← Chapters

သည်းခံရခြင်း

Vol. 3 Ch. 36

သည်းခံရခြင်း

Vol. 3 Ch. 36

ဝံပုလွေဂူထဲသို့ သူပေါ်လာသည်။ ဆယ်ပေကျော်ရှည်လျားသည့် ခန္ဓာကိုယ်၊ ကြောက်မက်ဖွယ် ဟန်ပန်မျိုးရှိနေသည်။ မိုးခြုန်းသံကဲ့သို့ ကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ ဂူတစ်ခုလုံး တုန်ခါသွားသည်။ တောင်တန်းဝံပုလွေများ အကြီးအကျယ်ထိတ်လန့်သွားသဖြင့် နေရာတင် သေးများထွက်ကျလာသည်။

ထိုသတ္တဝါသည် ရန်သူဖြစ်သည်။ သူတို့အရှုံးမပေးနိုင်။

ကျားကိုမြင်သည်နှင် တောင်နက် ချက်ချင်းသဘောပေါက်လိုက်သည်။ ဖုန်ချင်အန်းလည်း အာရုံသိစိတ်မှ မြင်နေရသည်။ တောင်တန်းပေါ်မှ အန္တရာယ်ကို သူလျှော့တွက်မိခဲ့ကြောင်း သဘောပေါက်သွားသည်။

“အဆင့်ခွဲခြားမယ်”

(မျိုးစိတ် - ထိပ်ကွက်ကျားဖြူ)

(အမျိုးအစား - နတ်ဆိုး၊ သားရဲ)

(စွမ်းရည်အဆင့် - စစ်သူကြီး အခြေခံအဆင့်)

(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း ထိပ်တန်းအဆင့်)

“ပြေးတော့”

ဖုန်ချင်အန်း တုံ့ဆိုင်းမနေဘဲ တောင်နက်ကို ချက်ချင်းအမိန့်ပေးလိုက်သည်။ လက်ရှိအဆင့်ဖြင့် အနိုင်မယူနိုင်သည့် နတ်ဆိုးလက်ချက်ဖြင့် တောင်နက်ကို အသေမခံနိုင်ပေ။ တိုက်ခိုက်လျှင် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်သည်။ အကျိုးမရှိ။

သို့သော် ဘယ်နေရာကို ပြေးနိုင်မည်နည်း။ တောင်းတန်းအတွင်းပိုင်းမှ ဆင်းလာကတည်းက ထိပ်ကွက်ကျားဖြူ၏ပစ်မှတ်သည် တောင်နက်ဖြစ်သည်။

“ဝေါင်း”

ကျားဟိန်းသံ ပေါက်ကွဲထွက်လာသည်။ နတ်ဆိုးချီအနံ့ဆိုးများ ဝံပုလွေများထံ လွင့်ပျံလာသည်။လာသည်။ ဝံပုလွေတစ်ဝက်နီးပါး ထိတ်လန့်တုန်လှုပ်၍ မြေပြင်တွင် တွားသွားနေသည်။ သေးယိုချေးယို ဖြစ်နေသည်။

ထိပ်ကွက်ကျားဖြူက ယပ်တောင်သဖွယ်ကျားလက်ဝါးဖြင့် အရဲစွန့်ခုန်ဝင်လာသည့် ဝံပုလွေတစ်ကောင်ကို ရိုက်ချလိုက်သည်။ သံမဏိကြာပွတ်တမျှမာကျောသည့် အမြီးဖြင့် နောက်ဘက်မှ အလစ်တိုက်ခိုက်လာသည့် ဝံပုလွေကိုလည်း ယမ်းထုတ်လိုက်သည်။

ထိုကျားသည် ရက်စက်ကြမ်းကြုတ်သည်။ သို့သော် ဝံပုလွေအားလုံးကိုတော့ မတားနိုင်။ တောင်တန်းနေသတ္တဝါများသည် ပင်ကိုယ်ဗီဇကပင် ရက်စက်ကြမ်းတမ်းကြသည်။ အသေအကြေတိုက်ပွဲဖြစ်၍ တစ်ကောင်မှ နောက်မဆုတ်ကြ။ ဤနေရာသည် သူတို့နေရာဖြစ်သည်။

“တောင်နက်”

ဝံပုလွေအုပ်ကို ကျားရဲက သတ်ဖြတ်နေသည်။

ဖုန်ချင်အန်းအမိန့်ကြောင့် ထွက်ပြေးသင့်သော်လည်း တောင်နက်က လုံးဝပြေးမည့်ဟန်မရှိ။ ကျယ်လောင်စွာအော်ဟစ်၍ ဝံပုလွေအုပ်ကိုအမိန့်ပေးဦးဆောင်၍ ကျားရဲဆီသို့ ချီတက်သွားသည်။

