← Chapters

ဆန်ကုန်မြေလေးစုံတွဲ

Vol. 1 Ch. 2

ဆန်ကုန်မြေလေးစုံတွဲ

Vol. 1 Ch. 2

ရှောင်လင်းယွီ သူမဖုန်းကိုကိုင်ကာ ဖုန်းမျက်နှာပြင်ကို မယုံကြည်နိုင်မှုများဖြင့် ကြည့်နေခဲ့သည်။ ဒီအချိန်နဲ့ရက်က!

မနေ့က ရှောင်ထုန်၏ဈာပနနေ့ စက်တင်ဘာ ၁၁ရက်၊ ၂၀၁၈ဖြစ်သည်။ သို့ပေမယ့် အခုတော့ ဖုန်းမျက်နှာပြင်တွင်ပြနေသည့်အချိန်က ဂျူလိုင် ၉ရက်၊ ၂၀၁၂!

‘ဂျူလိုင် ၉ရက်၊ ၂၀၁၂?’

သူမဖုန်းပျက်သွားတာများလား?

ရှောင်လင်းယွီ ချက်ချင်းပင် ဖုန်းကိုလော့ဂ်ဖွင့်လိုက်ကာ ပြီးနောက်တွင်မှ တစ်ခုခုလွဲနေကြောင်း သတိထားမိသွားလေသည်။

ဒါသူမဖုန်းမှမဟုတ်ဘဲ… ပြောရရင် အခုမဟုတ်တော့တာ!

ဒီဖုန်းကို သူမအလုပ်စဝင်ချင်းတုန်းက ဝယ်ခဲ့တာပင်။ ထိုတုန်းက သူမမှာ ပိုက်ဆံသိပ်မရှိတာကြောင့် ဖုန်းဖြေလို့ရရုံ ဈေးပေါသည့် ဖုန်းဟောင်းတစ်လုံးကိုဝယ်ခဲ့တာဖြစ်သည်။

သူမမှာ ငွေအလုံအလောက်စုမိသွားချိန်မှာတောင်မှ အဟောင်းကိုလက်မလွှတ်နိုင်သလို ဖုန်းကလဲ မပျက်သေးတာကြောင့် ထိုဖုန်းကိုပဲ ဆက်သုံးခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့် သုံးနှစ်တွင်တော့ ဖုန်းကလွတ်ကျကာ ပျက်စီးသွား၍ စမတ်ဖုန်းတစ်လုံးကို ပြောင်းလဲအသုံးပြုခဲ့သည်။

ရှောင်လင်းယွီ သူမ၏ဖုန်းဟောင်းကိုကိုင်ထားရင်း အတိတ်ကိုပြန်ရောက်သွားလို ခံစားမိနေလေသည်။

ဒါကြောင့် အိပ်မက်မှနိုးထလိုနိုးထငြား သူမပါးကို အကြိမ်အနည်းငယ်လောက် ရိုက်လိုက်သည်။

နာကျင်မှုက စစ်မှန်သလို ဖုန်းကအလည်း အစစ်ပင်။ ဒီလိုစစ်မှန်နေခြင်းပင်ပဲ ရှောင်လင်းယွီကို ပိုလို့စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

ဘာတွေဖြစ်နေမှန်း သူမနားမလည်တော့ပေ။

သိပ်မကြာသေးခင်တုန်းကတင် သူမကလေး၏ဈာပန၌ ငိုကြွေးနေခဲ့ကာ နောက်တစ်ခနမှာတော့ ဇိမ်ခံအခန်းတစ်ခုထဲ ရောက်ရှိနေခဲ့သည်။

ရှောင်လင်းယွီ ထိတ်လန့်မှုများဖြင့် အခန်းကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။

အခန်းသည် ကျယ်ဝန်းက ခေတ်မှီလှပြီး အလွန်အဆင့်အတန်းမြင့်သည့်အပြင်အဆင်ပင်။

ပါးလွှာသည့်ပိတ်ပါးပေါ်တွင် လက်ရာမြောက်စွာပန်းထိုးထားသည့် လှပသည့်လိုက်ကာသည် မှန်ပြတင်းပေါက်တွင် လွင့်လို့နေသည်။ ရွှေရောင်စားပွဲနှင့်ထိုင်ခုံများမှာ တောက်ပလွန်းလှကာ ခမ်းနားကြီးကျယ်လှပြီး တန်ဖိုးကြီးကာ သက်သောင့်သက်သာဖြစ်စေသည့်ဇိမ်ခံခန်းမျိုးပင်။

