← Chapters

ငါက ဘုရားသခင်ပဲ

Vol. 138 Ch. 2064

ငါက ဘုရားသခင်ပဲ

Vol. 138 Ch. 2064

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကို အနောက်ဘက်အရပ်သို့ ဦးဆောင်သွား၏။ သိပ်မကြာခင် သူတို့သည် ပထမဆုံး ရှေးဟောင်းမြို့တော်ကို ရှေ့တည့်တည့်မှာ တွေ့မြင်လိုက်ရ၏။

နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များနှင့် မှော်ဆရာများသည် ရှေးဟောင်းမြို့တော်၏ ရှေ့မှာ ဗျူဟာတစ်ခုကို ခင်းကျင်းထားကြပြီးပြီဖြစ်၏။

မြင်းစီးစစ်သည်များက ရှေ့မှာနေပြီး မှော်ဆရာများက နောက်မှာရှိနေကြ၏။

သူတို့က အရေအတွက်ထောင်ဂဏန်းအချို့သာရှိသော်လည်း သူတို့ကြားမှာ အားအနည်းဆုံးသည် ပေါင်းစည်းခန္ဓာအဆင့် ဖြစ်လေသည်။

လူအုပ်ကြားထဲမှာ ဧကရာဇ်တစ်ပါးဖြစ်သော မှော်ဆရာတစ်ဦးပင်လျှင်ရှိလေသည်။

“အရှေ့အရပ်ကလူရိုင်းတွေ... မင်းတို့ရဲ့ခြေလှမ်းကို ရပ်လိုက်ကြ”

ဦးဆောင်နေသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်က သူ၏ ဓားကို ကိုင်ဆွဲပြီး ဆူဇီမိုနှင့် အခြားသူများကို အော်ပြောလိုက်၏။

“ထျန်ဟွမ်ကုန်းမြေတိုက်ကလူတွေ... မင်းတို့တွေက နတ်ဘုရားမျိုးနွယ်ရဲ့ ပိုက်နက်နယ်မြေထဲကို ခြေချလာပြီဆိုမှတော့... နတ်ဘုရားမျိုးနွယ်ရဲ့အလင်းနဲ့ မင်းတို့တွေရဲ့ ညစ်ညမ်းတဲ့ဝိညာဥ်တွေကို ဆေးကြောသန့်စင်ပြီး ငရဲကိုပို့ပေးရမယ်”

နောက်မှာရှိသော မှော်ဆရာဧကရာဇ်က သူ၏ တောင်ဝှေးကိုဝေ့ယမ်းပြီး ရှေးကျသောဘာသာစကားကို ရွတ်ဆိုလိုက်၏။

စွမ်းအားကြီးမားသော စွမ်းအင်အတက်အကျတစ်ခုက လေထဲမှာ ဖြန့်ကြက်ထွက်ပေါ်လာ၏။

ကျိန်းစပ်နေသော အလင်းရောင်တစ်ခုက မှော်ဆရာဧကရာဇ်၏ တောင်ဝှေးထိပ်ဖျားကနေ ဖြန့်ကြက်သွားပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်း၏ ဦးခေါင်းထဲသို့ ဝင်ရောက်ကာ ကြီးမားသောအလင်းမိုးတစ်ခုကို ရွာသွန်းလာစေ၏။

မိုးစက်တစ်စက်ချင်းစီက အဆင့်နိမ့်ဧကရာဇ်များကို သတ်ဖြတ်နိုင်လေသည်။

“သတ်”

ရှေ့မှာရှိသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များစွာကလည်း မာန်သွင်းအော်ဟစ်ပြီး ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းစီသို့ ပြေးဝင်လာကြ၏။

“ဟမ့်...”

