← Chapters

အတိတ်၏ ပဲ့တင်မှုများ

Vol. 100 Ch. 1543

အတိတ်၏ ပဲ့တင်မှုများ

Vol. 100 Ch. 1543

အစက သူက သေမျိုးတစ်ယောက်ဖြစ်ပြီး ကျင့်ကြံနိုင်သော အခွင့်အရေးမရှိပေ။ သို့တိုင်အောင် သူက ကိုယ်ပိုင်အရည်အချင်းများကို အသုံးပြု၍ လူသားမျိုးနွယ်အတွက် အာရုဏ်ဦးနေမင်း၏ နောက်ဆုံးအစိတ်အပိုင်းကို ပြီးပြည့်စုံစေခဲ့ပြီး မျိုးနွယ်အတွက် အထွတ်အမြတ်လက်နက်တစ်ခုကို ထောက်ပံ့ပေးခဲ့သည်။

သူက မဟာပညာရှိတစ်ပါး ဖြစ်ခဲ့သည်။

သို့သော်လည်း သူက လူသားမျိုးနွယ်၏ သမိုင်းကြောင်းထဲမှာ ပုန်းကွယ်နေခဲ့သည်။ လူအနည်းစုသာ သူ့အကြောင်းကို သိကြသည်။ ဂုဏ်အရှိန်အဝါအားလုံးက သူ၏ ခင်ပွန်းပေါ်ကိုသာ ကျရောက်ခဲ့သည်။

သူက ဧကရီအဖြစ် ရာထူးချီးမြှောက်ခံခဲ့ရပြီး သားနှစ်ယောက် ရရှိခဲ့သည်။ သူ၏ နှလုံးသားက ခင်ပွန်းပေါ်မှာ နစ်မြှုပ်ထားပြီး ခင်ပွန်း၏ တာဝန်များနှင့် စိုးရိမ်စရာများကို မျှဝေဖြေရှင်းပေးခဲ့သည်။ သူ၏ သားနှစ်ယောက်နှင့် ခင်ပွန်းအတွက် အရာအားလုံးကို သူစတေးနိုင်သည်။ သူ၏ နှလုံးသားထဲမှာ သူ၏ မိသားစုဝင်များသာလျှင် ရှိသည်။

သို့သော်လည်း နောက်ဆုံးမှာတော့ သူက ဆိုးဝါးသော ကံကြမ္မာဆိုးတစ်ခုဖြင့် တွေ့ကြုံခဲ့ရသည်။ သူ၏ ကလေးများနှင့် ခွဲခွာခဲ့ရပြီး ခင်ပွန်းဖြစ်သူ၏ သတ်ဖြတ်ရန် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

သူ၏ ခင်ပွန်းက နတ်ဘုရားတစ်ပါးဖြစ်ချင်သောကြောင့် စိတ်ခံစားချက်အားလုံးကို ဖြတ်တောက်ပစ်ရန် ကြိုးစားခဲ့သည်။

သူက မည်သည့်အမှားကို ပြုလုပ်ခဲ့မိကြောင်း မသိသလို အဘယ့်ကြောင့် သူရွေးချယ်ခဲ့သော လမ်းကြောင်းက ထိုသို့အဆုံးသတ်သွားကြောင်း နားမလည်နိုင်ခဲ့ပေ။

သို့ဖြစ်၍ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုက သူ့ဘဝ၏ ပထမအပိုင်းအခြားမှာ ကြီးစိုးခဲ့သည်။ စိတ်ဓာတ်ကျမှုက သူ၏ ဝိညာဉ်ထဲမှာ တံဆိပ်ရိုက်နှက်သွားခဲ့သည်။

သူက ကောင်းကင်အောက်မှာ ဒူးထောက်ခဲ့ပြီး သူတော်စင်ကုန်းမြေထံသို့ ဆုတောင်းခဲ့သည်။

သို့သော်လည်း သူတော်စင်ကုန်းမြေက မတုံ့ပြန်ခဲ့ပေ။

သူက ဤကံကြမ္မာဆိုးမှ လွတ်မြောက်နိုင်ရန် အထက်တန်းစားများ၏ အရှေ့မှာလည်း ဒူးထောက်ပြီး တောင်းဆိုခဲ့သည်။

သို့သော်လည်း အထက်တန်းစားများက နှုတ်ဆိတ်နေခဲ့ကြသည်။

သူက အော်ဟစ်ငိုကြွေးခဲ့ပြီး အလွန်ဒေါသထွက်ခဲ့သည်။ သူက ဝမ်းနည်းပူဆွေးပြီး တိတ်ဆိတ်နေခဲ့သည်။

