နတ်ဘုရားဧကရာဇ်ရောက်ရှိလာခြင်း
Vol. 138 Ch. 2057
ထိုအခိုက်အတန့်မှာ နတ်ဘုရားမျိုးနွယ်စစ်တပ်သည် ချီတက်လာကြပြီဖြစ်၏။ သူတို့၏ သံမဏိမြင်းခွာများက မိုးချိန်းသံကဲ့သို့မြည်နေပြီး သိပ်သည်းပြင်းထန်သော သွေးချီနှင့်အတူ အလောင်းများက လွင့်စင်ထွက်သွား၏။
“သတ်...”
အပြာရောင်နဂါးဧကရာဇ်၏ အမိန့်နှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများနှင့် နတ်ဘုရားမျိုးနွယ်စစ်တပ်က ဧရာမလှိုင်းလုံးနှစ်လုံးကဲ့သို့ ပြင်းထန်စွာထိတွေ့ရိုက်ခတ်ပြီး သွေးများက အဘက်ဘက်သို့ပြန့်ကျဲသွား၏။
သူတို့ထိတွေ့ရိုက်ခတ်သည့် ခဏမှာပင် မရေမတွက်နိုင်သောသက်ရှိများက နေရာမှာပင် သေဆုံးသွားကြ၏။
သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှကျင့်ကြံသူများသည် အကြောက်အလန့်ကင်းမဲ့နေပြီး ရှေ့သို့ဆက်တိုးနေကြ၏။ သူတို့၏ကျင့်ကြံမှု သို့မဟုတ် သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ပဲရှိသည်ဖြစ်စေ သူတို့သည် ထိုအခိုက်အတန့်မှာ ကိုင်လှုပ်၍မရနိုင်သောစိတ်စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားကြ၏။
လတ်ဆတ်သောသွေးများ၊ ခြေလက်များ၊ ဓမ္မရတနာများ၊ နတ်ဘုရားစွမ်းအားများ၊ အလောင်းများ၊ ဦးခေါင်းများ...။
ကြည့်မိသည့်နေရာတိုင်းမှာ သွေးရောင်ကရှိနေပြီး အဲ့ဒါကအရမ်းကို ချောက်ချားစရာကောင်းနေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ဘက်ခြမ်းမှာ သူတို့သည် အမျိုးမျိုးသောအဖွဲ့အစည်းများမှ ဧကရာဇ်နှစ်ဆယ်ကျော်နှင့်အတူ အရေအတွက်အားသာချက်ရှိနေသော်လည်း သူတို့သည် နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ် ၈ပါးနှင့် ဆန့်ကျင်တိုက်ခိုက်ရာမှာ မည်သည့်အသာစီးမှ ရရှိမနေပေ။
အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ် ၆ပါးက လောအောင်ကိုဝန်းရံထားပြီး သူတို့သည်လည်း အန္တရာယ်ရှိနေကြ၏။
လောအောင်သည် အင်မော်တယ်တာအိုနှင့် သိုင်းတာအို နှစ်မျိုးစလုံးကို ကျင့်ကြံထားပြီး အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားလေသည်။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကောင်းကင်ဘုံကိုဖီဆန်နေ၏။
အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ် ၆ ပါးတွင် ကြက်သွေးရောင်ဧကရာဇ်နှင့် အထွတ်အထိပ်ဧကရာဇ်တို့ကသာ အန္တိမနတ်ဘုရားစွမ်းအား ၅ ခုကို နားလည်ဆင်ခြင်ထား၏။
အခြားသောလေးယောက်မှာ တစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအား ၄ ခုကို နားလည်ဆင်ခြင်ထားပြီး နှစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအား ၃ ခုကို နားလည်ဆင်ခြင်ထားကာ တစ်ယောက်က အန္တိမနတ်ဘုရားစွမ်းအား ၁ ခုကိုသာ နားလည်ဆင်ခြင်ထား၏။
လောအောင်နှင့် သူတို့လေးယောက်အုပ်စုကြား တိုက်ခိုက်ရည်ခွန်အားကွာခြားချက်က အရမ်းကိုကြီးမားနေပြီး ကြက်သွေးရောင်ဧကရာဇ်နှင့် အထွတ်အထိပ်ဧကရာဇ်တို့ကသာ လောအောင်နှင့် အနိုင်နိုင်တိုက်ခိုက်နိုင်၏။
ကျန်ရှိနေသော ဧကရာဇ် လေးပါးက လောအောင်၏ တိုက်ခိုက်မှုကိုလုံးဝခံနိုင်ရည်မရှိပေ။
ဖောက်...
