← Chapters

စမ်းသပ်ချက်

Vol. 3 Ch. 40

စမ်းသပ်ချက်

Vol. 3 Ch. 40

"ဟားဟား၊ ငါထင်တဲ့အတိုင်းပဲ”

ဝိညာဉ်မြက်များကိုကြည့်၍ ဖုန်ချင်အန်း ကုတင်ပေါ်မှ တမ်းသာအားရထရပ်လိုက်သည်။

“နေဦး”

တောင်နက် ရှေ့သို့တိုးသွားပြီး ဝိညာဉ်မြက်ကို စားရန်ပြင်နေသဖြင့် ဖုန်ချင်အန်း အမြန်တားလိုက်သည်။

အပင်ပုံစံ အန္တရာရှိပုံမပေါ်သော်လည်း သူမရင်းနှီးသည့် ဝိညာဉ်မြက်ဖြစ်သည်။

တစ်ယောက်အတွက်ဆေး၊ တစ်ယောက်အတွက်အဆိပ်ဟူသည့် စကားရှိသည်။ အရမ်းကာရော မစားသင့်။

“တစ်ပင်ကိုဆွဲကိုက်ပြီး ပြန်ယူလာပါ။ မင်းအဖွဲ့ထဲက ဝံပုလွေတစ်ချို့ကိုရွေးပြီး ကျွေးလိုက်သည်။ သူတို့စားပြီးလို့ ဘာမှမဖြစ်မှ မင်းစားပါ”

ထိုရတနာကို ဤနယ်မြေထဲမှာပင် သုံးစွဲသင့်သည်။ တစ်ခြားနယ်မြေသို့ ပျံ့သွား၍မဖြစ်။

“အာဝူး”

တောင်နက် မကျေမနပ်တစ်ချက် အူလိုက်သည်။ သို့သော် အမိန့်အတိုင်းလိုက်နာသည်။ ကျောက်စိမ်းလိုကြည့်လင်နေသည့် ဝိညာဉ်မြက်တစ်ပင်ကို ကိုက်ဖြတ်၍လိုက်သည်။ မျိုချချင်သည့်စိတ်ကို ထိန်းချုပ်လျက် သူ့ဝံပုလွေဂူဆီပြန်သွားသည်။

မနက်နေမြင့်ချိန်တွင် သွေးသံရဲရဲဖရိုဖရဲဖြစ်နေသည့် ဝံပုလွေဂူသို့ သူပြန်ရောက်သည်။ ဝံပုလွေအုပ်က ကျားဆိုးကို အရိုးချည်းကျန်အောင်စားသောက်ပြီး အနားယူနေကြသည်။

တောင်နက်ပေါ်လာသည်နှင့် သူတို့လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ ပုံမှန်အားဖြင့် သူတို့ဘုရင်သည် နေ့ခင်းဘက်တွင် ပေါ်လာလေ့မရှိ။ ယခု ထူးထူးခြားခြား ပေါ်လာသည်။

တစ်လမ်းလုံး ကြိတ်မှိတ်သည်းခံသယ်လာခဲ့ရသည့် ပါးစပ်ထဲမှဝိညာဉ်မြက်ကို ဝံပုလွေအုပ်ရှေ့တွင် ချလိုက်သည်။ သင်းပျံ့မွှေးကြိုင်သည့်ရနံ့က လေနှင့်အတူ ဝေ့ဝဲလာသည်။ ဝံပုလွေများ ဂဏာမငြိမ်ဖြစ်လာကြသည်။ လိုလားတောင့်တသည့် အမူအရာများ ပြလာသည်။

သို့တော် သူတို့ဘုရင်ရှိနေသဖြင့် ဘယ်သူမှ ရှေ့တိုးမလာရဲ။

တောင်နက်က ငြိမ်သက်စွာရပ်ကြည့်နေသည်။ ထို့နောက် တစ်ခြားဝံပုလွေများထက် ပိုသန်မာသည့် ဝံပုလွေသုံးကောင်ကို အော်သံပေး၍ သူခေါ်လိုက်သည်။

