှယ်ယာ ၁၀၀% ကို ပိုင်ဆိုင်ထားပါတယ်” ဟု ဟာ့ က ပြောသည်။

ထိုသတင်းကို ကြားလိုက်ရသောအခါတွင် လိုက်ပါလာသူအားလုံး အံ့သြသွားကြသည်။

ကြယ် ၈ ပွင့် Golden Leaf Hotel သည် အလွန်ကျော်ကြားခဲ့သည်။ ဝယ်ချင်တယ်ဆိုရင်တော့ ဘီလီယံ ၂၀ လောက် လိုပါတယ်။

အကယ်၍ သူသည် ဟိုတယ်တစ်ခုတွင် ဘီလီယံ 20 သုံးစွဲနိုင်ခဲ့ပါက ၎င်း၏ ပိုင်ဆိုင်မှုသည် ဘီလီယံ 50 အထက်ရှိသည်ဟု ဆိုလိုပါသည်။ ဒေးဗစ်၏မိသားစုသည် ချမ်းသာပုံရသည်။

"ဒေ့ဗ်၊ မင်းမိသားစုက ဟိုတယ်လုပ်ငန်းမှာလား။" အန်ဒီ က မေးတယ်။

အကယ်၍ ဒေးဗစ် သည် Golden Leaf ဟိုတယ်ကို ဝယ်ယူနိုင်ခဲ့ပါက၊ ၎င်း၏မိသားစုသည် ဤလုပ်ငန်းတွင်ရှိနေသည်ဟု သူခံစားခဲ့ရသည်။ သူသည် မြစ်မြို့ တွင် လက်ဝါးကြီးအုပ်ထားနိုင်စေရန်သာ ဝယ်ယူခဲ့ခြင်းသာမဟုတ်ပါက မည်သူက ဘီလီယံ ၂၀ သုံးစွဲမည်နည်း။

ဟိုတယ်ဝယ်တာလား

ဒီအချိန်မှာတော့ ဒေးဗစ်ကို အဖင်မသေးတော့ပေေ။ ဆန့်ကျင်ဘက်အနေနဲ့ကတော့ သူ့ကို သိချင်စိတ်တောင် ပေါက်ချင်လာသည်။

“မဟုတ်ဘူး၊ အစားအသောက်က ငါ့အကြိုက်နဲ့အညီပဲ၊ ငါ့တက္ကသိုလ်နဲ့နီးလို့ ငါဝယ်ခဲ့တာ” လို့ ဒေးဗစ်က ဖြေလိုက်သည်။

ဘာ?

ထမင်းက သူအကြိုက်နဲ့ကိုက်လို့?

ဟာ့ မှလွဲ၍ ကျန်ရှိနေသူအားလုံးက ဒေးဗစ်ကို ထိတ်လန့်သောအကြည့်ဖြင့် ကြည့်နေကြသည်။

အစားအသောက်က သူ့အကြိုက်ဖြစ်တာကြောင့် ကြယ် ၈ပွင့်ဟိုတယ်ကို ဘီလီယံ ၂၀ နဲ့ ဝယ်ခဲ့တာလား။

ဒါဟာ ၂၀ဘီလီယံ၊ ၂ သန်းမဟုတ်ပါဘူး။

ဤလူများသည် SCC ၏ အဖွဲ့ဝင်ဟောင်းများဖြစ်သည်။ အများစုမှာ သာမန်အဖွဲ့ဝင်များဖြစ်သော် လည်း ၎င်းတို့သည် ထိုနေရာမှ စတင်ထွက်ရှိသူများနှင့် မတူကြပေ။

သို့ရာတွင်၊ အစားအသောက်ကောင်းများရရှိရန် သူ၏ဆန္ဒကိုဖြည့်ဆည်းရန် ဘီလျံ ၂၀ သုံးစွဲမည့်သူ မတွေ့ဖူးပေ။

“ဟီးဟီး… ဒေ့ဗ် မင်းက ရယ်စရာပဲ” အန်ဒီက ရယ်မောရင်း ပြောလိုက်သည်။

ဒေးဗစ်သည် ပခုံးတွန့်ကာ ဆက်၍မရှင်းပြတော့ပေ။ 'ငါအမှန်တိုင်းပြောရင်တောင် မင်းတို့ထဲက ဘယ်သူမှ ယုံမှာမဟုတ်ဘူး။'

Chapter 45

မကြာမီတွင် ဒေးဗစ်အတွက် SCC သို့ဝင်ရောက်ရန် လိုအပ်သောလုပ်ငန်းစဉ် ပြီးဆုံးသွားသည်။ ယခု သူသည် SCC ၏ သာမန်အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့သည်။

