← Chapters

ရာထူးတိုးခြင်း

Vol. 3 Ch. 39

ရာထူးတိုးခြင်း

Vol. 3 Ch. 39

သွေးနံက လေထဲတွင်လွင့်ပျံလာသည်။ စွဲမက်ဖွယ်ရနံ့ အာရုံများကို နှိုးဆွနေသည်။

အင်အားကြီး‌ရန်သူကို အနိုင်ယူ၍ ပျော်ရွှင်နေသည့် တောင်နက်အသွင်က ခံစားချက်ကင်းမဲ့နေသည်။ ခေါင်းမော့၍ ကျယ်လောင်စူးရှစွာ အော်ဟစ်လိုက်သည်။ တောနက်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“အာဝူး...”

ဝံပုလွေဘုရင် အော်ဟစ်သံကြားပြီးနောက် တောနက်၏နေရာစုံမှ အော်သံများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ထို့နောက် တစ်ကွဲတစ်ပြားဖြစ်နေသည့် ဝံပုလွေများ တောင်နက်ရှိသည့်နေရာသို့ ရောက်လာကြသည်။ သွေးသံရဲရဲဖြစ်နေသည့်တောင်နက်ကို တအံ့တဩကြည့်ကြသည်။ ကြီးများသည့်ကျားအလောင်းက ဗိုက်ပွက်လျက်သား သူ့ခြေရင်းတွင် ရှိနေသည်။ ရိုသေလေးစားမှုများ နှစ်ဆတိုးလာကြသည်။

ဝံပုလွေဘုရင်ကိုယ်ပေါ်မှ ထူးဆန်းသည့်အရာကို စူးစမ်းလိုသော်လည်း သွေးတိုးမစမ်းရဲကြ။ ရိုရိုကျိုးကျိုးဖြင့် အောက်ဘက်တွင် လဲလျောင်း၍ ကျန်သည့်မျိုးနွယ်တူများ ထပ်ရောက်အလာကို စောင့်နေကြသည်။

ကျားအလောင်းထက်တွင်ရပ်ရင်း တောင်နက်က ဦးခေါင်းမော့လျက် လေပြေပွတ်တိုက်သည့်အရသာကို ခံစားနေသည်။ ကျားနှလုံးကိုထုတ်၍ စားပြီးဖြစ်သည်။ ယခု အစာချေနေသည်။ သူ့အသက်စွမ်းအင် သွေးစွမ်းအင်များ အဆများစွာ တိုးလာသည်။

ဝိညာဉ်ချီအဟာရကြောင့် ခံရခက်နေသည့် ဒဏ်ရာများ အမြန်ပျောက်ကင်းအောင် ပံ့ပိုးပေးသည်။ အလွန်တရာများပြားသည့် စွမ်းအင်များကြောင့် မခံမရပ်နိုင်အောင် ယားယံသည့်ဝေဒနာကို ခံစားနေရသည်။

သို့သော် ထိုဝေဒနာကို သူတင်းခံထားသည်။ အမှန်ဆိုလျှင် သူမြေပေါ်တွင် လူးလှိမ့်အော်ဟစ်နေချင်သည်။ သို့သော် ဝံပုလွေများစွာ သူ့ကိုကြည့်နေကြသည်။ ဘုရင်သိက္ခာကို ထိန်းရပေမည်။

ကျားနှလုံးမှ စွမ်းအင်များက ဒဏ်ရာပျောက်အောင်သာ စွမ်းနိုင်သည်မဟုတ်။ ရုပ်ခန္ဓာစွမ်းအားကိုလည်း တိုးပွားစေသည်။

တစ်ပြိုင်တည်းမှာပင် ဖုန်ချင်အန်းလည်း ငယ်ထိတ်မှ အပူလှိုင်းတစ်ခုက ကျောရိုးတစ်လျှောက် စီးဆင်းလာပြီး သူ့အရိုးနှင့်အသားများကို အားဖြည့်နေသည်ကို ခံစားရသည်။

