ကောင်းကင်ကို ဖြတ်သန်း၍ တစ်ယောက်နှင့်တစ်ယောက် ကြည့်ခြင်း
Vol. 100 Ch. 1546
ထိုသက်ပြင်းချသံထဲမှာ နောင်တရမှုနှင့် ချီးကျူးလေးစားမှုက ပါဝင်နေသည်။
သို့သော်လည်း သူ၏ အတွေးများက မှားယွင်းနေကြောင်း ချက်ချင်း သူသတိထားမိသွားသည်။ မည်သို့ဖြစ်ပါစေ သူတို့က တစ်ချိန်က ရန်သူများ ဖြစ်ခဲ့ကြသည်။
ရန်သူအပေါ် မည်သို့ကြောင့် သူက ချီးကျူးရမည်နည်း။
“ မင်းသေသွားလည်း ကိစ္စမရှိပါဘူး… နှစ်ခါသေဖို့က လွယ်တာမှ မဟုတ်တာ ”
ယုလျှိုချန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင်မှ အကြည့်ပြန်ရုပ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဒါပေမဲ့ အစစ်အမှန်နတ်ဘုရားတွေနဲ့ နတ်ဘုရားအရှင်သခင်တွေ နက်ရှိုင်းစွာ အိမ်မောကျနေတဲ့အချိန် မင်းရဲ့ ပုံပြင်က အဆုံးသတ်တော့မယ်… ပြီးတော့ ငါ့ရဲ့ ပုံပြင်က… မကြာခင် စတင်တော့မယ် ”
ဤအခိုက်အတန့်မှာ အရှေ့ပိုင်းဝမ်ကူးကုန်းမြေ၏ ကောင်းကင်က ဟာလာဟင်းလင်းဖြစ်သွားသည်။
ယခင်က ကောင်းကင်ပေါ်မှာ လွင့်မျောနေခဲ့ကြသော အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေလေးခုထဲမှ သုံးခုသည် မဟာဧကရာဇ်၏ ဓားအောက်မှာ ပြိုကွဲပျက်စီးသွားကြသည်။
ကျန်ရှိသော မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေသည်လည်း မဟာဧကရာဇ်၏ လက်ဝှေ့ယမ်းမှုအောက်မှာ ဧကရီ၏ လက်ထဲသို့ ကျရောက်သွားသည်။
အစောကြီးကတည်းက ထွက်ပြေးသွားခဲ့သော မဟာဧကရာဇ်မိစ္ဆာငှက်မွှေးသာလျှင် လွတ်မြောက်သွားခဲ့သည်။
ထို့နောက် ဓားကိုင်ဧကရာဇ်က ဓားကို ဖမ်းဆုပ်လိုက်ပြီး တောင်ပိုင်းဆီသို့ ဦးတည်သွားသည်။
ဧကရီနှင့် ရွှီချင်းက သူ့အနောက်မှ လိုက်သွားကြသည်။
တောင်ပိုင်းဝမ်ကူးဒေသသည် အရှေ့ပိုင်းနှင့် အတော်လေး ဝေးကွာသည်။ သို့သော်လည်း ဓားကိုင်ဧကရာဇ်၏ အစွမ်းအောက်မှာ ထိုအကွာအဝေးက တိုတောင်းသွားသည်။ ဆယ့်ငါးမိနစ်အတွင်းမှာ သူက ဒေသကြီးအများအပြားကို ဖြတ်ကျော်သွားပြီး တောင်ပိုင်းဝမ်ကူးဒေသမှာ ထွက်ပေါ်လာသည်။
အဝေးတွင် သူတော်စင်ကုန်းမြေသုံးခုက ထွန်းလင်းတောက်ပနေကြသည်။
တောင်ပိုင်းဝမ်ကူးဒေသသည် အရှေ့ပိုင်းကဲ့သို့ ပြိုင်ဘက်ကင်း စည်းချအစီအရင်ဖြင့် ကာကွယ်ပေးခြင်းမခံထားရပေ။ သို့သော်လည်း နီလာအင်ပါယာကုန်းမြေမျိုးနွယ်စုက တောင်ပိုင်းဝမ်ကူးဒေသတစ်ခုလုံးကို မီးပင်လယ်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။
မီးသည် သူတို့အတွက် အသင့်တော်ဆုံး ပတ်ဝန်းကျင်ဖြစ်သည်။
