← Chapters

ကောင်းကင်နှင့်မြေကြီးမီးဖို

Vol. 138 Ch. 2069

ကောင်းကင်နှင့်မြေကြီးမီးဖို

Vol. 138 Ch. 2069

ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးသက်ရှိများက ထိုသည်ကိုတွေ့မြင်သောအခါ ထိတ်လန့်တကြား ဖြစ်သွားကြ၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဤမျှများပြားလှသော နတ်ဘုရားမျိုးနွယ်သက်ရှိများက ဆူဇီမိုထံသို့ ပြေးဝင်လာကြပြီဖြစ်ကာ အခြေအနေကိုသတ်မှတ်ပြီးသား ဖြစ်သွားလေပြီ။

မည်သူမဆို နောက်ဆုတ်ချင်သည်ဆိုလျှင်တောင်မှ မရနိုင်တော့ပေ။

ရွှေရောင်ဒီရေလှိုင်းတစ်ခုက တလိပ်လိပ်ထိုးတက်လာပြီး အရာရာတိုင်းကို ဆွဲယူနှစ်မြှုပ်တော့မည့်အလား မြေပြင်ကလှုပ်ခါလာခဲ့၏။

“မင်းတို့က ငါ့ကိုစိန်ခေါ်ချင်တာလား”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က တောက်လောင်လာပြီး သူ၏ မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲမှာ ဆူနာမီတစ်ခုက တလိပ်လိပ်ထိုးတက်လာသည့်အလား သူ၏ သွေးချီကို ၎င်း၏ အကန့်အသတ်အထိ လှည့်ပတ်ပြီး သူက လူတိုင်း၏ရှေ့ကနေ ပျောက်ကွယ်သွား၏။

“သူဘယ်ကိုရောက်သွားတာလဲ”

“တည်နေရာရွှေ့ပြောင်းနည်းစနစ်လား”

ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးသက်ရှိများက ရှေ့သို့ပြေးဝင်လာကြပြီး လူတိုင်း၏ စိတ်ထဲသို့ မေးခွန်းများစွာက ဝင်ရောက်လာ၏။

ရုတ်တရက်ဆိုသလို... ။

နတ်ဘုရားမျိုးနွယ် သက်ရှိများ၏ အမူအရာများက ပြောင်းလဲသွားပြီး အလိုလိုမော့ကြည့်လိုက်ကြ၏။

လောကမှာ ရာသီဥတုကပြောင်းလဲသွားပြီး ကောင်းကင်ကလည်း ရုတ်တရက်အရောင်ပြောင်းလဲသွား၏။

သူတို့သည် ဆည်းဆာအလင်းရောင်ခြည်ဖြင့် လွှမ်းခြုံခံလိုက်ရသည့်အလား ဘေးပတ်ဝန်းကျင်က မနှိုင်းယှဥ်သာအောင် နီရဲလာခဲ့၏။

သိပ်မကြာခင် ကောင်းကင်၏ အခြားတစ်ဘက်ရှိအရောင်က အပြာရောင်ဖြစ်လာခဲ့၏။

“ဘာတွေဖြစ်နေတာလဲ”

“အဲ့ဒါက ဘာနတ်ဘုရားစွမ်းအား... ဘာလျှို့ဝှက်အတတ်လဲ”

နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ကြောင်တိကြောင်တောင်အမူအရာများနှင့်အတူ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေကြ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိအချို့သည် သူတို့၏ အမြုတေစိတ်ဝိညာဥ်များကိုပင် လှည့်ပတ်ပြီး နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ကာ ထူးဆန်းသော မိုးကောင်းကင်ကင်ကို ထိခတ်စေလိုက်၏။

သို့သော်လည်း ထိုနတ်ဘုရားစွမ်းအားများက မည်သည့်ဝဲဂယက်မှမထွက်ဘဲ လေဟာနယ်ထဲမှာ ပျောက်ကွယ်သွား၏။

