အရှေ့တိုင်း ခရမ်းရောင်ခြည်
Vol. 138 Ch. 2063
ဆူဇီမိုနှင့် ကျိယောင်ရွှယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို သက်တံရောင်လိုဏ်ဂူ ရှိရာသို့ ဦးဆောင်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်တစ်ခုကို တွေ့ကြုံခံစားစေ၏။ အဲဒါသည် ခက်ခဲကြမ်းတမ်းခြင်းနှင့် လျင်မြန်ခြင်းအကြား ပြောင်းလဲနေသော အချိန်၏ ထိတွေ့ခံစားမှုဖြစ်၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် သူတို့၏ မျက်လုံးများ လင်းလက်လာသည်ဟု ခံစားလာရ၏။ သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ထွက်ခွာပြီး အခြားသော လောကတစ်ခုသို့ ဝင်ရောက်လာခဲ့ပြီဖြစ်လေသည်။
စိမ်းသက်သော၊ ရှေးကျသော၊ တည်ကြည်လေးနက်သော၊ ခံ့ညားထည်ဝါသော အော်ရာတစ်ခုက တလိပ်လိပ်တိုးဝင်လာနေ၏။
နတ်ဘုရားကုန်းမြေတိုက်…
“အပြင်လူတွေဟေ့”
ထိုစဉ်မှာပင် ရှေ့တည့်တည့်ကနေ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။
နတ်ဘုရားကုန်းမြေတိုက်၏ အာကာသဆုံမှတ်ကို စောင့်ကြပ်နေသော နတ်ဘုရားမျိုးနွယ်သက်ရှိများစွာ ရှိနေ၏။ သူတို့သည် ဆူဇီမိုနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသူများ နတ်ဘုရားကုန်းမြေတိုက်သို့ ဝင်ရောက်လာသည်ကို တွေ့မြင်သောအခါ တုန်လှုပ်သွားကြ၏။
နတ်ဘုရားဧကရာဇ်သည် ဤတစ်ခေါက်မှာ ထျန်ဟွမ်ကုန်းမြေတိုက်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နတ်ဘုရားမျိုးနွယ်၏ သစ္စာခံနှင့်အတူ အဲဒါကို စိုးမိုးအုပ်ချုပ်ဖို့အတွက် နတ်ဘုရားမျိုးနွယ်စစ်တပ်ကို ဦးဆောင်သွားသည်ကို နတ်ဘုရားမျိုးနွယ်သက်ရှိများ အားလုံးက သိရှိထားကြ၏။
သို့သော်လည်း မကြာသေးခင်က ရွှေရောင်အလင်းတစ်ခုသည် ဤအာကာသဆုံမှတ်ထဲကနေ ပျံသန်းလာပြီး ဗဟိုနတ်ဘုရားမြို့တော် ရှိရာသို့ ပြေးထွက်သွား၏။
နတ်ဘုရားမျိုးနွယ်သက်ရှိအများစုက အဲဒါက ဘာဖြစ်သည်ကို မတွေ့မြင်လိုက်ရပေ။
အဲဒါသည် နတ်ဘုရားမျိုးနွယ်၏ အန္တိမ နတ်ဘုရားလက်နက် နတ်ဘုရားသရဖူ ဖြစ်သည်ဆိုတာကို နယ်စပ်ကို စောင့်ကြပ်နေသော နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက ခပ်ရေးရေး ခန့်မှန်းမိလိုက်၏။
နတ်ဘုရားသရဖူသည် အထက်ဘုံကနေ ဆင်းသက်လာခဲ့ပြီး နတ်ဘုရားမျိုးနွယ်၏ နတ်ဘုရားတရားစီရင်ခြင်း လက်နက်လေးခုထက်ပင် ပို၍ မြင့်မြတ်ထည်ဝါလေသည်။ နတ်ဘုရားဧကရာဇ်ကသာလျှင် အဲဒါကို ဆောင်းပြီး ထိန်းချုပ်ဖို့ အဆင့်မီလေသည်။