အသက်ရှစ်ရှိုက်စာမပြည့်ခင်မှာပင် အန္တိမနတ်ဘုရားစွမ်းအားနှစ်ခုကို နားလည်ဆင်ခြင်ထားသည့် ဧကရာဇ်တစ်ပါးက လောအောင်၏ လက်ချက်ဖြင့် နေရာမှာပင် သတ်ဖြတ်ခြင်းခံလိုက်ရ၏။
ခဏနေပြီးနောက် အင်မော်တယ်သိုင်းဂိုဏ်းမှ နောက်ထပ်ဧကရာဇ်တစ်ပါးက သေဆုံးသွားပြန်၏။
လောအောင်ကတော့ သူသည် အင်မော်တယ်ဂိုဏ်းမှ ဧကရာဇ်လေးဦးကြားတွင် လွတ်လပ်ပေါ့ပါးစွာ လှည့်ပတ်နေ၏။
“အား....”
နတ်ဘုရားတိုင်းပြည်တစ်ခုက လောအောင်၏ လက်ထဲမှာ စုစည်းလာပြီး ဧကရာဇ် တစ်ပါးကို ဖမ်းဆီးပိတ်လှောင်လိုက်၏။
ရွှေရောင်အလင်းက နတ်ဘုရားတိုင်းပြည်ထဲသို့ ဖြတ်သန်းသွားပြီး တစ်ခဏချင်းမှာပင် ထိုဧကရာဇ်က သန့်စင်ခံရကာ သေဆုံးသွား၏။
နတ်ဘုရားတိုင်းပြည်သည် နတ်ဘုရားမျိုးနွယ်၏ အန္တိမနတ်ဘုရားစွမ်းအားတစ်ခုဖြစ်၏။
ကွာဟချက်က အရမ်းကိုကြီးမားလွန်း၏။
ယခုအချိန်မှာ လောအောင်သည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးတစ်ဝက်ကိုပိုင်ဆိုင်ထားပြီး အင်မော်တယ်တာအိုနှင့် သိုင်းတာအိုနှစ်မျိုးစလုံးကို ကျင့်ကြံထား၏။ သူသည် အန္တိမနတ်ဘုရားစွမ်းအား ၆ခုကို နားလည်ဆင်ခြင်ထားပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက လူသားဧကရာဇ်ကဲ့သို့ အန္တိမပညာရှင်တစ်ဦးနှင့် ယှဥ်နိုင်လေသည်။
ဧကရာဇ် ၆ ပါး၏ ပူးပေါင်းတိုက်ခိုက်မှုနှင့်ပင်လျှင် သူသည် သူတို့ထဲမှသုံးယောက်ကို ဆက်တိုက်သတ်ဖြတ်နိုင်ခဲ့၏။
“ကြက်သွေးရောင်ဧကရာဇ်... အထွတ်အထိပ်ဧကရာဇ် ငါမင်းတို့နှစ်ယောက်ကို နောက်ထပ်အခွင့်အရေးတစ်ခု ထပ်ပေးမယ်”
လောအောင်က သူတို့သုံးယောက်နှင့် တိုက်ခိုက်နေရင်းပြောလိုက်၏။
“မင်းတို့တွေက ငါ့ဆီမှာ အခုနေအညံ့ခံမယ်ဆိုရင်... ငါ ပြီးခဲ့တဲ့ကိစ္စတွေကို ခဝါချပေးနိုင်တယ်”
လောအောင်သည် အနာဂတ်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကို အုပ်စိုးချင်သည်ဆိုလျှင် သူ့မှာလက်ထောက်အကူအညီတချို့လိုအပ်လေသည်။