ဆူဇီမိုက နှာတစ်ချက်မှုတ်လိုက်၏။

ထိုအသံထွက်ပေါ်လာသည့်ခဏမှာပင် မှော်ဆရာဧကရာဇ်၏ ပြုမူလှုပ်ရှားမှုများက လေထဲမှာရပ်တန့်သွား၏။

သူ၏ မျက်လုံးကလည်း ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားလေသည်။

သူ့မျက်နှာပေါ်မှာ သွေးရောင်ဒဏ်ချက်များ ပေါ်ထွက်လာ၏။

မှော်ဆရာဧကရာဇ်၏ ခန္ဓာကိုယ်က အတော်လေးအားနည်းပြီး သူ့ခန္ဓာကိုယ်အပေါ် သေကွင်းသေကွက်ရိုက်ချက်တစ်ခုကျရောက်လာမည်ကို ရှောင်လွှဲရန်အတွက် သူကနောက်ဆုံးမှာ မတ်တတ်ရပ်နေခြင်းဖြစ်၏။

သို့သော်လည်း ဆူဇီမိုထံမှ နှာမှုတ်သံတစ်ချက်ကိုပင် သူ၏ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု သူကထင်မှတ်မထားခဲ့ပေ။

ရှေ့မှာရှိသော နတ်ဘုရားမျိုးနွယ် မြင်းစီးစစ်သည်များ၏ ရွှေရောင်ချပ်ဝတ်များကလည်း ပေါက်ကွဲထွက်သွား၏။

“ပိုးစုန်းကြူးတစ်ကောင်ရဲ့အလင်းနဲ့ လပြည့်ဝန်းရဲ့တောက်ပမှုကို ဘယ်လိုတောင် ယှဥ်ပြိုင်တုပဖို့ ကြိုးစားရဲတာလဲ”

ဆူဇီမိုက အော်ငေါက်ပြီး သူ၏ လက်ဖဝါးကိုဆန့်ထုတ်လိုက်၏။

သူ၏ လက်ထဲမှာ ခရမ်းရောင်အလင်းတစ်လုံးကို ဆုပ်ကိုင်ထားသည့်အလားပင်။

ဆူဇီမိုက သူ၏ လက်ဖဝါးကို တင်းကျပ်စွာ ဖျစ်ညှစ်လိုက်၏။

ဇီ....

အလင်းလုံးက ပေါက်ကွဲထွက်သွားပြီး သူ၏ လက်ချောင်းများကြားကနေ ခရမ်းရောင်အလင်းရောင်ခြည်များက ပစ်လွင့်ထွက်ပေါ်လာကာ အဘက်ဘက်သို့ပြန့်ကျဲသွား၏။

လေထဲမှာရှိသော အလင်းမိုးက ခရမ်းရောင်အလင်းနှင့် ထိတွေ့မိသည့်ခဏမှာပင် ချက်ချင်းပင် အငွေ့ပျံသွား၏။

ရှေ့ဆုံးမှာရှိသော နတ်ဘုရားမျိုးနွယ်မြင်းစီးစစ်သည်များက ရောက်ရှိမလာနိုင်ခင်မှာပင် သူတို့က ခရမ်းရောင်အလင်းဖြင့် တိုက်ချခံလိုက်ရပြီး လေထဲကနေပြုတ်ကျလာခဲ့၏။

သူတို့က မြေပြင်ပေါ်သို့ မရောက်ရှိခင်မှာပင် နတ်ဘုရားမျိုးနွယ်မြင်းစီးစစ်သည်များက သက်မဲ့အလောင်းများဖြစ်သွားကြလေပြီ။

မှော်ဆရာဧကရာဇ်သည် နတ်ဘုရားမျိုးနွယ်မြင်းစီစစ်သည်များ၏ ကာကွယ်မှုမရှိတော့ဘဲ လေထဲမှာ တစ်ယောက်တည်းထီးထီး မတ်တတ်ရပ်နေ၏။

ဆူဇီမိုသည် သူ့ကိုလှည့်ပင်မကြည့်ဘဲ ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းနှင့်အတူ ရှေ့သို့ဆက်လှမ်းသွား၏။

စောစောက သူထုတ်ဖော်လိုက်သော အသံပိုင်းလျှို့ဝှက်အတတ်သည် ထိုဧကရာဇ်၏ အမြုတေစိတ်ဝိညာဥ်ကို ကြေမွပျက်စီးသွားစေဖို့ လုံလောက်လေသည်။

ဘန်း...

