ကံကြမ္မာစက်ကွင်းများပေါ်ထွက်လာခြင်း
Vol. 138 Ch. 2067
နတ်ဘုရားအချုပ်အနှောင်..။
နတ်ဘုရားမျိုးနွယ်၏ မြင့်မြတ်ပုရောဟိတ်က တစ်စုံတစ်ရာကိုရွတ်ဆိုနေစဥ် မိုးသောက်တောင်ဝှေးကိုဝေ့ယမ်းပြီး နတ်ဘုရားဆန်ဆန် အလင်းများနှင့်အတူ တောက်ပလာခဲ့၏။
ရုတ်တရက် ရွှေရောက်ကြိုးများက ဆူဇီမို၏ ခန္ဓာကိုယ်ပတ်လည်မှာ ပေါ်ထွက်လာပြီး သူ့ကိုရှောင်တိမ်းချိန် မပေးပေ။
မြင့်မြတ်ပုရောဟိတ်သည် ဆူဇီမိုနှင့် အဝေးဆုံးမှာရှိနေပြီး မြို့ရိုးထက်ကနေ သူ၏ လျှို့ဝှက်အတတ်ကို ထိန်းချုပ်နေသော်လည်း သူ၏ တိုက်ခိုက်မှုက ချက်ချင်းပင်ဆင်းသက်လာခဲ့၏။
တလက်လက်တောက်ပနေသော ရွှေရောင်ကြိုးများက ဆူဇီမို၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ချင်သည့်အလား အဆက်မပြတ်တင်းကျပ်လာ၏။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ ကြိုးများ၏ ရွှေရောင်အလင်းနှင့်ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုဖြင့် ဖိနှိမ်ခံထားရသည့်အလား သူ၏ မျိုးဆက်သွေးကိုပင် အသက်မသွင်းနိုင်တော့ပေ။
နတ်ဘုရားအချုပ်အနှောင်သည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကိုသာမက သူ၏ မျိုးဆက်သွေးနှင့် အမြုတေစိတ်ဝိညာဥ်ကိုပါ ချုပ်နှောင်နိုင်လေသည်။
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ မျက်လုံးများက စိတ်ခံစားချက် ကင်းမဲ့နေ၏။
ရုတ်တရက်ဆိုသလို...။
ဆူဇီမို၏ နောက်ဘက်မှာ ခရမ်းရောင် ရောင်လျှံစက်ဝန်းတစ်ခုပေါ်ထွက်လာခဲ့၏။
သူသည် အချုပ်အနှောင်ကနေ လွတ်မြောက်လာပြီး လျှို့ဝှက်နက်နဲသော နယ်ပယ်တစ်ခု၏ တံခါးကို ဖွင့်လှစ်လိုက်သည့်အလား သူ၏ ခန္ဓာကိုယ်ကနေ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။
သူ၏ သွေးချီကလည်း တလိပ်လိပ်ထိုးတက်လာ၏။
ကံကြမ္မာစက်ကွင်းတစ်ကွင်းက ပေါ်ထွက်လာ၏။
ဖန်း... ဖန်း... ဖန်း....
သူ့ကိုတုပ်နှောင်ထားသည့် ရွှေရောင်ကြိုးများက ခရမ်းရောင်အလင်းကြောင့်ချက်ချင်းပင် ပြတ်တောက်သွားပြီး ဘာမှမကျန်အောင် ပျက်ပြယ်သွားလေသည်။
ထိုစဥ်မှာပင် မြင့်မြတ်ပုရောဟိတ်၏ ဒုတိယမြောက်လျှို့ဝှက်အတတ်က ဆင်းသက်လာခဲ့၏။
“နတ်ဘုရားတရားစီရင်ခြင်း”
ရုတ်တရက် ဧရာမရွှေရောင်ဓားတစ်လက်က ဆူဇီမို၏ ဦးခေါင်းထက်မှာ ပေါ်ထွက်လာပြီး သူ၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်၏။
ဇီ...
ဆူဇီမို၏ နောက်ဘက်မှာ ဒုတိယမြောက် စက်ကွင်းက ပေါ်ထွက်လာခဲ့၏။
ဘုန်း...