ကြက်သွေးရောင်ဧကရာဇ်နှင့် အထွတ်အထိပ်ဧကရာဇ်က အန္တိမနတ်ဘုရားစွမ်းအား ၅ ခုကို နားလည်ဆင်ခြင်ထားကြ၏။ လောအောင်သည် သူတို့နှစ်ယောက်ကို မသတ်ရက်နိုင်ဘဲ သူ၏ လက်အောက်သို့ သွတ်သွင်းချင်နေ၏။
“လောအောင်... ငါတို့နှစ်ယောက်က ဆုံးဖြတ်ချက်ချပြီးသွားပြီ... မင်းငါတို့ကိုထပ်ပြီး ဖျောင်းဖျမနေနဲ့တော့”
ကြက်သွေးရောင်ဧကရာဇ်က ပြောလိုက်၏။
“မင်းက သိုင်းတာအိုကို ကျင့်ကြံထားတယ်... မင်းကအခုချိန်မှာ နောင်တရပြီး နတ်ဘုရားမျိုးနွယ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်နဲ့ပူးပေါင်းဖို့ ငါတို့မျှော်လင့်တယ်”
“ဟီးဟီး...”
လောအောင်က လှောင်ရယ်လိုက်ပြီး သူ၏ လက်ဖဝါးကိုဝေ့ယမ်းကာ နောက်ထပ်လူတစ်ယောက်ကို သတ်ဖြတ်လိုက်၏။
အင်မော်တယ်သိုင်းဂိုဏ်းမှ ဧကရာဇ် ၆ ပါးထဲတွင် ကြက်သွေးရောင်ဧကရာဇ်နှင့် အထွတ်အထိပ်ဧကရာဇ်တို့သာလျှင် ကျန်ရစ်တော့၏။
“ငါမင်းတို့ကိုထပ်မေးမယ်... အညံ့ခံမှာလား သေမှာလား”
လောအောင်၏ အမူအရာက ညိုမည်းလာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ငါ... မင်းတို့တွေကို အခွင့်အရေးတစ်ခုတောင်မပေးဘူးလို့ ငါ့ကိုအပြစ်မတင်ကြနဲ့”
ထိုစဥ်မှာပင် ခွန်လွင်အပျက်အစီးဒေသ၏ တိုက်ပွဲနယ်မြေကနေ အသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံသည် တိမ်စိုင်များကို ဖြတ်သန်းလာပြီး အထက်စီးဆန်၍ စွမ်းပကားကြီးမားကာ သက်ရှိများအားလုံးကို အထင်အမြင်သေးနေသည့်အလားပင်။
“မင်းတို့တွေက အခုချိန်ထိတောင် ထျန်ဟွမ်ကုန်းမြေတိုက်ကို မရှင်းလင်းနိုင်သေးဘူးဆိုတော့... မင်းတို့တွေက တော်တော်နှေးကွေးကြတာပဲ”
ခွန်လွင်အပျက်အစီးဒေသ၏ အထက်မှာ ရွှေရောင်ပုံရိပ်တစ်ခုပေါ်ထွက်လာပြီး အလျှံညီးညီး နေတစ်စင်းကဲ့သို့ တဖျတ်ဖျတ်တလက်လက် ရွှေရောင်အလင်းများဖြင့် တောက်ပနေ၏။
ဧကရာဇ်များသည် အဲ့ဒါကိုတစ်ချက်မျှသာကြည့်လိုက်ပြီးနောက် သူတို့၏ မျက်လုံးများက ကျိန်းစပ်သွားသည်ဟု ခံစားလိုက်ရ၏။
ဧကရာဇ်များသည် ထိုလူ၏ ပုံပန်းသဏ္ဌာန်နှင့် ရုပ်ရည်သွင်ပြင်ကိုပင် ရှင်းလင်းအောင်မကြည့်နိုင်ပေ။
