← Chapters

ဆန်ကုန်မြေလေးအမှိုက်ကိုလွှင့်ပစ်လိုက်တော့မယ်

Vol. 1 Ch. 15

ဆန်ကုန်မြေလေးအမှိုက်ကိုလွှင့်ပစ်လိုက်တော့မယ်

Vol. 1 Ch. 15

“ဗျောက်အိုးလေး?” သခင်လေးယန်၏ရှောင်လင်းယွီကိုခေါ်သော နာမည်ပြောင်ကိုကြားလိုက်ရသည့် ရှောင်လင်းယွီကိုသိကြသောလူတိုင်း စိတ်ရှုပ်ထွေးသွားကြသည်။ ရှောင်လင်းယွီ၏ပါးစပ်မှာ ရွဲ့သွားမိလေသည်။

သူမ၏လုပ်ဖော်ကိုင်ဖက်များ သူမကိုပုံဖော်ကြသည်က နူးညံ့သိမ်မွေ့၊ ကျိုးပဲ့လွယ်ကာ အားနည်းပြီး အနိုင်ကျင့်ရလွယ်ကူသူဟူ၍ပင်။ သခင်လေးယန်ရေ ရှင့်မျက်လုံးတွေမကောင်းတော့ဘူးလား?

ရှောင်လင်းယွီက တစ်ဖက်က လုံးဝတခြားလူတစ်ယောက်လိုပြောင်းလဲသွားပုံပေါ်သည့် ယန်စစ်မင်ဘက်လှည့်ကာ သူမျက်လုံးကိုလှိမ့်လိုက်သည်။ “သခင်လေးယန်၊ မစ္စကျောက်က ရှင့်ကိုတောင်းပန်နေတယ်လေ။”

ယန်စစ်မင်က အရေးမစိုက်ဟန်ဖြင့်ပုခုံးတွန့်လိုက်ပြီး၊ “သူတောင်းပန်နိုင်ပါတယ်။ ကိုယ်တို့လည်း စကားပြောနိုင်တယ်လေ။ ဒါက သပ်သပ်စီပဲကို။” ယန်စစ်မင်က ကျောက်လင်းယွီကို လုံးဝမျက်နှာသာမပေးပေ။ သူက ယန်စစ်မင်ပင်။ Zမြို့မှာ သူ့အနေနှင့်ဘယ်သူ့ကိုမှ မျက်နှာသာပေးဖို့လည်း မလိုအပ်ပေ။

ရုတ်တရက် ယန်စစ်မင်က သူ့မျက်နှာကို ရှောင်လင်းယွီအနားသို့ တိုးကပ်သွားခဲ့သည်။ သူမျက်နှာက ရှောင်လင်းယွီ၏နှာခေါင်းထိပ်ဖျားလေးနှင့် တစ်စင်တီမီတာ၏တစ်ဝက်လောက်သာကွာတော့သည်။ ကောင်းကောင်းမသိသည့်လူများကတော့ သူတို့နမ်းကြတော့မည်ဟုပင် ထင်လောက်သည်။

ယန်စစ်မင်၏မျက်နှာထက်တွင် အလွန်ဆွဲဆောင်မှုရှိသည့်အပြုံးတစ်ခုကပ်တွယ်နေကာ သူက ချစ်ရသူကိုတီးတိုးပြောဆိုသလိုမျိုး အလွန်နူးညံ့သည့်အသံမျိုးဖြင့်၊ “ကိုယ့်ရဲ့ဗျောက်အိုးလေး၊ ကိုယ်က အိပ်ရာထဲမှာအရမ်းကောင်းကောင်းလုပ်နိုင်တယ်နော်။ မင်းကိုယ့်ထက်ပိုတဲ့စိတ်ကျေနပ်မှုရစေတဲ့လူမျိုး ဘယ်တော့မှရှာတွေ့မှာမဟုတ်ဘူးလို့ ကတိပေးတယ်။ ဘယ်လိုလဲ?”