သို့ဖြစ်၍ မီးတောက်ပင်လယ်ကို အသုံးပြုခြင်းက နီလာအင်ပါယာကုန်းမြေကို အစွမ်းကုန် ထုတ်လွှတ်နိုင်စေသည်။
ဤအတောအတွင်း သူတော်စင်ကုန်းမြေများနှင့် သူတို့ကြားမှ စစ်ပွဲက အတော်လေး ပြင်းထန်သည်။
ရွှီချင်းသည် ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေရင်း အောက်ဘက်တွင် မီးတောက်ပင်လယ်ဖြင့် ဖုံးလွှမ်းခံထားရသော ကုန်းမြေကို မြင်တွေ့သွားသည်။ ထိုနေရာတွင် လောင်ကျွမ်းနေသော အလောင်းများနှင့် ပြိုကျပျက်စီးနေသော အဆောက်အဦးအများအပြား ရှိသည်။ ပျက်စီးနေသော ရတနာများသည်လည်း နေရာအနှံ့ ပြန့်ကျဲနေကြသည်။ တချို့က ဤနေရာမှ ဒေသခံမျိုးနွယ်စုများထံမှဖြစ်ပြီး တချို့က သူတော်စင်ကုန်းမြေတစ်ခု၏ အပျက်အစီးများထံမှ ဖြစ်သည်။
တောင်ပိုင်းဝမ်ကူးဒေသသည် သူတော်စင်ကုန်းမြေတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ပြီး မဟာဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်။
သို့ဖြစ်၍ ဤနေရာတွင် သူတော်စင်ကုန်းမြေသုံးခုသာ ကျန်ရှိတော့သည်။
ဓားကိုင်ဧကရာဇ်၏ ရောက်ရှိလာမှုက နှစ်ဖက်စလုံးမှ အကြည့်များကို ချက်ချင်း ဆွဲဆောင်သွားသည်။ နီလာအင်ပါယာကုန်းမြေမှ ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်သွားကြသည်။ ထို့နောက် သူတို့မျိုးနွယ်မှ နတ်ဘုရားများ၏ အမိန့်အောက်မှာ သူတို့က အနောက်ဆုတ်သွားကြသည်။
သူတော်စင်ကုန်းမြေများသည်တော့ အကာအကွယ်အစီအရင်များကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။ သူတော်စင်ကုန်းမြေများထဲမှ မဟာဧကရာဇ်သုံးပါးသည် အပြင်သို့ မထွက်လာဝံ့ကြချေ။
အရှေ့ပိုင်းဝမ်ကူးဒေသမှာ ဖြစ်ပျက်ခဲ့သော အရာများကို သူတို့အာရုံခံနိုင်ကြသည်။
နွေဦးအင်မော်တယ်တစ်ပါးကဲ့သို့ တိုက်ပွဲစွမ်းအားရှိသော ပုဂ္ဂိုလ်တစ်ယောက်ဖြင့် ရင်ဆိုင်ရသည့်အခါ သူတော်စင်ကုန်းမြေများသာ စိုးရိမ်နေကြခြင်းမဟုတ်ဘဲ နီလာအင်ပါယာကုန်းမြေမျိုးနွယ်သည်ပင် အလွန်သတိထားရသည်။
သို့သော်လည်း ဓားကိုင်ဧကရာဇ်အတွက်တော့ နီလာအင်ပါယာကုန်းမြေ၏ သဘောထားက သူ့အတွက် အရေးမကြီးပေ။ ယခု သူ့အတွက် အရေးကြီးဆုံးမှာ သူ၏ ဓားကွက်များကို လွှဲပြောင်းပေးရန် ဖြစ်သည်။
သို့ဖြစ်၍ သူ၏ အကြည့်က သူတော်စင်ကုန်းမြေသုံးခုပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ အသံက ဧကရီနှင့် ရွှီချင်း၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ငါဆင်ခြင်နားလည်ခဲ့တဲ့ ဒုတိယဓားကွက်ကို… လေဟာနယ်အက်ကွဲခြင်းလို့ ခေါ်တယ်… ”