ယင်းက သူ့ဘဝ၏ စိတ်အပျက်ဆုံးအခိုက်အတန့်မှာ နန်းတော်ထဲမှ မှေးမှိန်သော အလင်းရောင်အောက်ဝယ် ဓားကိုင်ဧကရာဇ်ရုပ်တုဆီသို့ သူလှမ်းမကြည့်ခင်အထိ ကြာမြင့်ခဲ့သည်။ သူက ဓားကိုင်ဧကရာဇ်ရုပ်တုဆီသို့ ချဉ်းကပ်သွားပြီးနောက် နောက်ဆုံးအကြိမ် ငိုကြွေးခဲ့သည်။

မျက်ရည်က သူ၏ ပါးပြင်ထက်မှ စီးကျလာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ကံကြမ္မာထဲမှာ ပဲ့တင်ထပ်သွားမည့် သက်ပြင်းချသံတစ်သံကို သူကြားလိုက်ရသည်။

“ လူသားတွေက အဲ့ဒီလိုမလုပ်သင့်ဘူး… ကလေး… လူသားတွေက မင်းအပေါ် မှားယွင်းခဲ့တယ်… ”

ထိုအချိန်မှာ သူက မည်သည့်အခါမှ မေ့မသွားမည့် အဖိုးအိုတစ်ယောက်ကို မြင်တွေ့သွားသည်။

သူ၏ အနောက်တွင် ဓားတစ်လက်က သူ့ဝမ်းနည်းမှု၏ ဇစ်မြစ်ဆီသို့ ကျဆင်းသွားသည်။

ထိုဓားချက်က ကံကြမ္မာဆိုးကို ဖျက်ဆီးလိုက်ပြီး အရာအားလုံးကို ပြောင်းလဲပစ်ခဲ့သည်။

“ မဟာဧကရာဇ်က ငါ့အတွက် အဖေတစ်ယောက်လိုပဲ ”

ဧကရီက တီးတိုးရေရွတ်လိုက်သည်။

သူ့ဘဝ၏ အမှောင်မိုက်ဆုံးအချိန်မှာ ဓားကိုင်ဧကရာဇ်က သူ့ကို ကယ်တင်ပေးခဲ့သည်။

သူ့ဘဝ၏ အဝမ်းနည်းဆုံးအချိန်မှာ ဓားကိုင်ဧကရာဇ်က သူ့ကို မျှော်လင့်ချက်ပေးခဲ့သည်။

ဘဝ၏ အဓိပ္ပာယ်ကို သူနားမလည်တော့သည့်အချိန် မဟာဧကရာဇ်က သူ့အား ကျင့်ကြံခြင်းစွမ်းအားကို လွှဲပြောင်းပေးခဲ့သည်။

သူက လူသားမျိုးနွယ်ကိုလည်း သူ့ဆီသို့ ပေးအပ်ခဲ့သည်။

သို့ဖြစ်၍ သူက ရွှမ်ကျန်းအသွင် သရုပ်ဆောင်ပြီး လူသားမျိုးနွယ်၏ မြင့်တတ်မှုကို ဦးဆောင်ပေးခဲ့သည်။ မဟာဧကရာဇ်၏ နောက်ဆုံးအကြိမ် ကာကွယ်ပေးမှုအောက်မှာ သူက မျက်နှာဖုံးကို ချွတ်ပြီး လူသားမျိုးနွယ်၏ ပထမဆုံးနတ်ဘုရား ဖြစ်လာခဲ့သည်။

“ ဒါပေမဲ့ လူသားမျိုးနွယ်ကို ကာကွယ်ပေးဖို့က ငါ့ရဲ့ မူလဆန္ဒမဟုတ်ခဲ့ဘူး… အဲ့ဒါက မဟာဧကရာဇ်ရဲ့ အတောင့်တဆုံး ဆန္ဒပဲ… ဒါကြောင့် အဲ့ဒါက ငါ့ရဲ့ ဆန္ဒဖြစ်လာမယ် ”

ဧကရီက ပင်လယ်ပေါ်မှ ရုပ်တုကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှ လွမ်းဆွေးတမ်းတမှုက ပိုပြီးအားကောင်းလာပြီး စိတ်ဓာတ်ပြတ်သားမှုက ထွက်ပေါ်လာသည်။

သူ့အတွက် အဖေတစ်ယောက်နှင့်မခြားသော မဟာဧကရာဇ်ကို အသက်ပြန်ရှင်စေချင်သည်။

‘ အတိတ်မှာ မဟာဧကရာဇ်က ငါ့ကို အမှောင်ထုထဲကနေ ကယ်တင်ပေးခဲ့တယ်… ဒီနေ့ ငါက မဟာဧကရာဇ်ကို သေခြင်းတရားကနေ ပြန်ရှင်လာစေမယ် ”