“အရမ်းပူတာပဲ... ဘာတွေဖြစ်နေတာလဲ”

နတ်ဘုရားမျိုးနွယ်သက်ရှိတချို့က တစ်စုံတစ်ရာထူးခြားနေသည်ကို စတင်သတိထားမိလာကြပြီဖြစ်၏။

လောကရှိအပူချိန်က လျင်မြန်စွာမြင့်တက်လာနေ၏။

ရုတ်တရက်ဆိုသလို... ။

မိုးကောင်းကင်ထက်ကနေ မီးတောက်များက ပစ်လွင့်ထွက်ပေါ်လာ၏။

နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက မော့ကြည့်ပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။

အလွန်ကြီးမားသော မီးလုံးများက ကောင်းကင်ထက်ကနေ စတင်ဆင်းသက်လာပြီး လူအုပ်ကြီးထဲသို့ ပစ်ဝင်ကာ လောကတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

မီးလုံးများက အကန့်အသတ်မဲ့သော ဗဟိုနတ်ဘုရားမြို့တော်ကိုပါ လွှမ်းခြုံသွား၏။

ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ် သက်ရှိများက အလွန်တရာ သိပ်သည်းများပြားနေ၏။

ဧရာမမီးလုံးတစ်လုံးက နတ်ဘုရားမျိုးနွယ်သက်ရှိတချို့ကို အလွယ်တကူလွှမ်းခြုံသွားနိုင်၏။ အဲ့ဒါက အောက်ဘက်မှာရှိသော နတ်ဘုရားမျိုးနွယ် သက်ရှိများအတွက် ဖွတ်ဖွတ်ညက်ညက်ကြေစေမည့် ကပ်ဘေးတစ်ခုဖြစ်နေခဲ့၏။

ဘုန်း... ဘုန်း....

မီးလုံးတစ်လုံးက ဆင်းသက်လာပြီး မြို့ရိုးပေါ်ကို ပစ်ဆောင့်ကျသွား၏။ ဖျက်ဆီး၍မရနိုင်သော ရွှေရောင်မြို့ရိုးပေါ်မှာ အဘက်ဘက်သို့ဖိတ်စင်သွားသော မီးတောက်များနှင့်အတူ ဧရာမအပေါက်တစ်ပေါက်ဖြစ်လာခဲ့၏။

နတ်ဘုရားမျိုးနွယ် သက်ရှိတချို့သည် အချိန်မီမရှောင်တိမ်းနိုင်ဘဲ မီးတောက်များဖြင့် ကပ်ငြိခံလိုက်ရ၏။

တစ်ခဏချင်းမှာ သူတို့ကလောင်ကျွမ်းခံလိုက်ရပြီး မကြာခင်မှာပင် ပြာကျသွား၏။

နတ်ဘုရားမျိုးနွယ် စစ်တပ်က ဝရုန်းသုန်းကားဖြစ်လာခဲ့၏။

ရှေးဟောင်းနတ်ဘုရားမြို့တော်ကလည်း မီးတောက်ပင်လယ်ထဲမှာ ကျဆင်းသွားခဲ့လေပြီ။

“ဖိုးဖိုးမြင့်မြတ်ပုရောဟိတ်... ကျွန်မက သိုင်းဧကရာဇ်ကို အသနားခံပေးဖို့ တောင်းပန်သင့်လား”

မိန်းကလေးငယ်က သူမရှေ့မှာရှိသောအရာရာတိုင်းကြည့်ပြီး အော်ပြောလိုက်၏။

မြင့်မြတ်ပုရောဟိတ်က စိတ်ထဲမှာ ရှုပ်ထွေးနောက်ကျိနေပြီး သူ၏ အမူအရာကသုန်မှုန်နေ၏။ သို့သော်လည်း သူ၏ မှုန်ရီနေသော မျက်လုံးများထဲမှာ နောက်ဆုတ်မည့် မည်သည့်လက္ခဏာမှမရှိပေ။

