← Chapters

ထိုးချက်တစ်ချက်

Vol. 138 Ch. 2061

ထိုးချက်တစ်ချက်

Vol. 138 Ch. 2061

သူက ငါ့ဆီက ထိုးချက်တစ်ချက်ကို ခံနိုင်ရည်ရှိရင်တောင် တော်တော်လေးဟုတ်နေပြီ။

သူမသည် ထိုစကားက်ုကြားသောအခါ စိတ်သက်သာရာရသွားပြီး ပြုံးလိုက်လေသည်။ သူမက ဆူဇီမိုကို သူမ၏လက်ကို ဆုပ်ကိုင်ခွင့်ပေးထားပြီး နတ်ဘုရားဧကရာဇ်ထံသို့ လျှောက်လှမ်းလိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းသည် စိတ်လှုပ်ရှားတက်ကြွနေပြီး သူတို့၏ မျက်လုံးများက အဆုံးမဲ့ မျှော်လင့်စောင့်စားမှုဖြင့် ပြည့်နှက်နေကြ၏။

အဲ့ဒါသည် ထာဝရသိုင်းဧကရာဇ်၏ ရဲဝင့်မှုဖြစ်၏။

စကားတစ်ခွန်းက လူတိုင်း၏ သွေးကို ဆူပွက်စေနိုင်၏။ နတ်ဘုရားဧကရာဇ်က ထိုစကားကိုကြားသောအခါ သူ၏ ချောမောခံ့ညားသောမျက်နှာက ချက်ချင်းပင်ပျက်ယွင်းသွား၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ဤကဲ့သို့ မောက်မာခက်ထန်သောစကားလုံးများကို တစ်ခါမှ မကြားဖူးခဲ့ပေ။

အဲ့ဒါက ရန်စလိုခြင်း သို့မဟုတ် အထင်အမြင်သေးခြင်း မဟုတ်တော့ပေ။

အဲ့ဒါက ပကတိမထီမဲ့မြင်ပြုခြင်းဖြစ်၏။

နတ်ဘုရားကုန်းမြေတိုက်မှာ နတ်ဘုရားဧကရာဇ်အနေဖြင့် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အရမ်းကိုထူးခြားပြီး သူက အောက်ဘုံလောကများမှာ အထွတ်အထိပ်ကိုရောက်ရှိနေပြီဟု ယုံကြည်လေသည်။ သူသည် ဤကဲ့သို့သောပုံစံဖြင့် တစ်ခါမှအရှက်ခွဲမခံခဲ့ရဖူးပေ။

“သိုင်းဧကရာဇ်”

နတ်ဘုရားဧကရာဇ်က သူ၏ သွေးချီကို ဖြည်းဖြည်းချင်း လှည့်ပတ်ပြီး အေးစက်စွာပြောလိုက်၏။

“မင်းကအရမ်းမောက်မာလွန်းတယ်... ဒါက အောက်ဘုံလောကပဲ... မင်းက ဘယ်အဆင့်ထိပဲကျင့်ကြံထားကျင့်ကြံထား ဒီနေရာမှာ မင်းထုတ်ဖော်နိုင်တဲ့စွမ်းအားက အကန့်အသတ်တစ်ခုရှိတယ်”

“မင်းရဲ့ ကံကြမ္မာမီးတောက်တွေက ငါ့ကိုဆက်ပြီးမထိခိုက်စေနိုင်တော့ဘူး... ငါက မင်းဆီကနေ ထိုးချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိဘူးလို့တော့ ငါမယုံဘူး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိသွေးချီက တလိပ်လိပ်ထိုးတက်လာပြီး ၎င်း၏ အထွတ်အထိပ်သို့ အလျင်အမြန်မြင့်တက်လာခဲ့၏။

သူ၏ ခန္ဓာကိုယ်က ကျိန်းစပ်နေသော အလင်းရောင်တစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာသည့် အလျှံညီးညီးနေတစ်စင်းကဲ့သို့ အဆုံးမဲ့ရွှေရောင်အလင်းရောင်ခြည်တစ်ခုအဖြစ် တောက်ပနေ၏။

ဝေါ...