ယန်စစ်မင်မှာ ရုတ်တရက်ကြီး ဤအရှုပ်အရှင်းထဲဆွဲသွင်းခံလိုက်ရသော်လည်း သူ ရှောင်လင်းယွီကို တော်တော်လေးစိတ်ဝင်စားနေမိတယ်ဆိုတာကို သလိုက်ရသည်။ အခြေအနေကိုအကြမ်းဖြင်းလေ့လိုက်ကြည့်ရုံဖြင့် ဖြစ်စဉ်အကျဉ်းချုပ်ကို ယန်စစ်မင်သိရှိလိုက်ပြီဖြစ်သည်။

ရှောင်လင်းယွီနှင့်ချန်းယန်တို့သည် လူတိုင်းမနာလိုဖြစ်စေရသည့် စုံတွဲများဖြစ်ကြသည်။ သို့သော်လည်း အမျိုးသားမှာ ရှောင်လင်းယွီထက် ပိုပြီးအင်အားကြီးသည့်အမျိုးသမီးကို ချစ်မိသွားခဲ့သည်။ သူတို့ဂုဏ်သိက္ခာကိုကာကွယ်နိုင်ရန်အတွက် ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့သည် ရှောင်လင်းယွီကိုဆွဲချရန်အတွက် သူမဂုဏ်သိက္ခာကိုဖျက်ဆီးရင် ရုပ်ဆိုးဆိုးလူတစ်ယောက်ကိုစီစဉ်ခဲ့ကြသည်။ သူတို့က ရှောင်လင်းယွီ၏အခေါင်းကို သံပါရိုက်နိုင်ဖို့အရေး ဗီဒီယိုနှင့်ဓာတ်ပုံအချို့ကိုပါ ရိုက်ထားကြသည်။ ထို့နောက်တွင်တော့ လူတိုင်းသည် ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့အတူရှိနေကြသည်ကို သတိမထားမိနိုင်လောက်အောင် ရှောင်လင်းယွီကို ဆူပူကြိမ်းမောင်းရင်းအလုပ်များနေကြတော့မည်။

သို့သော်လည်း ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့မမျှော်လင့်ထားသည်က သူတို့ပစ်မှတ်က သူတို့၏အစီအစဉ်နှင့်အကြံအစဉ်များကိုသိရှိနေသည်ကိုပင်။ ရှောင်လင်းယွီက တခါတည်းကုမ္ပဏီအထိလာကာ သူတို့အကြံအစည်တွေကိုပင် ဖော်ထုတ်လိုက်သေးသည်။

ယန်စစ်မင်၏အကြည့်များက ရှောင်လင်းယွီ၏လည်တိုင်ထက်သို့ရောက်ရှိသွားသည်။ အနမ်းမှတ်ကိုမြင်လိုက်ချိန်တွင် သူ့မျက်လုံးများထဲနှင့် အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။ ‘ဗျောက်အိုးလေးက တကယ်ကိုပဲမနေ့ညက တစ်ယောက်ယောက်နဲ့အိပ်ခဲ့တာပဲ။ ဒါပေမယ့် အဲံလူက ကျောက်ဝမ်မန့်စီစဉ်ထားတဲ့ ရုပ်ဆိုးဆိုးလူတော့ဟုတ်ပုံမရပေ။ မဟုတ်ရင် ဗျောက်အိုးလေးလည်း ကိစ္စတွေကို ဒီလောက်စိတ်အေးအေးနဲ့ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။’