ဓားကိုင်ဧကရာဇ်က တည်ငြိမ်စွာ ပြောသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ့အရှေ့မှ သူတော်စင်ကုန်းမြေသုံးခုပေါ်သို့ ဖိချလိုက်သည်။
ထိုဖိချမှုနှင့်အတူ နီလာအင်ပါယာကုန်းမြေမှ ကျင့်ကြံသူများ၏ စိတ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး ကောင်းကင်က ဤအခိုက်အတန့်မှာ အရောင်မှေးမှိန်သွားသည်။ မြေပြင်ပေါ်မှ မီးတောက်ပင်လယ်က ချက်ချင်း ငြိမ်းသတ်သွားသည်။
သူတော်စင်ကုန်းမြေသုံးခုက လေထဲမှာ မျောလွင့်နေကြစဉ် ၎င်းတို့၏ ဘေးပတ်ပတ်လည်မှ ကြီးမားသော ဧရိယာက ရုတ်တရက် ဝေဝါးသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အင်အားက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ဤဧရိယာပေါ်သို့ ကျဆင်းသွားကာ ယင်းကို ပြင်ပလောကထံမှ သီးခြားခွဲထုတ်လိုက်သည်။
ထို့နောက် ထိုအင်အားက ရုတ်တရက် ပေါ်လျှိုးထွက်လာသည်။ ဤသည်မှာ ၎င်းက ထိုဧရိယာထဲမှ စွမ်းအင်ကို ဆွဲထုတ်နေသည့်အလားပင်။
ဓားကိုင်ဧကရာဇ်သည်တော့ ဤဓားကွက်ကို ရှင်းပြလိုက်သည်။
“ ဒီဓားကွက်ကို ရှေးဘုရင်ရွှမ်ယုံအတွက် ငါတိုက်ခိုက်ပေးခဲ့တုန်းက ဧရိယာအကျယ်ကြီးမှာရှိတဲ့ ရန်သူတွေကို သုတ်သင်ရှင်းလင်းဖို့ ဖန်တီးခဲ့တာပဲ… အဲ့ဒါက ကျယ်ပြောတဲ့ ဧရိယာကို ဖုံးလွှမ်းသွားနေတဲ့အချိန် အဲ့ဒါရဲ့ အဖျက်စွမ်းအားကို ထိန်းသိမ်းထားရမယ်… ဒါကြောင့် ဒီဓားကွက်ရဲ့ အခြေခံက သတ်မှတ်ထားတဲ့ ဧရိယာထဲက စွမ်းအင်အားလုံးကို ဆွဲထုတ်တာပဲ ”
“ အဲ့ဒီနောက် နယ်မြေက ဟင်းလင်းပြင်အဖြစ် ပြောင်းလဲသွားလိမ့်မယ် ”
“ ဟင်းလင်းပြင်ရဲ့ ချုံ့အားနဲ့ ချဲ့အားကို အသုံးပြုတဲ့အခါ အဲ့ဒါက လေဟာနယ်နဲ့ လေဟာနယ်အတွင်းက အရာအားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်… အပျက်အစီးရဲ့ အကြွင်းအကျန်တွေက ဓားအမှတ်အသားတွေပဲ ”
“ အဲ့ဒီဓားအမှတ်အသားတွေက အကန့်အသတ်မဲ့တယ်… အဲ့ဒါတွေက အတူတကွ စုဝေးသွားတဲ့အခါ လေဟာနယ်အက်ကွဲဓားကို ဖွဲ့စည်းသွားလိမ့်မယ် ”
ဓားကိုင်ဧကရာဇ်၏ စကားသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း သူတော်စင်ကုန်းမြေသုံးခုနှင့် ၎င်းတို့၏ ဘေးပတ်ပတ်လည်မှ ဧရိယာက ရုတ်တရက် ပြိုကွဲသွားသည်။
စွမ်းအင်အားလုံးက ဆွဲထုတ်ခံလိုက်ရသည့်အခါ ဖိအားက အားအင်အပြည့် ထွက်ပေါ်လာပြီး ဓားကိုင်ဧကရာဇ်၏ စိတ်စွမ်းအားနှင့် ပေါင်းစပ်သွားသည်။ ယင်းက ထိုဧရိယာအတွင်းမှ သက်ရှိအားလုံး၏ အမူအရာကို သိသိသာသာ ပြောင်းလဲသွားစေသည်။