အမှန်တကယ်တွင်၊ SCC တွင် အခြားသူတစ်ဦးမှ ရည်ညွှန်းခံရသရွေ့၊ လုပ်ငန်းစဉ်သည် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းမရှိသူအား အကြံပြုရန် ၎င်းတို့၏ ခွဲတမ်းကို မည်သူမျှ မဖြုန်းတီးနိုင်သောကြောင့် လုပ်ထုံးလုပ်နည်းသည် တရားဝင်မှုမျှသာဖြစ်သည်။

SCC ၏ တံဆိပ်ကို ရုံးချုပ်မှ တင်ရန် ၃ ရက် ကြာပါသည်။

သာမာန်အသင်းဝင်ဖြစ်ရန် အနည်းငယ်နှိမ့်ချလွန်းသည်ဟု ဒေးဗစ်ခံစားရသော်လည်း SCC အတွက် ပံ့ပိုးကူညီမှုအချို့ပြုလုပ်ရန် လိုအပ်ကြောင်း မိတ်ဆက်စကားတွင် ပြောကြားခဲ့ပါသည်။

အလှူငွေ မည်မျှပေးသည်ကိုမူ မဖော်ပြထားပေ။

ထို့ကြောင့် ဒေးဗစ်က “ဟာ့၊ အလယ်တန်းအသင်းဝင်တစ်ဦးအဖြစ် အဆင့်မြှင့်ဖို့ ဘယ်လို ကူညီတာမျိုးလုပ်ရမှာလဲ"

"ဘာလဲ? မင်းအဆင့်မြှင့်ချင်လို့လား။

“ငါမေးနေတာ။ နိဒါန်မှာ အလှူငွေထည့်ဝင်သည်ဟူ၍ ဖော်ပြထားခြင်းမရှိဘူး။"

“တကယ်တော့၊ သာမန်အဖွဲ့ဝင်ကနေ အလယ်တန်းအသင်းဝင်တစ်ယောက်အဖြစ် အဆင့်မြှင့်တင်ဖို့ တော်တော်လွယ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိတိုင်း၊ မင်းရဲ့ စွမ်းအားထဲမှာရှိတဲ့ တစ်ခုခုကို လုပ်ဖို့ ကြိုးစားနိုင်တယ်။ နှစ်အနည်းငယ်ကြာအောင် အလုပ်လုပ်ပြီးနောက် အလယ်တန်းအဆင့်သို့ အဆင့်မြှင့်တင်နိုင်မည်ဖြစ်သည်။"

"အခြားနည်းလမ်းရှိလား"

"အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းကတော့ တစ်ဘီလီယံကို လှူဒါန်းပါ၊ ထို့နောက် အလယ်တန်းအဆင့်သို့ အလိုအလျောက် အဆင့်မြှင့်သွားလိမ့်မယ်။"

ဒေါ်လာ တစ်ဘီလီယံ လှူရုံနဲ့ ငါ အဆင့်မြှင့်နိုင်မလား?' ဒေးဗစ်သည် ပီတိဖြစ်ခဲ့သည်။ သူ့ပိုက်ဆံတွေကို ဘယ်မှာသုံးရမှန်းမသိလို့ စိတ်ပူနေတုန်းပဲ။ သူ့မှာ ခမ်းနားတဲ့ အမှတ် ၁၀၀ ပဲ ကျန်တော့တယ်။

ခမ်းနားထည်ဝါသော အမှတ်များသည် အလွန်အစွမ်းထက်သည်။ အရေးပေါ်အခြေအနေမျိုးတွင် သုံးရန် လိုအပ်သည်။

“အဆင့်မြင့်တဲ့အဆင့်ကို တက်ချင်ရင် ဘယ်လိုလုပ်မလဲ။ လှူလို့ရမလား။ ဘယ်လောက်လှူရမလဲ"

"ဒေ့ဗ်၊ မင်းတကယ်လှူဖို့စီစဉ်နေတာလား။ မလိုအပ်ပါဘူး။ ပိုမိုမြင့်မားသောအဆင့်နဲ့လည်ူ ထူးထူးခြားခြားအခွင့်အရေးတွေကို ရရှိမှာပဲ။ ပိုက်ဆံအများကြီးသုံးရတာ မတန်ဘူး။"

“အဲဒါပဲထင်တယ်။ ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ အရာမှန်သမျှက ပြဿနာ မဟုတ်ဘူး။” ဒေးဗစ်ဟန်ဆောင်ကာ ပြောလိုက်သည်။

“ဒေးဗစ်၊ သာမန်အဆင့်မှ အလယ်တန်းအဆင့်သို့ အဆင့်မြှင့်တင်ဖို့ တစ်ဘီလီယံကို လှူဒါန်းရန် လိုအပ်မယ်။ အလယ်တန်းအဆင့်မှ အဆင့်မြင့်အဆင့်သို့ အဆင့်မြှင့်တင်ချင်ရင် ပမာဏသည် ဆယ်ဆရရှိမှာဖြစ်ပြီး ၁၀ ဘီလီယံ လှူဒါန်းရန် လိုအပ်မည်ဖြစ်သည်။ လုပ်ချင်သေးလား။"

“လုပ်မယ်!”

