← Chapters

နတ်ဘုရားကုန်းမြေ

Vol. 138 Ch. 2070

နတ်ဘုရားကုန်းမြေ

Vol. 138 Ch. 2070

မြို့ရိုးပေါ်မှာ မြင့်မြတ်ပုရောဟိတ်၏ ခန္ဓာကိုယ်ကနေ မီးတောက်များက တလိပ်လိပ်တိုးထွက်လာ၏။

“ဖိုးဖိုးမြင့်မြတ်ပုရောဟိတ်”

သူ၏ နောက်ဘက်မှာရှိသော မိန်းကလေးငယ်က အံ့အားတသင့်ခေါ်ဆိုပြီး ရှေ့သို့ပြေးတက်လာချင်၏။

မိန်းကလေးငယ်သည် နတ်ဘုရားမျိုးနွယ်မှဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်မှာ အကုသိုလ်ကံများစွာမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် ကံကြမ္မာမီးတောက်များကို ထုတ်ဖော်ခဲ့သော်လည်း နတ်ဘုရားမျိုးနွယ်တိုင်းက အဲ့ဒါကို ခံစားနေရသည်မဟုတ်ပေ။ အကုသိုလ်ကံနည်းပါးသော နတ်ဘုရားမျိုးနွယ်သက်ရှိများသည် ကံကြမ္မာမီးတောက်များကို ဆွဲဆောင်မိလိမ့်မည်မဟုတ်ပေ။

မြင့်မြတ်ပုရောဟိတ်သည် သူ၏ ခေါင်းကို ညင်သာစွာခါယမ်းပြီး ခါးသီးစွာပြုံးကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်၍ မိန်းကလေးငယ်ကို တွန်းထုတ်လိုက်၏။

“နတ်ဘုရားမျိုးနွယ်ရဲ့ဒီကပ်ဘေးက ကျရောက်လာရသေးတာပဲ”

ကံကြမ္မာမီးတောက်များမရှိလျှင်တောင် သူက ဆက်လက်၍အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

မြင့်မြတ်ပုရောဟိတ်က မီးတောက်ပင်လယ်ထဲမှာ ကျဆင်းသွားပြီဖြစ်သော ယိုယွင်းပျက်စီးနေသည့် ရှေးဟောင်းမြို့တော်ကိုလှည့်ကြည့်လိုက်၏။ ထို့နောက်သူက နတ်ဘုရားကုန်းမြေ၏ အပြင်ဘက် အဘက်ဘက်သို့ ထွက်ပြေးနေကြသော သူ၏ ကလန်သားများကိုကြည့်ပြီး သူ၏ အကြည့်က တဖြည်ဖြည်းမှေးမှိန်သွား၏။

“နန်းချင်... လုပ်စရာရှိတာဆက်လုပ်တော့”

မြင့်မြတ်ပုရောဟိတ်က ခပ်တိုးတိုးပြောဆိုလိုက်၏။

“မင်းက... ကျန်ရှိနေတဲ့ ကလန်သားတွေကိုကယ်တင်နိုင်ဖို့ ငါမျှော်လင့်မိတယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မြင့်မြတ်ပုရောဟိတ်၏ အိုမင်းနေသော ခန္ဓာကိုယ်က ကံကြမ္မာမီးတောက်များဖြင့် လွှမ်းခြုံခံလိုက်ရပြီး တစ်ခဏချင်းမှာပင် လောင်ကျွမ်းပြာကျကာ မြို့ရိုးပေါ်တွင် အနီရောင်ကြာပန်း အမှတ်အသားတစ်ခုသာကျန်ရစ်ခဲ့၏။

“စီနီယာသိုင်းဧကရာဇ်.... စီနီယာသိုင်းဧကရာဇ်….”

