← Chapters

ဝံပုလွေသိုက်

Vol. 3 Ch. 32

ဝံပုလွေသိုက်

Vol. 3 Ch. 32

ထူထဲသည့်သစ်ပင်အုပ်များ မညီညာသည့် မြေပြင်တစ်လျှောက် တောနက်ထဲထိ ဆန့်ထွက်နေကြသည်။ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သည်။ အင်းဆက်ပိုကောင်တို့၏အသံများ အဆက်မပြတ်ကြားနေရသည်။ မကြာခဏ ငှက်တောင်ပံခတ်သံ အကောင်ငယ်များ‌ပြေးလွှားသံတို့ ထွက်ပေါ်လာသည်။

ကြယ်ရောင်လရောင်မှိန်မှိန်အောက်တွင် ညအမှောင်လွှမ်းခြုံထားသည့် တောအုပ်ကြီးကို ဖုန်ချင်အန်း မြင်နေရသည်။ သူကိုယ်တိုင် တောနက်ထဲရောက်နေသလို ခံစားရသည်။ အမှောင်ထဲတွင် အဆုံးစမဲ့ သရဲဝိညာဉ်များ ပုန်းခိုနေသယောင်ရှိသည်။ စိတ်ခြောက်ခြားစရာကောင်းလှသည်။

“ဝုတ်”

တောနက်ထဲ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်၍ အစိမ်းသက်သက်ပတ်ဝန်းကျင်ကြောင့် တောင်နက် ခြောက်လှန့်အော်ဟစ်လိုက်သည်။ မှော်သားရဲ၏စွမ်းအင်ရောင်က လေထဲတွင်ချက်ချင်းပျံ့သွားသည်။

ဆူညံနေသည့် အင်းဆက်အော်သံများ တိခနဲရပ်သွားသည် ငှက်များလည်း တောင်ပံမခတ်ရဲကြတော့ဘဲအသိုက်ထဲတွင် ခေါင်းလျို၍ တုန်လှုပ်သွားသည်။နေကြသည်။ ညအမှောင်တွင်အစာရှာကြသည့် ဝိညာဉ်များလည်း နေရာတွင်ရပ်တန့်သွားသည်။ နည်းနည်းမှ မလှုပ်ရှားရဲတော့။

“တောင်နက်၊ အသုံးမကျတဲ့ကောင်။ မင်းဘာတွေကြောက်နေတာလဲကွ”

တောင်နက်၏ခံစားချက်ကို ဖုန်ချင်အန်း ရိပ်စားမိသည်။ တောင်နက်စိတ်ခြောက်ခြားနေသည်မှာ သိသာသည်။ ထိုသို့ဖြစ်မည်ဟု ဖုန်ချင်အန်း မထင်ခဲ့။

“မင်းက ဝိညာဉ်သားရဲပါကွ”

သူတကယ်စိတ်ပျက်သွားသည်။ ယခုလိုဖြစ်နေလျှင် နောင်တစ်ချိန် သူမည်သို့ အားကိုးရမည်မသိ။

“ဝု..”

တောင်နက် မသဲမကွဲတစ်ချက်ညည်းသည်။ မှောင်မိုက်တိတ်ဆိတ်သည့်တောနက်က ပထမဆုံးခြေချသူအဖို့ ခြောက်ခြားစရာ ကောင်းလွန်းနေသည်။

“မကြောက်နဲ့။ ဆက်သွားပါ။ မင်းအော်လိုက်လို့ အားလုံးအသံတိတ်သွားတာ မင်းသတိမထားမိဘူးလား”

သူအားပေးလိုက်သည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် တောင်နက်၏အာရုံကိုသာ ခံစားသိနိုင်သည်။ တစ်ခုခုလုပ်ရန် အတင်းထိန်းချုပ်၍မရ။ ထို့အပြင် တောင်နက်ကိုယ်တိုင် စိတ်အားတက်ကြွလာဖို့လည်း လိုသည်။

သူ့စကားကြောင့် အခြေအနေမှန်ကို တောင်နက်သတိထားမိသွားသည်။ နေရာစိမ်းကြောင့် ကြောက်ရွံ့နေသည့်စိတ်များ တဖြေးဖြေးပျောက်သွားသည်။ ရဲတင်းလာသည်။

သတိအပြည့်ထား၍ အမှောင်တောနက်ထဲသို့ သူတိုးဝင်သွားသည်။ ကြီးချင်တိုင်းကြီးထွားနေသည့် ခြုံပင်နွယ်ပင်များက သူခြေလေးဘက်ကိုပင် ဖုံးအုပ်နေသည်။ လမ်းကြောင်းဟူ၍ မရှိသည်။