မှော်ဆရာဧကရာဇ်၏ ခန္ဓာကိုယ်က ကြေမွသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။ အဲ့ဒါက အရောင်မှေးမှိန်သွားပြီး တဖြည်းဖြည်းပျက်ပြယ်သွားလေသည်။

နတ်ဘုရားမျိုးနွယ်သက်ရှိများစွာသည် ရှေးဟောင်းမြို့တော်၏ မြို့ရိုးပေါ်မှာ မတ်တတ်ရပ်နေကြ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိအများစုက အားနည်းကြပြီး သူတို့သည် ပေါင်းစည်းခန္ဓာအဆင့်သို့ရောက်ရှိအောင်ပင် မကျင့်ကြံရသေးပေ။

သို့သော်လည်း ဆူဇီမိုကိုကြည့်နေသော နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အကြည့်မှာ မည်သည့်ကြောက်ရွံ့မှုမှမရှိပေ။ ထိုအစားသူတို့က ရန်စလိုမှုဖြင့် ပြည့်နှက်နေကြ၏။

ထိုကဲ့သို့သော ယုံကြည်မှုနှင့် မာန်မာနက သူတို့၏ အရိုးများထဲထိ စွဲထင်နေလေသည်။

“အပြင်လူတွေ... မင်းတို့ဘာလုပ်နေလဲ မင်းတို့သိလား”

“မိုက်မဲတဲ့လူရိုင်းတွေ.... မင်းတို့တွေက နတ်ဘုရားတွေကိုသတ်ဖြတ်နေတာပဲ... နတ်ဘုရားကုန်းမြေတိုက်မှာ နတ်ဘုရားတစ်ပါးကို သတ်ဖြတ်တဲ့ဘယ်သူမဆို နတ်ဘုရားတရားစီရင်ခြင်းကို သေချာပေါက်ခံယူပြီး နတ်ဘုရားအပြစ်ဒဏ်ကိုလက်ခံရမယ်”

ရုတ်တရက် ရှေးဟောင်းမြို့တော်ကနေ အော်ဟစ်သံများထွက်ပေါ်လာ၏။

“နတ်ဘုရားတစ်ပါးကို သတ်ဖြတ်တဲ့ဘယ်သူမဆို နတ်ဘုရားတရားစီရင်ခြင်းကို သေချာပေါက်ခံယူပြီး နတ်ဘုရားအပြစ်ဒဏ်ကို လက်ခံရမယ်”

သန်းနှင့်ချီသော နတ်ဘုရားသက်ရှိများက ကြီးမားသော ရှေးဟောင်းမြို့တော်မှာ စုစည်းလာပြီး ကောင်းကင်တစ်ခွင် လှုပ်ခတ်သွားစေမည့် အော်ဟစ်သံများကို ဆက်တိုက်ထုတ်ဖော်လိုက်ကြ၏။

“ဟားဟားဟားဟား... “

ရုတ်တရက်ဆူဇီမိုက သူ၏ ခေါင်းကိုမော့၍ ရယ်မောလိုက်၏။

သူ၏ ရယ်သံက လောကတစ်ခွင် ပဲ့တင်ထွက်သွားပြီး သန်းပေါင်းများစွာသော နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အော်ဟစ်သံများက နစ်မြုပ်သွားလေသည်။

ချက်ချင်းပင် ဤလောကမှာ ဆူဇီမို၏ ရယ်သံတစ်ခုသာလျှင် ကျန်ရစ်ခဲ့သည့်အလားပင်။

ဖျောက်... ဖျောက်... ဖျောက်...