သူမ ဒီအခန်းကို အတော်လေးရင်းနှီးလှသည်။ သူမဤနေရာသို့ရောက်ခဲ့ဖူးသော်လည်း ဘယ်အချိန်ကရောက်ခဲ့မှန်းကိုတော့ မမှတ်မိတော့ပေ။

“ကလင်..ကလင်…” ထိုအချိန်မှာပဲ သူမ၏ Nokia ဖုန်းက အသံမြည်လာခဲ့သည်။

ရှောင်လင်းယွီ ယူကြည့်လိုက်ရာ ဖုန်းခေါ်ဆိုသူအမည်မှာ လောင်နွမ်ပင်။ ရှောင်လင်းယွီ ပိုလို့တောင် စိတ်ရှုပ်လာတော့သည်။ လွန်ခဲ့သည့်ငါးနှစ်က ကိစ္စတစ်ခုကြောင့် သူမ ဒီဖုန်းနံပါတ်ကို ဖျက်ခဲ့ပြီးပြီပင်။

ဒါပေမယ့် အခုကျ…

စိတ်ရှုပ်ထွေးနေရင်းနှင့်ပင် ရှောင်လင်းယွီ ဖုန်းပြန်ဖြေလိုက်သည်။

“ရှောင်လင်းယွီ၊ နင်ဘယ်ရောက်နေတာလဲ? အခုပဲ ၉နာရီထိုးနေပြီ၊ နင်က ဘာလို့အခုထိအလုပ်မှာမရှိနေရတာလဲ? ဒီမနက်အစည်းအဝေးအတွက် ဖိုင်တွေအားလုံးပြင်ထား!” ဒေါသထွက်နေသည့်အမျိုးသမီးတစ်ယောက်၏အသံက ဖုန်းလှိုင်းများမှတဆင့်ထွက်ပေါ်လာခဲ့သည်။ “မဟုတ်မှ နင်နောက်လ ဘောနပ်စ်မလိုချင်တော့ဘူးလား?”

ထို့နောက် ရှောင်လင်းယွီ၏အဖြေစကားကိုပင်မစောင့်ဘဲ တစ်ဖက်က အမျိုးသမီးက ဖုန်းချသွားခဲ့သည်။

ရှောင်လင်းယွီ ဖုန်းပြန်ချလိုက်သော်လည်း သူမအမူအရာကတော့ ရှုပ်ထွေးနေတုန်းပင်။ သူမပတ်လည်ကို စိတ်လွတ်စွာကြည့်နေမိသည်။

ထို့နောက် စားပွဲပေါ်တွင် ပြက္ခဒိန်တစ်ခုတွေ့သွားကာ သူမခန္ဓာကိုယ်၏နာကျင်မှုကိုလျစ်လျူရှုပြီး စားပွဲရှိရာသို့ ဒရွတ်ဆွဲသွားလိုက်သည်။ စားပွဲပေါ်မှပြက္ခဒိန်ကို လက်နှစ်ဖက်နှင့်ဆွဲယူကြည့်လိုက်ပြီးနောက် သူမဦးရေများထုံကျင်သွားတော့သည်။

ပြက္ခဒိန်တွင်ပြနေသည်က ၂၀၁၂ ပင်။

၂၀၁၂!

တွေ့ရှိခဲ့မှုများကို ရှောင်လင်းယွီအလေးအနက်ပြန်စဉ်းစားကြတော့သည်။ သူမဖုန်းတွင်ပြသည့်အချိန်နှင့် ပြက္ခဒိန်မှခုနှစ်တို့သည် သူမကို မငြင်းဆိုနိုင်သည့်အဖြစ်မှန်တစ်ခုဆီ တွန်းပို့လိုက်တော့သည်။ သူမ ရှောင်ထုန်မသေဆုံးခင် လွန်ခဲ့သည့် ၅နှစ်၊ ၂၀၁၂ခုနှစ်တွင်ရောက်ရှိနေခြင်းပင်။

ထို့နောက် တစ်စုံတစ်ခုကိုတွေးမိသွားကာ၊ “နေပါဦး၊ အခုက ၂၀၁၂ခုနှစ်ဆိုရင် ရှောင်ထုန်တောင် မမွေးသေးဘူးပေါ့!”

