← Chapters

ကိုယ့်ရဲ့ဗျောက်အိုးလေး

Vol. 1 Ch. 12

ကိုယ့်ရဲ့ဗျောက်အိုးလေး

Vol. 1 Ch. 12

ကျောက်ဝမ်မန့်က သူ့ကိုမှတ်မိသွားပြီဖြစ်ကြောင်း ယန်စစ်မင်သိလိုက်သည်နှင့် သူ၏ပထမဆုံးလုပ်ဆောင်ချက်မှာ ရှောင်လင်းယွီကို လှည့်ကြည့်လိုက်ခြင်းပင်။ သူက ကျော်ကြားလှသည့်သခင်လေးယန်၊ ယန်စစ်မင်ဆိုတာ ထိုမိန်းကလေးသိလိုက်ရသည်နှင့် ဘယ်လိုမျိုးတုံ့ပြန်လောက်မလဲ သူသိချင်လှသည်။

ရလဒ်ကတော့ သူ့ကိုစိတ်ပျက်သွားစေခြင်းပင်။

ရှောင်လင်းယွီလို သာမာန်လူတန်းမျိုးသည် Zမြို့မှ အထက်တန်းလွှာအသိုင်းအဝိုင်းအကြောင်း ဘာမှမသိထားပေ။ ရှောင်လင်းယွီက ယန်စစ်မင်ကို ရှုပ်ထွေးသည့်မျက်လုံးများဖြင့်သာ ကြည့်လာခဲ့သည်။ ထို့နောက် ကျောက်ဝမ်မန့်ကိုတစ်ချက်ကြည့်လိုက်ပြီး ယန်စစ်မင်ကိုလည်း ပြန်ကြည့်လိုက်ပြန်သည်။

ယန်စစ်မင်၏နှုတ်ခမ်းစွန်းများကော့တက်သွားကာ ခပ်ညစ်ညစ်အပြုံး,ပြုံးလိုက်ပြီး၊ “မစ္စကျောက်၊ ကျွန်တော် ခင်ဗျားမျက်နှာပေါ်မှာတွေ့လိုက်ရတာက လိုချင်တပ်မက်စိတ်များလား? ချောတဲ့ယောက်ျားတွေကိုမြင်တိုင်း ခင်ဗျားဒီလိုပဲလမ်းခင်းနေကြလား?” ကျောက်ဝမ်မန့် ဘာမှပြန်တုံ့မပြန်နိုင်ခင်မှာပဲ ယန်စစ်မင်က ဆက်ပြောလိုက်သည်။ “စိတ်မကောင်းပါဘူး၊ ကျွန်တော်က သခင်လေးယန်မဟုတ်ဘူး။ ဒီအတိုင်းရုပ်တူနေရုံပဲ။”

ကျောက်ဝမ်မန့်၏မျက်နှာမှာနီလိုက်ဖြူလိုက်ပြောင်းလဲနေကာ ဒေါသရော ရှက်စိတ်ရော ရောပြွန်းနေတော့သည်။ သူမဘဝတွင် ဤကဲ့သို့အရှက်ကွဲမှုမျိုးတစ်ခါမှမကြုံဖူးပေ။

သူမက ယန်စစ်မင်ကိုမျက်စောင်းထိုးကာ ဆဲလိုက်တော့သည်။ “အမှိုက်လိုကောင်!”

ထို့နောက် သူမဘေးရှိအစောင့်များဘက်လှည့်သွားကာ၊ “နင်တို့တွေ ကန်းနေကြတာလား? ဒီလို လူမိုက်ကောင်ကို ကုမ္ပဏီထဲဘယ်လိုလုပ်ဝင်ခွင့်ပေးထားတာလဲ? အမြန်ဆွဲထုတ်သွားကြ!”