“သောက်လခွမ်းပဲကွာ”

ဖုန်ချင်အန်း တောင်နက်၏ခံစားချက်ကို နားလည်သည်။ တောင်နက် ဒေါသထွက်နေပြီဖြစ်သည်။ သူသည် နေ့ခင်းဘက်တွင် အိမ်မွေးခွေးဖြစ်သည်။ သို့သော် ညဘက်တွင် တောင်တန်းဝံပုလွေတို့၏ဘုရင်ဖြစ်သည်။

ဝံပုလွေဘုရင်တစ်ကောင်၏ ဖြစ်တည်မှုကို တောင်နက် သေချာနားမလည်။ သူနားလည်သည်မှာ လှည့်ထွက်ပြေး၍မရဟူသည့်အချက်ဖြစ်သည်။ ကျားကို အကြောက်အရွံ့မရှိ ရင်ဆိုင်နေကြသည့် သူ့လက်အောက်ခံ ဝံပုလွေများကို သူစွန့်ပစ်မထားခဲ့နိုင်ပေ။

ယခု တောင်နက်စိတ်ထဲတွင် တစ်ခြားဘာမှမရှိ။ အသက်ကိုလည်း ပဓာနမထားတော့။ ကျားရဲက ဝံပုလွေများကို ရက်ရက်စက်စက်သတ်ဖြတ်နေသည်ကိုသာ သူမြင်သည်။ သူ့လက်အောက်တွင် အညံ့ခံခဲ့သည့် ဝမ်းဗိုက်ထုတ်ပြခဲ့သည့် ဝံပုလွေများ ယခု တစ်ကောင်ပြီးတစ်ကောင် သွေးအိုင်ထဲလဲကျ၍ သေနေကြသည်။

ထို့ကြောင့် ညနေပြင်းကြားတွင် ထိပ်ကွက်ကျားဖြူဆီသို့ တောင်နက် ပြေးဝင်သွားသည်။ အသက်ကို အရေးမစိုက်။ သေမည်ကိုသူမမှု။ ကျားရဲကြောင့်ဖြစ်လာသည့် အကြောက်တရားကို တောင့်ခံနိုင်ကြသေးသည့် ဝံပုလွေများလည်း သူ့နောက်မှ ကပ်လိုက်လာသည်။ အတူတကွ ကျားဖြူဆီ ပြေးဝင်လာကြသည်။

သို့သော် အကျိုးမရှိသည့် ခုခံမှုသာဖြစ်သည်။ ရင်ဆိုင်တွေ့သည်နှင့် တောင်နက် လွင့်ထွက်သွားသည်။သွားသည်။ လေထဲတါင် သွေစက်များစွာ လွင့်ပျံလာသည်။သွားသည်။ ထို့နောက် ကျောက်သားနံရံနှင့် တိုက်မိသည်။

သူနှင့်အတူ ချီတက်ခဲ့သည့် ဝံပုလွေများလည်း ချက်ချင်းသတ်ဖြတ်ခံရသည်။ ကျားရဲက လက်ဝါးဖြင့်ပုတ်သည်။ အမြီးဖြင့်ယမ်းသည်။ တစ်ချက်လှုပ်ရှားသည်နှင့် ဝံပုလွေတစ်ကောင် လွင့်ထွက်သွားသည်။သွားသည်။ ထို့နောက် ထွက်သက်ဝင်သက်မဲ့သွားသည်။

ပြင်းထန်သည့်သွေးစိမ်းနံ့များ ဝံပုလွေဂူထဲတွင် လွင့်ပျံလာသည်။ ဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် သွေးအိုင်ထဲ လဲကျသွားသည်။ ကျားရဲလက်ဝါးချက်မိသွားသည့်တောင်နက် ထရပ်ရန်ကြိုးစားသည်။ သိစိတ်အာရုံမှတစ်ဆင့် သူ့ဝေဒနာကို ဖုန်ချင်အန်း ခံစားနိုင်သည်။ ဖျောင်းဖျောင်းဖျဖျ အမိန့်ပေးသည်။

“‌တောင်နက်၊ သူ့ပစ်မှတ်က မင်းပဲ။ ဝံပုလွေတွေကို နောက်ဆုတ်ခိုင်းပါ။ အိမ်ကိုပြန်ပြေးလာခဲ့ပါ။ ဒါမှ ဒီကျားကို ဝံပုလွေဂူထဲကနေ ခေါ်ထုတ်နိုင်လိမ့်မယ်”