ရှောင်လင်းယွီ သူမဖုန်းကိုပြန်ယူကြည့်လိုက်ပြန်ကာ ဖုန်းပေါ်ရှိရက်စွဲမှာ မပြောင်းလဲသေးပေ။ အခုထိ ဂျူလိုင် ၉ရက်၊ ၂၀၁၂ပင်။ ရုတ်တရက် သူမတစ်စုံတစ်ရာကိုတွေးမိသွားပြီး အသက်ရှူဖို့ရန်ပင်မေ့သွားခဲ့သည်။ သူမ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားစိတ်များပြည့်နှက်လာခဲ့သည်။

“ဒါဆိုရင်?” ရှောင်လင်းယွီ မယုံကြည်နိုင်ဖွယ်ရာကိစ္စတစ်ခုကိုတွေ့ရှိသွားခဲ့သည်။ “ငါအချိန်ခရီးသွားလာတာလား?”

သူမလက်တွေကို ဝမ်းဗိုက်ပေါ်တင်လိုက်ကာ၊ “ဒီလိုသာဆို ဒီတစ်ခေါက်တော့ ဘယ်လိုဖြစ်ဖြစ် ရှောင်ထုန် ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် ငါစောင့်ရှောက်သွားမယ်။”

“ရှောင်ထုန် ဒီတစ်ကြိမ်တော့ မေမေ သားကိုလက်မလျော့တော့ဘူး။ သားလေး ဘေးအန္တရာယ်ကင်းကင်းနဲ့ အချစ်ခံရပြီးကြီးပြင်းလာစေရမယ်။”

ကလင်…ကလင်…

Nokiaဖုန်းက ထပ်ပြီးမြည်လာပြန်သည်။ ဒီတစ်ခေါက်ခေါ်ဆိုသူကတော့ ချန်းရန်ပင်။ ရှောင်လင်းယွီ၏နှုတ်ခမ်းများက ထေ့ငေါ့ဟန်အပြုံးဖြင့်ကော့တက်သွားသည်။

သူမဖုန်းချသည့်ခလုတ်ကိုနှိပ်ပြီး ဖုန်းကိုအိပ်ရာပေါ်ပစ်တင်လိုက်သည်။ သူမမှာ ဘဝကိုပြန်စတင်ဖို့အခွင့်အရေးရလာမှတော့ အရင်လုပ်ခဲ့သလို တူညီတဲ့အမှားမျိုးထပ်မလုပ်တော့ဘူး။

ရှောင်လင်းယွီတစ်ယောက် သူမခန္ဓာကိုယ်အနှံ့မှနာကျင်မှုများကို တောင့်ခံရင်း ဘေးကိုပတ်ရှာကြည့်ကာ နောက်ဆုံးမှာတော့ အိပ်ယာဘေးတွင် သူမ၏အဝတ်အစားများကို ရှာတွေ့သွားသည်။ သူအဝတ်များကို အလျင်အမြန်ဝတ်လိုက်ကာ အခန်းပိုင်ရှင်ပြန်မလာခင် အမြန်ဆုံးထွက်သွားဖို့ပြင်တော့သည်။

….

တစ်ဖက်တွင်တော့ ဟွေ့ချင်းအုပ်စု၏ရုံးခန်းတစ်ခုတွင် ချောမောသည့်အမျိုးသားတစ်ယောက်၏မျက်နှာတွင် ဖုန်းချခံလိုက်ရသည့်အတွက် တင်းမာနေခဲ့သည်။

သူ့ဘေးတွင်တော့ မိတ်ကပ်ထူထူဖြင့်အရပ်ရှည်ရှည်အမျိုးသမီးတစ်ယောက်ရှိနေသည်။ သူမ၏မျက်ခုံးများမှာ ရှည်လျားကာပါးလွှာပြီး သူမကို ထက်မြက်ကာရက်စက်သည့်အသွင်ဆောင်နေစေသည်။ သူမက မျက်ခုံးများကိုပင့်လိုက်ကာ နှာမှုတ်လိုက်ပြီး၊ “ဘယ်လိုလဲ? အဲ့မိန်းမပျက် ရှင့်ဖုန်းကိုမကိုင်တော့ဘူးလား?”