နယ်စပ်မှာ ရှိသော နတ်ဘုရားမျိုးနွယ် ဧကရာဇ်သည် တစ်စုံတစ်ရာ လွဲမှားနေသည်ကို အာရုံခံမိလိုက်၏။
ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ မဖြစ်ခဲ့သရွေ့ နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားသရဖူကို တစ်ချိန်လုံး သူနှင့်အတူ ဆောင်ထားပေလိမ့်မည်။
ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့တာများလား…
နတ်ဘုရားမျိုးနွယ်ဧကရာဇ်သည် ထိုထင်မြင်ယူဆချက်ကို ပြန်လည်ပယ်ချလိုက်၏။
ဤတစ်ခေါက် နတ်ဘုရားဧကရာဇ် မထွက်ခွာခင် နတ်ဘုရားမျိုးနွယ်၏ မြင့်မြတ်ပုရောဟိတ်သည် ကံကြမ္မာကို ဗေဒင်တွက်ချက်ဖို့အတွက် သူ၏ အမြုတေသွေးကို အသုံးချကာ နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်အတတ် မဟာဂမ္ဘီရနည်းစနစ်ကို ထုတ်ဖော်ခဲ့၏။
မဟာဂမ္ဘီရနည်းစနစ်၏ ရလဒ်က အတိတ်နမိတ် လွန်စွာကောင်းခဲ့လေသည်။
နတ်ဘုရားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို တိုက်ခိုက်သိမ်းပိုက်ပြီး နတ်ဘုရားမျိုးနွယ်၏ အုပ်စိုးမှုကို မည်သည့်သက်ရှိ သို့မဟုတ် မည်သည့် အဟန့်အတားမှ တားဆီးနိုင်လိမ့်မည် မဟုတ်ဟူ၍ဖြစ်၏။
အဲဒါက ဤနတ်ဘုရားမျိုးနွယ်ဧကရာဇ် တစ်ဦးတည်းသာလျှင် မဟုတ်ပေ။ နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးသည် မြင့်မြတ်ပုရောဟိတ်၏ ဟောကိန်းနှင့် ပတ်သက်၍ သံသယ လုံးဝ မရှိကြပေ။
နတ်ဘုရားဧကရာဇ်သည် နတ်ဘုရားကုန်းမြေတိုက်ကို အုပ်စိုးပြီး အထွတ်အထိပ်မှာ ရပ်တည်၍ ပြိုင်ဘက်ကင်းလေသည်။
မြင့်မြတ်ပုရောဟိတ်ကတော့ သူ၏ အဆင့်အတန်းက အလွန်တရာ ထူးခြားဆန်းကြယ်လေသည်။ သူသည် နတ်ဘုရားမျိုးနွယ်၏ ဉာဏ်ပညာ အကြီးမားဆုံးလူဖြစ်ပြီး နတ်ဘုရားဧကရာဇ်ပင်လျှင် သူ့ကို ရိုသေလေးစားရ၏။
အကြောင်းမှာ နတ်ဘုရားမျိုးနွယ်၏ မြင့်မြတ်ပုရောဟိတ်သည် နတ်ဘုရားမျိုးနွယ်၏ အလျှို့ဝှက်ဆုံး လျှို့ဝှက်အတတ် မဟာဂမ္ဘီရနည်းစနစ်ကို ထိန်းချုပ်ထားသောကြောင့်ဖြစ်၏။