အလွန်သိပ်သည်းသော အလင်းရောင်က ဧကရီ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ တုန်ယင်နေသော မိစ္ဆာငှက်မွှေး၏ အကြည့်၊ ရှေးဘုရင်ဂြိုလ်၏ တုန်လှုပ်မှု၊ အားညို၏ အံ့ဩသော အကြည့်နှင့် ရွှီချင်း၏ စိတ်လှုပ်ရှားမှုအောက်မှာ…

ဧကရီက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်နှင့် မြေပြင်ကြားမှာ ရပ်လိုက်သည်။

“ ငါက လူသားဧကရီပဲ ”

“ ဝမ်ကူးကုန်းမြေက မရေမတွက်နိုင်တဲ့ လူသားတွေရဲ့ ကံကြမ္မာကို ငါထမ်းပိုးထားတယ်… အခု… ”

ဧကရီ၏ အကြည့်က ဤလောကကို ဖောက်ထွင်းသွားပြီး ဝမ်ကူးကုန်းမြေနှင့် လူသားမျိုးနွယ်ပေါ်သို့ ကျရောက်သွားဟန် ရသည်။

“ လူသားမျိုးနွယ်ရဲ့ နှလုံးသားထဲက ဓားကိုင်ဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေကို ဆင့်ခေါ်ပါတယ်… မှတ်ဉာဏ်တွေ ပြန်ရောက်လာပြီး မဟာဧကရာဇ်ရဲ့ လူသားဝိညာဉ်ဖြစ်လာပါ ”

ဧကရီက စကားပြောလိုက်သည်နှင့်ချက်ချင်း သူ၏ အသံက ကောင်းကင်ဘုံမိုးခြိမ်းသံပမာ ပဲ့တင်ထပ်သွားသည်။ ယင်းက လူသားမျိုးနွယ်၏ ပိုင်နက်အတွင်းမှာ ပေါက်ကွဲသွားပြီး လူသားတိုင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။

ယင်းက မဟာနန်းမြို့တော်ဒေသကြီးနှင့် တခြားဒေသကြီးများမှ လူသားအားလုံး၏ မှတ်ဉာဏ်များကို လှုံ့ဆော်လိုက်သည်။ ပြင်းထန်သော လှုံ့ဆော်မှုအောက်မှာ ဓားကိုင်ဧကရာဇ်နှင့်ပတ်သက်သော မှတ်ဉာဏ်အားလုံးက ထွက်ပေါ်လာကြသည်။

တစ်စုံတစ်ယောက်က မှတ်မိနေသေးသရွေ့ ပြန်လာနိုင်ခြေ ရှိ၏။

ထိုလူက ဓားကိုင်ဧကရာဇ်ဖြစ်လေရာ မည်သူက သူ့ကို မေ့ပစ်နိုင်မည်နည်း။

မဟာဧကရာဇ်က ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် လူသားမျိုးနွယ်ကို ကာကွယ်ရန် ကျန်နေခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်သည်။ သူက နှစ်ပေါင်းများစွာကြာအောင် လူသားမျိုးနွယ်ကို မျိုးနွယ်ခြားများ၏ အန္တရာယ်မှ ကာကွယ်ပေးခဲ့သည်။

သူက လူသားမျိုးနွယ်ကို ကာကွယ်ရန် မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲခဲ့သည်။ သူ၏ မူလခန္ဓာကိုယ်က သေဆုံးသွားပြီး ကိုယ်ပွားတစ်ခုသာ ကျန်နေခဲ့သည့်တိုင် မဟာဧကရာဇ်က လူသားမျိုးနွယ်ကို ဆက်ပြီး ကာကွယ်ပေးခဲ့သည်။

သူရင်ဆိုင်ခဲ့သော သေခြင်းရှင်ခြင်းတိုက်ပွဲအများအပြားက မရေမတွက်နိုင်သော မျိုးနွယ်စုများကို အံ့ဩထိတ်လန့်စေခဲ့သည်။

မဟာဧကရာဇ်၏ နောက်ဆုံးနှစ်များမှာပင် သူ၏ နောက်ဆုံးဓားချက်က မျိုးနွယ်ခြားများကို ခြိမ်းခြောက်နိုင်ခဲ့သည်။

မဟာဧကရာဇ်သာ မတည်ရှိလျှင် လူသားမျိုးနွယ်သည် ဟိုးယခင်ကတည်းက မျိုးတုန်းသတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။