သူက သူ့လက်ထဲရှိမိုးသောက်တောင်ဝှေးကို ပြင်းထန်စွာဆောင့်ချပြီး အော်ပြောလိုက်၏။

“အားလုံးပဲ... မကြောက်ကြနဲ့ နတ်ဘုရားမျိုးနွယ်ကို နတ်ဘုရားတွေက ကာကွယ်ပေးထားတယ်... ငါတို့မှာ အရေအတွက်အားသာချက်လည်းရှိတယ်... လူတိုင်းက ပူးပေါင်းလိုက်တာနဲ့ ငါတို့က သိုင်းဧကရာဇ်ရဲ့ အဲ့ဒီထူးခြားတဲ့နယ်မြေဖြစ်စဥ်ကို ဖြေရှင်းနိုင်လိမ့်မယ်”

“အလင်းမြင်းစီးစစ်သည်တွေ... အလယ်ဗဟိုမှာ ငါနဲ့အတူစုစည်းကြ”

နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်တစ်ပါးကလည်း နတ်ဘုရားမျိုးနွယ်စစ်တပ်ကို သူ၏ အစွမ်းကုန်ဖြင့် ထိန်းချုပ်ပေးနေ၏။

မြင့်မြတ်ပုရောဟိတ်နှင့် နတ်ဘုရားမျိုးနွယ်၏မှ ဧကရာဇ်အချို့၏ ထိန်းချုပ်မှုအောက်မှာ နတ်ဘုရားမျိုးနွယ်သက်ရှိများစွာသည် တဖြည်းဖြည်း သူတို့၏ ရင်ထဲရှိအကြောက်တရားကို ဖိနှိမ်ပြီးတည်ငြိမ်လာကာ အလယ်ဗဟိုမှာစုစည်းဖို့အတွက် အတတ်နိုင်ဆုံးကြိုးစားလိုက်ကြ၏။

ရုတ်တရက်ဆိုသလို...။

ကောင်းကင်ထက်ရှိ အရောင်ကပြောင်းလဲသွား၏။

ဧရာမမီးလုံးများအပြင် အပြာ​ဖျောဖျော့ မီးမိုးတစ်ခုကလည်း ကျဆင်းလာခဲ့၏။

မီးတောက်များမှာ မည်သည့်အပူချိန်မှ သို့မဟုတ် ကမ္ဘာတုန်လောက်ဖွယ်ရာ မည်သည့်အော်ရာမှမရှိသည့်ပုံပင်။

သို့သော်လည်း အဲ့ဒါက နတ်ဘုရားမျိုးနွယ် ကျင့်ကြံသူတစ်ယောက်ပေါ်သို့ဆင်းသက်လာလျှင် သူသည် သူ၏ ဝိညာဥ်ပျက်ပြယ်သွားခြင်းနှင့်အတူ လောင်ကျွမ်းပြာကျသွားပေလိမ့်မည်။

ယခုတင် တည်ငြိမ်လာခါစဖြစ်သော ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် အပြာရောင်မီးမိုးဆင်းသက်လာသောအခါ သူတို့က ဖိရိုဖရဲဖြင့် နောက်တစ်ဖန်လဲပြိုကျသွား၏။

မြင့်မြတ်ပုရောဟိတ်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏နောက်ဆုံး လက်ကျန်ခွန်အားကို စုစည်းကာအော်ပြောလိုက်၏။

“အားလုံးပဲ... ငါ့အမိန့်ကိုနာခံပြီး မင်းတို့ရဲ့နတ်ဘုရားစွမ်းအားတွေကို ငါနဲ့အတူထုတ်ဖော်ကြ... မင်းတို့ရဲ့မျိုးဆက်သွေးနယ်မြေတွေကိုအသုံးချပြီး ငါတို့ရဲ့အထက်က မိုးကောင်းကင်ကို တိုက်ခိုက်ရမယ်”