ရှေးဟောင်းမြို့တော်၏ မြို့ရိုးများပေါ်မှာ ကြီးမားသောအက်ကွဲကြောင်းများပေါ်ထွက်လာ၏။

အချိန်ကာလကြာမြင့်စွာရပ်တည်နိုင်ခဲ့သည့် ဖျက်ဆီး၍မရနိုင်သော မြို့ရိုးကပင်လျှင် ဆူဇီမို၏ ရယ်မောသံကို ခံနိုင်ရည်မရှိသည့်အလားပင်။

“နတ်ဘုရားတရားစီရင်ခြင်းနဲ့ နတ်ဘုရားအပြစ်ဒဏ်တဲ့လား”

ဆူဇီမိုက သူ၏ အပြုံးကိုရုပ်သိမ်းလိုက်ပြီး ရှေ့တည့်တည့်တွင်ရှိသော ရှေးဟောင်းမြို့ရိုးပေါ်မှ နတ်ဘုရားသက်ရှိများစွာကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီနေရာမှာ ငါကနတ်ဘုရားပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ရှေးဟောင်းမြို့တော်သည် ဤကဲ့သို့ ကြောက်စရာကောင်းသောအော်ရာတစ်ခုကို ခံနိုင်ရည်မရှိသည့်အလား ပြိုကျသွားလေသည်။

မရေမတွက်နိုင်သော နတ်ဘုရားမျိုးနွယ် သက်ရှိများက ဖုန်လုံးများကြားမှာ နစ်မြုပ်သွားပြီး စူးစူးဝါးဝါး အော်သံများ ထွက်ပေါ်လာ၏။

ဆူဇီမို၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး ရှေးဟောင်းမြို့တော်၏ အပျက်အစီးပုံများကို ဖြတ်သန်းကာ ရှေးဟောင်းမြို့တော်ထဲမှာ ပုန်းကွယ်နေသည့် ပေါင်းစည်းခန္ဓာစွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ဘိုးဘေးအဆင့် နတ်ဘုရားများကို ဖမ်းမိသွားပြီး သူ့ထံမှ အတွေးတစ်ချက်နှင့်အတူ နတ်ဘုရားမျိုးနွယ် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ဘိုးဘေးအဆင့် နတ်ဘုရားများက နေရာမှာပင်သေဆုံးသွား၏။

ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းကို ဦးဆောင်ပြီး အနောက်ဘက်အရပ်သို့ ခရီးဆက်လိုက်၏။

ဗဟိုနတ်ဘုရားမြို့တော်တွင်...။

နတ်ဘုရားမျိုးနွယ်မှ ပညာရှင်များစွာသည် မြင့်မြတ်ပုရောဟိတ်၏ဘေးမှာ စုစည်းနေကြပြီး အရှေ့ဘက်အရပ်ကို လှမ်းမျှော်ကြည့်နေကြ၏။

ထိုအခိုက်အတန့်မှာ မြင့်မြတ်ပုရောဟိတ်သာလျှင်မဟုတ်ဘဲ လူတိုင်းသည် အရှေ့ဘက်အရပ်မှ ကြောက်စရာကောင်းသောမြင်ကွင်းကို ရှင်းလင်းစွာ တွေ့မြင်နေရပြီဖြစ်၏။

အရှေ့ဘက်အရပ်ကနေ ခရမ်းရောင်ခြည်တစ်ခုက ဖြည်းဖြည်းချင်း ချဥ်းကပ်လာနေ၏။ အဲ့ဒါက ပို၍ကြွယ်ဝလာပြီး ကောင်းကင်ကိုပင် အရောင်ဆိုးလိုက်လေသည်။

သူတို့ကအဝေးမှာရှိနေသော်လည်း ဗဟိုနတ်ဘုရားမြို့တော်မှ နတ်ဘုရားမျိုးနွယ် သက်ရှိတိုင်းသည် တားဆီး၍မရနိုင်သော ဖိအားတစ်ရပ်ကို ခံစားနေရ၏။

“မြင့်မြတ်ပုရောဟိတ်”

နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“မြို့တော်ထဲကနေထွက်ပြီး တိုက်ခိုက်ကြရအောင်... အလင်းမြင်းစီးစစ်တပ်က အဲ့ဒီသူတွေကို သေချာပေါက်သတ်ဖြတ်နိုင်မှာပါ”