ကမ္ဘာဦးခေတ်မှာ နတ်ဘုရားမျိုးနွယ်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကို ကျူးကျော်ခဲ့၏။ ထိုစဉ်တုန်းက နတ်ဘုရားဧကရာဇ်၏ မာန်မာနနှင့် ယုံကြည်မှုတို့ကြောင့် သူသည် တံခါးပိတ်ကျင့်ကြံနေသော မြင့်မြတ်ပုရောဟိတ်ကို ဖိတ်ခေါ်ခဲ့ခြင်း မရှိဘဲ သူ့သဘောနှင့်သူ ကိစ္စများကို ကိုင်တွယ်ခဲ့လေသည်။ နောက်ဆုံးမှာတော့ သူသည် ရှုံးနိမ့်မှုဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။
ဤတစ်ခေါက် မဟာဂမ္ဘီရနည်းစနစ်၏ ရလဒ်မှာ အမှားအယွင်း သေချာပေါက် ရှိလိမ့်မည် မဟုတ်ပေ။
အဲဒါသည် နတ်ဘုရားမျိုးနွယ်၏ ယုံကြည်မှုဖြစ်၏။
ထိုသို့အတွေးဖြင့် နတ်ဘုရားမျိုးနွယ်ဧကရာဇ်က အဲဒါကို အလေးအနက်ထားခြင်း မရှိခဲ့ချေ။
ယခု သူသည် ဆူဇီမိုနှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ အခြားသူများ သူ့ရှေ့မှာ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါမှသာ ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့သည်ကို သူက နားလည်သဘောပေါက်သွား၏။
“အပြင်လူတွေ”
နတ်ဘုရားမျိုးနွယ်ဧကရာဇ်က လေထဲသို့ ဖြည်းဖြည်းချင်း တက်လာပြီး ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။ အေးစက်နေသော အမူအရာတစ်ခုနှင့်အတူ သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ထွက်သွားကြစမ်း.. မင်းတို့လို နိမ့်ကျသက်ရှိတွေကို နတ်ဘုရားကုန်းမြေတိုက်ကို ခြေချခွင့်ပေးမထားဘူး”
“အပြင်လူတွေ ဒီမှာ ရောက်နေပြီဟေ့”
“သူတို့ကို သတ်ကြ”
နတ်ဘုရားကုန်းမြေတိုက်၏ နယ်စပ်မှာ ရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို သတိထားမိသွားပြီး သတ်လိုဖြတ်လိုသော အော်ရာများနှင့်အတူ ပြေးဝင်လာကြ၏။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေး အနက်ပိုင်းထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေသော မာန်မာနကြောင့် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို တွေ့မြင်သောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှုက အထင်အမြင်သေးခြင်းဖြစ်၏။
ဆူဇီမို၏ အမူအရာက ဂရုမစိုက်သည့်ဟန် ရှိပြီး သူ့ရှေ့မှာ ရှိသော နတ်ဘုရားမျိုးနွယ်ဧကရာဇ်ကို ကြည့်ရှုခြင်းပင် မရှိပေ။ သူက ကျိယောင်ရွှယ်နှင့် ပခုံးချင်းယှဉ်ရပ်ပြီး လေထဲကနေ ဆက်လက်၍ လျှောက်လှမ်းလာ၏။
သူသည် ဝေးကွာလွန်းသော လေဟာနယ်ကနေတစ်ဆင့် နတ်ဘုရားမျိုးနွယ်ဧကရာဇ် ရှိရာဘက်သို့ သူ၏ လက်ဖဝါးကို ဆန့်ထုတ်ပြီး ညင်သာစွာ ဖမ်းဆုပ်လိုက်၏။
ဘုန်း.. ဘုန်း..