ပထမဆုံး အက်ကွဲသွားသည်မှာ သူတော်စင်ကုန်းမြေသုံးခု၏ အကာအကွယ်စည်းချအစီအရင်များ ဖြစ်ကြသည်။
ထိုဟင်းလင်းပြင်၏ ဖိအားအောက်မှာ စည်းချအစီအရင်များက အပြင်းအထန် တုန်ယင်သွားကြပြီး ယင်းတို့၏ မျက်နှာပြင်ပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာကြသည်။ နောက်ဆုံးမှာတော့ စည်းချအစီအရင်များက ဖိအားကို ဆက်ပြီး မတောင့်ခံနိုင်သောကြောင့် အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
သို့ဖြစ်၍ ပိုပြီးကြီးမားသော ဖိအားက သူတော်စင်ကုန်းမြေအတွင်းမှ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အလွန်ရက်စက်ကြမ်းကြုတ်သည်။
သို့သော်လည်း သူတော်စင်ကုန်းမြေသုံးခုက ဤလောကမှ သီးခြားခွဲထုတ်ခံထားရသဖြင့် အော်ဟစ်ငိုကြွေးသံများက မပျံ့လွင့်လာပေ။
သူတော်စင်ကုန်းမြေသုံးခုမှ မဟာဧရာဇ်များနှင့် အုပ်ချုပ်သူများက သူတို့၏ ဝှက်ဖဲကတ်များကို ထုတ်သုံး၍ ခုခံကာကွယ်ကြသော်လည်း ယင်းတို့အားလုံးက အချည်းနှီးသာ ဖြစ်သည်။
ပြိုကွဲပျက်စီးမှုက ဆက်လက် ဖြစ်ပွားနေပြီး အက်ကွဲကြောင်းများက ပိုပိုများပြားစွာ ထွက်ပေါ်လာကြသည်။
ထိုအက်ကွဲကြောင်းများ၏ အသွင်သဏ္ဍာန်က ဓားအမှတ်အသားများအဖြစ် ပြောင်းလဲသွားကြသည်။
နောက်ဆုံးမှာတော့ မရေမတွက်နိုင်သော ဓားအမှတ်အသားများက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားကြသည်။ ထို့နောက် ယင်းတို့က အတူတကွ စုဝေးသွားကြပြီး ထိတ်လန့်ဖွယ်ကောင်းသော ဓားတစ်လက်ကို ဖွဲ့စည်းသွားသည်။ သီးခြားခွဲထုတ်ခံထားရသော ဟင်းလင်းပြင်ထဲတွင် ဓားအလင်းက ပျံ့နှံ့သွားပြီး ဓားအရှိန်အဝါက ပေါက်ကွဲထွက်လာကာ ဓားစိတ်ဆန္ဒက လောကကို ဖိနှိပ်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် လေဟာနယ် သီးခြားခွဲထုတ်မှုက ပျောက်ကွယ်သွားပြီး သူတော်စင်ကုန်းမြေများ၏ မရေမတွက်နိုင်သော အစိတ်အပိုင်းများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။
မည်သည့်အသွေးအသားမှ မထွက်ပေါ်လာပေ။ အောက်သို့ ကျဆင်းသွားသည်မှာ အရာဝတ္ထုများမှ ဖွဲ့စည်းသွားသော ဖုန်မှုန့်များ ဖြစ်သည်။
အသက်ဓာတ်များသည်တော့ ဓားကိုင်ဧကရာဇ်၏ တိုက်ပွဲစွမ်းအားကို တစ်ဟုန်ထိုး မြှင့်တင်ပေးမည့် အာဟာရဓာတ်များ ဖြစ်လာကြသည်။ သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားက နောက်တဖန် မြင့်တတ်သွားပြန်သည်။
ထိုအရှိန်အဝါအောက်မှာ နီလာအင်ပါယာကုန်းမြေမှ နတ်ဘုရားများက အနောက်သို့ ဆုတ်သွားကြသည်။ ၎င်းတို့ထဲမှ မည်သူမှ အရှေ့မထွက်ဝံ့ကြချေ။