ကျောက်ဝမ်မန့်ဘေးရှိအစောင့်များလည်း ချက်ချင်းပင် ယန်စစ်မင်ကို အပြေးအလွှားဝိုင်းရံလိုက်ကြကာ၊ “Sir ကျေးဇူးပြုပြီး အခုချက်ချင်းထွက်သွားပေးပါ။ မဟုတ်ရင် အကြမ်းနည်းသုံးရပါလိမ့်မယ်!”

ကျောက်ဝမ်မန့်မှာ အလွန်ဒေါသထွက်နေတာကြောင့် သူမတစ်ကိုယ်လုံးတုန်ရီ၍ပင်နေသည်။ ရှောင်လင်းယွီ၏တစ်ညတာပါတနာထံတွင် ထိုကဲ့သို့အရှက်ခွဲခံရလိမ့်မည်ဟု သူမလုံးဝမမျှော်လင့်ထားခဲ့ပေ။ သူမတစ်ခုခုတော့ ပြန်လုပ်ရလိမ့်မည် မဟုတ်ရင် ဒီဒေါသကိုဘယ်လိုမှဖြေဖျောက်နိုင်မှာမဟုတ်ဘူး။

ကျောက်ဝမ်မန့်က ယန်စစ်မင်နှင့်ရှောင်လင်းယွီတို့ကိုလက်ညှိုးထိုးလိုက်ကာ အမိန့်ပေးလိုက်သည်။ သူတို့ကိုရိုက်ပြီးမှ ဆွဲထုတ်သွားကြ!”

ရှောင်လင်းယွီက သူမနှင့်ချန်းယန်တို့ကြားက ဆက်ဆံရေးကိုသိပြီးနေပြီဖြစ်တာကြောင့် သူမကိုကုမ္ပဏီမှာဆက်ထားပြီး ကိစ္စတွေကိုပို၍ဆိုးရွားအောင်လုပ်လို့မဖြစ်တော့ပေ။ ထိုအတိုင်းသာဆို ဂုဏ်သတင်းပျက်စီးမည့်သူက ရှောင်လင်းယွီမဟုတ်တော့ဘဲ သူမနှင့်ချန်းယန်ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ရှောင်လင်းယွီနှင့် ထိုအမျိုးသားကို မောင်းထုတ်ပစ်ရမည်။ နောက်ပိုင်းမှာတော့ သူမမျက်နှာကိုပြန်အဖက်ဆယ်နိုင်စေရေးအတွက် ကုမ္ပဏီမှာ ရှောင်လင်းယွီအကြောင်း ပိုဆိုးရွားသည့်သတင်းတုများဖြန့်ရပေမည်။

ယန်စစ်မင်က ချက်ချင်းဆိုသလို ရှောင်လင်းယွီအား သူ့နောက်သို့ပို့ကာ ကာကွယ်လိုက်ပြီး၊ “ငါတို့ကိုရိုက်နှက်ပြီး ဆွဲထုတ်မယ်ပေါ့? ဒီတော့ ဒါကနာမည်ကြီးလှတဲ့မမလေးကျောက်ရဲ့လုပ်ရပ်လား။ အသိုင်းအဝိုင်းထဲက တခြားလူတွေသာ ဟွေ့ချင်လုပ်ငန်းစုဥက္ကဌရဲ့သမီးက တကယ်တမ်းဒီလောက်ရက်စက်ပြီး အကြင်နာမဲ့တဲ့လူဆိုတာသိသွားရင်ဘယ်လိုများတုံ့ပြန်ကြမလဲဆိုတာ သိချင်သားပဲ။”

ကျောက်ဝမ်မန့်တစ်ယောက် ဒေါသတကြီး ယန်စစ်မင်ကိုစိုက်ကြည့်လိုက်ကာ၊ “နင် ငါ့ကိုခြိမ်းခြောက်နေတာလား?”

ယန်စစ်မင်က လက်ညှိုးတစ်ချောင်းထောင်ကာ ယမ်းပြလိုက်ပြီး၊ “မဟုတ်ဘူး၊ မဟုတ်ဘူး၊ မစ္စကျောက်။ ငါမင်းကို ခြိမ်းခြောက်နေတာမဟုတ်ပါဘူး။ ဘယ်လိုလုပ် အဲ့လိုတွေးရတာလဲ?”