နတ်ဘုရားမျိုးနွယ်ဧကရာဇ်၏ ဘေးပတ်လည်ရှိ လေဟာနယ်က ချက်ချင်းပင် ပြိုကျသွား၏။
လူတိုင်း၏ ရှေ့မှောက်မှာပင် နတ်ဘုရားမျိုးနွယ်ဧကရာဇ်သည် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုဖြင့် ဖိချေခံလိုက်ရပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ အမြုတေစိတ်ဝိညာဉ်ကလည်း ပျက်စီးသွား၏။
ယခုတင် စုဝေးရောက်ရှိလာသော နယ်စပ်မှ နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ရှေ့သို့ ပြေးမတက်ခင်မှာပင် ဤမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။
နတ်ဘုရားမျိုးနွယ်သက်ရှိများစွာက တုန်လှုပ်စွာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
နတ်ဘုရားမျိုးနွယ်မှ ဧကရာဇ်တစ်ပါးက ဤကဲ့သို့ပင် သေဆုံးသွားရ၏။
သူသည် တစ်ဖက်လူ၏ တိုက်ခိုက်မှုတစ်ခုကိုပင် မခုခံနိုင်ခဲ့ပေ။
“မင်း.. မင်းတို့တွေက ဘယ်သူတွေလဲ”
ဘိုးဘေးအဆင့် နတ်ဘုရားတစ်ယောက်က သူ၏ ရင်ထဲရှိ အကြောက်တရားကို အတတ်နိုင်ဆုံး ဖုံးဖိပြီး ဆူဇီမိုနှင့် အခြားသူများကို ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“ငါက အထီးကျန်သိုင်းသခင်ပဲ… နတ်ဘုရားမျိုးနွယ်ဆီကနေ သွေးကြွေးတစ်ခုကို ယူဖို့ ငါက ဒီကိုရောက်လာတာ”
ဆူဇီမိုက ထိုသို့ပြောဆိုပြီး တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းကို ဝေ့ယမ်းလိုက်၏။
ဇီ.. ဇီး… ဇီး…
အဖြူရောင်ဓားချီများက သူ၏ လက်ချောင်းထိပ်ဖျားကနေ တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး နတ်ဘုရားမျိုးနွယ်စစ်တပ် ရှိရာသို့ တလိပ်လိပ်တိုးဝင်သွားလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ…
တစ်သိန်းရှစ်ထောင်သော ဓားများ…
သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲမှာ အဲဒါသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်ထက် ပိုလေသည်။ အဲဒါက အဆုံးမဲ့ဖြစ်၏။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ကို လှုပ်ခတ်သွားစေပြီး ကြယ်များက နဂိုနေရာကနေ ရွေ့လျားကုန်၏။
နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်များပင်လျှင် ဆူဇီမို၏ တိုက်ခိုက်မှုကို မခုခံနိုင်ပေ။
ဆူဇီမို ထုတ်ဖော်လိုက်သော ကောင်းကင်သတ်ဖြတ်ခြင်းဓားချီများနှင့် ရင်ဆိုင်ရချိန်မှာ ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်စစ်တပ်သည် ပို၍ပင် နုနယ်နေပြီး သူတို့၏ အသက်များက တန်ဖိုးမဲ့နေ၏။
နတ်ဘုရားသွေး၊ မျိုးဆက်သွေးနယ်မြေများ၊ နတ်ဘုရားလက်နက်များနှင့် နတ်ဘုရားစွမ်းအားများ…။
သူတို့၏ ဝှက်ဖဲများထဲ မည်သည့်အရာကမှ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီတစ်ခုကို မခုခံနိုင်ပေ။