ယန်စစ်မင်၏စကားများကိုကြားကာ သူ့မျက်နှာကပါ သူမနားတိုးကပ်လာသည်ကိုမြင်လိုက်ရချိန် ရှောင်လင်းယွီလည်း သတိကြီးကြီးနှင့်နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ပြုံးလိုက်ကာ၊ “သခင်လေးယန်၊ ရှင့်ရဲ့မယုံနိုင်စရာစကေးတွေကို ကျွန်မ,မနေ့ညကပဲ စမ်းကြည့်ပြီးပါပြီ။ ဒါပေမယ့် ကျွန်မတို့ကြားကဆက်ဆံရေးက ဒီလောက်နဲ့ပဲအဆုံးသတ်ပြီ!” ရှောင်လင်းယွီ၏စိတ်ထဲတွင်တော့၊ ‘အရှက်မရှိလိုက်တာ! ဘယ်သူက သူ့စကေးတွေကို ဘယ်သူကကြုံဖူးချင်နေလို့လဲ? ပြီးတော့ ငါဒီယောက်ျားနဲ့ထပ်ပြီးလည်း မပတ်သတ်ချင်တော့ဘူး! ငါတို့တစ်လမ်းစီသွားကြတော့မှာ!’

ရှောင်လင်းယွီ၏စကားများကိုကြားပြီး ချန်းယန်၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူအလွန်ဒေါသထွက်သလို အရှက်ကွဲမှုနှင့်ထိတ်လန့်မှုကိုပါ ခံစားနေရသည်။

သူက ဒေါသတကြီးဆဲဆိုတော့သည်။ “ရှောင်လင်းယွီ အရှက်မရှိတဲ့ခွေးမ! လူကြားထဲမှာ ဘယ်လိုလုပ်ဒီလိုစကားမျိုးပြောနိုင်ရတာလဲ? မိန်းမပျက်မ!”

ချန်းယန်သည် သူရှောင်လင်းယွီကို ကောင်းကောင်းသိသည်ဟု အမြဲတွေးခဲ့သည်။ သူ့မျက်လုံးထဲတွင် ရှောင်လင်းယွီဆိုသည်မှာ သူမ၏သခင်ထံမှကာကွယ်မှုကိုလိုအပ်သည့် နူးညံ့သည့်ပန်းလေးတစ်ပွင့်ပင်။ သူမက သူမသခင်အတွက် ပွင့်လန်းပေးပြီး သူမသခင်သာအနားတွင်မရှိလျှင် ညှိုးနွမ်းကာသေဆုံးသွားမည်ဖြစ်သည်။ ချန်းယန်သည် သူမ၏သခင်ဖြစ်သည်။ ရှောင်လင်းယွီသည် သူမရှိဘဲ မရှင်သန်နိုင်ပေ။

သို့ပေမယ့် တစ်ညတည်းဖြင့်ပင် ရှောင်လင်းယွီသည် တခြားလူတစ်ယောက်ပမာပြောင်းလဲသွားခဲ့သည်။ သူမက သူ့ထောက်ခြောက်တွေထဲမဝင်တော့ပေ။ ဒါ့အပြင် သူမကုမ္ပဏီကိုပြန်ရောက်လို့ အရှက်ခွဲပြောဆိုခံရချိန်မှာတောင်မှ သူမကအေးအေးလူလူပြန်တုံ့ပြန်နိုင်နေသေးသည်။ ပိုပြီးထိတ်လန့်ဖို့ကောင်းသည့်အချက်မှာ သူမက သူမ၏တစ်ညအိပ်အဖောက်ကိုတောင် အတူခေါ်လာခဲ့သေးသည်။ ထိုလူကလည်း ယန်သခင်လေးဖြစ်နေသေးကာ သူတို့အားလုံးကို ဒုက္ခငရဲထဲဆွဲခေါ်သွားလေသည်။

ချန်းယန်သည် ဤပြဿနာကိုမဖြေရှင်းလျှင် သူလုပ်ထားသမျှအရာအားလုံး သဲထဲရေသွန်ဖြစ်သွားပေတော့မည်။

ထို့အပြင် ယန်စစ်မင်သာ ရှောင်လင်းယွီအတွက် ကူညီပြီး လက်စားချေပေးမည်ဟုဆုံးဖြတ်လိုက်လျှင် ယန်စစ်မင်၏စကားတစ်ခွန်းလောက်ဖြင့်ပင် ချန်းယန်တစ်ယောက် Zမြို့၏အမည်ပျက်စာရင်းဝင်သွားတော့မည်။ သူ့အနာဂါတ်လမ်းကြောင်းသည်လည်း မီးခိုးငွေ့များပမာပျောက်ကွယ်သွားပေမည်။