ရွှေရောင်ဓားက ကျယ်လောင်သောမြည်သံနှင့်အတူ ခရမ်းရောင်ရောင်လျှံစက်ကွင်းနှင့်အတူ ထိတွေ့မိသွား၏။
ရွှေရောင်ဓားက ပျက်ပြယ်သွားလေသည်။
ဆူဇီမိုက တုတ်တုတ်မျှလှုပ်မသွားပေ။
“နတ်ဘုရားအပြစ်ဒဏ်”
မြင့်မြတ်ပုရောဟိတ်၏ တတိယမြောက်လျှို့ဝှက်အတတ်က ဖြစ်ပေါ်မလာခင်မှာပင် ဆူဇီမို၏ နောက်လက်မှာ နောက်ထပ်ခရမ်းရောင်ရောင်လျှံစက်ကွင်းတစ်ခုပေါ်ထွက်လာ၏။
တတိယမြောက်ကံကြမ္မာစက်ကွင်းက ဆင်းသက်လာခဲ့လေသည်။
သူတို့သည် မိုင်ပေါင်းထောင်ချီ ကွာဝေးသော်လည်း မြင့်မြတ်ပုရောဟိတ်သည် တဆတ်ဆတ်တုန်ယင်၍ သူ၏ ခန္ဓာကိုယ်က ယိမ်းထိုးလာရဆဲဖြစ်၏။
သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများကစီးကျလာပြီး သူ၏ လမ်းဆုံးသို့ ရောက်ရှိသွားသည့်အလား သူက ပိုမိုအိုစာသည့်ပုံပေါ်လာ၏။
သူသည် နတ်ဘုရားမျိုးနွယ်၏ လျှို့ဝှက်အတတ်သုံးခုကို ထိန်ချန်ခြင်းမရှိဘဲ ထုတ်ဖော်ခြင်းဖြင့် သူ့မှာရှိသမျှ အကုန်ကို ထုတ်ဖော်ခဲ့ပြီးလေပြီ။
ထိုသို့ဆိုလျှင်တောင် သူ၏ လျှို့ဝှက်အတတ်သုံးခုက တစ်ခုပြီးတစ်ခုချေဖျက်ခံလိုက်ရ၏။
နောက်ဆုံးလျှို့ဝှက်အတတ်က ဖြစ်ပေါ်မလာနိုင်ခင်မှာပင် အဲ့ဒါသည် သိုင်းတာအိုပင်မခန္ဓာ၏ ကံကြမ္မာစက်ကွင်းဖြင့် ဖျက်ဆီးခံလိုက်ရ၏။
မြင့်မြတ်ပုရောဟိတ်၏ အမြုတေစိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်က သန်မာသော တန်ပြန်ရိုက်ခတ်မှုတစ်ခုကို ခံစားလိုက်ရ၏။
ဤတိုက်ပွဲမှာ နတ်ဘုရားမျိုးနွယ်၏ ရလဒ်က မည်သို့ပင်ရှိလာသည်ဖြစ်စေ သူကဆက်လက်၍ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။
“အဲ့ဒါက အတိအကျ ဘာပါလိမ့်....။”
မြင့်မြတ်ပုရောဟိတ်၏ မျက်လုံးထဲမှာ ခရမ်းရောင်ရောင်လျှံစက်ကွင်းသုံးခု၏ အလင်းရောင်အောက်မှာ ဆူဇီမိုသည် လောက၏ တစ်ဦးတည်းသော အစစ်အမှန်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်လာပြီး လောကနှင့် သက်ရှိများအားလုံးကို အထင်အမြင်သေးနေ၏။
နတ်ဘုရားမျိုးနွယ်လို မြင့်မြတ်သော မျိုးနွယ်စုတစ်စုပင်လျှင် ဦးညွှတ်ရလေသည်။
သိုင်းတာအိုပင်မခန္ဓာသည် ကံကြမ္မာစက်ကွင်းနယ်ပယ်၏ ဆဋ္ဌမမြောက်အဆင့်ကို ကျင့်ကြံထားခဲ့သော်လည်း သူသည် ကောင်းကင်နှင့်မြေကြီး နိယာမများ၏ တန်ပြန်ရိုက်ခတ်မှုကို စိုးရိမ်နေပြီး အဲ့ဒါကို သူ၏အစွမ်းကုန်ဖြင့် ထုတ်ဖော်နိုင်ခြင်းမရှိပေ။