သူ၏ ဘဝက သွေးမိုးကြားထဲမှာ ဖြတ်သန်းခဲ့ရသည်။ ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက် သူက လူသားမျိုးနွယ်၏ သမိုင်းဖြစ်လာခဲ့သည်။

ထိုသို့မဟာဧကရာဇ်တစ်ပါးကို မည်သူမှ မမေ့နိုင်ပေ။

ဤအခိုက်အတန့်မှာ ဓားကိုင်ဧကရာဇ်နှင့် ပတ်သက်သော မှတ်ဉာဏ်များက သလင်းကျောက်အလင်းစက်များအဖြစ် ပြောင်းလဲသွားကြပြီး လူသားတိုင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ ထို့နောက် အလင်းစက်များက လေထဲသို့ မြှောက်တတ်သွားကြပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှ တာအိုသစ်သီးဆီသို့ ပျံသန်းသွားကြသည်။

နောက်ဆုံးမှာတော့ မှတ်ဉာဏ်များက အတူတကွ ပေါင်းစည်းသွားသည့်အခါ ထိုအလင်းစက်များက မဟာဧကရာဇ်၏ လူသားဝိညာဉ်အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရုပ်တုထဲသို့ တိုးဝင်သွားသည်။

“ မဟာဧကရာဇ်က သူ့ဘဝတစ်လျှောက်မှာ လူသားတွေနဲ့ လူသားမျိုးနွယ်ရဲ့ ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တယ်… ဒီနေ့ ငါတို့မျိုးနွယ်ရဲ့ ပိုင်နက်ထဲက ဝိညာဉ်အားလုံးကို ဆင့်ခေါ်လိုက်တယ်… ဝိညာဉ်တွေက မဟာဧကရာဇ်ရဲ့ မြေကြီးဝိညာဉ်ဖြစ်လာပါ ”

ဧကရီ၏ အသံက ဥပဒေသတစ်ခုနှယ် ဝမ်ကူးကုန်းမြေထဲမှာ ပဲ့တင်ထပ်သွားသည်။ လူသားမျိုးနွယ်ပိုင်ဆိုင်သော နယ်မြေအားလုံးက တုန်ယင်သွားကြသည်။ ထိုနယ်မြေများထဲမှ တောင်တန်းများ၊ ပင်လယ်များ၊ မြစ်ချောင်းများနှင့် အဆောက်အဦးများက တုန်လှုပ်သွားကြပြီး မိုးခြိမ်းသံနှင့်အတူ တုံ့ပြန်လိုက်ကြသည်။

ကောင်းကင်မှာ ဝိညာဉ်ရှိသလို မြေပြင်မှာလည်း ဝိညာဉ်ရှိသည်။

ဤအခိုက်အတန့်မှာ ဝိညာဉ်က နိုးထလာပြီး သလင်းကျောက်အလင်းစက်များအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။ ယင်းက အလွန်ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခု ဖြစ်သည်။

မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှ မရေမတွက်နိုင်သော ကျင့်ကြံသူများက အံ့ဩနေကြပြီး လူသားကျင့်ကြံသူများက စိတ်လှုပ်ရှားနေကြစဉ် ထိုအလင်းစက်များက တာအိုသစ်သီးထဲသို့ ဝင်ရောက်သွားကြပြီး မဟာဧကရာဇ်ရုပ်တုနှင့် ပေါင်းစပ်သွားကြသည်။

“ ဝိညာဉ်မှာ လူသား၊ မြေကြီးနဲ့ ကောင်းကင်ဆိုပြီး သုံးခုရှိတယ်… လူသားဧကရာဇ်ဒုန်းရှန့်ခေတ်ကနေ စတင်ပြီး ငါ့ရဲ့ နန်းတတ်မှုအထိ လူသားမျိုးနွယ်ဟာ အနိမ့်အမြင့်အတတ်အကျတွေကို နှစ်ပေါင်းများစွာကြာအောင် တွေ့ကြုံခဲ့ရတယ်… အဲ့ဒီအချိန်ကာလအတွင်းက လူသားမျိုးနွယ်ရဲ့ အနှစ်သာရကို ငါဆင့်ခေါ်လိုက်တယ်… လူသားမျိုးနွယ်ရဲ့ အနှစ်သာရက မဟာဧကရာဇ်ရဲ့ ကောင်းကင်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပါ ”