သို့သော် တောင်တန်းဝံပုလွေ ဗီဇသွေးပါလာသူဖြစ်၍ လမ်းကြောင်းရှိဖို့မလို။ လူတွေအတွက် ဖြတ်သန်းရန် ခက်ခဲသည့် အန္တရာယ်များသည့် နေရာများကိုပင် လွယ်ကူစွာ ဖြတ်သွားသည်။

တောင်နက်ခြေလှမ်းများ ပိုသွက်လာသည်ကို ဖုန်ချင်အန်း မြင်ရသည်။ တောနက်အတွင်း အတန်ကြာအောင် ဝင်လာခဲ့ပြီးနောက် အကြောက်တရားဟူ၍ မရှိတော့။ နေရာစိမ်းဟုလည်း မခံစားရတော့။

ဤတောသည် သူ့နေရာဖြစ်သည်ဟု ခံယူလိုက်ခြင်းဖြစ်သည်။ လယ်ကွင်းစပ်‌တွင် အမဲလိုက်သကဲ့သို့ သူလွတ်စွာအမဲလိုက်နိုင်သည်။

သူဖြတ်သွားသည့်နေရာတိုင်း ငှက်များအသံတိတ်သွားသည် ပိုးကောင်မွှားကောင်များ နောက်ဆုတ်သွားသည်။ သူဘာကိုကြောက်ရမည်နည်း။

“ဒီအတိုင်းသာယာမနေနဲ့။ မင်းရဲ့မျိုးနွယ်တွေကိုရှာတော့”

ဖုန်ချင်အန်း တိုက်တွန်းလိုက်သည်။

တစ်ကောင်တည်းသောဝံပုလွေ ဝံပုလွေအုပ်နှင့်ယှဉ်ကြည့်လျှင် သိပ်မတင့်တယ်။ မှော်သားရဲလည်း ထိုနည်းတူသာဖြစ်သည်။ ဝံပုလွေတစ်အုပ်လောက်တော့ ဦးဆောင်နိုင်ရမည်။

“ဝုတ်”

ဖုန်ချင်အန်းစကားကြောင့် သစ်ကိုင်းတစ်ခုပေါ်မှ ဇီးကွက်ကို ဖမ်းဆီးရန်ပြင်နေသည်တောင်နက် ခြေလှမ်းရပ်သွားသည်။ ခြေလှမ်းလျှော့၍ ခေါင်းမော့ကာ အနံ့ခံသည်။

မကြာမီ တောင်နက်ခြေလှမ်းများ နှေးနေရာမှမြန်လာသည်။ တော်အုပ်တစ်နေရာဆီ လျင်မြန်စွာ ပြေးလွှားသွားသည်။ ထို့နောက် ခဏအကြာတွင် တောင်နက်ဦးတည်ရာပစ်မှတ်ကို ဖုန်ချင်အန်း မြင်လိုက်ရသည်။

အစိမ်းရောင်အလင်းစက်များ အမှောင်ထဲတွင် သရဲမီးလုံးများကဲ့သို့ လွင့်ဝဲနေသည်။ သေချာကြည့်လျှင် ထိုမီးလုံးများ နှစ်လုံးတစ်စုံစီ ရှိနေကြောင်း တွေ့ရမည်ဖြစ်သည်။ တောထဲတွင် ကျက်စားသည့် တိရစ္ဆာန်တို့၏မျက်လုံးများဖြစ်သည်။

ဝံပုလွေအုပ်။

ဖုန်ချင်အန်းရှာစေချင်ခဲ့သည့် ညဘက်အမဲလိုက်နေသည့် ဝံပုလွေအုပ်စုဖြစ်သည်။

ထိုဝံပုလွေတို့၏ အမွှေးအရောင်က ညအမှောင်နှင့် ရောယှက်နေသည်။ ရုတ်တရက်ပေါ်လာသည့် တောင်နက်ကို သိပ်အရေးမစိုက်ကြ။ မျိုးရိုးတူချင်းဖြစ်သော်လည်း ရှေ့ခြေကိုအားပြုထားပြီး အစွယ်ကိုဖြဲ၍ လည်ချောင်းသံဖြင့် အော်နေကြသည်။

ဖုန်ချင်အန်း တိုက်တွန်းချက်အရ မျိုးတူဝံပုလွေအုပ်စုကို ရှာနိုင်ခဲ့သဖြင့် တောင်နက်ပျော်ခဲ့သည်။ သို့သော်ယခု သူ့ထက် အမွေးအရောင်မွဲခြောက်ပြီး အရွယ်အစားငယ်သည့်ကောင်များက ရန်ခံနေသဖြင့် သူဒေါသထွက်သွားသည်။

ဖုန်ချင်အန်း အမိန့်ရသည်နှင့် ချက်ချင်းခုန်အုပ်သည်။ သားရဲများကြားမှ ပြဿနာဖြေရှင်းနည်းက ရိုးရှင်းသည်။ အညံ့မခံလိုလျှင် ထိုနည်းလမ်းသာရှိသည်။

ထိုသ‌ဘောတရားကို အရင်ကတည်းက တောင်နက်နားလည်ခဲ့သည်။ ရွာထဲတွင်ခွေးမွေးသည့် အိမ်တစ်ချို့ရှိသည်။ တောင်နက်က တစ်ရွာလုံးမှခွေးများကို လွှမ်းမိုးနိုင်သူဖြစ်လာသည်။ သူ့ခန္ဓာအရွယ်အစားကြောင့် သာမန်ခွေးများ မတိုက်ခိုက်ရဲကြ။

“အူးး..ဂါး...”