“ငါအဆင့်တက်သွားတာလား”

နူးညံ့ပေါ့ပါးသည့်ထိုခံစားချက်သည် အဓိပ္ပါယ်တစ်ခုသာ ဖြစ်နိုင်ပေသည်။ အတွေးထိန်းချုပ်၍ စနစ်ဖန်သားပြင်ကို ဆင့်ခေါ်လိုက်သည်။ သူ့အခြေအနေက ပြောင်းလဲမသွား။ တောင်နက်သာ ပြောင်းလဲသွားသည်။

(ပထမဝိညာဉ်စာချုပ် - တောင်နက်)

(မျိုးနွယ် - ဝံပုလွေ)

(ဗီဇ - နတ်ဆိုး၊ သားရဲ)

(စွမ်းရည်အဆင့် - ဝိညာဉ်နိုးထခြင်း အလတ်တန်းဆင့်)

(တိုက်ခိုက်စွမ်းရည် - ဝိညာဉ်နိုးထခြင်း အလတ်တန်းဆင့်)

ဖုန်ချင်အန်း နားလည်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။ စနစ်သံက ထွက်ပေါ်လာပြန်သည်။

(ပုံရိပ်သားရဲသခင် - မစ်ရှင်ခွဲ၊ စွမ်းရည်နိုးထခြင်း ပြီးမြောက်ပါပြီ)

(ဆုလာဒ် - ဝိညာဉ်စုအရိုးသန့်စဉ်စွမ်းရည်။ အတည်ပြုလိုပါသလား)

“အတည်ပြုမယ်”

ဖုန်ချင်အန်းဦးနှောက်ထဲသို့ ကျင့်စဉ်အချက်အလက်များ ဝင်လာသည်။ အဓိကအချက်များကို အသေးစိတ်ရှင်းပြထားသည်။ ယခုချက်ချင်းပင် သူကျင့်ကြံနိုင်သည်။

“ပထမဆုံး အိမ်က ကြက်တွေဘဲတွေကို စမ်းသပ်ရမှာပဲ။ ကြိုပြီးတောင်းပန်ပါတယ်”

သူခပ်တိုးတိုးရေရွတ်လိုက်သည်။ အမှားအယွင်းဖြစ်လျှင် အိမ်မွေးတိရစ္ဆာန်အတွက် ဝိညာဉ်စုသွေးသန့်စင်နည်းကို လေ့ကျင့်စဉ်ကထက် ပိုအန္တရာယ်များမည်။ သို့သော် တစ်ခြားရွေးစရာမရှိ။ အခြေအနေဆိုးသည်ထက် ဆိုးလာလျှင် နောက်ထပ်ကြက်ဘဲတစ်အုပ် ဝယ်လိုက်ရုံသာဖြစ်သည်။

...................................

တောင်နက်က ဝံပုလွေဘုရင်ဟန်ပန်အပြည့်ဖြင့် ညလေပြေကိုတည်ငြိမ်စွာခံစားရင်း ရပ်နေသည်။ သူခေါ်သံကိုကြားသည့် ဝံပုလွေအကောင်သုံးဆယ်ခန့် ပြန်လာကြသည်။

ကျားဆိုးသတ်ခဲ့သည်က သိပ်မများလှ။ တစ်ချို့ဝံပုလွေများက ပြန်မလာတော့ရန် ဆုံးဖြတ်လိုက်ခြင်းသာဖြစ်သည်။ သူ့ခေါ်သံမကြားနိုင်သည့်နေရာအထိ ထွက်ပြေးသွားကြခြင်းလည်း ဖြစ်နိုင်သည်။