မြင့်မြတ်ပုရောဟိတ်၏ အသံက ခြောက်သွေ့အက်ကွဲနေပြီး သူ၏ အသံက သူ့ဘဝ၏ နောက်ဆုံးအော်သံနှင့်တူနေ၏။

ထိုအော်သံက နတ်ဘုရားမျိုးနွယ်သက်ရှိများကို နောက်တစ်ဖန်တုန်လှုပ်သွားစေ၏။

“ငါက ငါ့အစွမ်းကုန်ကို ထုတ်ဖော်မယ်”

“ငါက... မီးတောက်တွေနဲ့ လောင်ကျွမ်းခံရမယ်ဆိုရင်တောင် ငါကအဲ့ဒီမိုးကောင်းကင်မှာ အပေါက်တစ်ပေါက်ရအောင်ဖောက်နိုင်ရမယ်”

နတ်ဘုရားမျိုးနွယ်သက်ရှိများက ဆက်လက်၍ထွက်မပြေးကြတော့ပေ။

သူတို့၏ မျိုးဆက်သွေးများကို စုစည်းပြီး သူတို့၏ ပင်ကိုနတ်ဘုရားစွမ်းအားများကို လှည့်ပတ်လိုက်ကြ၏။ ဓမ္မရတနာများကိုကိုင်ဆွဲပြီး သူတို့၏ ခွန်အားကို စုစည်းကာ မိုးကောင်းကင်ကိုထိုးဖောက်ဖို့ အတူပူးပေါင်းရန် ပြင်ဆင်လိုက်ကြ၏။

ရုတ်တရက်ဆိုသလို... ။

နတ်ဘုရားမျိုးနွယ် ဧကရာဇ်တစ်ပါး၏ ခန္ဓာကိုယ်ပေါ်မှာ မီးတောက်လုံးတစ်လုံးက လောင်ကျွမ်းလာပြီး သိပ်မကြာခင် ဆိုင်းမဆင့်ဗုံမဆင့် သူ့ကိုလွှမ်းခြုံသွား၏။

ထိုအနီရောင်မီးတောက်သည် ကောင်းကင်ထက်ကနေလာခြင်းမဟုတ်ဘဲ နတ်ဘုရားမျိုးနွယ်သက်ရှိ၏ ခန္ဓာကိုယ်ကနေလာခြင်းဖြစ်သည်ကို နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ရှင်းလင်းစွာတွေ့မြင်လိုက်ရ၏။

“အား...”

နတ်ဘုရားမျိုးနွယ် သက်ရှိက စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်က အဆက်မပြတ်တွန့်လိမ်သွား၏။ သူ၏ နတ်ဘုရားသွေးက တလိပ်လိပ်တက်လာသော်လည်း အဲ့ဒါက သူ၏ ခန္ဓာကိုယ်ထဲရှိ မီးတောက်များကို မငြှိမ်းသတ်နိုင်ပေ။

သူသည် နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ မီးတောက်များက ပို၍ပင်သိပ်သည်းအားကောင်းလာခဲ့၏။

အသက်ရှုချိန်အနည်းငယ်မျှနှင့် နတ်ဘုရားမျိုးနွယ် သက်ရှိက လောင်ကျွမ်းပြာကျသွား၏။

သူရပ်နေခဲ့သောနေရာတွင် နတ်ဆိုးဆန်ဆန် အနီရောင်ကြာပန်းတစ်ပွင့်က ပေါ်ထွက်လာခဲ့၏။

“အဲ့ဒါကဘာတွေလဲ”

အဲ့ဒါကိုတွေ့မြင်လိုက်ရသော နတ်ဘုရားမျိုးနွယ်သက်ရှိများက တုန်လှုပ်သွားကြ၏။

“မင်းရဲ့ခန္ဓာကိုယ်မှာလဲ...”

နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်က ထိတ်လန့်တကြား အမူအရာနှင့်အတူ အခြားသော နတ်ဘုရားမျိုးနွယ်သက်ရှိတစ်ယောက်ကို လက်ညှိုးထိုးပြလိုက်၏။

သူ့ရှေ့မှာရှိသော နတ်ဘုရားမျိုးနွယ် သက်ရှိ၏ ခန္ဓာကိုယ်ကနေ တူညီသောမီးတောက်များက ပစ်လွင့်ထွက်ပေါ်လာ၏။

အသက်သုံးရှိုက်စာမှာပင် ထိုနတ်ဘုရားမျိုးနွယ်သက်ရှိက လောင်ကျွမ်းပြာကျသွားပြီး အနီရောင်ကြာပန်းအမှတ်အသားတစ်ခုသာကျန်ရစ်ခဲ့၏။

တစ်ချိန်တည်းမှာပင် နတ်ဘုရားမျိုးနွယ် သက်ရှိများစွာ၏ ခန္ဓာကိုယ်ထဲမှာ မီးတောက်လုံးများက ထွန်းညှိလာခဲ့၏။

ကံကြမ္မာမီးတောက်များ...။

အကုသိုလ်ကံဖြင့် စွန်းထင်းခံထားရသော မည်သူမဆို ကံကြမ္မာမီးတောက်များဖြင့် လောင်ကျွမ်းခံရပေလိမ့်မည်။

မြင့်မြတ်ပုရောဟိတ်၏ အမိန့်အောက်မှာ ဘီလီယံနှင့်ချီသော နတ်ဘုရားမျိုနွယ်သက်ရှိများက နောက်ဆုံးမှာ သူတို့၏ ရင်ထဲရှိ အကြောက်တရားကို ကျော်လွှားနိုင်ခဲ့ကြ၏။

သို့သော်လည်း သူတို့၏ ခွန်အားကို မပေါင်းစည်းနိုင်ခင်မှာပင် သူတို့သည် အနီရောင်ကြာပန်းကံကြမ္မာမီးမှာ နောက်တစ်ဖန်ရှုံးနိမ့်သွားရ၏။

ဘိုးဘေးအဆင့် နတ်ဘုရားများနှင့် ဧကရာဇ်များအပါအဝင် နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးသည် အဆုံးမဲ့အကြောက်တရားထဲမှာ လဲကျသွားပြီး ဆက်လက်၍မတိုက်ခိုက်နိုင်ကြတော့ပေ။

နတ်ဘုရားမျိုးနွယ် သက်ရှိများသည် ခုခံဆန့်ကျင်ဖို့ကို မတွေးနိုင်တော့ဘဲ အဘက်ဘက်သို့ထွက်ပြေးကာ ငရဲဆန်သော ဤမီးတောက်ပင်လယ်ထဲကနေ ထွက်ပြေးလွတ်မြောက်ချင်စိတ်သာရှိကြတော့၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှသက်ရှိများ ခြေကုပ်ယူထားရာနေရာသို့ မည်သည့်မီးတောက်မှ ဆင်းသက်မလာသည်ကို နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ရှာဖွေတွေ့ရှိသွား၏။

နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ထိုနေရာသို့ ပြေးဝင်သွားကြ၏။

ဘုန်း... ဘုန်း... ဘုန်း...

သို့သော်လည်း နတ်ဘုရားမျိုးနွယ် သက်ရှိများစွာက ထျန်ဟွမ်ကုန်းမြေတိုက်မှ လူများရှိရာသို့ မရောက်နိုင်ခင်မှာပင် သူတို့က တစ်စုံတစ်ရာဖြင့် ပိတ်ဆို့တားဆီးခံလိုက်ရ၏။