သူမ၏မျက်ဝန်းတစ်စုံက အသစ်စက်စက်အလှဆင်ထားသည့်လက်သည်းများအပေါ်တွင်ရှိနေသော်လည်း မျက်လုံးထဲတွင် လောဘကြီးကာတွက်ချက်သည့်အရိပ်များဖြတ်ပြေးသွားသည်။ သူမက ပျက်ရယ်ပြုသည့်အသံဖြင့်၊ “ရှင်ပဲ အဲ့မိန်းမပျက်က ရှင့်ကိုသေလောက်အောင်ချစ်တယ်လို့မပြောခဲ့ဖူးလား? သူက အခုပဲ တခြားယောက်ျားတစ်ယောက်နဲ့အိပ်ခဲ့တာလေ။ ဒီတော့ ရှင့်ဖုန်းကိုပြန်ဖြေဖို့ရှက်နေတာဖြစ်မှာပေါ့။”

ချန်းရန်က မျက်မှောင်ကြုတ်သွားကာ ကျောက်ဝမ်မန့်ကို တုံ့ဆိုင်းစွာကြည့်လိုက်ကာ၊ “မန့်အာ၊ ကိုယ်တို့ဒီလိုလုပ်တာ အရမ်းရက်စက်လွန်းရာမကျသွားဘူးလား?”

အမျိုးသား၏အမူအရာကိုတွေ့ရှိသွားသည်နှင့် သူမအံကြိတ်ကာ လက်သီးစုပ်လိုက်မိသော်လည်း ချက်ချင်းပင် ပြန်ဖြည်လိုက်သည်။ ထို့နောက် ချက်ချင်းပင် ထေ့ငေါ့သည့်အသံဖြင့်၊ “ဘာလို့လဲ? ရှင် သူ့အတွက်စိတ်မကောင်းဖြစ်နေတာလား?”

သူမထိုသို့ပြောပြီးသည်နှင့် အမူအရာမှာ ချက်ချင်းပင်အေးစက်သွားကာ၊ “ရှင် သူ့ကိုဒီလောက်ချစ်နေမှတော့၊ ကောင်းပြီလေ။ ကျွန်မလည်း ကျွန်မတို့စေ့စပ်ပွဲကိုဖျက်သိမ်းဖို့ အဖေ့ကိုသွားပြောလိုက်မယ်။ ပြီးရင် နောက်ထပ်ယောက်ျားတစ်ယောက်ရှာလိုက်မယ်။ ဟွေ့ချင်အုပ်စုဥက္ကဌရဲ့သမီးတစ်ယောက်အနေနဲ့ ကျွန်မဆီ အတင်းပစ်ဝင်ချင်နေတဲ့ငယ်ရွယ်တဲ့ယောကျ်ားဆိုတာ အများမှအများကြီးပဲ။ ချန်းရန်၊ ကျွန်မ ရှင်နဲ့လက်မထပ်တော့ဘူး!”

“ရှင်ဆိုတာနယ်စွန်နယ်ဖျားက တောသားပဲ။ ကျွန်မရှင့်ကို မျက်နှာသာပေးတာကိုတင် ဂုဏ်ယူနေသင့်ပြီ။ ကျွန်မရှင့်ကိုလက်ထပ်ပြီး နှစ်၃၀စာ ရုန်းကန်လှုပ်ရှားနေရတာကနေ ကယ်တင်ပေးလိုက်တာကို ကျေးဇူးတင်နေသင့်တာ။ ကျွန်မအဖေက အစကတည်းက စေ့စပ်ပွဲကိုသဘောတူတာမဟုတ်ဘူး။ ကျွန်မသာ စေ့စပ်ပွဲကိုဖျက်သိမ်းပေးဖို့ပြောလိုက်ရင် သူပျော်လွန်းလို့ထတောင်ကနေလိမ့်မယ်။ ရှင်က ကျွန်မထက် အဲ့မိန်းမပျက်ကိုရွေးလိုက်မှတော့ ရှင်တို့နှစ်ယောက်ပျော်စရာဇာတ်သိမ်းလေးရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။”