ထိုကိစ္စများကို တောင်နက် တွေးပူမနေပါ။ သူ့ရှေ့မှ ဝံပုလွေများကိုသာ အာရုံစိုက်သည်။ ထိုဝံပုလွေများသည် သူ့ဦးဆောင်မှုနောက်သို့ဆက်လိုက်လိုသူများဖြစ်သည်။ သူတစ်ချက်အော်ဟစ်၍ ကျားသေပေါ်မှ ခုန်ဆင်းလိုက်သည်။

သူ့အော်သံကြားပြီးနောက် ဝံပုလွေအုပ်များ မယုံနိုင်သည့်ဟန်ဖြင့် အချင်းချင်းကြည့်ကြသည်။ တောင်နက်က နောက်တစ်ကြိမ် အော်လိုက်သည်။ ထို့နောက်တွင်မှ အားလုံး ကျားသေကို ခွဲဝေ၍စားကြသည်။

“တော်တယ် တောင်နက်”

တောင်နက်လုပ်ရပ်ကို ဖုန်ချင်အန်း ချီးကျူးလိုက်သည်။ အဖွဲ့တစ်ခုကိုဦးဆောင်ဖို့ လိုအပ်သေးသည်။ ကျားရဲနှင့် တိုက်ခိုက်ရခြင်းမရှိလျှင်ပင် တောနက်ထဲတွင် တောင်နက်တစ်ယောက်တည်း ရပ်တည်၍မဖြစ်။

သာမန်ဝံပုလွေများသည် အင်အားချင်းကွာခြားနေသဖြင့် ကျားဆိုးကို မယှဉ်နိုင်ကြ။ သို့သော် ထိုဝံပုလွေများ မကောင်းဆိုးဝါးအဖြစ် ပြောင်းသွားလျှင် ကျားများပင် တိုက်ခိုက်ရဲတော့မည်မဟုတ်။

“ကဲ..ရပ်မနေနဲ့။ မြန်မြန်သွား။ ဒီသားရဲရဲ့အနံ့ကိုမှတ်ထားပြီး သူ့သားရဲဂူကိုရှာပါ။ အဲဒီမှာ ရတာတစ်ချို့ ရှိနိုင်တယ်”

ဖုန်ချင်အန်း ချက်ချင်းသတိရလာသည်။ တောင်တန်းပေါ်တွင် နတ်ဆိုးသားရဲများရှိလျှင် ဝိညာဉ်မြက်များလည်း ရှိရမည်။ သားရဲများ ဝိညာဉ်ချီရှိနေလျှင် သူတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် ဝိညာဉ်ဓာတ်ရှိသည့်အပင်များ ရှိပေလိမ့်မည်။

“အာဝူး...”

ဖုန်ချင်အန်း အမိန့်ကြောင့် ကျားသေကိုစားနေသည့် ဝံပုလွေများကို တောင်တန်းအတွင်းပိုင်းသို့ ခေါ်သွားသည်။ ကျားဂူကိုရှာဖို့ဖြစ်သည်။

တောင်တန်းအတွင်းပိုင်းသို့ဝင်ရသည်က အန္တရာယ်များသည်။ သို့သော် ဖုန်ချင်အန်း ဂရုမစိုက်။ တောင်နက်ကျောပေါ်တွင် စာအုပ်လွယ်အိတ်ရှိနေသည်။ တောင်နက်လည်း ထိုစွမ်းအင်ရောင်မည်မျှကြောက်စရာကောင်းကြောင်း နားလည်သွားပြီဖြစ်သည်။

နောက်ထပ် နတ်ဆိုးသားရဲကိုတွေ့လျှင်လည်း လကတစ်ချက်လှုပ်စရာပင် လိုမည်မထင်။ အရည်အသွေးမြင်သည့် အသားကို အခန့်သင့်စားရုံသာရှိမည်။