ကံကြမ္မာစက်ကွင်းသုံးခုကတော့... သူတို့သည် အောက်ဘုံလောကများ၏ အထွတ်အထိပ်စွမ်းအားဖြစ်နေလေသည်။
သိုင်းတာအိုပင်မခန္ဓာက တာအိုအရှင်သွေးမိစ္ဆာနှင့် တိုက်ခိုက်ခဲ့စဥ်က သူသည် ကံကြမ္မာစက်ကွင်း သုံးခုကိုထုတ်ဖော်ပြီး တိုက်ခိုက်ခဲ့၏။
ထျန်ဟွမ်ကုန်းမြေတိုက်မှာ ဆူဇီမိုသည် ထိုးချက်တစ်ချက်နှင့် နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ခဲ့သော်လည်း သူသည်တကယ်ပင် ထိန်ချန်ထားခဲ့ပြီး သူ၏ ကံကြမ္မာစက်ကွင်းများ၏ စွမ်းအားကို အသုံးမပြုခဲ့ပေ။ ကံကြမ္မာစက်ကွင်းများက ဘဝ၏ စက်ကွင်းများဖြစ်၏။
ကံကြမ္မာစက်ကွင်း သုံးခုက သာမန်ပုံစံသာဖြစ်သော်လည်း သူတို့မှာ သိုင်းတာအိုပင်မခန္ဓာ၏ တာအိုနှင့် ဓမ္မပညာရပ်များအားလုံးပါဝင်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကံကြမ္မာစက်ကွင်းများကို ထုတ်လွှတ်သည့်အခါမှသာ သူ့ခွန်အား၏ အထွတ်အထိပ်ကို အမှန်တကယ်ရောက်ရှိပေလိမ့်မည်။
ကံကြမ္မာစက်ကွင်း သုံးခုဆင်းသက်လာခြင်းနှင့်အတူ ဆူဇီမို၏ ခွန်အားက ဆပွားတိုးလာခဲ့၏။
မြင့်မြတ်ပုရောဟိတ်၏ လျှို့ဝှက်အတတ်သုံးခုက ဆင်းသက်လာခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ ကံကြမ္မာစက်ကွင်း သုံးခုက သူတို့ကိုချေဖျက်ပစ်လိုက်၏။ အဲ့ဒါက နှေးကွေးသည်ဟု ထင်ရသော်လည်း အရာရာတိုင်းက တစ်ခဏချင်းမှာပင် ဖြစ်ပွားခဲ့လေသည်။
“မျိုးဆက်သွေးနယ်မြေ”
“နတ်ဘုရားသွေးကျော့ကွင်း”
“ကောင်းကင်ဘုံနတ်ဘုရားဆင်းသက်ခြင်း”
“တရားစီရင်ရိုက်ချက်”
နတ်ဘုရားဧကရာဇ်နှင့် နဂါးစီးသူရဲကောင်းသည် ဆူဇီမို၏ ရှေ့ကနေ ထိန်ချန်ခြင်းမရှိဘဲ ပြေးဝင်လာပြီး သူတို့၏ မျိုးဆက်သွေးနယ်မြေများနှင့် ပင်ကိုနတ်ဘုရားစွမ်းအားများကို ထုတ်ဖော်လိုက်ကြ၏။
“တိုက်”
ဆူဇီမိုက ဟိန်းဟောက်လိုက်ပြီး ကံကြမ္မာစက်ကွင်းသုံးခုကို ယူဆောင်လာခဲ့၏။ နတ်ဘုရားဧကရာဇ်နှင့် နဂါးစီးသူရဲကောင်း၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်ရင်ဆိုင်ရချိန်မှာ သူသည်ရှောင်တိမ်းခြင်းမရှိပေ။
ထိုအစား သူကတန်ပြန်တိုက်ခိုက်ပြီး သူ၏ ခြေဖဝါးအောက်မှာ ဓမ္မတာအိုများကို ယှက်ဖြာသွားစေပြီး လိပ်နှင့်မြွေ အတူတကွထွေးပတ်နေသော ပုံရိပ်တစ်ခုကို ပေါ်ထွက်လာစေ၏။
လိပ်နှင့်မြွေက တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်နေပြီး ကောင်းကင်ထက်သို့ ဟိန်းဟောက်လိုက်၏။
ဘုန်း....