နတ်ဘုရားသွေးက ဆူနာမီတစ်ခုကဲ့သို့ တလိပ်လိပ်ထိုးတက်လာ၏။

နတ်ဘုရားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ခြေချခဲ့သည့်ခဏမှာပင် သူ့သွေးချီ၏ ရွှေရောင်အလင်းက ထျန်ဟွမ်ကုန်းမြေတိုက်၏ ဧကရာဇ်များပင်လျှင် ခံနိုင်ရည်မရှိသော တစ်စုံတစ်ရာဖြစ်ခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ပေါက်ကွဲထွက်ပေါ်လာသော ရွှေရောင်အလင်းသည် မမြင်ရသောစွမ်းအားတစ်ခုဖြင့် ချုပ်နှောင်ခံလိုက်ရသလို အဆက်မပြတ်ကျုံ့ဝင်ကာ နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှာ တဖျတ်ဖျတ်လက်နေသော အလင်းရောင်အနည်းငယ်သာကျန်ရစ်ခဲ့၏။

ဆူဇီမို၏ သွေးချီကလည်းမြင့်တက်လာခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်တွင်းမှာ လောင်ကျွမ်းနေသော ဧရာမမီးဖိုတစ်လုံးရှိနေသည့်အလားပင်။ နတ်ဘုရားဧကရာဇ်၏ သွေးချီမှ ရွှေရောင်အလင်းက တောက်ပမလာနိုင်ခင်မှာပင် အဲ့ဒါသည် ဆူဇီမို၏ သွေးချီဖြင့် ဘာမှမကျန်အောင် လောင်ကျွမ်းခံလိုက်ရ၏။

ဆူဇီမို၏ ဘေးပတ်လည်ရှိလေဟာနယ်က တွန့်လိမ်သွား၏။

ကျိယောင်ရွှယ်ကတော့ သူမသည် ဆူဇီမို၏ ဘေးမှာ ရှိနေလေသည်။ သို့သော်လည်း သူမသည် မသက်မသာဖြစ်မှုကို လုံးဝမခံစားရပေ။ ထိုအစား သူမ၏ ခန္ဓာကိုယ်ပေါ်သို့ နွေးထွေးသောနေရောင်ခြည်က ဖြန်းပက်ကျဆင်းနေသည့်အလား အဲ့ဒါက အလွန်တရာသက်တောင့်သက်သာရှိနေ၏။

ဆူဇီမိုသည် နတ်ဘုရားဧကရာဇ်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာရုံမျှသာဖြစ်၏။

သို့သော်လည်း နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိရွှေရောင်သွေးချီက မနှိုင်းယှဥ်သာအောင် စွမ်းအားကြီးမားသော အော်ရာတစ်ခုဖြင့် ဖိနှိမ်ခံထားရပြီး အဲ့ဒီကနေရုန်းမထွက်နိုင်သည့်ပုံပင်။

နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ထဲရှိ ဆူနာမီသံက ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

သူ၏ မျိုးဆက်သွေး လည်ပတ်မှုကလည်း နှေးကွေးလာခဲ့၏။

နတ်ဘုရားဧကရာဇ်သည် အစကတော့ အလျှံညီးညီး နေတစ်စင်းဖြစ်ခဲ့၏။

သို့သော်လည်း ဆူဇီမိုချဥ်းကပ်လာစဥ် သူ၏ အလျှံညီးညီးနေက မီးလုံးတစ်လုံးအဖြစ်သို့ တဖြည်းဖြည်းကျုံ့ဝင်သွား၏။

နတ်ဘုရားဧကရာဇ်၏ နဖူးနှင့် လည်ပင်းပေါ်မှာ အစိမ်းရောင်သွေးကြောများက ဖောင်းကြွလာခဲ့၏။

သူက အဲ့ဒီကနေရုန်းမထွက်နိုင်ဘူးဆိုလျှင် သူ၏ သွေးချီက မတိုက်ခိုက်ခင်မှာပင် ဆူဇီမို၏ ဖိနှိမ်ခြင်းခံရပေလိမ့်မည်။

“အား..”