ကျောက်ဝမ်မန့် နှာခေါင်းရှုံ့ကာ ရယ်လိုက်ပြီး အထင်သေးစွာဖြင့်၊ “တကယ်ပဲ နင်ခြိမ်းခြောက်နေတာဆိုလဲ ငါကကြောက်မယ်များထင်နေလား? နင့်ကိုယ်နင်ဘာများထင်နေလဲ? ကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းငယ်လေးနဲ့ ယောက်ျားလေးပြည့်တန်ဆာကများ။ နင်တို့ကိုဘယ်သူကများ ယုံပေးမယ်ထင်လဲ? ငါ့ကိုခြိမ်းခြောက်နိုင်တယ်ဆိုပြီး ဟန်ထုတ်ရင်းအချိန်ဖြုန်းမနေနဲ့!”

ယန်စစ်မင်တစ်ယောက် ယောက်ျားလေးပြည့်တန်ဆာဟူ၍အခေါ်ခံလိုက်ရတာကြောင့် မျက်နှာမှာမည်းမှောင်သွားတော့သည်။ “ယောက်ျားလေးပြည့်တန်ဆာ? ကျောက်ဝမ်မန့်၊ ဒီတစ်ခေါက်တော့ မင်းငါ့ကိုတကယ်ဒေါသထွက်အောင်လုပ်လိုက်ပြီပဲ!”

ကျောက်ဝမ်မန့်၏တုံ့ပြန်ချက်ကိုပင်စောင့်မနေဘဲ ယန်စစ်မင်က သူ့ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုကိုခေါ်လိုက်သည်။ တစ်ဖက်ဖုန်းနှင့်ချိတ်ဆက်မိသွားသည်နှင့် သူက၊ “အခုချက်ချင်း ဟွေ့ချင်လုပ်ငန်းစုနဲ့ပူးပေါင်းထားတာတွေအကုန်ဖျက်သိမ်းလိုက်! အခုကစပြီး အနာဂါတ်မှာ သူတို့နဲ့ဘာပူးပေါင်းမှုမှမလုပ်တော့ဘူး! တစ်ယောက်ယောက်က ဘာကြောင့်လဲမေးလာရင် သူတို့ဥက္ကဌရဲ့သမီးက ငါ့ကိုအာခံတာလို့ပြောလိုက်!”

ထို့နောက် ယန်စစ်မင်ဖုန်းချလိုက်ကာ လှောင်ပြောင်သည့်အပြုံးတစ်ခုဖြင့် ကျောက်ဝမ်မန့်ကိုကြည့်လိုက်သည်။ “မင်းငါ့ကို ယောက်ျားလေးပြည့်တန်ဆာလို့ခေါ်လိုက်တာမလား? ဒီနေ့ မင်းပြောတဲ့ယောက်ျားလေးပြည့်တန်ဆာက မင်းအတွက်ဘယ်လိုအံ့အားသင့်စရာကိစ္စများယူဆောင်လာပေးမလဲဆိုတာ ကြည့်လိုက်ရအောင်!”

ယန်စစ်မင်၏အပြုံးကာ ကျောက်ဝမ်မန့်ကိုစိတ်ရှုပ်သွားစေကာ မျက်နှာပင်ဖြူဖျော့သွားပြီး အလွန်ပျာယာခက်သွားစေခဲ့သည်။