“ အစစ်အမှန်နတ်ဘုရားကပဲ နွေဦးအင်မော်တယ်ကို ရင်ဆိုင်နိုင်လိမ့်မယ် ”
ဓားကိုင်ဧကရာဇ်က ရွှီချင်း၊ ဧကရီနှင့်အတူ ထွက်သွားပြီး အချိန်အတော်ကြာပြီးနောက် တည်ငြိမ်သော အသံက နီလာအင်ပါယာကုန်းမြေထံမှ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ သူတော်စင်ကုန်းမြေများ၏ ဖျက်ဆီးခံရမှုနှင့် မဟာဧကရာဇ်များ၏ သေဆုံးမှုသတင်းက ဝမ်ကူးကုန်းမြေထဲမှာ တောမီးသဖွယ် ပျံ့နှံ့သွားသည်။
ယင်းက ဝမ်ကူးကုန်းမြေထဲမှ အသင်္ချေမျိုးနွယ်စုများကို နှလုံးတုန်သွားစေသည်။ ဤအခိုက်အတန့်မှာ နတ်ဘုရားအများအပြားက တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
အတိတ်တုန်းက လူသားမျိုးနွယ်၏ ဂုဏ်ကျက်သရေက ဤအခိုက်အတန့်မှာ အသင်္ချေမျိုးနွယ်စုများ၏ စိတ်ထဲမှာ ပြန်ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာ ထိုမုန်တိုင်းက ဝမ်ကူးကုန်းမြေ၏ အနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသမှ အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများဆီသို့ ကြီးမားသော အကြောက်တရားကို ဆောင်ကြဉ်းလာသည်။
သို့ဖြစ်၍ ထိုဒေသနှစ်ခုမှ သူတော်စင်ကုန်းမြေများသည် အချင်းချင်း ဆက်သွယ်လိုက်ကြသည်။ သူတို့က ကာကွယ်ရေးအစီအရင်အားလုံးကို အသက်သွင်းလိုက်ကြပြီး ဝမ်ကူးကုန်းမြေ၏ အပြင်ဘက်ရှိ ကြယ်တာရာကောင်းကင်ထံသို့ အကူအညီလှမ်းတောင်းကြသည်။
သူတို့က အတူတကွ အင်အားစုစည်းရန် ကြိုးစားလိုက်ကြသည်။
သူတို့က ဝမ်ကူးကုန်းမြေဆီသို့ ရောက်လာပြီးနောက် ပြန်မထွက်နိုင်ကြတော့ချေ။ ဤအခိုက်အတန့်မှာ သူတို့၏ အရှေ့မှ လမ်းကြောင်းက အင်အားစုစည်းရန် ဖြစ်သည်။
အင်အားစုစည်းခြင်းက ဓားကိုင်ဧကရာဇ်၏ တိုက်ခိုက်မှုကို အချိန်တစ်ခဏကြာ တောင့်ခံနိုင်စေလိမ့်မည်။ သို့မှသာ သူတို့က ကြယ်တာရာကောင်းကင်ထဲမှ တစ်ခုတည်းသော ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေ ဆင်းသက်လာသည်ကို စောင့်ဆိုင်းနိုင်ကြလိမ့်မည်။
သို့သော်လည်း သူတို့၏ အစီအစဉ်မှာ အနှောင့်အယှက်မရှိခြင်း မဟုတ်ပေ။
အနောက်ဘက်မှ မြေအောက်အလောင်းကောင်မျိုးနွယ်နှင့် မြောက်ဘက်မှ မြောင်ပိုင်းကံကြမ္မာတော်ဝင်မိသားစုက ထိုသို့အခွင့်အရေးကောင်းကို မည်သို့ကြောင့် လက်လွှတ်ခံမည်နည်း။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ စစ်ပွဲက အနောက်ပိုင်းနှင့် မြောက်ပိုင်းမှာ ပိုပြီးပြင်းထန်စွာ ဖြစ်ပွားလာသည်။