နန်းချင်ဟု အမည်ရသောမိန်းကလေးငယ်က သူမ၏ မျက်ရည်များကို ခပ်မြန်မြန်သုတ်ဖယ်ပြီး သူမ၏ ဝတ်ရုံထဲကနေ ရွှေရောင်စာရွက်တစ်ရွက်ကို ဂရုတစိုက်ထုတ်ယူကာ ကောင်းကင်ထက်သို့မော့၍ အော်ပြောလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က လေထဲမှာခပ်ရေးရေးပေါ်ထွက်လာ၏။

သူသည် လောကကို ငုံ့ကြည့်ပြီး သူ၏ အကြည့်က မြို့ရိုးပေါ်မှ မိန်းကလေးငယ်အပေါ် ဆင်းသက်သွားသောအခါ သူကအနည်းငယ်မှက်တက်သွား၏။

မိန်းကလေးငယ်မှာ အနည်းငယ်ကောက်ကွေးနေသော ရွှေရောင်ဆံပင်များရှိပြီး သူပထမဆုံးတွေ့ဆုံခဲ့သည့် နန်းကြည်နှင့် ဆင်တူနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးများကို ခဏမျှမှိတ်ပြီးနောက် ပြန်ဖွင့်လိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်မှ အတွေးတစ်ချက်နှင့်အတူ သူသည် လောက၏ မီးဖိုကို ဖယ်ရှားပြီး ကမ္ဘာဖျက်မီးတောက်များကို ပျက်ပြယ်သွားစေ၏။

အသက်ရှူချိန်အတော်အတန်အကြာမှာ နတ်ဘုရားမျိုးနွယ် သက်ရှိပေါင်းသန်းရာချီက သေဆုံးသွားခဲ့ကြ၏။

ဒါ့အပြင် သူတို့ထဲမှများစွာသည် ဧကရာဇ်၊ ဘိုးဘေးနတ်ဘုရားနှင့် စွမ်းအားကြီးပုဂ္ဂိုလ်အဆင့်မှာရှိသော ပညာရှင်များဖြစ်ကြ၏။

သိုင်းတာအိုပင်မခန္ဓာသည် သူတို့အကုန်လုံးကို ရှင်းလင်းသုတ်သင်ဖို့စိတ်ကူးမရှိပေ။

နတ်ဘုရားမျိုးနွယ်မှလူတိုင်းသည် တိုက်ခိုက်ရသည်ကိုနှစ်သက်သဘောကျပြီး နေရာတိုင်းကို အုပ်စိုးကာ အခြားသောသက်ရှိများကို စိုးမိုးဗိုလ်ကျလိုနေခြင်း မဟုတ်ပေ။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာက သတ်ဖြတ်ရာမှာပြတ်သားလေသည်။ ဤတိုက်ပွဲမှာ နတ်ဘုရားမျိုးနွယ်၏ ဧကရာဇ်များနှင့် ဘိုးဘေးနတ်ဘုရားများအားလုံးနီးပါးက သတ်ဖြတ်ခံခဲ့ရ၏။

ယနေ့မှစ၍ နတ်ဘုရားမျိုးနွယ်သည် သူတို့၏ အထွတ်အထိပ်ကာလကို ပြန်လည်ရောက်ရှိဖို့အတွက် အလွန်ကြာညောင်းသည့် အချိန်ကာလတစ်ခုကို လိုအပ်လာပေလိမ့်မည်။

တကယ်ဆို သူတို့သည် ဤတစ်ခေါက် ရှုံးနိမ့်မှုကနေ ဘယ်တော့မှ ပြန်လည်ဦးမော့မလာနိုင်တော့တာပင် ဖြစ်နိုင်လေသည်။

တကယ်တော့... သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နတ်ဘုရားမျိုးနွယ်ကို အကြောက်တရားကို ခံစားမိစေဖို့ဖြစ်၏။

သူသည် နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနှင့် ဝိညာဥ်များ၏ အနက်ပိုင်းထဲသို့ အကြောက်တရားကို ရိုက်သွင်းပေးချင်၏။

သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်သို့ နောက်တစ်ဖန် ဘယ်တော့မှ​ခြေမချရဲအောင် သူက နတ်ဘုရားကုန်းမြေတိုက်ကို ကြောက်လန့်သွားစေချင်၏။

ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေကြီး မီးဖိုက ပျောက်ကွယ်သွားပြီး မီးတောက်များက ပျက်ပြယ်သွား၏။

ကပ်ဘေးကနေရှင်သန်လာသည့် နတ်ဘုရားမျိုးနွယ်သက်ရှိများက ငေးငိုင်နေသောအမူအရာများဖြင့် နေရာမှာပင် မတ်တတ်ရပ်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာသည် လေထဲမှာမတ်တတ်ရပ်ပြီး သူတို့၏ ခေါင်းများပေါ်ကနေဖြတ်ကျော်ကာ ဗဟိုနတ်ဘုရားမြို့တော်ရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်လှမ်းသွား၏။

