မျက်နှာဖြတ်ရိုက်ခြင်း!
Vol. 1 Ch. 9
ရှောင်လင်းယွီတစ်ယောက် လူတိုင်းကိုထိတ်လန့်စေခဲ့ပြီးနောက် လီခွေ့ဘက်ပြန်လှည့်သွားပြန်သည်။ ထို့နောက်အေးစက်စက်အပြုံးတစ်ပွင့်ဖြင့် "မန်နေဂျာလီ၊ ရှင်ပဲ ကျွန်မကဲ့ အဲ့ဝက်ခေါင်းကို ဆေးခပ်ခဲ့တာဆို? စိတ်မကောင်းပေမယ့် ကျွန်မမှာ အဲ့ဒီဝက်ခေါင်းနဲ့ရှင်နဲ့ပေါင်းပြီး ကျွန်မကိုဆေးခပ်ပါတယ်ဆိုတဲ့သက်သေရှိတယ်!"
ရှောင်လင်းယွီက လီယွမ်ဖာကို ဝက်ခေါင်းဟုခေါ်နေခြင်းပင်။ ပြောရရင် လီယွမ်ဖာ၏ပုံစံက သိပ်မခြားနားပေ။
ရှောင်လင်းယွီ၏စကားကို ချန်းယန်နှင့်လီခွေ့တို့ကြားလိုက်သည်နှင့် မျက်ခုံးများလှုပ်သွားကြတော့သည်။ သို့သော်လည်း ချန်းယန်သည် အမြန်ပဲ သတိပြန်ကပ်နိုင်ခဲ့ကာ နစ်နာသူတစ်ယောက်ပမာ စိတ်ပျက်မှုအပြည့်ဖြင့်ပြောလိုက်သည်။ "ရှောင်လင်းယွီ၊ မင်းငါ့ကိုသစ္စာဖောက်တာကို ဝန်ခံပြီးနေပြီပဲ။ ဒါနဲ့တောင်မလုံလောက်သေးဘူးလား? ဘာလို့များအပြစ်မဲ့တဲ့လူတွေကိုပါ ဒီအရှုပ်ထဲဆွဲသွင်းချင်နေရတာလဲ? ရှောင်လင်းယွီ ငါမင်းကိုတကယ်အထင်မှားခဲ့တာပဲ။ မင်းကို နူးနူးညံ့ညံနဲ့ကြင်နာတတ်တဲ့မိန်းကလေးလို့ ထင်ခဲ့မိတာ။ တကယ်တော့ မင်းက ကိုယ့်အပြစ်အတွက်တခြားလူတွေကိုပါ ချောက်ချဖို့ကြံစည်တတ်တဲ့သူပဲ။ ရှောင်လင်းယွီ ငါမင်းကိုတကယ်စိတ်ပျက်သွားပြီ!"
ရှောင်လင်းယွီ၏အမူအရာက နည်းနည်းလေးတောင်မပြောင်းလဲသွားပေ။ သူမက အပြုံးတစ်ဝက်သာရှိသည့်အမူအရာနှင့် ချန်းယန်ကိုကြည့်လိုက်ကာသည်။ ထိုအပြုံးထဲတွင် သရော်ကာထေ့ငေါ့နေဟန်များအပြည့်ပင်။
ရှောင်လင်းယွီအချိန်ဖြုန်းမနေတော့ဘဲ ကြေညာစရာရှိသည်ကို ကြေညာလိုက်တော့သည်။ "ငါရဲကိုခေါ်ပြီးသွားပြီ!"
ရဲခေါ်တယ်? ဒီထဲမှာ သူတို့မသိတဲ့အတွင်းဇာတ်လမ်းတွေများရှိနေသေးတာလား?
ဘာကိုမှမသိကြသူများအတွက်တော့ စိတ်ရှုပ်ထွေးနေကြသော်လည်း အမှန်တရားကိုသိထားကြသည့်လူများအတွက်တော့ ကိစ္စတွေကတဖြည်းဖြည်းပိုပြင်းထန်လာပြီဖြစ်ကြောင်း သိလိုက်ကြသည်။
ချန်းယန်နှင့်လီခွေ့တို့၏အမူအရာမှာ အအနည်းငယ်ပြောင်းလဲသွားကြပြီး မယုံကြည်နိုင်စွာဖြင့် ရှောင်လင်းယွီကို ကြည့်လိုက်ကြသည်။
ကျောက်ဝမ်မေ့သည်လည်း မျက်မှောင်ကြုတ်လိုက်ကာ သူမဖုန်းကိုငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမ၏လက်ချောင်းများကို ဖုန်းစခရင်ပေါ်တွင်ပြေးလွှားရင်း တစ်စုံတစ်ယောက်ထဲ စာပို့လိုက်လေသည်။
သူမမေးလိုက်သည်က "ဒီနေ့တစ်ယောက်ယောက် ရဲခေါ်ခဲ့သေးလား?"