မျိုးနွယ်စုနှစ်ခုမှ ကျင့်ကြံသူများသည် သူတော်စင်ကုန်းမြေများ၏ ထွက်ခွာမှုကို တားဆီးရန် အစွမ်းကုန် ထုတ်သုံးလိုက်ကြသည်။
ထိုသို့ဖြင့် သတ်ဖြတ်သံများက အရပ်မျက်နှာအဘက်ဘက်မှာ ပျံ့လွင့်နေစဉ် ဓားကိုင်ဧကရာဇ်၏ ပုံရိပ်က အနောက်ပိုင်းဝမ်ကူးကုန်းမြေ၏ ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။
“ ငါ့ရဲ့ တတိယဓားကွက်ကို… ”
“ ကောင်းကင်ဘုံနန်းတော်လို့ ခေါ်တယ် ”
“ ရှေးဘုရင်ရွှမ်ယုံက ဝမ်ကူးကုန်းမြေကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်တဲ့အချိန် ငါက အသင်္ချေမျိုးနွယ်စုတွေနဲ့ တိုက်ခိုက်ခဲ့ပြီး အဲ့ဒီဓားကွက်ကို ဆင်ခြင်နားလည်ခဲ့တယ်… အဲ့ဒီဓားကွက်ရဲ့ စိတ်ဆန္ဒက အရမ်းလူသတ်လိုစိတ် ပြင်းထန်ပြီး နည်းလမ်းက အရမ်းရက်စက်တယ်… အထူးသဖြင့် ဒီဓားကွက်က ကျင့်ကြံသူတွေအပေါ် အဓိကရည်ရွယ်တယ်… ဒါကြောင့် နတ်ဘုရားတွေ ဆင်းသက်လာပြီးနောက်ပိုင်း အဲ့ဒီဓားကွက်ကို တစ်ခါမှ ငါအသုံးမပြုခဲ့ဘူး ”
ဓားကိုင်ဧကရာဇ်က သူ့အရှေ့မှ သူတော်စင်ကုန်းမြေများကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
ထို့နောက် သူက လက်မြှောက်လိုက်ပြီး အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။
ထိုလှုပ်ရှားမှုနှင့်အတူ ရွှီချင်း၏ မျက်လုံးကို ကျဉ်းမြောင်းသွားစေမည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
အစောနက အရှေ့ပိုင်းသူတော်စင်ကုန်းမြေများနှင့် တောင်ပိုင်းသူတော်စင်ကုန်းမြေများ၏ ဖျက်ဆီးခံလိုက်ရမှုက ရွှီချင်းကို အံ့ဩသွားစေခဲ့သော်လည်း ယခုကဲ့သို့ မဟုတ်ပေ။
ကောင်းကင်ဘုံနန်းတော်ဓားသည် ဓားကိုင်ဧကရာဇ်ဖော်ပြခဲ့သည့်အတိုင်း အလွန်ရက်စက်ကြမ်းကြုတ်ပြီး ၎င်းက ကျင့်ကြံသူများကို အဓိက ပစ်မှတ်ထားသည်။
အဘယ့်ကြောင့် ကောင်းကင်ဘုံနန်းတော်ဟု ခေါ်ဆိုရသလဲမှာ ကောင်းကင်ပေါ်မှ နန်းတော်ကို မဟုတ်ဘဲ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်ထဲတွင် ဖွဲ့စည်းထားသော နတ်နန်းတော်များကြောင့်သာ ဖြစ်သည်။
သူတို့၏ နတ်နန်းတော်များက တစ်စုံတစ်ယောက်၏ ထိန်းချုပ်ခံလိုက်ရသည့်အလား ပြိုကွဲပျက်စီးသွားပြီး ပုံရိပ်ယောင်ဓားများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ထိုပုံရိပ်ယောင်ဓားများက ကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းမှာ ပေါက်ကွဲသွားကြသည်။
ယင်းက အလွန်ရက်စက်ကြမ်းကြုတ်သည်။
မရေမတွက်နိုင်သော အော်ဟစ်ညည်းညူသံများက ပျံ့လွင့်သွားသည်။