သူမ အစောတုန်းက မေးတုန်းက ယန်စစ်မင်က သူက သခင်လေးယန်မဟုတ်ပါဘူးဟု ငြင်းခဲ့သည်။ ကျောက်ဝမ်မန့်လည်း ယန်စစ်မင်က ရှောင်လင်းယွီနှင့်အတူရှိဖို့အတွက် သူ့ကိုယ်သူနှိမ့်ချလိမ့်မည်မဟုတ်ဘူးဟု ယုံကြည်သည်။ ပြောရရင် ယန်စစ်မင်ဆိုသူမှာ Zမြို့၏ဧကရာဇ်တစ်ပါးပင်။ သူက ရှောင်လင်းယွီလိုလူမျိုး ချဉ်းကပ်၍ရသူမဟုတ်ပေ။

သို့သော်လည်း ကျောက်ဝမ်မန့်ကို စိတ်အရှုပ်သွားစေဆုံးကိစ္စကတော့ လီယွမ်ဖာထံမှ အဓမ္မကျင့်ခံရမယ့် ရှောင်လင်းယွီက ဘယ်လိုလုပ်ပြီး ယန်စစ်မင်နဲ့အတူရှိသွားရတာလဲ?

ကျောက်ဝမ်မန့်၏အစီအစဉ်အရ လီယွမ်ဖာက ရှောင်လင်းယွီကိုအဓမ္မကျင့်ပြီးနောက် သူမက ရှောင်လင်းယွီကို သိက္ခာချမည်ဖြစ်သည်။ ထို့နောက်တွင်တော့ ရှောင်လင်းယွီကို ဟွေ့ချင်လုပ်ငန်းစုကသာမက Zမြို့ကနေပါ ကန်ထုတ်ပစ်မည်ပင်။

ကိစ္စများပြီးနောက်တွင်တော့ ကျောက်ဝမ်မန့်သည် ချန်းယန်နှင့်စေ့စပ်မှုတရားဝင်လုပ်ချိန်တွင် လူတိုင်း၏ကောင်းချီးပေးမှုကို လက်ခံရရှိမည်ဖြစ်သည်။ သူတို့သည် အလိုက်ဖက်ဆုံးစုံတွဲဖြစ်ကာ ဘယ်သူကမှ သူမကို တခြားတစ်ယောက်၏ချစ်သူကိုခိုးယူသည့် စနှိုက်ကျော်မလို့ ခေါ်ကြမည်မဟုတ်ပေ။

သို့ပေမယ့် သူမစီစဉ်ထားသမျှက ယန်စစ်မင်ပေါ်လာခြင်းကြောင့် ပျက်စီးသွားရသည်။ သူသာ တကယ်ပဲယန်စစ်မင်ဆိုလျှင် သူ့ကိုယောက်ျားလေးပြည့်တန်ဆာဟုခေါ်လိုက်ခြင်းက ကျောက်ဝမ်မန့်အတွက် အဆိုးဆုံးကိစ္စများကိုယူဆောင်လာပေလိမ့်မည်။

စီးပွားရေးလောကတွင် သခင်လေးယန်သည် အပေါ်ယံတွင်ကြင်နာတတ်သော်လည်း တကယ်တမ်း အကြင်နာတရားမဲ့ကာ အငြှိုးကြီးသောဗီလိန်တစ်ယောက်ဖြစ်ကြောင်း လူတိုင်းသိကြသည်။

ကျောက်ဝမ်မန့်က ယန်စစ်မင်၏ဖုန်းကို စောင်းကြည့်လိုက်ပြီး သူမနှလုံးမှာ အပြင်ကိုထွက်ကျတော့မလို အပြင်းအထန်ခုန်လှုပ်နေတော့သည်။ သူမ အခုလေးတင် ယောက်ျားလေးပြည့်တန်ဆာဟုခေါ်လိုက်သည့် အမျိုးသားဟာ သခင်လေးယန်ဟုတ်မနေဖို့ စိတ်ထဲက ကြိတ်၍ဆုတောင်းနေခဲ့သည်။