နောက်တစ်ကြိမ်တိုက်ခိုက်ရန်ပြင်နေသည့်တောင်နက် ခဏတုံ့ဆိုင်းသွားသည်။ သူ့ကိုယ်ပိုင် ဆင်ခြင်နိုင်စွမ်း မရှိသည်မဟုတ်။

“စိတ်မပူပါနဲ့၊ ဟိုနေ့က မင်းမြင်ခဲ့တဲ့ ဝိညာဉ်နတ်ဆိုးကို မေ့သွားပြီလား။ ပြီးတော့ ငါတို့အိမ်မှာလည်း တော်ဝင်စွမ်းအင်ရောင်ရှိတယ်လေ။ ဒီကျား ငါတို့ဆီလာရင် သေမှာပဲ”

တောင်နက်စိတ်ကိုရိပ်စားမိသဖြင့် ဖုန်ချင်အန်း ပြောလိုက်သည်။

ထိုကျား တောင်နက်နောက်သို့ တကယ်လိုက်လာလျှင် စစ်ပွဲနတ်မင်းက ချက်ချင်း မှော်အစွမ်းဖြင့် အဆုံးစီရင်ပေလိမ့်မည်။ ထိုနတ်မင်းနှင့် မတွေ့လျှင်ပင် တော်ဝင်စွမ်းအင်ရောင် ရှိသေးသည်။ ဝိညာဉ်နတ်များပင်မကပ်နိုင်ကြ။ နတ်ဆိုးသားရဲအဆင့်သာရှိသည့် ထိုကျားကို သတ်ဖြတ်ရန် လုံလောက်သည်။

“အာဝူးးး”

တောင်နက် တုံ့ဆိုင်းမနေတော့။ ကောင်းကင်ကိုမော့၍ သံရှည်ဆွဲအော်ဟစ်လိုက်သည်။ ခုခံတိုက်ခိုက်နေသည့် ဝံပုလွေများ ချက်ချင်းရပ်သွားသည်။ ဝံပုလွေဘုရင်အမိန့်ကြောင့် သူတို့တဖြေးဖြေးနောက်ဆုတ်သွားသည်။

မျက်နှာတွင်သွေးစွန်းနေသည့်ကျားက ကြောက်စရာအစွယ်များကို ချက်ချင်းဖြဲပြသည်။ ဝံပုလွေအုပ် အညံ့ခံတော့မည်သဘောဟု သူထင်လိုက်သည်။ အထူးသဖြင့် သူ့ရှေ့မှ ဝံပုလွေနတ်ဆိုးလေးဖြစ်သည်။

“ဝေါင်း...”

သို့သော် ပါးစပ်မှ သွေးတစ်စက်စက်ကျနေသည့် ဝံပုလွေဘုရင်က သူထင်သလိုမဟုတ်။ အညံ့မခံ။ ကျယ်လောင်စွာအော်သံတစ်ချက်ပေး၍ နောက်လှည့်ပြေးသွားသည်။

ကျားရဲ ခဏကြောင်သွားသည်။ ထို့နောက် ဒေါသပေါက်ကွဲသွားသည်။ ကျွဲတစ်ကောင်ပမာကြီးမားသည့်ခန္ဓာကိုယ်ကို လှုပ်ရှားလျက် မယုံကြည်နိုင်လောက်သည့်အမြန်နှုန်းဖြင့် တောင်နက်နောက်သို့လိုက်သည်။

အသက်ရှင်ကျန်ရစ်နေသည့် ဝံပုလွေများကို သူအရေးမစိုက်။ သူ့လိုကျားတစ်ကောင်အတွက် ထိုသတ္တဝါများသည် သူစားဖို့ပင်မထိုက်တန်။

“ဝေါင်း”

ကျားဟိန်းသံ တောနက်ထဲတွင် လွင့်ပျံလာသည်။သွားသည်။ တိရိစ္ဆာန်အားလုံး ထွက်ပြေးကြသည်။ သစ်ကိုင်းသစ်ပင်ထက်မှ ငှက်များပင် ပြုတ်ကျလာသည်။ အကြောက်လွန်၍ သေဆုံးသွားသည်။

သို့သော် တောင်နက်က ခြေလှမ်းရပ်မသွား။ အဆက်မပြတ်ပြေးလွှားသည်။ သူရင်းနှီးနေသည့် နယ်မြေဖြစ်၍ တောင်အောက်ဘက် စိုက်ပျိုးလယ်ယာဆီသို့ အခက်အခဲမရှိ ပြေးဆင်းသွားနိုင်သည်။

ပြေးလိုက်လာသည့်ကျားက ချက်ချင်းအရှိန်နှေးသွားသည်။ ဒေါသတကြီးအော်ဟစ်ဟိန်းဟောက်သည်။ သူဆက်တိုးသွားရန်ဟန်ပြင်လိုက်လိုက်ချိန်တွင် မြေကြီးထဲမှ တောက်ပသည့်အဝါရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထိုးထွက်လာသည်။လာပြီး သူ့ကိုရိုက်ချသည်။