ထိုစကားသံ ထွက်ပေါ်လာသည်နှင့်ချက်ချင်း လူသားမျိုးနွယ်၏ လောကက တုန်ယင်သွားသည်။ လူသားမျိုးနွယ်၏ ကမ္မက လေထဲသို့ မြှောက်တတ်သွားပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ အဟန့်အတားများကို လျစ်လျူရှုလိုက်သည်။ ယင်းထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှု၊ လွှမ်းမိုဖိနှိပ်မှုနှင့် ကိုယ်ပိုင်အလေးချိန် ရှိသည်။

ယင်းက တာအိုသစ်သီးထဲသို့ ဝင်ရောက်သွားပြီး ဓားကိုင်ဧကရာဇ်၏ ရုပ်တုနှင့် ပေါင်းစပ်သွားသည်။

ရုပ်တုက တုန်ယင်သွားသည်။

ဤအခိုက်အတန့်မှာ မျိုးနွယ်၏ မှတ်ဉာဏ်များက လူသားဝိညာဉ်ဖြစ်လာပြီး တောင်တန်းများနှင့် မြစ်ချောင်းများက မြေကြီးဝိညာဉ်ဖြစ်လာကာ နှစ်ပေါင်းများစွာကြာအောင် စုစည်းရှိနေခဲ့သည့် လူသားမျိုးနွယ်၏ ကမ္မက ကောင်းကင်ဝိညာဉ်ဖြစ်လာသည်။

ဝိညာဉ်သုံးခုက အတူတကွ စုဝေးသွားကြသည်။

ဤပြန်လည်ရှင်သန်မှုက ဧကရီနှင့် လူသားမျိုးနွယ်အတွက် ကိစ္စကြီးဖြစ်သည်။

ထို့ပြင် ယင်းက လူသားဧကရာဇ်များအတွက်လည်း ကိစ္စကြီးဖြစ်သည်။

“ ဝိညာဉ်က သုံးခုရှိပြီး စိတ်ဝိညာဉ်က ခုနစ်ခုရှိတယ် ”

ဧကရီ၏ အကြည့်က ရုတ်တရက် ရွှေ့ပြောင်းသွားပြီး ရှေးဘုရင်ဂြိုလ်ပေါ်မှာ တရားထိုင်နေကြသော လူသားဧကရာဇ်ငါးပါးပေါ်သို့ ကျရောက်သွားသည်။ ဧကရီက ကြည့်လိုက်သည့်အခိုက် သူတို့အားလုံးက တစ်ပြိုင်နက် မျက်လုံးဖွင့်လိုက်ကြပြီး ဧကရီနှင့် အကြည့်ချင်း ဆုံသွားကြသည်။

“ မဟာဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကို ဖွဲ့စည်းဖို့က သာမန်သက်ရှိတွေအတွက် ခက်ခဲတဲ့ကိစ္စပဲ… မဟာဧကရာဇ်က သူ့တစ်ဘဝလုံးကို လူသားမျိုးနွယ်ပေါ်မှာ မြှုပ်နှံထားခဲ့တယ်… ဒါကြောင့် လူသားမျိုးနွယ်ဖြစ်တဲ့ ငါတို့က ငါတို့ရဲ့ မှတ်ဉာဏ်တွေ၊ တောင်တန်းနဲ့မြစ်ချောင်းတွေ၊ မျိုးနွယ်ရဲ့ ကမ္မကို အသုံးပြုပြီးတော့ ဝိညာဉ်သုံးခုကို ဖွဲ့စည်းခဲ့တယ်… မဟာဧကရာဇ်ရဲ့ စိတ်ဝိညာဉ်ကိုတော့ လူသားဧကရာဇ်တွေက ဖွဲ့စည်းပေးလိမ့်မယ် ”

“ ပထမစိတ်ဝိညာဉ်… ကောင်းကင်ထိုးဖောက်ခြင်း… ငါ့ရဲ့ အတိတ်ကနေ ဖွဲ့စည်းသွားပါ ”

ဧကရီက ရုတ်တရက် ပြောသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်သို့ အကြမ်းပတမ်း ပိုင်းဖြတ်လိုက်သည်။

ထိုပိုင်းဖြတ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်က အနည်းငယ် ဝေဝါးသွားသည်။ သူက အတိတ်ကို ပိုင်းဖြတ်လိုက်ပြီး ယင်းကို ပထမဝိညာဉ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ထို့နောက် ပထမဝိညာဉ်က မဟာဧကရာဇ်ရုပ်တုနှင့် ပေါင်းစပ်သွားသည်။

“ ဒုတိယစိတ်ဝိညာဉ်… ဉာဏ်ပညာစိတ်ဝိညာဉ်… လူသားဧကရာဇ်ကျင့်ယွင် ”