သို့သော်လည်း ခွန်လွင်အပျက်အစီးဒေသမှာ ထိုပုံရိပ်ပေါ်ထွက်လာပြီးနောက် ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံးက တုန်ယင်၍ယိမ်းထိုးလာကာ စူးစူးဝါးဝါးအော်သံများထွက်ပေါ်လာ၏။
ထျန်ဟွမ်ကုန်းမြေတိုက်ကပင်လျှင် ဤလူ၏ အော်ရာကို ခံနိုင်ရည်မရှိသည့်အလားပင်။
“အို... မင်းတို့တွေက ဒီလိုမျိုးသန်မာတဲ့စိတ်စွမ်းအားတစ်ခုကိုစုဖွဲ့ထားနိုင်တယ်ဆိုတော့... စိတ်ဝင်စားစရာပဲ”
ရွှေရောင်ပုံရိပ်က ရယ်မောလိုက်၏။
“အဲ့ဒီနေရာကို အလင်းပေးရမယ်လို့ နတ်ဘုရားက အမိန့်တော်ရှိတယ်”
ထိုစဥ်မှာပင် ခွန်လွင်အပျက်အစီးဒေသ၏ အစပ်ကနေရွှေရောင်ပုံရိပ်က ဖြည်းဖြည်းချင်းပြောလိုက်၏။
ချက်ချင်းပင် ရွှေရောင်အလင်းစက်တစ်ခုက ဧကရာဇ်များ၏ တိုက်ပွဲနယ်မြေသို့ ဆင်းသက်လာပြီး ရုတ်တရက် ရွှန်းရွှန်းဝေဆာလာခဲ့၏။
ရွှေရောင်အလင်းတန်းက ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး ရွှေရောင်လှံများကဲ့သို့ ထက်ရှသောအလင်းတန်းများကို ထုတ်လွှတ်လိုက်၏။
သူတို့က ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အလွယ်တကူဆုတ်ဖြဲပြီး သူတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်လိုက်၏။
ဖောက်... ဖောက်... ဖောက်...
ထက်ရှသောလက်နက်များက အသွေးအသားကို ထိုးဖောက်လိုက်သောအသံသည် တိုက်ပွဲနယ်မြေမှ ထွက်ပေါ်လာ၏။
အဲ့ဒါက ဧကရာဇ်များ၏ သွေးနှင့်အတူ တုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များသည် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံခံလိုက်ရပြီး အားနည်းသောသူများက နေရာမှာပင် သတ်ဖြတ်ခံလိုက်ရ၏။
အန္တိမနတ်ဘုရားစွမ်းအား လေးခု သို့မဟုတ် ငါးခုကို နားလည်ဆင်ခြင်ထားသော အပြာရောင်နဂါးဧကရာဇ်၊ ပုံပြောသူနှင့် အခြားသောဧကရာဇ်များပင်လျှင် ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခြင်းခံလိုက်ရ၏။ သူတို့၏ ဒဏ်ရာများကနေက သွေးများက ပန်းထွက်လာပြီး သူတို့သည် အားနည်းသွားသောအော်ရာများနှင့် ညှိုးငယ်သွားသောအမူအရာများနှင့်အတူ လေထဲကနေပြုတ်ကျလာ၏။