ကျောက်ဝမ်မန့်တစ်ယောက် သူမ၏လက်ချောင်းထိပ်တွေ ဖြူစုတ်လာတဲ့အထိ လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။ ထို့နောက် အရေးမစိုက်ဟန်ပေါက်အောင် အတင်းလုပ်ယူလိုက်ပြီး၊ “နင့်ကိုယ်နင်ဘာထင်နေလဲ? အနည်းဆုံးတော့ ဟွေ့ချင်လုပ်ငန်းစုဆိုတာ Zမြို့မှာ ကျော်ကြားတဲ့ကုမ္ပဏီတစ်ခုပဲ။ နင်ဖုန်းလေးတစ်ချက်ဆက်လိုက်ရုံလောက်နဲ့ ဟွေ့ချင်လုပ်ငန်းစုတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မယ်များထင်နေတာလား?”

ယန်စစ်မင်က ကျောက်ဝမ်မန့်၏တလွဲယုံကြည်ချက်ကို ပျက်ရယ်ပြုလိုက်သည်။ ထို့နောက် သူမထံမှအကြည့်လွှဲကာ သူ့နောက်ရှိမိန်းကလေးထံသို့ရောက်သွားပြီး။ “ဘာမှမစိုးရိမ်နဲ့ ကိုယ့်ရဲ့ဗျောက်အိုးလေး။ မင်းသာ ဒီအမှိုက်စုံတွဲကိုလက်စားချေချင်ရင် ကိုယ်ကူညီပေးမယ်!”

ရှောင်လင်းယွီ သူမရှေ့မှအမျိုးသားကိုပြန်ကြည့်လိုက်သည်။ ထို့နောက် ကျောက်ဝမ်မန့်ပြောခဲ့သည်များနှင့် ဆက်စပ်စဉ်းစားကြည့်ပြီးနောက် ထိုယန်သခင်လေးဆိုသူမှာ အင်အားကြီးသူတစ်ယောက်ဖြစ်လောက်ကြောင်း သိရှိသွားသည်။ ဒါ့အပြင် သူမနှိုင်းယဉ်မှုများလုပ်လိုက်ပြီးနောက်တွင်တော့ သူမရဲ့တစ်ညတာပါတနာအဖြစ်ဟန်ဆောင်ရန်ခေါ်ထားသူမှာ တကယ်ပဲ ယန်စစ်မင်ဖြစ်နိုင်ကြောင်းသိလိုက်ရသည်။

ရှောင်လင်းယွီဘာကိုမှမတွေးနိုင်တော့ပေ။ သူမတကယ်ပဲ ကံအရမ်းကောင်းနေတာလား ကံဆိုးနေတာလားတောင် မသိတော့ပေ။

သူမ ထိုလူချမ်းသာများနှင့်လုံးဝမပတ်သတ်ချင်သလို၊ ထိုသူများ၏အာဏာပြိုင်ပွဲမျိုးတွေကိုလည်း စိတ်မဝင်စားပေ။

ကျေးဇူးတင်စရာကောင်းစွာဖြင့် ထိုလူမှာ သူမလမ်းတွင်အမှတ်မထင်တွေ့ခဲ့သူသာဖြစ်သည်။ သူက ဘယ်လောက်ပဲနာမည်ကြီးလှတဲ့သခင်လေးယန်ဖြစ်နေပါစေ ဒီကိစ္စပြီးနောက်တွင် ရှောင်လင်းယွီအတွက် သူနှင့်ထပ်တွေ့စရာအကြောင်းမရှိတော့ပေ။ သူတို့က သူတို့လမ်းကြောင်းအတိုင်းလျှောက်နေရာမှ ခဏတာဖြတ်မိသွားကြသူများပင်ဖြစ်သည်။

ထိုအတွေးမှာ ယန်စစ်မင်က သူမကိုဗျောက်အိုးလေးဟု မခေါ်လိုက်ခင်အထိသာ။

“ရှင့်ရဲ့ဗျောက်အိုးလေး?” ရှောင်လင်းယွီ သံသယစိတ်များဖြင့် ယန်စစ်မင်ကိုကြည့်လိုက်သည်။

***

All Chapters