ရှေးဘုရင်ဂြိုလ်ပေါ်တွင် လူသားဧကရာဇ်ကျင့်ယွင်က ကောင်းကင်ပေါ်သို့ ပျံသန်းသွားပြီး အနက်ရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ မဟာဧကရာဇ်ရုပ်တုနှင့် ပေါင်းစပ်သွားသည်။

“ တတိယစိတ်ဝိညာဉ်… ချီစိတ်ဝိညာဉ်… လူသားဧကရာဇ်တာအိုရှီကျဲ ”

တာအိုရှီကျဲက မတ်တတ်ရပ်လိုက်ပြီး ရုပ်တုထဲသို့ လျှောက်သွားသည်။

“ စတုတ္ထစိတ်ဝိညာဉ်… ခွန်အားစိတ်ဝိညာဉ်… လူသားဧကရာဇ်ဒုန်းရှန့် ”

ဒုန်းရှန့်၏ နတ်ဘုရားအစွမ်းက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်နှင့် သူက ဝိညာဉ်တစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားပြီး ရုပ်တုထဲသို့ ဝင်ရောက်သွားသည်။

“ ပဉ္စမစိတ်ဝိညာဉ်… မြင့်မြတ်စိတ်ဝိညာဉ်… ငါ့ရဲ့ အနာဂတ်ကနေ ဖွဲ့စည်းသွားမယ် ”

ဧကရီက စိတ်ဓာတ်ပြတ်သားသည်။ သူက အတိတ်ကို ပိုင်းဖြတ်ပြီးနောက် သူ၏ အနာဂတ်ကို ပိုင်းဖြတ်လိုက်သည်။ ထို့နောက် သူ၏ အကန့်အသတ်မဲ့သော အနာဂတ်က မဟာဧကရာဇ်၏ မြင့်မြတ်စိတ်ဝိညာဉ်ဖြစ်လာသည်။

“ ဆဌမစိတ်ဝိညာဉ်… အနှစ်သာရစိတ်ဝိညာဉ်… လူသားဧကရာဇ်ရှန့်ထျန်း ”

ရှန့်ထျန်းက မျက်လုံးမှိတ်လိုက်ပြီး အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ မဟာဧကရာဇ်၏ အနှစ်သာရစိတ်ဝိညာဉ်ဖြစ်လာသည်။

“ သတ္တမစိတ်ဝိညာဉ်… သူရဲကောင်းစိတ်ဝိညာဉ်… လူသားဧကရာဇ်ရွှမ်ကျန်း ”

ရွှမ်ကျန်းက ခေါင်းမော့လိုက်သည့်အခါ အပြစ်ရှိစိတ်က သူ့မျက်လုံး၏ အနက်ပိုင်းထဲမှာ ထွက်ပေါ်လာသည်။ သူက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး သတ္တမမြောက်စိတ်ဝိညာဉ်ဖြစ်လာသည်။

ဤအခိုက်အတန့်မှာ ဝိညာဉ်သုံးခုနှင့် စိတ်ဝိညာဉ်ခုနစ်ခုက ပြည့်စုံသွားသည်။

မဟာဧကရာဇ်ရုပ်တုက တုန်ယင်သွားသည်။ ထို့အတူ ဤကျင့်ကြံခြင်းလောကနှင့် မိစ္ဆာငှက်မွှေးသူတော်ကုန်းမြေသည်လည်း တုန်ယင်သွားသည်။

ထိုစဉ် အခြေအနေအားလုံးကို အဝေးမှ စောင့်ကြည့်နေသော မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ဧကရီ၏ နောက်အစီအစဉ်ကို ခန့်မှန်းနိုင်သွားသည်။ သူ၏ အမူအရာက ပျက်ယွင်းသွားပြီး ဝမ်းနည်းပူဆွေးလာသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူက အနောက်ဆုတ်ရန် ရွေးချယ်လိုက်ပြီး တာအိုသစ်သီးထဲမှ ထွက်သွားသည်။

သူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူလုပ်နိုင်သည့်အရာ ဘာမှမရှိကြောင်း သိသည်။ သူက သူတော်စင်ကုန်းမြေ၏ တိုက်ရိုက် မျိုးဆက်များကိုသာ အမြန်ဆုံး အလျင်ဖြင့် ခေါ်ထုတ်သွားရုံသာ တတ်စွမ်းတော့သည်။

သူက အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း တာအိုသစ်သီး၏ လောကထဲမှာ မတ်တတ်ရပ်နေသော ဧကရီ၏ အမူအရာက အေးစက်သွားသည်။ သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးကို အေးတိအေးစက် ကြည့်လိုက်ပြီး ညာလက်ကို မြှောက်လိုက်သည်။