“မရဘူး... အခုချိန်မှာ ငါတို့ရဲ့ခွန်အားကို ခွဲထုတ်တာက သေချင်နေတာနဲ့အတူတူပဲ”

မြင့်မြတ်ပုရောဟိတ်က သူ၏ခေါင်းကိုခါပြလိုက်၏။

“အားလုံးပဲ... ငါ့အမိန့်ကိုနာခံကြ.. ဗဟိုမြို့တော်မှာစုစည်းပြီး နောက်ဆုံးတိုက်ပွဲအတွက် စောင့်ဆိုင်းရမယ်”

ခဏမျှရပ်တန့်ပြီးနောက် သူကထပ်မေးလိုက်၏။

“ဘုရားကျောင်းကို တစ်ယောက်ယောက်သတင်းပို့ပြီးပြီလား”

“သူတို့ကိုကျွန်မသတင်းပို့ပြီးပြီ... သူတို့မကြာခင်ရောက်လာပါလိမ့်မယ်”

မြင့်မြတ်ပုရောဟိတ်၏ နောက်ဘက်တွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်လေးတစ်ဦးရှိနေ၏။ သူမက အသက်မကြီးသေးဘဲ ၁၃ နှစ်ဝန်းကျင်သာရှိပြီး ညင်သာစွာပြောလိုက်၏။

“ကောင်းပြီလေ”

မြင့်မြတ်ပုရောဟိတ်က အနည်းငယ် စိတ်သက်သာရာ ရသွား၏။

“နတ်ဘုရားဧကရာဇ်က ငါ့ရဲ့ခန္ဓာကိုယ်ကို တည်ဆောက်ပြီးတာနဲ့ သူရယ်... ငါရယ်... ဘုရားကျောင်းက စီးနင်းသူရယ် အတူတကွပေါင်းစည်းပြီး ထျန်ဟွမ်ကုန်းမြေတိုက်က အဲ့ဒီပညာရှင်ကိုတိုက်ခိုက်ဖို့အတွက် မြို့တော်ရဲ့ခွန်အားကိုစုစည်းရမယ်”

“ဖိုဖိုးမြင့်မြတ်ပုရောဟိတ်... ထျန်ဟွမ်ကုန်းမြေတိုက်က အဲ့ဒီပညာရှင်က မမနန်းကြည်ပြောခဲ့တဲ့ သိုင်းဧကရာဇ်ဖြစ်မယ်လို့ ရှင်ထင်လား”

မိန်းကလေးက ရုတ်တရက်ပြောလိုက်၏။

“သိုင်းဧကရာဇ်..”

မြင့်မြတ်ပုရောဟိတ်၏ အမူအရာက မျောလွင့်သွားပြီး နန်းကြည်မတက်လှမ်းခင် သူ့ကိုသူမပြောခဲ့သည့်စကားလုံးများက သူ၏ စိတ်ထဲသို့ တဖျတ်ဖျတ်ဝင်ရောက်လာ၏။

သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ နောက်တစ်ဖန်ဘယ်တော့မှမကျူးကျော်ရပေ။

ထိုနေရာမှာ နတ်ဘုရားကုန်းမြေတိုက်က မဆန့်ကျင်နိုင်သည့် ပညာရှင်တစ်ဦးရှိနေ၏။

တကယ်တော့... နန်းကြည်သည် ထျန်ဟွမ်ကုန်းမြေတိုက်ကနေ ပြန်လည်ရောက်ရှိလာပြီး နောက်ဆုံးဧကရီဘွဲ့ကို ခံယူနိုင်ခဲ့သည်မှာ သူမ၏ ပါရမီအရည်အချင်းအပြင် မြင့်မြတ်ပုရောဟိတ်၏ တွန်းတင်ပေးမှုကြောင့်လည်းဖြစ်၏။

သူ၏ မဟာဂမ္ဘီရနည်းစနစ်အရ နတ်ဘုရားမျိုးနွယ်အတွက် ကပ်ဘေးတစ်ခုကျရောက်လာမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့၏။