သို့သော်လည်း နတ်ဘုရားမျိုးနွယ် သက်ရှိများထဲ မည်သူကမှ သူတို့၏ ခေါင်းများကိုမော့ကာ မကြည့်ရဲပေ။

ယနေ့မတိုင်ခင်က မည်သည့်သက်ရှိမဆို နတ်ဘုရားမျိုးနွယ်၏ ဦးခေါင်းထက်ကနေ လျှောက်လှမ်းသွားရဲမည်ဆိုလျှင် အဲ့ဒါသည် လက်ခံ၍မရနိုင်သော ရန်စစော်ကားမှုတစ်ရပ်ဖြစ်ပြီး သူတို့သည် နတ်ဘုရားမျိုးနွယ်၏ အပြစ်ပေးခြင်းကို သေချာပေါက်ခံစားရပေလိမ့်မည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ မည်သည့်နတ်ဘုရားမျိုးနွယ်သက်ရှိကမှ လေထဲမှာရှိသောပုံရိပ်ကို မော့ကြည့်ရဲခြင်းမရှိပေ။

သူတို့၏ အကြည့်က ထိုပုဂ္ဂိုလ်၏ အမျက်ဒေါသကို ဆွမိသွားပြီး သေခြင်းကပ်ဘေးတစ်ခု ဆောင်ကြဥ်းပေးလာမည်ကို သို့မဟုတ် သူတို့မျိုးနွယ်တစ်စုလုံး အမြစ်ဖြတ်သုတ်သင်ခံရမည်ကို သူတို့က စိုးရိမ်နေကြ၏။

ဤပုဂ္ဂိုလ်၏ နည်းလမ်းများသည် နတ်ဘုရားမျိုးနွယ် တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်ပြီး နတ်ဘုရားကုန်းမြေတိုက်ကို အသက်မဲ့မီး​တောက်ငရဲတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း နတ်ဘုရားမျိုးနွယ်သက်ရှိများအားလုံးက နားလည်နေကြပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ နတ်ဘုရားမျိုးနွယ် သက်ရှိတိုင်းသည် သူတို့၏ မောက်မာခဲ့ဖူးသော ခေါင်းများကို ငုံ့ထားကြ၏။

သိပ်မကြာခင် သိုင်းတာအိုပင်မခန္ဓာက မြို့ရိုးပေါ်သို့ ရောက်ရှိလာခဲ့၏။

သူသည် သူ့ရှေ့မှာရှိသော မိန်းကလေးငယ်ကိုကြည့်ပြီး စကားပြောမည်ပြုစဥ်မှာပင် သူ၏ အကြည့်က ရွှေရောင်စက္ကူပေါ်သို့ ရောက်ရှိသွား၏။

မလှမ်းမကမ်း မြို့ရိုး၏ အပြင်ဘက်လေဟာနယ်မှာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာပြီး ပုံရိပ်တစ်ခုက ပေါ်ထွက်လာခဲ့၏။ သူက နတ်ဘုရားသရဖူကိုဆောင်းထားပြီး အဲ့ဒါသည် စောစောက ထွက်ပြေးသွားခဲ့သော နတ်ဘုရားဧကရာဇ်ဖြစ်၏။

“သိုင်းဧကရာဇ်”

နတ်ဘုရားဧကရာဇ်က ယိုယွင်းပျက်စီး၍ ဖွတ်ဖွတ်ညက်ညက် ကြေနေသော နတ်ဘုရားမြို့တော်ကို ကြောက်စရာကောင်းသော အမူအရာတစ်ခုဖြင့်ကြည့်လိုက်၏။ သူက အံကိုတင်းတင်းကြိတ်ပြီး မုန်းတီးစွာဖြင့်ပြောလိုက်လေသည်။

“မင်းက တစ်နေ့တက်လှမ်းရမှာပဲ... ငါ စိတ်ရှည်လက်ရှည်နဲ့စောင့်မယ်... မင်းတက်လှမ်းတဲ့နေ့က ထျန်ဟွမ်ကုန်းမြေတိုက်တစ်ခုလုံး ချေမှုန်းသုတ်သင်ခံရမယ့်နေ့ပဲ”

“ဟမ့်...”

သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က နတ်ဘုရားဧကရာဇ်ပေါ်သို့ ရောက်ရှိသွား၏။

သူမက ထိုစကားကို ကြားလိုက်သောအခါ မိန်းကလေးငယ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။

အစကတော့... သိုင်းဧကရာဇ်သည် သူ၏ လှုပ်ရှားမှုကို ရပ်တန့်ခဲ့ပြီးပြီဖြစ်၏။ မိန်းကလေးငယ်သည် နတ်ဘုရားဧကရာဇ်ကြောင့် နတ်ဘုရားမျိုးနွယ်တစ်ခုလုံး မျိုးသုဥ်းပျောက်ကွယ်သွားမည်ကို မလိုလားပေ။

“စီနီယာသိုင်းဧကရာဇ်”

မိန်းကလေးငယ်က ခပ်မြန်မြန်အော်ခေါ်လိုက်၏။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် သူမ၏ မြင်ကွင်းထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီဆိုတာကို တွေ့ရှိလိုက်ရ၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာက နတ်ဘုရားဧကရာဇ်ရှေ့သို့ ရောက်ရှိလာပြီး ထိုသူကို ဖမ်းဆွဲလိုက်၏။

နတ်ဘုရားဧကရာဇ်၏ အမူအရာကရုတ်ချည်းပြောင်းလဲသွား၏။ သူကတွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လေဟာနယ်အက်ကွဲကြောင်းထဲသို့ ပြန်လည်ဆုတ်ခွာသွား၏။

သိုင်းတာအိုပင်မခန္ဓာက လှောင်ရယ်လိုက်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့နောက်သို့ပြေးလိုက်သွား၏။

လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဝင်ရောက်လာပြီးနောက် သူသည် အခြားသောလောကတစ်ခုသို့ ဝင်ရောက်လာသည့်အလား သူ၏ မျက်လုံးက လင်းလက်သွား၏။

ဤလောကသည် နေရာတိုင်းမှာ အလင်းရောင်ဖြင့်ပြည့်နှက်နေပြီး နတ်ဘုရားကုန်းမြေတိုက်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်တို့နှင့် ကွဲပြားခြားနားလေသည်။

နတ်ဘုရားကုန်းမြေတိုက်နှင့် ထျန်ဟွမ်ကုန်းမြေတိုက်မှာ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်နှင့် မြေကြီးနိယာမများကို တစ်ချိန်လုံးအာရုံခံမိနိုင်၏။

သူထုတ်ဖော်လိုက်သောစွမ်းအားများက အောက်ဘုံလောကများ၏ အထက်စီးအကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် အဲ့ဒါသည် အောက်ဘုံလောက၏ ကောင်းကင်နှင့်မြေကြီး နိယာမများထံမှ တန်ပြန်ရိုက်ခတ်မှုတစ်ခုကို သေချာပေါက်ဖြစ်ပေါ်လာစေပေလိမ့်မည်။

သို့သော်လည်း ထိုခြိမ်းခြောက်မှုက ဤလောကမှာ မတည်ရှိပေ။

အဲ့ဒါက အလွန်တရာပါးလွှာသော်လည်း ဤနေရာလွတ်ထဲမှာ ကောင်းကင်နှင့်မြေကြီး အမြုတေချီတချို့ပင်ရှိနေ၏။

“အထက်ဘုံလောကလား”

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွား၏။

သို့သော်လည်း သူက ထိုအတွေးကို အလျင်အမြန်ပယ်ချလိုက်၏။

ဤနေရာက အထက်ဘုံလောကမဖြစ်နိုင်ပေ။

သို့သော်လည်း အဲ့ဒါသည် အထက်ဘုံလောကမှ ထိပ်သီးပညာရှင်တစ်ဦးဖန်တီးထားသည့် တည်ဆောက်မှုပုံသဏ္ဌာန်ငယ်တစ်ခုဖြစ်ကောင်းဖြစ်နိုင်၏။

ကမ္ဘာငယ်ပေါင်း တစ်ဘီလီယံပေါ်မှီခိုခြင်းမရှိဘဲ ဤနေရာသည် အောက်ဘုံလောက၏ ကောင်းကင်နှင့်မြေကြီး နိယာမများဖြင့် ကန့်သတ်ခြင်းခံမထားရပေ။

တကယ်တော့ ထျန်ဟွမ်ကုန်းမြေတိုက်မှာလည်း ဤကဲ့သို့သောနေရာတစ်ခုရှိ၏။

တျဲယွဲ့သည် ဆူဇီမိုအား ပင်ယန်းမြို့မှာ ကျင့်ကြံရေးနည်းစနစ် သင်ကြားပေးခဲ့စဥ်က သူမသည် သူ့အခန်းထဲမှာ တာအိုကုန်းမြေတစ်ခုကိုဖွင့်လှစ်ပေးခဲ့၏။