“ ငါ့အစီအစဉ် ကျရှုံးသွားမှာကို ခွင့်မပြုဘူး… ပြီးတော့ ဒီတာအိုသစ်သီးက ခြောက်သွေ့နေတယ်… ဒီတော့… ”

“ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေက သက်ရှိအားလုံးကို ယဇ်ပူဇော်ပါတယ် ”

“ သူတို့က ဒီဘဝအသင်္ချေ တာအိုသစ်သီးအတွက် အာဟာရဓာတ်များ ဖြစ်လာပါ ”

ဧကရီ၏ စကားက ကောင်းကင်ဘုံအသံပမာ တာအိုသစ်သီးလောကနှင့် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာ ဧကရီနေထိုင်ခဲ့သော ဒသမအုပ်ချုပ်သူတောင်က အကြမ်းပတမ်း တုန်လှုပ်သွားသည်။

ထိုတောင်က ဖုံးကွယ်မှုအားလုံးကို ဖယ်ရှားလိုက်ပြီး နတ်ဘုရားတောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ၎င်းက ဤနေရာမှာ အချိန်အတော်ကြာအောင် ဧကရီသိမ်းဆည်းထားခဲ့သော နတ်ဘုရားအတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။

ထိုနတ်ဘုရားအတတ်ပညာက ည၏ နိယာမကို ဖယ်ရှားလိုက်ပြီး အလင်းကို အရာရာဖြစ်သွားစေသည်။

ထို့နောက် အလင်းတန်းတစ်ခုက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှာ ထွက်ပေါ်လာသည်။

ထိုအလင်းတန်း ဖြတ်သန်းသွားသည့်နေရာတိုင်း အရာအားလုံးက ပုံပျက်တွန့်လိမ်သွားပြီး ဝေဝါးသွားသည်။ ချက်ချင်းဆိုသလို ဤနေရာမှ အရာအားလုံးက အလင်းရောင်ဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

ဤနေရာက နတ်ဘုံတစ်ခုပမာ ဖြစ်လာသည်။

အကယ်၍ မဟာဧကရာဇ်မိစ္ဆာငှက်မွှေး ထွက်သွားလျှင် မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှ သက်ရှိအားလုံးက ထိုကပ်ဘေးကို တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

အထွတ်အထိပ် နတ်ဘုရားယဇ်ပလ္လင်အဆင့် နတ်ဘုရားတစ်ပါး၏ အရှေ့တွင် မဟာဧကရာဇ်အဆင့်အောက်မှ လူများက ပုရွက်ဆိတ်များ ဖြစ်ကြသည်။

ဤအခိုက်အတန့်မှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေထဲမှ မှိတ်တုတ်မှိတ်တုတ် အလင်း‌ရောင်က ကြယ်ဂြိုလ်အသစ်တစ်ခုပမာ ထွက်ပေါ်လာပြီး ဝမ်ကူးကုန်းမြေထဲမှ သက်ရှိအားလုံး၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

တစ်ချိန်တည်းမှာ ဧကရီ၏ နတ်ဘုရားယဇ်ပလ္လင်အစွမ်းက ဤအခိုက်အတန့်မှာ အပြည့်အဝ ထွက်ပေါ်လာသည်။ ယင်းက တာအိုသစ်သီးလောကထဲသို့ စီးဝင်သွားပြီး ၎င်း၏ မရီဒျန်များနှင့် လှည့်ပတ်မှုကို အစားထိုးလိုက်ကာ ကြီးမားသော ဆွဲငင်အားကို ဖြစ်ပေါ်စေသည်။ ထိုဆွဲငင်အားက ကြောက်မက်ဖွယ်ကောင်းစွာ ပျံ့နှံ့သွားပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယင်းက အသက်ဓာတ်အားလုံး၊ ဝိညာဉ်အားလုံးနှင့် အသွေးအသားအားလုံးကို စုပ်ယူလိုက်သည်။

နတ်ဘုရားယဇ်ပလ္လင်၏ အလင်းရောင်နှင့် တာအိုသစ်သီး၏ စုပ်ယူမှုအောက်မှာ မရေမတွက်နိုင်သော မိစ္ဆာငှက်မွှေးကျင့်ကြံသူများက မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ စွန့်ပစ်ခံရပြီးနောက် သေကြေပျက်စီးသွားကြသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပြီး အဆုံးမဲ့သော အသွေးအသားပုံအဖြစ် ပြောင်းလဲသွားကာ တာအိုသစ်သီး၏ စုပ်ယူခံလိုက်ရသည်။