ထိုကပ်ဘေးကိုတားဆီးဖို့အတွက် တစ်ခုတည်းသောအဖြေမှာ နန်းကြည်ဖြစ်နေ၏။

ထို့ကြောင့် သူ၏ အကူအညီနှင့်အတူ နန်းကြည်သည် လူတိုင်း၏ ကန့်ကွက်မှုကို ဆန့်ကျင်ကာ နတ်ဘုရားဧကရီဖြစ်လာခဲ့၏။

နန်းကြည်သည် သူမ၏ အပြစ်များကို ပြေရာပြေကြောင်း ဖြစ်ဖို့အတွက် ထျန်ဟွမ်ကုန်းမြေတိုက်နှင့် ပူးပေါင်းခဲ့သည်ကို မြင့်မြတ်ပုရောဟိတ်က မတားဆီးခဲ့ပေ။

နောက်ပိုင်းမှာ ထျန်ဟွမ်ကုန်းမြေတိုက်မှ ရောက်ရှိလာသောသတင်းသည် မဟာဂမ္ဘီရနည်းစနစ်နှင့် သူ၏အကဲဖြတ်မှုက တိကျမှန်ကန်ကြောင်းကို အတည်ပြုပေးနိုင်ခဲ့၏။

ထျန်ဟွမ်ကုန်းမြေတိုက်ဘက်မှာ အမျိုးသမီးတစ်ဦးပေါ်ထွက်လာခဲ့ပြီး အထက်ဘုံမှပညာရှင်များကို ဆက်တိုက်သတ်ဖြတ်ခဲ့လေသည်။ နောက်ဆုံးမှာ သူမသည် ကောင်းကင်နှင့်မြေကြီး၏ နိယာမများကိုပင် ပြီးပြည့်စုံအောင်ပြင်ဆင်ပေးပြီး အထက်ဘုံသို့ ပြန်တက်သွားခဲ့၏။

ထိုအမျိုးသမီးပေါ်ထွက်လာစဥ်က နတ်ဘုရားကုန်းမြေတိုက်၏ ရှေးအကျဆုံးနှင့် အလျှို့ဝှက်ဆုံးနိယာမရှိသော နတ်ဘုရားမျိုးနွယ်သက်ရှိများပင်လျှင် လိပ်ပြာလွင့်မတတ် ကြောက်လန့်နေကြပြီး အသက်ပင်ရဲရဲမရှုရဲခဲ့ကြပေ။

“သူက... သိုင်းဧကရာဇ်ဖြစ်နိုင်မလား”

မိန်းကလေးသည် သူမ၏စိတ်ထဲမှာ တစ်စုံတစ်ရာရှိနေသည့်အလား ထပ်မံ၍မေးလိုက်၏။

မြင့်မြတ်ပုရောဟိတ်သည် သူ၏ ငေးငိုင်နေရာကနေ တဖြည်းဖြည်းနိုးထလာခဲ့၏။ သူက မိန်းကလေး၏မေးခွန်းကို ကြားသောအခါ သူ၏ခေါင်းကိုခါပြလိုက်၏။

“အဲ့ဒါတော့... ငါလည်းမပြောတတ်ဘူး”

ထျန်ဟွမ်ကုန်းမြေတိုက်၏ လက်ရှိပညာရှင်က မည်သူဖြစ်သည်ကို သူမသိပေ။

သို့သော်လည်း သူကအချက်တစ်ချက်ကိုသိရှိထား၏။

သူ၏ မဟာဂမ္ဘီရနည်းစနစ်သည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ဤကဲ့သို့ကြောက်စရာကောင်းသော ပညာရှင်တစ်ဦးရှိနေသည်ကို သတိမထားမိခဲ့သလို ယနေ့အဖြစ်အပျက်များကိုလည်း ကြိုတင်မတွက်ချက်နိုင်ခဲ့ပေ။

နှစ်ပေါင်းမရေမတွက်နိုင်အောင် လက်ဆင့်ကမ်းလာခဲ့သည့် နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်အတတ်သည် ဤသူ့အပေါ်မှာ သုံးစားမရဖြစ်နေ၏။

All Chapters