ထိုတာအိုကုန်းမြေက သူ့ရှေ့မှာရှိသောလောကနှင့် အလွန်တရာဆင်တူလေသည်။

သို့သော်လည်း ထိုတာအိုကုန်းမြေမှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီလုံးဝမရှိပေ။

သိုင်းတာအိုပင်မခန္ဓာသည် ပင်ယန်းမြို့ရှိ တာအိုကုန်းမြေမှာ ကျင့်ကြံသည့်အခါ ကောင်းကင်နှင့်မြေကြီးနိယာမများ၏ တန်ပြန်ရိုက်ခတ်မှုကို တွေ့ကြုံခံစားရလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် သူ၏ ကျင့်ကြံမှုက ဆက်လက်၍ မြင့်တက်လာနေခဲ့၏။

“ဟားဟားဟားဟား...”

နတ်ဘုရားဧကရာဇ်က သူ၏ ခေါင်းကိုမော့၍ ရယ်မောပြီး သိုင်းတာအိုပင်မခန္ဓာကို စိုက်ကြည့်ကာ မုန်းတီးစွာဖြင့် ပြောလိုက်၏။

“သိုင်းဧကရာဇ်... မင်းတော့လှည့်စားခံလိုက်ရပြီ... ငါမင်းကိုစောစောက ပြောခဲ့တဲ့စကားတွေက မင်းကိုမျှားခေါ်ထုတ်ဖို့ပဲ”

“အို..”

သိုင်းတာအိုပင်မခန္ဓာက ဂရုမစိုက်သည့်အမူအရာဖြင့် ရှိနေပြီးမေးလိုက်၏။

“ဒီနေရာက ဘာလဲ”

“ဒါက... နတ်ဘုရားကုန်းမြေတိုက်ရဲ့ အလျှို့ဝှက်ဆုံးနဲ့ ရှေးအကျဆုံး ဆန်းကြယ်လောက နတ်ဘုရားကုန်းမြေပဲ”

နတ်ဘုရားဧကရာဇ်က ရယ်မောမိလေသည်။

သူသည် သေလူတစ်ယောက်ကို ကြည့်ရှုနေသည့်အလား သိုင်းတာအိုပင်မခန္ဓာကိုကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။

“ဒီလောကမှာ နတ်ဘုရားမျိုးနွယ်ရဲ့ အစစ်အမှန် နတ်ဘုရားတွေရှိတယ်”

“နတ်ဘုရားကုန်းမြေမှာရှိတဲ့ နတ်ဘုရားမျိုးနွယ်သက်ရှိတွေရဲ့ ကျင့်ကြံမှုနယ်ပယ်တွေက ဧကရာဇ်အဆင့်ကိုအများကြီးကျော်လွန်သွားခဲ့ပြီ... အဲ့ဒါက မဟူရာနတ်ဘုရားအဆင့်ပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာ တည်ငြိမ်နေပြီး သူ၏ မျက်လုံးထဲမှာ မည်သည့်စိတ်ခံစားချက်မှရှိမလာပေ။

“ဟားဟားဟားဟား...”

ထိုသည်ကိုတွေ့မြင်သောအခါ နတ်ဘုရားဧကရာဇ်က ဟားတိုက်ရယ်မောလိုက်၏။

“သိုင်းဧကရာဇ်... မင်းလိပ်ပြာလွင့်မတတ် ကြောက်လန့်သွားတာပဲ ဖြစ်ရမယ်”

သိုင်းတာအိုပင်မခန္ဓာက ငြိမ်သက်နေဆဲဖြစ်၏။

နတ်ဘုရားဧကရာဇ်က နားလည်သဘောပေါက်သွားပုံရပြီး ​လှောင်ရယ်လိုက်၏။

“ငါသိပြီ... မင်းရဲ့ဗဟုသုတနဲ့ဆို မဟူရာနတ်ဘုရားတစ်ပါးက ဘာလဲဆိုတာတောင် မင်းလုံးဝသိမှာမဟုတ်ဘူး... မင်းအေးအေးချမ်းချမ်းသေနိုင်အောင်လို့ ငါမင်းကိုရှင်းပြပေးရမလား”

All Chapters