နတ်ဘုရားဧကရာဇ်က ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားသရဖူကနေ နို့နှစ်ဖြူရောင် အလင်းရောင်များက နောက်တစ်ဖန်စီးဆင်းလာခဲ့၏။

ထိုအလင်းရောင်က နတ်ဘုရားဧကရာဇ်ကို ယာယီအားဖြင့် လွတ်မြောက်သွားစေ၏။

နတ်ဘုရားဧကရာဇ်က စိတ်အားမာန်တက်ကြွသွားပြီး သူ၏ သွေးချီကိုလှည့်ပတ်ကာ ဆူနာမီသံကို နောက်တစ်ဖန်ထွက်ပေါ်လာစေ၏။

သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်းကြွတက်လာပြီး သူ၏ အောက်ဘက်မှာ ဧရာမပုံရိပ်ယောင်တစ်ခုပေါ်ထွက်လာ၏။

အဲ့ဒါက ဧရာမကျောက်သားများဖြင့် ပြုလုပ်ထားသော ရှေးကျ၍လျှို့ဝှက်ဆန်းကြယ်သည့် ပိရမစ်တစ်ခုဖြစ်၏။ အဲ့ဒါက ရွှေရောင်အတိဖြစ်ပြီး ထကြွသောင်းကျန်းသော စွမ်းပကားတစ်ခုနှင့်အတူ ရွှေရောင်အလင်းရောင်ခြည်များကို ဖြာထုတ်ပေးနေ၏။

ပိရမစ်၏ အောက်ဘက်မှာ မျိုးနွယ်စုအားလုံးမှ မရေမတွက်နိုင်သော သက်ရှိများက ဒူးထောက်နေကြ၏။ သူတို့က သန်းပေါင်းများစွာဖြစ်ပြီး ကြည့်ရသည်မှာ အဆုံးမရှိပေ။

သက်ရှိတိုင်းသည် သူတို့၏ လက်ဖဝါးများကို ယှက်ဖြာပြီး သူတို့၏ အထက်မှာရှိသော ပိရမစ်ကိုမော့ကြည့်ကာ ဆုတောင်းစာများကို အဆက်မပြတ်ရွတ်ဆိုနေကြ၏။

သက်ရှိများ၏ ဦးခေါင်းထက်ကနေ ရွှေရောင်ချည်မျှင်များက ဆန့်တန်းထွက်ပေါ်လာပြီး ပိရမစ်ထဲသို့ တဖြည်းဖြည်းစုစည်းသွား၏။

ပိရမစ်၏ ထိပ်မှာ နတ်ဘုရားဧကရာဇ်က မတ်တတ်ရပ်နေပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ထား၏။ သူ၏ အောက်ဘက်မှာရှိသော ပိရမစ်ကနေတစ်ဆင့် သူသည် သန်းပေါင်းများစွာသောသက်ရှိများထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုကို အဆက်မပြတ်စုပ်ယူပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ရွှေရောင်အလင်းက သိပ်သည်းအားကောင်းလာခဲ့၏။

သူ၏ အော်ရာက ဆက်တိုက်မြင့်တက်လာနေ၏။

သူ၏ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်လိုက်​သော စွမ်းအင်အတက်အကျက ပို၍ပင်ကြောက်စရာကောင်းလာခဲ့၏။

ထိုအခိုက်အတန့်မှာ နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားသရဖူကိုဆောင်းထားပြီး သန်းပေါင်းများစွာသောသက်ရှိများပေါ်မှာ မတ်တတ်ရပ်နေ၏။ သူက လောက၏ တစ်ဦးတည်းသော နတ်ဘုရားသက်ရှိကဲ့သို့ဖြစ်ပြီး ပြိုင်ဘက်ကင်းနေ၏။

နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေ။

“အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ”

ထျန်ဟွမ်ကုန်းမြေတိုက်မှ ဧကရာဇ်များသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး အံ့အားတသင့်ရေရွတ်လိုက်ကြ၏။

သူတို့၏ ဦးခေါင်းထက်မှာလည်း ရွှေရောင်ချည်မျှင်များပေါ်ထွက်လာပြီး နတ်ဘုရားဧကရာဇ်၏ ခြေဖဝါးအောက်ရှိ ပိရမစ်ထံသို့ တလိပ်လိပ်တိုးဝင်သွား၏။

နတ်ဘုရားဧကရာဇ်၏ မျိုးဆက်သွေးနယ်မြေက လောကတစ်ခုလုံးကို နတ်ဘုရားတိုင်းပြည်အဖြစ်ပြောင်းလဲပြီး လောကမှာရှိသော သက်ရှိများအားလုံး၏ စွမ်းအားကိုစုပ်ယူနေ၏။