ရွှေရောင်အလင်းမှာ သူတို့၏ မျိုးဆက်သွေးများနှင့် နတ်ဘုရားစွမ်းအားများ တွန်းဖယ်မထုတ်နိုင်သည့် ထူးဆန်းသောစွမ်းအားတစ်ခုပါဝင်နေ၏။
ထျန်ဟွမ်ကုန်းမြေတိုက်၏ ဧကရာဇ်များက သေသူသေ ဒဏ်ရာရသူရ ဖြစ်ကုန်ကြ၏။
သူတို့အားလုံးသည် ရွှေရောင်ပုံရိပ်ထံမှ လှုပ်ရှားမှုတစ်ခုတည်းဖြင့် ဒုက္ခိတများဖြစ်ကုန်ကြ၏။
ကြက်သွေးရောင်ဧကရာဇ်နှင့် အထွတ်အထိပ်ဧကရာဇ်တို့က သွေးအိုင်ထဲမှာလဲကျနေလေပြီ။
သူတို့နှစ်ယောက်က ကံမကောင်းလှဘဲ သူတို့၏ ဦးခေါင်းများက ရွှေရောင်အလင်းဖြင့် ထိုးဖောက်ခံလိုက်ရ၏။
သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ကြေမွသွားပြီး သူတို့က ဆက်လက်၍ မရှင်သန်နိုင်တော့ပေ။
ရွှေရောင်ပုံရိပ်က လေဟာနယ်ကိုဖြတ်ကျော်၍ ဖြည်းဖြည်းချင်းလျှောက်လှမ်းလာ၏။ သူ၏ လှုပ်ရှားမှုက နှေးကွေးသည်ဟုထင်ရသော်လည်း တစ်ခဏချင်းမှာပင် သူက သူတို့ရှေ့သို့ ရောက်ရှိလာခဲ့၏။
ဖောက်...
ရွှေရောင်ပုံရိပ်က ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ ခြေဖဝါးအောက်မှာရှိသော ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများအားလုံးသည် သေဆုံးသွားပြီး သွေးမြူများအဖြစ်ပြောင်းလဲသွား၏။
ထိုခြေလှမ်းက ကြီးမားသည့်ဧရိယာတစ်ခုကို ယူထားသည်ဟု မထင်ရသော်လည်း မည်သည့်ကျင့်ကြံသူမဆို အဲ့ဒီကနေထွက်ပြေးနိုင်ဖို့ ခက်ခဲနေ၏။
ခြေတစ်လှမ်းနှင့်အတူ ထျန်ဟွမ်ကုန်းမြေတိုက်မှ သိန်းနှင့်ချီသော သက်ရှိများက ရွှေရောင်ပုံရိပ်၏ အောက်ဘက်မှာ ဖုန်မှုန့်များအဖြစ်ပြောင်းလဲသွား၏။
ထိုခြေလှမ်းက သေခြင်းနှင့်ရှင်ခြင်းအကြား အဆုံးအဖြတ်တစ်ခုဖြစ်နေ၏။
ဓမ္မဝိသေသတာအိုအရှင်များဖြစ်စေ... စွမ်းအားကြီးပုဂ္ဂိုလ် မျိုးနွယ်စုခေါင်းဆောင်များဖြစ်စေ... သူတို့ထဲ မည်သူကမှ ရွှေရောင်ပုဂ္ဂိုလ်၏ ခြေလှမ်းများကနေ ချမ်းသာရာမရပေ။
ဖောက်...
ရွှေရောင်ပုံရိပ်က ဒုတိယမြောက်ခြေလှမ်းကိုလှမ်းလိုက်၏။
နောက်ထပ်သိန်းနှင့်ချီသော သက်ရှိများကလဲကျသွား၏။
ဖောက်...