ဒေါသတကြီးအော်ဟစ်သံများကြား အမွှေးကိုယ်ထည်များ သွေးစွန်းသွားသည်။ ချွန်ထက်သည့်လက်သည်းများက အရေပြားကိုထိုးခွဲ၍ အသားစကို ကုတ်ခြစ်သည်။ သွေးများစီးကျလာသည်။

ဖုန်ချင်အန်း အသာငြိမ်၍ကြည့်နေသည်။ ထိုတိုက်ပွဲက တောင်နက်တိုက်ပွဲဖြစ်သည်။ သူလုံးဝမနှောင့်ယှက်။ တောင်နက် သူ့ဘာသာ တိုက်ခိုက်သတ်ဖြတ်တတ်အောင် သင်ပေလိမ့်မည်။

သားရဲတစ်ကောင်လောက် တိုက်နည်းခိုက်နည်းကို သူနားမလည်။ တောင်နက်ကိုင်တွယ်သည်သာ အကောင်းဆုံးဖြစ်သည်။

တစ်ကိုယ်တော်ဝံပုလွေနှင့် ဝံပုလွေအုပ်။ အရေအတွက်သက်သက်ကိုကြည့်လျှင် ဘာမှပြောစရာလိုတော့။ သို့သော် ဝိညာဉ်သားရဲအဖြစ်ပြောင်းလဲခဲ့သည့် တောင်နက်သည် ဗီဇအရပင် ထိုဝံပုလွေများထက် မြင့်နေပြီဖြစ်သည်။

ထို့ကြောင့် ရက်စက်ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုဖြစ်လာသည်။ တောင်နက်၏အစွယ်များက တောင်တန်းဝံပုလွေတို့၏အသားများကို အလွယ်တကူဆွဲဖြဲနိုင်သည်။ ဝံပုလွေငါးကောင်က တောင်နက်ကိုယ်ပေါ်တွင် အပေါ်ယံခြစ်ကြောင်းတစ်ချို့သာ ချန်နိုင်ခံသည်။

ရုတ်တရက်စတင်ခဲ့သည့်တိုက်ပွဲ အချိန်တိုအတွင်း ပြီးဆုံးသွားသည်။ ဒဏ်ရာအပြင်းအထန်ရထားသည့် ဝံပုလွေများ မြေပေါ်တွင် ငြိမ်သက်စွာ ဝပ်နေသည်။ အညံ့ခံသည့်အနေဖြင့် မှိန်ဖျော့ဖျော့ဗိုက်သားကို တောင်နက်ရှေ့တွင် ပြနေသည်။

တောင်နက်စွမ်းအားကို ပထမတစ်ကြိမ်မှာပင် သူတီု့နားလည်သွားသည်။ အားနည်သူက အားကြီးသူထံ အညံ့ခံရသည်။ ထိုအချက်သည် တောစည်းမျဉ်းဖြစ်သည်။

“အူးးး”

ခေါင်းငုံ့အညံ့ခံနေသည့် ဝံပုလွေများကိုကြည့်၍ တောင်နက် ဂုဏ်ယူဝင့်ကြွားစွာ အော်ဟစ်လိုက်သည်။

“တော်တယ် တောင်နက်”

ဖုန်ချင်အန်းမျက်နှာတွင်လည်း အပြုံးတစ်ချက်ပေါ်လာသည်။

“ဒါပေမယ့် မင်းလက်ချက်ကြောင့် သူတို့ဒဏ်ရာအများကြီးရသွားတယ်။ ဒီတော့ မင်းဆက်လုပ်ရမှာက သူတို့ကိုကာကွယ်စောင့်ရှောက်ဖို့ဘဲ။ တောထဲက တစ်ခြားသားရဲတွေ မင်းအဖွဲ့ဝင်တွေကို စားမသွားစေနဲ့”

“ဝု”

တောင်နက်အော်သံ ရုတ်တရက်ရပ်တန့်သွားသည်။ သွေးသံရဲရဲဖြစ်နေသည့် ဝံပုလွေငါးကောင်ကိုငုံ့ကြည့်၍ ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

***************************************

All Chapters