“အထီးကျန်သိုင်းသခင်... ငါ့ရဲ့မျိုးဆက်သွေးနယ်မြေကို အန္တိမနတ်ဘုရားစွမ်းအား နတ်ဘုရားတိုင်းပြည်နဲ့ ပေါင်းစပ်ထားတာ ဒီလောကက ငါ့ရဲ့တိုင်းပြည်ပဲ... ထျန်ဟွမ်ကုန်းမြေတိုက်မှာရှိတဲ့ သက်ရှိအားလုံးကလည်း ငါ့ရဲ့လက်အောက်ခံတွေပဲ... မင်းငါ့ကိုဘယ်လိုတိုက်ခိုက်ဦးမှာလဲ”

နတ်ဘုရားဧကရာဇ်သည် ပိရမစ်ပေါ်မှာ မတ်တတ်ရပ်နေပြီး သူ၏ အသံက အဘက်ဘက်သို့ ​ဖြန့်ကြက်သွား၏။

“မင်းရဲ့နတ်ဘုရားတိုင်းပြည်က ငါ့ရဲ့မီးဖိုထဲမှာ အစက်အပြောက်တစ်ခုသာသာပဲ... မင်းကငါ့ကိုဘယ်လိုတိုက်ခိုက်ဦးမှာလဲ”

ထိုစဥ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာ၏။

“ဟမ်...”

နတ်ဘုရားဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ ရုတ်တရက် ဆူဇီမိုသည် နတ်ဘုရားတိုင်းပြည်ထဲကနေ ပျောက်ကွယ်သွားပြီကို သူကနားလည်သဘောပေါက်သွား၏။

သို့သော်လည်း ဆူဇီမို၏ အသံသည် နတ်ဘုရားတိုင်းပြည်၏ အပြင်ဘက်ကနေရောက်ရှိလာသည့်အလား အဘက်ဘက်ကနေ ဝင်ရောက်လာ၏။

ထို့နောက် ချက်ချင်းပင် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းဖြစ်စေ... နတ်ဘုရားမျိုးနွယ် စစ်တပ်ဖြစ်စေ... သူတို့သည်ထူးဆန်း၍ ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

နတ်ဘုရားဧကရာဇ်၏ နတ်ဘုရားတိုင်းပြည်က ကျုံ့ဝင်လာပုံရလေသည်။

နတ်ဘုရားတိုင်းပြည်၏ အပြင်ဘက်မှာ ဒေါသူပုန်ထနေသော မီးတောက်များဖြင့်လွှမ်းခြုံထားသည့် ဧရာမမီးဖိုတစ်ခုရှိနေ၏။

နတ်ဘုရားဧကရာဇ်၏ နတ်ဘုရားတိုင်းပြည်က ကောင်းကင်နှင့်မြေကြီးကို ဝင်ဆံ့စေနိုင်ပြီး သက်ရှိများအားလုံး၏ စွမ်းအားကို စုပ်ယူနေ၏။

သို့သော်လည်း ဆူဇီမို၏ သိုင်းတာအိုမီးဖိုက နတ်ဘုရားတိုင်းပြည်ကို ဝါးမျိုပြီး အဲ့ဒါကိုလောင်ကျွမ်းပြချပစ်ချင်နေ၏။

နတ်ဘုရားဧကရာဇ်၏ နတ်ဘုရားတိုင်းပြည်မှာ အလွန်တရာမြင့်မားသော စိတ်ဆန္ဒတစ်ခုရှိပြီး ကောင်းကင်နှင့်မြေကြီးကို ဝင်ဆံ့စေနိုင်၏။ သို့သော်လည်း ဆူဇီမို၏ သိုင်းတာအိုမီးဖိုက ပို၍သာလွန်လေသည်။

နတ်ဘုရားတိုင်းပြည်မှာ အပူချိန်က အဆက်မပြတ်မြင့်တက်လာနေ၏။

ဧရာမပိရမစ်ထဲကနေ မီးတောက်များကပေါက်ကွဲထွက်ပေါ်လာခဲ့၏။

နတ်ဘုရားဧကရာဇ်က တုန်လှုပ်သွားလေသည်။ ထိုစဥ်မှာပင် ဆူဇီမိုက သူ၏ ရှေ့မှာ ရုတ်တရက်ပေါ်ထွက်လာ၏။

ကျိယောင်ရွှယ်၏ လက်ကို သူ၏ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားပြီး သူ၏ ညာဘက်လက်သီးဖြင့် နတ်ဘုရားဧကရာဇ်ထံသို့ ပစ်ထိုးချလိုက်၏။

ဝုန်း... ဝုန်း... ဝုန်း...