တတိယမြောက်ခြေလှမ်း...။
ထျန်ဟွမ်ကုန်းမြေတိုက်မှ ကျင့်ကြံသူများသည် တံစဥ်ဖြင့် ရိတ်သိမ်းခံလိုက်ရသော ပေါင်းပင်များကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး တစ်ယောက်မှ ပြန်ထမလာနိုင်ကြပေ။
ထျန်ဟွမ်ကုန်းမြေတိုက်စစ်တပ်နှင့် နတ်ဘုရားမျိုးနွယ်စစ်တပ်ကြားမှာ ကြီးမားသော သွေးသံရဲရဲ ဧရိယာတစ်ခုပေါ်ထွက်လာခဲ့၏။ ထိုနေရာက မည်သည့်သက်ရှိမှမရှိဘဲ ဗလာကျင်းနေ၏။
လေထဲတွင်.... ပြိုးပြိုးပြက်ပြက်နှင့် ရပ်တန့်၍မရနိုင်သော ထိုပုံရိပ်ကလွဲလျှင် အခြားမည်သူမှ မရှိကြတော့ပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှ သိုင်းတာအိုကျင့်ကြံသူများ၏ စိတ်စွမ်းအားသည် ခြေလှမ်းသုံးလှမ်းအတွင်း ရွှေရောင်ပုံရိပ်၏ ခြေမွှဖျက်ဆီးခြင်းကိုခံလိုက်ရ၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်း၏ သွေးးများက တဖြည်းဖြည်း အေးလာခဲ့၏။
ဤကဲ့သို့သော ခွန်အားနှင့် ဤကဲ့သို့သော ပညာရှင်တစ်ဦးကို သူတို့က ဘယ်လိုခုခံမှာလဲ..
လူတိုင်းက စိတ်ပျက်အားငယ်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်လာခဲ့၏။
“အဟွတ်”
တိမ်စိုင်နဂါးဧကရာဇ်က သွေးချောင်းတချို့ဆိုးပြီး အော်ပြောလိုက်၏။
“အားလုံးပဲ... ပြန်လာခဲ့ကြ ဆက်ပြီးတော့တိုက်ခိုက်မနေနဲ့တော့”
အဲ့ဒါက ပကတိအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်လေသည်။
ဤတိုင်းသာဆက်သွားလျှင် ထျန်ဟွမ်ကုန်းမြေတိုက်မှ သက်ရှိများအားလုံးက ဤနေရာမှာ သေဆုံးရပေလိမ့်မည်။
“နတ်ဘုရားဧကရာဇ်ကို နှုတ်ဆက်ပါတယ်”
နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ရွှေရောင်ပုံရိပ်ကိုတွေ့မြင်သောအခါ သူတို့ကဒူးတစ်ဖက်ထောက်ပြီး သံပြိုင်အော်ဟစ်လိုက်ကြ၏။
နတ်ဘုရားဧကရာဇ်က ဖြည်းဖြည်းချင်း ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အလင်းကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်၏။
မနှိုင်းယှဥ်သာအောင် ချောမောခံ့ညားသောမျက်နှာတစ်ခုက ပေါ်ထွက်လာ၏။ သူ၏ အပြာရင့်ရင့်မျက်လုံးများက သမုဒ္ဒရာ၏ အနက်ပိုင်းထဲရှိ နီလာတစ်စုံကဲ့သို့ ဖြစ်နေပြီး နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်နေ၏။
နတ်ဘုရားဧကရာဇ်သည် သူ၏ ဦးခေါင်းထက်မှာ ကျောက်မျက်ရတနာများဖြင့် စီခြယ်ထားသည့် ရွှေရောင်သရဖူတစ်ခုကို ဆောင်းထား၏။ အဲ့ဒါက လျှို့ဝှက်ဆန်းကြယ်သော အရောင်အဝါတစ်ခုဖြင့် တောက်ပနေပြီး နတ်ဘုရားဧကရာဇ်ကို တဖျတ်ဖျတ်တလက်လက်ဖြင့် မနှိုင်းယှဥ်သာအောင် မြင့်မြတ်ထည်ဝါနေစေ၏။
“နှုတ်ဆက်ပါတယ် နတ်ဘုရားဧကရာဇ်”
လောအောင်ကလည်း ဒူးတစ်ဖက်ထောက်ပြီး ဦးညွှတ်လိုက်၏။
နတ်ဘုရားဧကရာဇ်က မသိမသာခေါင်းညိတ်ပြီး ရယ်မောလိုက်၏။
“ထကြပါ။”