"မစ္စ၊ လူတွေကတော့ နေ့တိုင်းရဲခေါ်နေကြတာပဲလေ!"
"အပိုတွေပြောမနေနဲ့။ ကျွန်မဘာကိုဆိုလိုလဲ ရှင်သိတယ်!"
ကျောက်ဝမ်မန့်စာအသစ်ပို့လိုက်ပြီးနောက် တခါတည်း တစ်ဖက်လူကို ယွမ် 2000 ပါ လွှဲပေးလိုက်သည်။
ချက်ချင်းပင် အပြုံးအီမိုဂျီတစ်ခုဖြင့် တစ်ဖက်က စာပြန်လာလေသည်။ "မမလေး၊ မင်းရဲ့ရက်ရောပုံကတော့ အမြဲတမ်းလေးစားဖို့ကောင်းနေရောပဲ။ ဟုတ်တယ် ဒီနေ့ဌာနကို ဖုန်းဆက်လာတာရှိတယ်။ အမျိုးသမီးတစ်ယောက်က သူဆေးခပ်ခံရတယ်ဆိုပြီး တိုင်ကြားတာ။ သူက ဟွေ့ချင်လုပ်ငန်းစုက မာကတ်တင်းမန်နေဂျာ လီခွေ့နဲ့ ဟုန်ဖာလုပ်ငန်းစုရဲ့အထွေထွေမန်နေဂျာ လီယွမ်ဖာတို့ကို ဖမ်းစေချင်တာပဲ။"
ကျောက်ဝမ်မန့်ဒေါသထွက်သွားကာ၊ "ဤအဲ့လိုဆို ဘာလို့စောစောစီးစီးကျွန်မကို လှမ်းမပြောတာလဲ?"
သူတို့ လီခွေ့ကို အချိန်မရွေးကန်ထုတ်လို့ရကာ အစားထိုးမည့်သူအသစ်တစ်ယောက် ရှာနိုင်ပေသည်။ သို့သော်လည်း လီယွမ်ဖာကတော့ မတူပေ။ သူက ဟွေ့ချင်လုပ်ငန်းစုက ဖောက်သည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုလိုလူကို ရှောင်လင်စယွီလိုခွေးမတစ်ယောက်ကြောင့် အပြစ်လုပ်မိကာ ဆုံးရှုံးရဖို့အတွက် သူတို့မတတ်နိုင်ပေ။
ကျောက်ဝမ်မန့်၏မျက်နှာ အတော်လေးအရုပ်ဆိုးသွားအောင်လုပ်နိုင်လိုက်သည်က နည်းနည်းတော့အံသြဖို့ကောင်းသည်။ ကျောက်ဝမ်မန့်အနေနဲ့ သူမဒေါသတွေကို သတင်းပေးထံပုံချမိတော့သည်
ကျောက်ဝမ်မန့်၏ ကြိမ်းမောင်းကာမေးခွန်းထုတ်ခံလိုက်ရတာကြောင့် ဖုန်းတစ်ဖက်ကလူလဲ မကြည်သာတော့ပေ။
တစ်ဖက်လူက မဲ့ပြုံးအီမိုဂျီတစ်ခုပို့လာကာ၊ "မမလေးကျောက်၊ မင်းကတော်တော်မေ့တတ်တာပဲ။ ပြီးခဲ့တဲ့ရက်တွေတုန်းက ငါနဲ့အတူထမင်းတစ်နပ်လောက်စားရအောင် အချိန်ပေးဖို့ မင်းကိုမေးခဲ့တယ်လေ။ မင်းကတော့ အမြဲအကြောင်းအမျိုးမျိုးပြပြီးငြင်းနေတာ။ ငါလဲ ရွေးစရာမရှိတော့ဘဲ မမလေးကျောက်က ငါ့ကိုအထင်သေးနေတယ်ဆိုတာ လက်ခံလိုက်ရတော့တာပေါ့။ ဘာပဲြဖစ်ဖြစ် ငါက ရဲစခန်းအသေးလေးက စခန်းမှူးသာသာပဲလေ။ ငါ့ကိုလိုသုံးလိုလုပ်နေတာ သိတာပေါ့။"
ကျောက်ဝမ်မန့်၏မျက်လုံးထဲတွင် ဒေါသနှင့်ခါးသီးမှုတို့ ပြည့်နှက်လို့လာသည်။ သူမ အသက်ပြင်းပြင်းရှူကာ ဟန်ဆောင်တောင်းပန်ဖို့လုပ်လိုက်သော်လည်း တစ်ဖက်လူက ဆက်ပြောလာပြန်သည်။
"ဒါနဲ့စကားမစပ် ရဲတွေ မင်းကုမ္ပဏီကိုရောက်ခါနီးနေပြီနော်! ဒါပဲ။ ငါအစည်းအဝေးဆက်လုပ်လိုက်ဦးမယ်!"