ဆူဇီမို၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာ၏။ အဲ့ဒါက ဆူနာမီတစ်ခု၏ အသံမဟုတ်တော့ဘဲ ကမ်းခြေသို့ အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုနှင့်အတူ ရိုက်ခတ်လာသည့် ဒေါသူပုန်ထနေသော ဒီရေလှိုင်းလုံးကြီးများကဲ့သို့ဖြစ်နေ၏။

နတ်ဘုရားဧကရာဇ်က ဟိန်းဟောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများအားလုံးကို လှည့်ပတ်လိုက်လေသည်။ သူ၏ ရွှေရောင်သွေးချီက နေရာတစ်ခုတည်းမှာ စုဆုံသွားပြီး သူ၏ ရွှေရောင်လက်သီးကိုလွှဲကာ ဆူဇီမိုထံသို့ ပစ်ထိုးလိုက်၏။

ဘုန်း...

လက်သီးနှစ်လုံးက အလွန်တရာကျယ်လောင်စွာဖြင့် ထိတွေ့ရိုက်ခတ်သွား၏။

ချက်ချင်းပင် ဘေးပတ်လည်မှာရှိသော နယ်မြေဖြစ်စဥ်များက ပျက်ပြယ်သွား၏။

ဆူဇီမိုနှင့် နတ်ဘုရားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ ပြန်လည်ရောက်ရှိလာ၏။ နတ်ဘုရားတိုင်းပြည်နှင့် မီးဖိုက ပျောက်ကွယ်သွားခဲ့လေပြီ။

သူတို့နှစ်ယောက်သည် ထိုးချက်များဖြင့် တိုက်ခိုက်ဖလှယ်ပြီး လုံးဝမလှုပ်ရှားကြတော့ပေ။

လောကက အသံတိတ်သွား၏။

လူတိုင်းသည် အသက်ကိုအောင့်ထားပြီး နောက်ဆုံးရလဒ်ကို စောင့်ဆိုင်းနေကြ၏။

ဖျောက်... ဖျောက်... ဖျောက်..

ရုတ်တရက် တိုက်ပွဲနယ်မြေကနေ ခပ်ဖျော့ဖျော့အက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ထိုအသံက လူတိုင်း၏ နားထဲသို့ ဝင်ရောက်လာသောအခါ အဲ့ဒါက မိုးကြိုးထစ်ချုန်းသံကဲ့သို့ဖြစ်နေ၏။

နတ်ဘုရားဧကရာဇ်၏ မျက်နှာပေါ်မှာ အက်ကွဲကြောင်းများပေါ်ထွက်လာ၏။

အက်ကွဲကြောင်းများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ အလျင်အမြန်ဖြန့်ကြက်သွားလေသည်။

လူတိုင်း၏ ရှေ့မှောက်မှာပင် နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်က ရွှေရောင်သွေးမြူတစ်ခုအဖြစ် ပေါက်ကွဲထွက်သွား၏။

ရွှေရောင်သွေးမြူများက ပေါ်ထွက်လာသည့်ခဏမှာပင် အဲ့ဒါက နောက်တစ်ဖန် လောင်ကျွမ်းသန့်စင်ခံလိုက်ရပြီး ပြာကျသွား၏။

ဧကရာဇ်များသည် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်၏။

သို့သော် ယခုအခါ နတ်ဘုရားဧကရာဇ်မှာ နတ်ဘုရားမျိုးဆက်သွေးတစ်စက်ပင်လျှင် မကျန်ရှိတော့ပေ။

နတ်ဘုရားမျိုးနွယ် စစ်တပ်က ငေးငိုင်စွာဖြင့် အရာရာတိုင်းကို ကြည့်နေပြီး ခဏကြာသည်အထိ ရလဒ်ကိုလက်မခံနိုင်ဖြစ်နေကြ၏။

သူတို့က ရှုံးနိမ့်သွားခဲ့လေပြီ။

နတ်ဘုရားမျိုးနွယ်က အပြတ်အသတ်ရှုံးနိမ့်သွားခဲ့လေပြီ။

သိုင်းဧကရာဇ်ပြောခဲ့သည့်အတိုင်းပင် နတ်ဘုရားဧကရာဇ်သည် သူ့ထံမှ ထိုးချက်တစ်ချက်ကိုပင် ခံနိုင်ရည်မရှိပေ။

All Chapters