ထိုစကားများကိုကြားပြီးနောက် ချန်းရန်၏မျက်နှာမှာနီရဲသွားသည်။ သူဒေါသထွက်သွားသော်လည်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ နောက်တော့ သူ့မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ဖျစ်ညှစ်တင်ကာ နာခံမှုအပြည့်ဖြင့်၊ “မန့်မန့်၊ ဘာတွေလျှောက်ပြောနေတာလဲ? ကိုယ်သူ့အပေါ် ဘာခံစားချက်မှမရှိရပါဘူး။ ကိုယ်ချစ်တာ မင်းပဲကို။ ဘာကြောင့် သူ့အတွက်စိတ်မကောင်းဖြစ်နေရမှာလဲ?” ထို့နောက် သူကထပ်ပြီး၊ “ကိုယ်တို့က တစ်မြို့တည်းသားတွေဆိုတော့ သူ့ကိုသနားမိရုံပဲ။”

ကျောက်ဝမ်မန့်က နှာခေါင်းရှုံ့လိုက်ကာ၊ “သူ့ကိုသနားတယ်ပေါ့? ကျွန်မတို့သာ ဒီလိုမစီစဉ်ဘဲ သူ့ကိုစွန့်ပစ်ဖို့အကြောင်းပြချက်မရှာခဲ့ရင် ကျွန်မတို့နှစ်ယောက် စေ့စပ်တဲ့အခါ လူတိုင်းက ရှင် အကျိုးအမြတ်အတွက် ရှောင်လင်းယွီကိုစွန့်ပစ်သွားတယ်လို့ပြောကြလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ရှင့်ကိုဘယ်သူကများ သနားပေးမှာလဲ? ကျွန်မတို့ရဲ့စေ့စပ်မှုကလည်း ပြစ်တင်ရှုံ့ချမှုတွေခံရလိမ့်မယ်။ ချန်းရန်၊ ရှင်က အဲ့မိန်းမပျက်အတွက်ပြစ်တင်ရှုံ့ချမှုတွေကို ခံပေးနိုင်ရင်တောင် ကျွန်မကတော့ ဘယ်တော့မှခံမှာမဟုတ်ဘူး။”

“ဒီတော့ ရှင့်မှာ ရွေးချယ်စရာနှစ်မျိုးပဲရှိတယ်။ သူ့ကိုဖျက်စီးပစ်မလား ဒါမှမဟုတ် ကျွန်မတို့ရဲ့စေ့စပ်ပွဲကိုပဲ ဖျက်သိမ်းလိုက်မလား!”

ချန်းရန်၏အမူအရာက တောင့်တင်းသွားကာ တခဏချင်းပြန်ပြုံးလိုက်သည်။ “မန့်မန့်ရယ် ဒီလောက်ရှင်းနေတဲ့ကိစ္စကို ရွေးရမယ်တဲ့လား!” ထိုစကားနှင့်တင် သူဘာကိုရွေးချယ်လိုက်လဲဆိုသည်က ထင်ရှားပေသည်။

ကျောက်ဝမ်မန့်ကပြုံးလိုက်ကာ၊ “တော်တယ်၊ ချန်းရန်။ ကျွန်မရှင့်ကိုရွေးခဲ့တာမမှားဘူးပဲ။ ရှင်က သွေးအေးပြီးရဲရင့်တယ်။ ပြီးတော့ ဘယ်ဟာကရှင့်အတွက်ကောင်းလဲဆိုတာကို ကောင်းကောင်းနားလည်တယ်။”

ချန်းရန်က ရှေ့တိုးကာ သူမကိုဖက်လိုက်သည်။ ထို့နောက် သူမေးစေ့ကို သူမပုခုံးပေါ်တင်လိုက်ပြီးနောက် အပြုံးလေးဖြင့်၊ “ကိုယ့်အတွက်အရေးမကြီးတဲ့အမှိုက်တွေအတွက် သွေးအေးမှဖြစ်မှာပေါ့။ မဟုတ်ရင် အဲ့ဒါတွေက ကိုယ့်ကိုပါ ဆွဲချသွားလိမ့်မယ်! မန့်မန့်၊ ကိုယ် ဒါတွေကိုနားလည်အောင်လမ်းပြပေးတဲ့အတွက် ကျေးဇူးပါ။”

ကလင်…ကလင်…

***

All Chapters