ထို့နောက်ချက်ချင်းပျောက်သွားကာ ကျောက်ဝမ်မန့်ဘယ်လောက်စာပို့ပို့ ဖုန်းခေါ်ခေါ် အကြောင်းပြန်မလာတော့ပေ။
ကျောက်ဝမ်မန့်တစ်ယောက် သူမဖုန်းကိုတင်းတင်းဆုပ်ကိုင်ထားရင်း မျက်လုံးများထဲရှိဒေါသမီးတို့မှာ ပိုလို့တောက်လောင်လာလေသည်။ သူမဘာမှမလုပ်နိုင်သေးခင်မှာပဲ ရဲတွေဝင်လာခဲ့သည်။
သူတို့က "မာကတ်တင်းဌာနကလီခွေ့ဆိုတာ ဘယ်တစ်ယောက်လဲ?"
ရဲတွေရောက်ရှိလာခြင်းက ရှောင်လင်းယွီသူတို့ကို လိမ်နေတာမဟုတ်ကြောင်း လူအုပ်ကြီးလဲသိလိုက်သည်။ ဒီတော့ လီခွေ့က ရှောင်လင်းယွီကို ဆေးခပ်ခဲ့တာပေါ့။ သူတို့အားလုံး၏အကြည့်များက လီခွေ့ရှိရာသို့ ရောက်ရှိသွားတော့သည်။
နည်းလမ်းကျကျပြောရလျှင် လီခွေ့နှင့်ရှောင်လင်းယွီကြားတွင် ဘာမဗကျနပ်ချက်မှမရှိပေ။ လီခွေ့က ဖောက်သည်က်ုစိတ်ကျေနပ်စေဖို့ မိန်းကလေးတစ်ယောက်လိုအပ်နေရင်တောင် သူတို့မာကတ်တင်းဌာနမှာ မိန်းမလှလေးတွေအများကြီးရှိပေသည်။ ဘာလို့ ရှောင်လင်းယွီကိုမှအထူးတလည်ရွေးရတာလဲ? ပြောရရင် ရှောင်လင်းယွီက ချန်းယန်ရဲ့ချစ်သူဆိုတာ တစ်ကုမ္ပဏီလုံးအသိပဲကို။
ရဲများချဥ်းကပ်လာသည်ကို လီခွေ့မြင်သည်နှင့် မျက်နှာမှာ ဖြူဖျော့သွားကာ ချက်ချင်းကြောက်စိတ်ဖြင့် ေခြနှစ်လှမ်းဆုတ်မိသွားသည်။ ထို့အပြင်ထွက်ပြေးဖို့ပါဟန်ပြင်လိုက်သေးသည်။
ရေျောင်လင်းယွီက လီခွေ့ရှိရာသို့ ညွှန်ပြလိုက်ကာ၊ "ရဲအရာရှိကြီးတို့၊ သူက မာကတ်တင်းဌာနရဲ့လီခွေ့ပါပဲ!"
ရဲနှစ်ယောက်က လီခွေ့စီတန်းတန်းလျှောက်သွားကာ၊ "လီခွေ့၊ မင်း Marriott ဟိုတယ်မှာ အမျိုးသမီးတစ်ယောက်ကို ဆေးခပ်ခဲ့တယ်ဆိူတဲ့ တိုင်ကြားချက်ရရှိထားတယ်။ ဒီကိစ္စကိုစစ်ဆေးဖို့အတွက် ငါတို့နဲ့အတူ ပူးပေါင်းပေးပါ။"
လီခွေ့၏မျက်မှာပင် သွေးပင်မရှိတော့ပေ။ သူကပါးစပ်ကိုခက်ခက်ခဲခဲဖွင့်ရင်း တုန်လှုပ်စွာဖြင့်၊ "ရဲအရာရှိကြီးတို့၊ ကျွန်တော်...ကျွန်တော် သူ့ကိုဆေးမခပ်ခဲ့ပါဘူး။ ခင်ဗျားတို့မှားနေတာပဲဖြစ်မယ်။ ဒါတစ်ယောက်ယောက် ကျွန်တော့ကိုချောက်တွန်းတာပဲ!"