ထျန်ဟွမ်ကုန်း​မြေတိုက်မှသက်ရှိများနှင့် နတ်ဘုရားမျိုးနွယ်ကြားမှာ လောကနှင့် ချိတ်ဆက်ထားသည့် အနီရောင်ဖျော့​ဖျော့ ကွေးညွှတ်ထားသော သံမဏိနံရံတစ်ခုပေါ်ထွက်လာ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိတချို့သည် အနီရောင်သံနံရံနှင့်ပစ်တိုက်မိပြီး နေရာမှာပင် မီးခိုးများအူထွက်လာ၏။ သူတို့၏ အသားများက လောင်ကျွမ်းခံလိုက်ရပြီး ကွဲထွက်ကုန်လေသည်။ သူတို့၏ အရိုးများက နီရဲလာအောင် မီးမြှိုက်ခံလိုက်ရပြီး နေရာမှာပင် သေဆုံးကုန်ကြ၏။

တစ်ချိန်တည်းမှာပင် အဘက်ဘက်သို့ထွက်ပြေးနေသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည်လည်း တူညီသောအခြေအနေနှင့် ကြုံတွေ့လိုက်ရ၏။

နီရဲနေသောသံနံရံနှင့် ထိခတ်မိသောမည်သူမဆို သေဆုံးရပေလိမ့်မည်။

နတ်ဘုရားမျိုးနွယ် သက်ရှိများအားလုံးသည် ချိပ်ပိတ်ထားသောယာဉ်တစ်ခုထဲမှာ ပိတ်မိသွားပုံရပြီး သူတို့က ရှေ့မတိုးနိုင် နောက်မဆုတ်နိုင်ဘဲ ပြေးစရာနေရာမရှိဖြစ်နေကြ၏။

ပထမဆုံးမီးတောက်သည် နဂါးဖီးနစ်အစစ်အမှန်ခန္ဓာထံကနေ သိုင်းတာအိုပင်မခန္ဓာ ဆက်ခံရရှိထားသော နဂါးဖီးနစ်မီးတောက်ဖြစ်လေသည်။

ဒုတိယမီးတောက်သည် နောက်ပိုင်းမှာ သူနားလည်ဆင်ခြင်နိုင်ခဲ့သည့် ကပ်ဘေးမီးဖြစ်လေသည်။

ကပ်ဘေးမီးတစ်ခုချင်းစီမှာ ကောင်းကင်ဘုံကပ်ဘေး၏ စွမ်းအားပါဝင်ပြီး အောက်ဘုံလောကမှာ နတ်ဘုရားမျိုးနွယ်က အဲ့ဒါကိုလုံးဝမခုခံနိုင်ပေ။

တတိယမီးတောက်က အနီရောင်ကြာပန်းကံကြာမ္မာမီးဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး နတ်ဘုရားမျိုးနွယ်နှင့် ဗဟိုနတ်ဘုရားမြို့တော်ကို စုပ်ယူကာ သန့်စင်နေ၏။

ကောင်းကင်နှင့်မြေကြီးကို မီးဖိုတစ်လုံးအဖြစ်အသုံးချပြီး မီးတောက်သုံးခုကိုစုစည်းကာ အရာရာတိုင်းကို လောင်းကျွမ်းပြာချပစ်နေ၏။

နတ်ဘုရားမျိုးနွယ်သက်ရှိများသည် အတွင်းမှာပိတ်မိနေပြီး အရာရာတိုင်းကို ရှင်းလင်းစွာမတွေ့မြင်ရပေ။

အပြင်ဘက်မှာမတ်တတ်ရပ်နေသော ထျန်ဟွမ်ကုန်း​မြေတိုက်မှလူတိုင်းက တုန်လှုပ်နေကြ၏။ သူတို့၏ မြင်ကွင်းထဲမှာ လောကတွင် ဧရာမမီးဖိုတစ်လုံးက ခပ်ရေးရေးပေါ်ထွက်လာ၏။ အဲ့ဒါက နီရဲနေပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေကာ မားမားမတ်မတ်ရပ်တည်နေ၏။

All Chapters