နတ်ဘုရားဧကရာဇ်နှင့် နဂါးစီးသူရဲကောင်း၏ ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများက လိပ်နှင့်မြွေတို့ဖြင့် ထိခတ်မိသောအခါ အရာရာတိုင်းက ဖျက်ဆီးခံလိုက်ရ၏။
နတ်ဘုရားဧကရာဇ်သည် ကြမ္မာဆိုးဓားကို ကိုင်ဆွဲထားပြီး သူ၏ သွေးချီကိုလှည့်ပတ်ကာ ရှေ့သို့ခုတ်ပိုင်းချလိုက်၏။
နဂါးစီးသူရဲကောင်းက သူ၏ လက်နှစ်ဖက်ဖြင့် စီရင်ချက်လှံကို ကိုင်ဆွဲပြီး ထက်ရှသောအမူအရာတစ်ခုဖြင့် ရှေ့သို့ပစ်ထိုးလိုက်လေသည်။
နဂါးစီးသူရဲကောင်း၏ အောက်ဘက်ရှိ ဆိုးယုတ်နဂါးကလည်း မာန်ဖီဟိန်းဟောက်ပြီး နက်မှောင်နေသောမီးတောက်များကို ထွေးထုတ်ကာ ဆူဇီမို၏ ခြေထောက်နှစ်ဖက်ကို ကိုက်ချဖို့ကြိုးစားလိုက်၏။
ဆူဇီမို၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူ့ရှေ့မှာရှိသော နတ်ဘုရားဧကရာဇ်ကို စိုက်ကြည့်လိုက်၏။
သူ၏ သွေးချီကတလိပ်လိပ်ထိုးတက်လာပြိး ရှေ့သို့ ပစ်ထိုးလိုက်၏။
သိုင်းတာအိုပင်မခန္ဓာသည် မည်သည့်လက်နက်ကိုမှ ကိုင်ဆွဲခြင်းမရှိပေ။
သူ၏ လက်သီးနှင့် ခန္ဓာကိုယ်က သူ၏ လက်နက်များဖြစ်၏။
ထိုထိုးချက်က ဖျက်ဆီး၍မရနိုင်ဘဲ အရာရာတိုင်းကို ချေမှုန်းပစ်နိုင်၏။
ထိုထိုးချက်နှင့်အတူ နတ်ဘုရားဧကရာဇ်၏ ဘေးပတ်လည်ရှိလေဟာနယ်က လောင်ကျွမ်းလာပုံရပြိး သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဘုရားသွေးက အထိန်းအကွပ်မဲ့စွာ တလိပ်လိပ်ထိုးတက်ကာ စတင်၍အငွေ့ပျံလာ၏။
ထိုအခိုက်အတန့်မှာ နတ်ဘုရားဧကရာဇ်သည် သူ၏ ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရ၏။
နတ်ဘုရားဧကရာဇ်သည် ဤကဲ့သို့ ကြောက်စရာကောင်းသော ထိုးချက်တစ်ချက်ကို တစ်ခါမှမတွေ့ကြုံဖူးပေ။
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက သူတွေ့ကြုံခဲ့ရသည့် ထိုးချက်ထက်ပင် ထိုထိုးချက်က ပို၍ကြောက်မက်ဖွယ်ရာနှင့် စိတ်ပျက်အားငယ်ဖွယ်ရာကောင်းနေ၏။
အစကတော့... နတ်ဘုရားလက်နက်များ၏ အကူအညီနှင့်အတူ သူက ဆူဇီမိုကို သေချာပေါက် ကိုင်တွယ်နိုင်မည်ဟုတွေးထင်ထား၏။
သို့သော်ယခု... ဤကဲ့သို့ကြောက်စရာကောင်းသော ထိုးချက်နှင့်ရင်ဆိုင်ရချိန်မှာ နတ်ဘုရားဧကရာဇ်သည် သူ့လက်ထဲရှိ ကြမ္မာဆိုးဓားက စက္ကူရွက်တစ်ရွက်ကဲ့သို့ ဖြစ်လာသည်ဟု အမှန်တကယ်ပင် မြင်ယောင်မိလာ၏။
နတ်ဘုရားဧကရာဇ်သည် မာန်သွင်းအော်ဟစ်၍ သူ၏ အစွမ်းကုန်ဖြင့် ပြန်လည်တိုက်ခိုက်ချင်နေ၏။
သို့သော်လည်း သူ၏ ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှာပင် အသံတစ်ချက်မှထွက်မလာနိုင်သည်ကို နားလည်သဘောပေါက်သွား၏။
ဆူဇီမို၏ ထိုးချက်က အရာရာတိုင်းကို လောင်ကျွမ်းပြာချပစ်နိုင်သည့်အလား မီးကဲ့သို့ ကြမ်းကြုတ်ခက်ထန်နေ၏။ နတ်ဘုရားဧကရာဇ်က သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည့်အချိန်မှာပင် သူ၏လည်ချောင်းကနေ မီးများလျှံထွက်လာနိုင်သည်ဟုထင်ရ၏။
နတ်ဘုရားဧကရာဇ်သည် သူ၏ လျှာကို ညင်သာစွာကိုက်ပြီး ကြမ္မာဆိုးဓားပေါ်သို့ ရွှေရောင်အမြုတေသွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။
ရှဲ...