ကောင်းကင်သတ်ဖြတ်ခြင်းဓားချီအပေါ် သိုင်းတာအိုပင်မခန္ဓာ၏ နားလည်သဘောပေါက်မှုက လွန်ခဲ့သည့် နှစ်နှစ်ထောင်ကထက် များစွာကျော်လွန်လာခဲ့ပြီး ၎င်း၏ စွမ်းပကားက ပို၍ ကြောက်စရာကောင်းလာခဲ့၏။
နတ်ဘုရားကုန်းမြေတိုက်၏ နယ်စပ်မှာ ရှိသော ဘိုးဘေးအဆင့် နတ်ဘုရားအချို့ပင်လျှင် သူတို့၏ နှာရောင်များက ဓားချီဖြင့် ထိုးဖောက်ခံရပြီး သေဆုံးသွားကြ၏။
အစကတော့ ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် နတ်ဘုရားမျိုးနွယ်စစ်တပ်နှင့် ဝင်ရောက်တိုက်ခိုက်ချင်ကြ၏။
သို့သော်လည်း သိပ်မကြာခင် သူတို့က လှုပ်ရှားစရာပင် မလိုအပ်သည်ကို နားလည်သဘောပေါက်သွားကြ၏။ သူတို့အားလုံး လုပ်စရာရှိသည်မှာ သိုင်းဧကရာဇ်၏ နောက်ကနေ လိုက်ပါလာဖို့ပင်ဖြစ်၏။
ဆူဇီမိုသည် မည်သည့်ရပ်နားမှုမှ မရှိဘဲ ရှေ့သို့ ဆက်တိုးလာခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းသည် ထပ်ကြပ်မကွာ လိုက်ပါလာပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်နေကြ၏။
နတ်ဘုရားကုန်းမြေတိုက်မှာ သူ့ကိုယ်ပိုင်ထူးခြားသော ယဉ်ကျေးမှု အမွေအနှစ်များ ရှိလေသည်။ အဆောက်အဦများ၊ တောင်တန်းများ၊ မြစ်များနှင့် ဤကုန်းမြေမှာ ပေါက်သော သစ်ပင်များပင်လျှင် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် အလွန်တရာ ကွဲပြားခြားနားနေ၏။
အောက်ဘုံလောကမှာ ကမ္ဘာငယ်ပေါင်း တစ်ဘီလီယံ ရှိပြီး ကမ္ဘာငယ်တစ်ခုချင်းစီမှာ မတူညီသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သက်ရှိများ ရှိနေတတ်ကြ၏။
လမ်းတစ်လျှောက်မှာ နတ်ဘုရားမျိုးနွယ်မှ ပညာရှင်များသည် မကြာ မကြာ ရှေ့သို့ထွက်လာပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ လမ်းကြောင်းကို ပိတ်ဆို့တားဆီးချင်ကြ၏။ သို့သော်လည်း သူတို့သည် ဆူဇီမို၏ သာမန်ကာလျှံကာ သတ်ဖြတ်ခြင်း ခံလိုက်ကြရ၏။
ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းကို အနောက်ဘက်အရပ်သို့ ဦးဆောင်ကာ ခေါ်သွားပြီး ဗဟိုနတ်ဘုရားမြို့တော်ထံသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်လို၏။
သူသည် နတ်ဘုရားဧကရာဇ်ကို နတ်ဘုရားမျိုးနွယ်၏ ရှေ့မှောက်မှာပင် သတ်ဖြတ်လိုက်၏။
သူသည် နတ်ဘုရားမျိုးနွယ်၏ သွေးကို အသုံးချပြီး ဤကုန်းမြေနှင့် မျိုးနွယ်အပေါ်မှာ ဖျက်ဆီး၍ မရနိုင်သော အမှတ်အသားတစ်ခုကို တံဆိပ်ခတ်ပေးချင်၏။
ထိုအမှတ်အသား၏ အမည်ကို အကြောက်တရားဟု ခေါ်ဆိုရပေလိမ့်မည်။
တစ်ချိန်တည်းမှာပင်.. ဗဟိုနတ်ဘုရားမြို့တော်တွင်…
နတ်ဘုရားမြို့တော်သည် နှစ်ပေါင်း မရေမတွက်နိုင်အောင် ဖြတ်ကျော်လာခဲ့ပြီး မားမားမတ်မတ် ရပ်တည်နေ၏။ မြို့ရိုးများက ရွှေရောင်တလက်လက်ဖြင့် တောက်ပနေပြီး မြင့်မြတ်ထည်ဝါကာ တိကျသေသပ်သော အနားသတ်နှင့်အတူ ပြည့်စုံနေ၏။