ဤသည်မှာ လူသတ်ကွက်က ဆက်တိုက် အင်အားစုစည်းထားပြီးမှ ပေါက်ကွဲသွားသည့်အလားပင်။ အကန့်အသတ်မဲ့ဓားပင်လယ်က ကောင်းကင်နှင့် မြေပြင်ကြားမှာ ပျံ့ပွားသွားပြီး အနောက်ပိုင်းဝမ်ကူးဒေသမှ သူတော်စင်ကုန်းမြေအားလုံးကို ဝါးမျိုသွားသည်။
ယင်းက ရွှေအမြူတေအဆင့်နှင့် အထက်အဆင့် ကျင့်ကြံသူများအတွက် ကံကြမ္မာဆိုးဖြစ်သည်။
ရွှေအမြူတေအဆင့်အောက်မှ ကျင့်ကြံသူများသည်လည်း သေဘေးမှ လွတ်မြောက်ရန် မည်သို့မှ မဖြစ်နိုင်ပေ။ သူတို့က ဓားပင်လယ်၏ ဝါးမျိုခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ကြရသည်။
ယင်းက သူတော်စင်ကုန်းမြေအားလုံး ထိုဓားပင်လယ်အောက်မှာ လုံးဝဖျက်ဆီးခံလိုက်ရသည်အထိ ကြာမြင့်ခဲ့သည်။
အရာအားလုံးက ပြိုကွဲပျက်စီးသွားပြီး သက်ရှိအားလုံးက အသတ်ခံလိုက်ရသည်။
ဓားကိုင်ဧကရာဇ်၏ အသံသည်သာ တိတ်ဆိတ်မှုကို ချိုးဖြတ်သွားပြီး ရွှီချင်းနှင့် ဧကရီ၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ရန်သူရဲ့ နတ်နန်းတော်တွေကို ဓားတွေအဖြစ် အသုံးပြုတယ်… အဲ့ဒါက ကောင်းကင်ဘုံနန်းတော်ဓားပဲ ”
“ စတုတ္ထဓားကွက်ကိုတော့… ”
“ ကြယ်အလင်းရောင်လို့ ခေါ်တယ် ”
သူ၏ စကားဆုံးသွားသည့်အခိုက် ကောင်းကင်က ဝုန်းခနဲ တုန်လှုပ်သွားသည်။ ဤသည်မှာ ကောင်းကင်က ဖွင့်လှစ်သွားသည့်အလားပင်။ ဤအခိုက်အတန့်မှာ နေ့အချိန်က ၎င်းဘာသာ ပျောက်ကွယ်သွားပြီး ညအချိန်သို့ ရောက်ရှိသွားသည်။
အမှောင်ညထဲတွင် မရေမတွက်နိုင်သော ကြယ်များက ထွန်းလင်းတောက်ပကြသည်။
အဆုံးမဲ့သော ကြယ်အလင်းရောင်က ဤလောကထဲမှာ ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားမည့် ဓားအလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။
ဓားကိုင်ဧကရာဇ်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကြယ်အလင်းရောင်ပေါ်သို့ ခြေချလိုက်သည်။ သူက ရွှီချင်းနှင့် ဧကရီကို ခေါ်ဆောင်လျက် ကြယ်အလင်းရောင်၏ အစွမ်းကို ငှားယူလိုက်ပြီး မြောက်ပိုင်းဝမ်းကူးဒေသ၏ ရေခဲလွင်ပြင်ဆီသို့ ဦးတည်သွားသည်။
အဖြူရောင်နှင်းမှုန်များက တဖွဲဖွဲကျဆင်းနေစဉ် ကြယ်အလင်းရောင်က လှပထည်ဝါစွာ ထွက်ပေါ်လာသည်။ ယင်းက နှင်းမှုန်များနှင့် ရောယှက်သွားပြီး ပိုပြီးထွန်းလင်းတောက်ပသွားကာ ဤနေရာမှ သူတော်စင်ကုန်းမြေများကို လွှမ်းခြုံသွားသည်။
အဝေးမှကြည့်လျှင် ဧရာမဝဲကတော့တစ်ခုက ကြယ်အလင်းရောင်ထဲမှာ ထွက်ပေါ်လာပြီး အရာအားလုံးကို ဝါးမျိုနေကြောင်း မြင်နိုင်လိမ့်မည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေက တိတ်ဆိတ်ငြိမ်သက်သွားသည်။