အနက်ရောင်မိစ္ဆာချီများက ဓားပေါ်ကနေတလိပ်လိပ်ထိုးတက်လာ၏။
နတ်ဘုရားဧကရာဇ်သည် ကြမ္မာဆိုးဓားကို ကိုင်မြှောက်ပြီး ဆူဇီမို၏လက်သီးကို ရက်ရက်စက်စက်ခုတ်ပိုင်းချလိုက်၏။
ဘုန်း...
လက်သီးနှင့်ဓားက ထိတွေ့ရိုက်ခတ်သွား၏။
နတ်ဘုရားဧကရာဇ်က ဆတ်ခနဲတုန်ယင်သွားလေသည်။
သူ၏ ဓားသည် အသွေးအသားမဟုတ်ဘဲ သံမဏိကိုထိခတ်သွားသည့်အလား ခံစားလိုက်ရ၏။
ဖျောက်... ဖျောက်... ဖျောက်...
ထို့နောက်ချက်ချင်းပင် ကြမ္မာဆိုးဓားကနေ အက်ကွဲသံများပေါ်ထွက်လာ၏။
နတ်ဘုရားဧကရာဇ်သည် တဖြည်းဖြည်းဖြန့်ကြက်လာသော ဓားပေါ်မှအက်ကွဲကြောင်းများကိုကြည့်ပြီး သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွား၏။
နတ်ဘုရားကုန်းမြေတိုက်၏ နတ်ဘုရားတရားစီရင်ခြင်း လက်နက်လေးခုထဲမှ တစ်ခုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ ထာဝရသိုင်းဧကရာဇ်၏ ထိုးချက်တစ်ချက်ဖြင့် ပျက်စီးသွားပြီဖြစ်၏။ ရုတ်တရက်ဆိုသလို နတ်ဘုရားဧကရာဇ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။
ကြမ္မာဆိုးဓားက ကြေမွသွားပြီး ကြမ်းကြုတ်ခက်ထန်၍ ချစ်ချစ်တောက်ပူလောင်သော စွမ်းအားတစ်ခုက တလိပ်လိပ်တိုးဝင်လာကာ သူ့ကိုလွှမ်းခြုံလုနီးပါးဖြစ်လာခဲ့၏။
နတ်ဘုရားဧကရာဇ်က အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည့် ကြမ္မာဆိုးဓားကို ခပ်မြန်မြန်လွှတ်ချပြီး နောက်သို့ဆုတ်လိုက်၏။
ထိုသို့ဆိုလျှင်တောင် သူက ခြေလှမ်းဝက်နောက်ကျသွားဆဲဖြစ်၏။
ဘန်း...
နတ်ဘုရားဧကရာဇ်၏ ခန္ဓာကိုယ်က ထိုစွမ်းအား၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိဘဲ ပေါက်ကွဲထွက်သွား၏။
ထို့နောက်ချက်ချင်းပင် နို့နှစ်ဖြူရောင် အရောင်အဝါတစ်ခုက နတ်ဘုရားသရဖူ၏ ကျောက်မျက်ရတနာများကနေ ဖြာထွက်လာခဲ့၏။ အဲ့ဒါက နတ်ဘုရားဆန်နေပြီး သူ၏ ယိုယွင်းပျက်စီးနေသောခန္ဓာကိုယ်ကို ထွေးပတ်ကာ အလျင်အမြန်ပြန်လည်တည်ဆောက်ပေးနေ၏။
နတ်ဘုရားဧကရာဇ်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။
ကြမ္မာဆိုးဓားက နတ်ဘုရားဧကရာဇ်၏ စွမ်းအားအများစုကို တောင့်ခံပေးခဲ့ခြင်းမရှိပါက နတ်ဘုရားသရဖူပင်လျှင် ထိုထိုးချက်ကနေ သူ့ကိုကာကွယ်ပေးချင်မှ ကာကွယ်ပေးနိုင်ပေလိမ့်မည်။