ရှောင်လင်းယွီသည် ဤကဲ့သို့ကြမ်းတမ်းသည့်အခြေအနေမျိုးကို တောင့်ခံနိုင်နေလိမ့်မည်ဟု ချန်းယန်မထင်ထားခဲ့ပေ။

ဒါ့အပြင် သူမက လူမြင်ကွင်းကြီးမှာ တခြားယောက်ျားတစ်ယောက်နှင့်ပေါ်တင်ပင် ပရောပရီလုပ်နေသေးသည်။

ချန်းယန်သည် အမြဲတမ်း ရှောင်လင်းယွီကို သူ့ပိုင်ဆိုင်မှုတစ်ခုအဖြစ်သာမြင်ခဲ့သည်။ အခုလို သူ့အပိုင်က သူ့ကိုသစ္စာဖောက်သွားသည်ကို မြင်လိုက်ချိန်ရချိန်တွင် ဘယ်လိုမှသည်းမခံနိုင်တော့ပေ။

သူ့ဒေါသတွေကို ယန်စစ်မင်အပေါ်ဖွင့်ချလို့မရတာကြောင့် ရှောင်လင်းယွီဘက်ကိုသာ မျှားဦးလှည့်သွားတော့သည်။

ချန်းယန်က သူမကို ခွေးမဟုခေါ်လိုက်သည်ကို ကြားလိုက်ရသည်နှင့် ရှောင်လင်းယွီ၏မျက်နှာမှာ မည်းမှောင်သွားတော့သည်။ သူမက ချန်းယန်အနားသို့သွားလိုက်ကာ လက်ကိုမြှောက်ပြီး သူ့မျက်နှာကို ခပ်ပြင်းပြင်းရိုက်ချလိုက်တော့သည်။ သူမမျက်လုံးထဲတွင်လည်း ခက်ထန်မှုအရိပ်အယောင်များအပြည့်ပင်။

သူမက၊ “ချန်းယန်၊ နင်ကမှဆန်ကုန်မြေလေးအမှိုက်အောင်ပဲ! ဟုတ်တယ် ငါကအရှက်မဲ့ချင်မဲ့မယ်၊ ဒါပေမယ့် ငါဒီလိုဖြစ်အောင်နင်ပဲ ဖိအားပေးခဲ့တာလေ! ပြီးတော့ အရှက်မဲ့တာခြင်းသာပြိုင်ရရင် ငါနင့်ကိုမယှဉ်နိုင်ပါဘူး။ နင်သာ ဥက္ကဌသမီးနဲ့လျှို့ဝှက်ဆက်ဆံရေးရှိချင်ရင် ငါ့ကိုပြောပေါ့။ နင်သာ ငါနဲ့ပွင့်ပွင့်လင်းလင်းလမ်းခွဲချင်ရင် ငါကလည်း နင့်ကိုဆက်နေပေးပါလို့ ခယနေမှာမဟုတ်ဘူး။ အဲ့အစား နင်တို့အတွက် ဆုမွန်ကောင်းတောင်တောင်းပေးလိုက်ဦးမယ်!”

ရှောင်လင်းယွီ၏နှလုံးသားထဲမှ ချန်းယန်အပေါ် ဒေါသတရားများက မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာတော့သည်။ သူမကအံတင်းတင်းကြိတ်ပြီး၊ “ဒါပေမယ့် နင်ကတော့ ယောက်ျားကောင်းတစ်ယောက်လိုပြုမူရမယ့်အစား တစ်ဖက်ကိတ်ကိုလည်းစားချင်လိုက်သေးတယ်။ နင်က နင့်ကိုယ်ပိုင်ဂုဏ်သိက္ခာအတွက် ငါ့ဂုဏ်သိက္ခာကိုဖျက်စီးချင်လိုက်သေးတယ်။”