အသင်္ချေမျိုးနွယ်စုများက နှုတ်ဆိတ်သွားကြပြီး နတ်ဘုရားများက ဆွံ့အသွားကြသည်။
ဤအခိုက်အတန့်မှာ ဓားကိုင်ဧကရာဇ်က ဝမ်ကူးကုန်းမြေ၏ အတောက်ပဆုံးကြယ် ဖြစ်လာသည်။
မရေမတွက်နိုင်သော အသက်ဓာတ်များက တစ်ဟုန်ထိုး စီးဝင်လာသည့်အခါ သူ၏ အရှိန်အဝါက ထပ်မံ မြင့်တတ်သွားပြီး သူ၏ တိုက်ပွဲစွမ်းအားက နွေဦးအင်မော်တယ်၏ အထွတ်အထိပ်ထိ ရောက်ရှိသွားသည်။
ကောင်းကင်က တုန်ယင်သွားပြီး မြေပြင်က အက်ကွဲသွားသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ သေခြင်းအရှိန်အဝါက ချက်ချင်း အလွန်အားကောင်းလာသည်။
သူ၏ အသံသည်ပင် ပိုပြီးအက်ရှလာသည်။
“ နောက်ဆုံးဓားကွက်ကိုတော့… အဲ့ဒီမှာ ငါထားရစ်ချင်တယ် ”
သူက ဓားကို ဆုပ်ကိုင်ထားလျက် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်က ကောင်းကင်ကို ဖောက်ထွင်းသွားပြီး ကြယ်တာရာကောင်းကင်ဆီသို့ ကျရောက်သွားသည်။
ဤအခိုက်အတန့်မှာ ဝမ်ကူးကုန်းမြေ၏ အပေါ်မှ ကြယ်တာရာကောင်းကင်ထဲတွင် အံ့ဖွယ်ကောင်းသော သူတော်စင်ကုန်းမြေငါးခုက ရောက်ရှိလာကြသည်။
သူတော်စင်ကုန်းမြေလေးခုက အရှေ့မှာ ရှိကြသည်။
၎င်းတို့၏ အရွယ်အစားသော်လည်းကောင်း သို့မဟုတ် အရှိန်အဝါသော်လည်းကောင်း အနက်ရောင်အဆင့် သူတော်စင်ကုန်းမြေများထက် အများကြီး သာလွန်ကြသည်။
၎င်းတို့က မြေကြီးအဆင့် သူတော်စင်ကုန်းမြေများ ဖြစ်ကြသည်။
နောက်ဆုံးသူတော်စင်ကုန်းမြေသည်တော့ ဧရာမနှလုံးတစ်ခုနှင့် ဆင်တူသည်။ ၎င်းက ခုန်မြည်နေစဉ် အရာအားလုံးထက် သာလွန်သော ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်နေသည်။
၎င်းက ကြယ်တာရာကောင်းကင်၏ တစ်ခုတည်းသော ကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေ ဖြစ်သည်။
ထိုကောင်းကင်ဘုံအဆင့် သူတော်စင်ကုန်းမြေပေါ်တွင် ရှေးဟောင်းမျှော်စင်တစ်ခု ရှိသည်။ ဝတ်စုံနက်ကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ထိုမျှော်စင်ပေါ်မှာ ရပ်နေသည်။
သူက လက်နောက်ပစ်ထားပြီး သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူက အလွန်ဇရာအိုနေပုံပေါ်ပြီး မရေမတွက်နိုင်သော နှစ်များကို ဖြတ်သန်းဖူးကာ သမိုင်းအားလုံးကို မျက်မြင်တွေ့ဖူးဟန် ရသည်။ ယခု သူက ဝမ်ကူးကုန်းမြေဆီသို့ ပြန်ရောက်လာသည်။
သူ၏ အကြည့်က ဝမ်ကူးကုန်းမြေပေါ်သို့ ကျရောက်သွားသည်။
သူက ဓားကိုင်ဧကရာဇ်၏ အကြည့်ဖြင့် တွေ့ဆုံသွားသည်။