ရဲအရာရှိက၊ "မင်းချောက်ချခံရလား မခံရလားဆိူတာ ငါတို့စခန်းရောက်ရင်သိရမှာပေါ့။ မင်းသာတကယ်အပြစ်ကင်းရင် ငါတို့လွှတ်ပေးမှာပါ။ ဒါပေမယ့် အခုတော့ မင်းငါတို့နဲ့လိုက်ခဲ့ပေးရမယ်!"
မလုံမလဲဖြစ်နေသည့် လီခွေ့မှာ ရုတ်တရက် ကျောက်ဝမ်မန့်ဘက်လှည့်လိုက်ကာ ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်သည်။
"မမလေးကျောက်၊ မင်းငါ့ကိုကယ်မှဖြစ်မှာနော်။ ငါမင်းညွှန်ကြားသလိုလုပ်ပြီး ရှောင်လင်းယွီကို လီယွမ်ဖာလက်ထဲထည့်ခဲ့တာ။ မမလေးကျောက်၊ ငါထောင်ထဲမဝင်ချင်ဘူးလို့!"
လီခွေ့က မိုက်မဲစွာဖြင့်ကြောက်လန့်တကြားထုတ်ပြောလိုက်သည်။ လူတိုင်းမှာ ယခုကိစ္စတွင် သူတို့ရဲ့မမလေးကျောက်ပါဝင်နေလိမ့်မည်ဟု မထက်ထားခဲ့ပေ။
လီခွေ့အပြောအရဆိုလျှင် ေရှာင်လင်းယွီကို ဆေးခတ်ချင်သည့်လူမှာ ကျောက်ဝမ်မန့်ဖြစ်သည်ပင်။ ဒီတော့ ကိစ္စတစ်ရပ်လုံးရဲ့နောက်ကွယ်က လက်သည်တရားခံက ကျောက်ဝမ်မန့်ပဲ....
သို့ပေမယ့် တော်တော်များများကတော့ သူမဘယ်လိုဘယ်ပုံစံနဲ့ပါဝင်ပတ်သတ်နေလဲဆိုတာကို မတွေးရဲကြည့်ကြပေ။
ကျောက်ဝမ်မန့်သည်လည်း ပုံမှန်ဆိုပါးနပ်သည့် လီခွေ့တစ်ယောက် အရေးအကြောင်းဆိုမှ ထိုမျှမိုက်မဲသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက သူ့ကိုဖြတ်ထုတ်လိုက်ဖို့ကြံနေချိန်မှာပဲ တစ်ဖက်က သူမကိုရောင်းစားသွားခဲ့ပေပြီ။ ကျောက်ဝမ်မန့်အလွန်ဒေါသထွက်သွားတော့သည်။
လီခွေ့ကိုစကားဆက်မပြောစေရန် သတိပေးသည့်အကြည့်ဖြင့်ကြည့်တော့မည့်အချိန်တွင်ပဲ ရှောင်လင်းယွီက ရုတ်တရက်ထမေးလာခဲ့သည်။ "မမလေး၊ နင် ငါ့လို HRဌာနက ဝန်ထမ်းငယ်လေးတစ်ယောက်ကို ဘာကြောင့်များအန္တရာယ်ပြုချင်ရတာလဲ?ဘာလို့ မန်နေဂျာလီကို ငါ့ကိုဆေးခပ်ခိုင်းရတာလဲ?"
ရှောင်လင်းယွီက သူမအမေးကိုသူမကိုယ်တိုင်ပဲ ပြန်ဖြေလာကာ အားလုံးကြားစေရန် ေအာ်၍ပင်ပြောလိုက်သေးသည်။
"ဘာလို့ဆို နင်က ချန်းယန်ကိုကြိုက်နေပြီး ငါ့ဆီကခိုးယူနေချင်တာမဟုတ်လား? နင်တို့ဆက်ဆံရေးကို တရားဝင်ကြေညာလို့ရအောင်ဆိုရင် ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်မှဖြစ်မှာလေ?"
ရှောင်လင်းယွီ၏စကားလုံးများက ထက်ရှလှသည်။
ဒါအမှန်ပဲလား? လူတိုင်း၏စိတ်ထဲ ချက်ချင်းပေါ်လာသည့်မေးခွန်းတစ်ခုသာဖြစ်သည်။
***