သူမထိုစကားများပြောနေချိန်အတွင်း ကျောက်ဝမ်မန့်ကိုလည်း ခပ်စူးစူးကြည့်လိုက်သေးသည်။

လူအုပ်ကြီးမှာ မှင်သက်နေတော့သည်။ ရှောင်လင်းယွီက ငတုံးတစ်ယောက်မဟုတ်ကြောင်း သူတို့နားလည်လိုက်ကြသည်။ ပြောရရင် သူမက အရမ်းတောင်ဉာဏ်ထက်နေသေးသည်။ သူတို့အားလုံး ရှောင်လင်းယွီအပေါ် နားလည်မှုလွဲခဲ့ကြတာပဲ။ ပြောရရင် ဟုတ်လည်းဟုတ်တာပဲ။ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခုကဘွဲရလာတဲ့ ရှောင်လင်းယွီက ဘယ်လိုလုပ်ငတုံးငအတစ်ယောက်ဖြစ်နိုင်ပါ့မလဲ?

ရှောင်လင်းယွီ၏စကားလုံးများနှင့်ဖိနှိပ်ခံလိုက်ရသည့် ချန်းယန်၏အမူအရာမှာ အေးခဲသွားတော့သည်။ သူမစကားတွေကို သူပြန်မတုံ့ပြန်နိုင်ခဲ့ပေ။ သူ့မျက်နှာပေါ်တွင် ရှက်ရွံ့သည့်အရိပ်များပြေးလွှားနေကာ နောက်ဆုံးမှာတော့၊ “ယွီအာ၊ ကိုယ်ပြောတာနားထောင်ပါဦး၊ ကိုယ်…”

ရှောင်လင်းယွီက သူ့စကားကိုဖြတ်ပြောလိုက်သည်။ “ရှူး၊ ငါနင့်ရဲ့အလိမ်အညာတွေထပ်ပြီး နားမထောင်ချင်တော့ဘူး။ ချန်းယန်၊ နင်ငါ့ကိုအရူးလိုမဆက်ဆံနဲ့။ နင်ငါ့ကိုအားလုံးလျှို့ဝှက်ထားလို့ရမယ်များထင်နေလား? နင်ရှာတွေ့မခံချင်ရင် လုပ်လည်းမလုပ်ခဲ့နဲ့လေ။ ဒီလိုဆို ပေါ်သွားစရာအကြောင်းလဲမရှိဘူး။”

ရှောင်လင်းယွီက ဘေးပတ်လည်းကို ဝေ့ကြည့်လိုက်ကာ အသံကိုမြှင့်ပြီး၊ “အားလုံးနားထောင်ကြ! အားလုံးကို ငါ့ရဲ့မျက်မြင်သက်သေအဖြစ်လိုအပ်တယ်။ ငါ ရှောင်လင်းယွီက ချန်းယန်ကို တရားဝင်စွန့်ပစ်လိုက်ပြီ။ အခုကစပြီး ငါတို့ချင်းတစ်ယောက်နဲ့တစ်ယောက်ပတ်သတ်စရာအကြောင်းမရှိတော့ဘူး။ ချန်းယန်၊ နင်လည်း နင့်ရဲ့ပျော်ရွှင်မှုနဲ့အချစ်စစ်ကို လွတ်လွတ်လပ်လပ်ရှာနိုင်ပြီ။ ငါနင့်လမ်းမှာထပ်ပြီးပိတ်နေမှာမဟုတ်တော့ဘူး။”

ထို့နောက် ရှောင်လင်းယွီက ကျောက်ဝမ်မန့်ဘက်သို့လှည့်သွားသည်။ ရှောင်လင်းယွီ၏နှုတ်ခမ်းများထက်တွင် အပြုံးတစ်ပွင့်ရှိနေကာ၊ “ဒီနေ့ ရှင့်ဆန္ဒတွေပြည့်သွားပြီ ချန်းယန်။ ရှင် မစ္စကျောက်နဲ့တစ်ဘဝလုံးပျော်ပျော်ရွှင်ရွှင်ရှိသွားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်!”

***

စာစဉ် ၁ ပြီးပါပြီ။

All Chapters