"တကယ်လား?"

"ဟုတ်တယ်!"

နောက်ဆုံးတွင်၊ ဒေးဗစ်သည် SCC ၏အဆင့်မြင့်အဖွဲ့ဝင်ဖြစ်လာရန် ၁၁ ဘီလီယံသုံးစွဲခဲ့သည်။

ဤအခိုက်အတန့်တွင် အခြားအဖွဲ့ဝင်များမှလွဲ၍ ဒေးဗစ်သည် နဂိုထဲတွင် မမှန်ဘူးလားဟု Hugh ပင် တွေးမိသည်။

'မင်းဟာ လျှို့ဝှက်မင်းနွယ်ဖွားမိသားစုရဲ့ အမွေဆက်ခံသူဖြစ်ရင်တောင် ဒါက ၁၁ ဘီလီယံလေ။ စာရင်းဝင်ကုမ္ပဏီတွေ အများကြီးပဲ။

ဒီငွေနဲ့တောင် မထိုက်တန်ဘူး!'

လက်ရှိလူများ၏ထက်ဝက်ကျော်သည် ၁၀ ဘီလီယံကိုထုတ်ယူနိုင်သည်။ တတ်နိုင်ရင်တောင်မှ သူတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို အကုန်သုံးရမည်။

ဟာ့ သည် ၎င်းတို့အနက် အချမ်းသာဆုံးဖြစ်ပြီး ၁၁ ဘီလီယံသည် ၎င်း၏ပိုင်ဆိုင်မှု၏ ငါးပုံတစ်ပုံခန့်ဖြစ်သည်။

သို့သော်လည်း ပရောဂျက်များ သို့မဟုတ် ပုံသေပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှပ်နှံရန် သူ၏ငွေများကိုသာ အသုံးပြုမည်ဖြစ်သည်။ အခု ၁၀ ဘီလီယံ လောက်ထုတ်ဖို့တောင် သူ့အတွက် အရမ်းခက်လိမ့်မည်။

၁၁ ဘီလီယံကို သိမ်းဆည်းပြီး သူ့ကိုယ်သူ သုံးရတာ အဆင်မပြေဘူးလား။

ဒါကို နားမလည်နိုင်ဘူး။

ဒေးဗစ်သည် ရူးသွပ်သည်ဟု လူတိုင်းထငနေ်ကြသည်။

ဒေးဗစ်သာလျှင် ခမ်းနားထည်ဝါသော အမှတ် ၁၁၀ ထပ်ထည့်လိုက်ရသည့်အတွက် တိတ်တဆိတ် ပီတိဖြစ်ခဲ့ရသည်။

အဖွဲ့ဝင်များသည် ဒေးဗစ်နှင့် ရင်းနှီးရန် ကြိုးစားသောအခါတွင် ဂေါက်ရိုက်ရန် လူများ ဂေါက်ကစားနိုင်သည့် နေရာမှ အမျိုးသားတစ်ဦး၏ ပျာယာခတ်ပြီး ဒေါသထွက်နေသော အသံထွက်လာသည်။

ဖောင်း!

"မင်း b*t၊ ငါ မင်းကို ဒီလိုလုပ်ဖို့ ခွင့်ပြုခဲ့လို့လား"

ထို့နောက် အမျိုးသမီးတစ်ဦး၏ ရှိုက်ကြီးတငင်ငိုသံကို ကြားလိုက်ရသည်။

တချို့က ကျော်သွားပြီးတော့ အဲဒီလူကို ပြန်ဆွဲတယ်။

နောက်ပြန်ဆွဲခံရတဲ့ အမျိုးသားကတော့ လမ်းလျှောက်ရင်း အမျိုးသမီးကို အော်ဟစ်ဆဲဆိုခဲ့သည်။

"မနက်ဖြန် မင်းရဲ့ဂုဏ်သိက္ခာကို ငါဖျက်ဆီးပစ်မယ်လို့ မင်းယုံလား"

ထိုမိန်းမသည်လည်း သူ့နောက်သို့ လိုက်သွားသည်။

ဤအမျိုးသမီးကို အနည်းငယ်ရင်းနှီးနေသည်ဟုဒေးဗစ်ခံစားမိသည်။

စာစဥ်(၃)End

All Chapters