ပိုမိုများပြားသော အသွေးအသားများက စုဝေးသွားကြပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ ကပ်ဘေးက ဆက်လက် ဖြစ်ပွားနေစဉ် တာအိုသစ်သီး၏ အခြေအနေက ပြောင်းလဲသွားသည်။ ၎င်းက ခြောက်သွေ့နေရာမှ တဖြည်းဖြည်း အရောင်းဝင်းလက်လာပြီး ပြန်စိမ်းလန်းလာသည်။

ထိုသို့နည်းလမ်းများက ဧကရီက မည်မျှရက်စက်ကြမ်းကြုတ်ကြောင်း ဖော်ပြနေသည်။

ဧကရီက လုံးဝတုံ့ဆိုင်းမနေပေ။ သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည့်အခါ တာအိုသစ်သီးက မဟာဧကရာဇ်၏ ရုပ်တုထဲသို့ ဝင်ရောက်သွားသည်။

တီးတိုးရေရွတ်သံက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်။

“ အသင်္ချေ ရွှမ်ဘဝ ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော အသွေးအသားများကို စုပ်ယူထားသည့် တာအိုသစ်သီးက ရုတ်တရက် တုန်ယင်သွားသည်။ အရေအတွက်များပြားသော မှော်သင်္ကေတများက တာအိုသစ်သီး၏ မျက်နှာပြင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က တစ်ခုနှင့်တစ်ခု လှည့်ပတ်သွားကြသည်။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်းဂိတ်တံခါးက ဖွင့်လှစ်သွားသည့်အလား သို့မဟုတ် သေခြင်းရှင်ခြင်းဂိတ်တံခါးက ပွင့်သွားသည့်အလားပင်။

ကောင်းကင်၏ အရောင်က ပြောင်းလဲသွားသည်။

ဟင်းလင်းပြင်က တုန်လှုပ်သွားသည်။

ထို့နောက် တာအိုသစ်သီးက နောက်တစ်ကြိမ် ခြောက်သွေ့သွားသည်။ တာအိုသစ်သီးထဲမှ အာဟာရဓာတ်များက မဟာဧကရာဇ်ရုပ်တုထဲသို့ ဒလေဟာ တိုးဝင်သွားကြသည်။

ဤရုပ်တုသည် ယခု ဝိညာဉ်သုံးခုနှင့် စိတ်ဝိညာဉ်ခုနစ်ခုကို ပိုင်ဆိုင်ထားပြီးပြီ ဖြစ်သည်။ ၎င်း၏ အသက်ဓာတ်က အစပျိုးနေသည့်အလား တာအိုသစ်သီး၏ အာဟာရဓာတ်များက ရုပ်တုကို ကြီးကြီးမားမား ပြောင်းလဲသွားစေသည်။

ရုပ်တု၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။ ထို့နောက် ရုပ်တု၏ ခန္ဓာကိုယ်ကို ပြုလုပ်ထားသော သတ္ထုက အသွေးအသားများအဖြစ် ပြောင်းလဲသွားသည်။

တစ်ချိန်တည်းမှာ ပြန်လည်ရှင်သန်သော စိတ်ခံစားမှုက ရုပ်တုထဲမှ ထွက်ပေါ်လာသည်။ ထို့အတူ ဓားကိုင်ဧကရာဇ်၏ ရင်းနှီးကျွမ်းဝင်သော အရှိန်အဝါသည်လည်း ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါက တဖြည်းဖြည်း ပိုအားကောင်းလာသည်။

ယင်းက တာအိုသစ်သီးလောကကို ချိုးဖြတ်သွားပြီး မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေနှင့် ဝမ်ကူးကုန်းမြေကို တုန်လှုပ်သွားစေသည်။

ယင်းက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားသည်။

ဧကရီက စိတ်လှုပ်ရှားသွားသည်။ ရွှီချင်းသည်လည်း ထို့အတူပင်။

သို့သော်လည်း မရေမတွက်နိုင်သော အကြည့်များက ကျရောက်လာသည်နှင့်ချက်ချင်း ရုပ်တုက ရုတ်တရက် တုန်ယင်သွားသည်။ အထွတ်အထိပ်သို့ ရောက်ရှိသွားသော ထိုအရှိန်အဝါက မတည်မငြိမ်ဖြစ်လာပြီး စတင်ပြိုကွဲသွားသည်။

“ မဖြစ်ရဘူး… ”

ဧကရီ၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။

All Chapters