ဤနတ်ဘုရားမြို့တော်သည် နတ်ဘုရားကုန်းမြေတိုက်၏ ဗဟိုဖြစ်၏။
ထိုအခိုက်အတန့်မှာ ရွှေရောင်အလင်းတစ်ခုက နတ်ဘုရားမြို့တော်ထဲသို့ ပျံသန်းလာပြီး နတ်ဘုရားဧကရာဇ် ကျင့်ကြံရာ နန်းတော်ထဲသို့ ဝင်ရောက်သွားလေသည်။
မည်သူကမှ အဲဒါကို မတားဆီးနိုင်ကြပေ။
“အခြေအနေကို ကိုင်တွယ်ဖို့အတွက် မြင့်မြတ်ပုရောဟိတ်ကို တံခါးပိတ်ကျင့်ကြံရာကနေပြီးတော့ မြန်မြန်သွားခေါ်ကြ.. ငါက ငါ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ဖို့အတွက် အချိန်တစ်ခုလိုတယ်”
နတ်ဘုရားမျိုးနွယ် အစောင့်တပ်သားများစွာက ရှေ့သို့ ပြေးဝင်လာသည့် ခဏမှာပင် သူတို့သည် အလွန်တရာ အားနည်းနေသော နတ်ဘုရားဧကရာဇ်၏ အသံကို ကြားလိုက်ကြရ၏။
ထိုသို့ ပြောပြီးနောက် နတ်ဘုရားဧကရာဇ်၏ အသံက ပျောက်ကွယ်သွား၏။
နတ်ဘုရားမျိုးနွယ် အစောင့်တပ်သားများက တွေဝေရှုပ်ထွေးစွာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
သူတို့၏ ရင်ထဲမှာ နတ်ဘုရားဧကရာဇ်သည် အထွတ်အထိပ်မှာ ရပ်တည်ပြီး ပြိုင်ဘက်ကင်းလေသည်။
နတ်ဘုရားဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ဘယ်သူက ခြေမွှဖျက်ဆီးနိုင်ခဲ့တာလဲ။
ဘာတွေဖြစ်ခဲ့တာလဲ။
“ကျုပ် မြင့်မြတ်ပုရောဟိတ်ကို သွားပြီး သတင်းပို့လိုက်မယ်”
ထိုစဉ်မှာပင် နတ်ဘုရားမျိုးနွယ် အစောင့်တပ်သားက ယဇ်ပူဇော်စင်မြင့်ရှိရာဘက်သို့ လှည့်ထွက်ပြေးဖို့ ပြင်လိုက်၏။
သူက တစ်ဖက်သို့ လှည့်လိုက်သည့် အချိန်မှာပင် အနီရောင်ဝတ်ရုံကို ခြုံထားသည့် တစ်ခေါင်းလုံး ဖြူဖွေးနေသော အဘိုးအိုတစ်ယောက်က အဖြူရောင် တောင်ဝှေးတစ်ချောင်းကို ကိုင်စွဲပြီး အရှေ့ဘက်သို့ လှမ်းမျှော်ကြည့်ကာ မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသည်ကို သူက တွေ့မြင်လိုက်ရ၏။
အနီရောင်ဝတ်ရုံကို ခြုံထားသော အဘိုးအိုက နတ်ဘုရားမျိုးနွယ်၏ မြင့်မြတ်ပုရောဟိတ်ဖြစ်လေသည်။
မြင့်မြတ်ပုရောဟိတ်က ဘယ်အချိန်မှာ ပေါ်ထွက်လာသည်ကို မည်သူကမှ မသိရှိကြပေ။
“အဲဒါက ဘယ်လို.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ”
မြင့်မြတ်ပုရောဟိတ်၏ မျက်နှာပေါ်ရှိ ပါးရေနားရေများက ပိုမိုနက်ရှိုင်းလာပုံရပြီး သူက ထပ်တလဲလဲ တီးတိုးရေရွတ်နေ၏။
“ငါ့ရဲ့ မဟာဂမ္ဘီရနည်းစနစ်က မမှားဘူးဆိုတာ သိသာနေတာပဲ”
“မြင့်မြတ်ပုရောဟိတ်.. ဘာတွေဖြစ်နေတာလဲ.. ကြည့်ရတာ နတ်ဘုရားဧကရာဇ်က…”
နတ်ဘုရားမျိုးနွယ် အစောင့်တပ်သားက တွေဝေတုံ့ဆိုင်းနေ၏။
မြင့်မြတ်ပုရောဟိတ်၏ အမူအရာကလည်း တည်ကြည်လေးနက်နေပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အရှေ့အရပ်ကနေ ခရမ်းရောင်ခြည်စီးကြောင်းတစ်ခု ပေါ်ထွက်လာတဲ့အခါ….. နတ်ဘုရားမျိုးနွယ်အပေါ်.. ကပ်ဘေးတစ်ခု ဆင်းသက်လာလိမ့်မယ်တဲ့”