“ယုတ်ညံ့တဲ့သားရဲကောင်၊ ဒါ လူသားတွေရဲ့နယ်မြေကွ။ မင်းသောင်းကျန်းချင်တိုင်း သောင်းကျန်းလို့မရဘူး”

နယ်မြေခံ မြေစောင့်နတ်သည် အရပ်လေးပေပင်မပြည့်။ ကျိန်တုတ်တစ်ခုကိုင်ထားသည်။ အထင်မကြီးချင်စရာဖြစ်သည်။ သို့သော် သူ့မျက်လုံးများက အလွန်တရာမောက်မာသည့်အသွင်ကို ဆောင်နေသည်။ ကျားရဲကို ပိုးကောင်လေးတစ်ကောင်ပမာ သဘောထားဟန်ရှိသည်။

“နောက်ဆုတ်စမ်း”

“ဝေါင်း”

အလင်းတန်းထိ၍ ဟန်ချက်ပျက်သွားသည့် ကျားနတ်ဆိုးက မြေနတ်ကို စိုက်ကြည့်သည်။ ဟိန်းဟောက်ခြိမ်းခြောက်သည်။ သူ့မျက်လုံးတွင် ဒေါသနှင့်သံသယအရိပ်များ ပြည့်နေသည်။

အဘယ်ကြောင့် သူတစ်ယောက်တည်း တားမြစ်ခံရသည်မသိ။ ဝံပလွေနတ်ဆိုးကိုတော့ ထိုမြေနတ် မတားခဲ့။ အဘယ်ကြောင့် မျက်နှာလိုက်သည်မသိ။

“ယုတ်ညံ့တဲ့သားရဲကောင်၊ မင်းသေချင်နေတာလား”

မြေနတ် ခပ်တင်းတင်းပြောလိုက်သည်။ အရွယ်အစားချင်း များစွာကွာဟသော်လည်း ထွက်လာသည့်စွမ်းအင်ရောင်က ဆန့်ကျင်ဘက်ဖြစ်နေသည်။

“ဝေါင်း”

ကျားနတ်ဆိုး တဖြေးဖြေး တောထဲသို့ ပြန်ဆုတ်သွားသည်။ လူသားမျိုးနွယ် အဆင့်အတန်းမြင့်နေချိန်ဖြစ်၍ ယခု သူပြဿနာရှာ၍မရ။

မြေနတ်က နောက်ဆုတ်သွားသည့်ကျားကိုကြည့်၍ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

ကျားရဲ ပျောက်ကွယ်သွားပြီးနောက် မြေပေါ်မှသွေးကွက်များကို သူကြည့်သည်။ ထို့နောက် ည၏တိတ်ဆိတ်ငြိမ်သက်မှု လွှမ်းခြုံနေသည့် ရွာဆီသို့ လှမ်းကြည့်သည်။ တင်းမာသည့်သူ့မျက်နှာက စိတ်ပျက်သည့် နားမလည်သည့်မျက်နှာအဖြစ် ပြောင်းသွားသည်။

“ဟင်း...”

သူသက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက်အလင်းလေဝဲတစ်ခုအဖြစ်ပြောင်း၍ မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ဖုန်ချင်အန်း အခန်းတံခါးဖွင့်၍ ခြံထဲသို့ဆင်းလာသည်။ ခြံဝန်းအလယ်တွင် လဲနေသည့်တောင်နက်ကို ငုံ့ကြည့်သည်။ တောင်နက်၏ဝမ်းဗိုက်က နိမ့်ချည်မြင့်ချည်လှုပ်ရှားနေသည်။ သွေးနံ့များ လေထဲတွင် ပျံ့လွင့်နေသည်။ ခြံထဲမှ ကြက်ဘဲများလည်း အသံတိတ်နေသည်။

ဖုန်ချင်အန်း အသွင်က တည်ငြိမ်နေဟန်ရှိသော်လည်း သူ့မျက်နှာ နည်းနည်းတုန်ခါသွားသည်။ သူ့ရင်ထဲမှဒေါသကို ထိန်းချုပ်ထားရသည်။

ငယ်ကတည်းက မွေးမြူခဲ့သည့် သူ့ခွေးက ယခုလိုအခြေအနေထိ ဒဏ်ရာရသည်။ သေလုမျောပါး လဲကျနေသည်။

သူဘာလုပ်ရမည်မသိ။

ယခုအတိုင်း နောက်ဆုတ်အရှုံးပေးရမည်လား။

All Chapters