သို့သော် စွမ်းအားအကြီးဆုံးပုံမှန်သားရဲများပင် အစာလုံလောက်စွာရှိလျှင် သီးခြားနေထိုင်လေ့ရှိသည်။ နတ်ဆိုးဖြစ်လာသည့် သားရဲများလည်း ထိုနည်းတူဖြစ်သည်။ မှော်သားရဲတစ်ကောင်တစ်လေ တွေ့လိမ့်နိုးဖြင့် တောင်နက် ဆယ်မိုင်ခန့်ပြေးသွားသည်။

လမ်းတစ်လျှောက်တွင် ဝံပုလွေအုပ်တစ်ချို့တွေ့သည်။ သို့သော် တောင်နက်အရေးမစိုက်အား။ ကျားဂူထဲတွင် ရှိနိုင်သည့် ရတနာများကို ရှာရမည်။

နေအတော်မြင့်ချိန်တွင် အနံ့ဆိုးများပြည့်နေသည့် ကျောက်ဂူတစ်ခုကို တွေ့သည်။ အရိုးများအပုံလိုက်ရှိနေသည်။ အနီးဘေးပတ်လည်တွင် မည်သည့်သားကောင်မှမရှိ။ မြက်ရိုင်းတစ်ချို့သာ ကျောက်သားအက်ကြောင်းထဲမှ ထိုးထွက်လာသည်။နေသည်။

“အူး...”

တောင်နက်နားမလည်အောင် ဖြစ်သွားသည်။ ပတ်ဝန်းကျင်အခြေအနေက ဝိညာဉ်ရတနာရှိနိုင်မည့် ပုံမျိုးမဟုတ်။

“အထဲဝင်ကြည့်ပါ။ ဒီလိုသားရဲကြီးတွေရဲ့ဂူထဲမှာ အဖိုးတန်တာတွေ ရှိတတ်တယ်”

ဖုန်ချင်အန်းလည်း နည်းနည်းစိတ်ဓာတ်ကျသွားသည်။ ဝိညာဉ်မြက်ရှိမည်ဟု သိပ်မမျှော်လင့်တော့။

တောင်နက်က ဂူဆီသို့ ခြေလှမ်းတိုးသွားသည်။ သူ့နှုတ်သီး နှစ်ကြိမ်ခန့်လှုပ်၍ အနံ့ခံလိုက်သည်။ ဆိုးဝါးသည့်အနံ့အသက်များကြားတွင် ထူးဆန်းသည့်ရနံ့တစ်မျိုးကို သူရှူရှိုက်မိသည်။

ဂူအတွင်းပိုင်းသို့ သူဆက်ဝင်သွားသည်။ မြေပေါ်မှအရိုးများ ပိုနည်းလာသည်။ လေထဲမှအနံ့ဆိုးများ တဖြေးဖြေးပျောက်ကွယ်သွားသည်။ ထူးဆန်းသည့်ရနံ့က ပိုပြင်းထန်လာသည်။

ဂူအဆုံးသို့ရောက်ချိန်တွင် အနံ့ဆိုးများ လုံးဝမရှိတော့။ မြေပြင်က သန့်ရှင်းသတ်ရပ်နေသည်။ လေထုတွင် မွှေးပျံ့သည့်ရနံ့များ ပြည့်နေသည်။ တောင်နက် တံတွေးတစ်ချက် အလိုလိုမျိုမိသည်။

ထူးဆန်းသည့်ရနံ့ရင်းမြစ်က ဤနေရာတွင်ရှိနေသည်။ စမ်းချောင်းငယ်တစ်ခု မြေပြင်တွင် စီးဆင်းနေသည်။ ကမ်းစပ်တွင် အရွယ်အစားအမျိုးမျိုးရှိသည့် ထူးဆန်းသည့်အပင်တစ်ချို့ ရှိနေသည်။ ကျောက်စိမ်းနက်ရောင်ရှိသည်။ ညင်သာစွာလှုပ်ယမ်းလျက် အလင်းရောင်မှိန်မှိန်တစ်ခု ထွက်နေသည်။

All Chapters