ဝိညာဉ်မြက်ကို သုံးပိုင်းပိုင်း၍ ဝံပုလွေသုံးကောင်ရှေ့သို့ ချပေးလိုက်သည်။ နောက်တစ်ကြိမ် အော်သံပေးလိုက်သည်နှင့် ဝံပုလွေသုံးကောင် အငန်းမရစားကိုက်ခဲဝါမျိုလိုက်ကြသည်။

တောင်နက်နှင့်ဖုန်ချင်အန်းင်အန်းက သူတို့အပြောင်းအလဲကို ကြည့်နေသည်။ ခဏကြာပြီးနောက် ထူးခြားချက်ပြလာသည်။

တစ်ကိုယ်လုံးတုန်ရင်လာသည်။ အစပိုင်းတွင် မသိသာ။ သို့သော် ခဏကြာပြီးနောက် သုံးကောင်လုံး အစွယ်ကိုဖြဲ၍ မချိမဆန့်အော်ဟစ်နေကြသည်။ ခန္ဓာကိုယ်တွန့်လိမ်လှုပ်ရှားမှု ပိုပြင်းထန်လာသည်။

“အူး....”

တောင်နက် နည်းနည်း အံ့အားသင့်သွားသည်။ သူ့ထံအညံ့ခံထားသည့် ခေါင်းဆောင်ဟောင်းဝံပုလွေသုံးကောင် မြေပေါ်တွင် လူးလှိမ့်နေသည်။ စွမ်းအားတဖြေးဖြေးလျော့သွားသည်။ နောက်ဆုံးတွင် အသက်ကိုပင်ပန်းကြီးစွာရှူရှိုက်၍ မလှုပ်မယှက်ဖြစ်သွားသည်။ ပိန်လိုက်ဖောင်းလိုက်ဖြစ်နေသည့် ဝမ်းဗိုက်သားများကြောင့်သာ အသက်ရှင်နေသေးကြောင်း သိရသည်။

“တောင်နက်၊ သူတို့ဘေးမှာနေပြီး သတိပြန်လည်လာတဲ့အထိစောင့်ပါ။ ဒီနေ့ မင်းအိမ်ပြန်လာဖို့ မလိုဘူး”

ဝံပုလွေသုံးကောင်၏အဖြစ်က နည်းနည်းထိတ်လန့်စရာကောင်းသော်လည်း ဖုန်ချင်အန်း အလျင်စလို ကောက်ချက်မချ။ ထိုအရာသည် အဆိပ်ပင်သာဖြစ်လျှင် ကျောက်ဂူတစ်ခုလုံး အရိုးနှင့်အနံ့ဆိုးများ တန်ဆာဆင်ခဲ့သည့် အစားကျူး၍ ခန္ဓာကိုယ်အလွန်အမင်းထွားကျိုင်းခဲ့သည့် ကျားဆိုးသည် အားလုံးကို အရူးလုပ်ခဲ့ခြင်းသာဖြစ်ပေမည်။

“အာဝူး...”

တောင်နက် သိပ်ကျေနပ်ဟန်မရှိသော်လည်း အမိန့်အတိုင်းနာခံ၍ ကျောက်ဖျာတစ်ခုထက်တွင်ဝပ်လျက် ဝံပုလွေများကို စောင့်ကြည့်နေသည်။ ထိုမြက်ပင်လေး၏အစွမ်းကို သူလည်း သိချင်သည်။

အဆိပ်ပင်များ ဖြစ်နေသလားမသိ။

နေ့မှညသို့ ပြောင်းသွားသည်။ တောင်တန်းတစ်ခုလုံး အမှောင်ထုကျလာသည်။ ညရောက်လာချိန်တွင် ဝံပုလွေသုံးကောင် တစ်နေကုန်အိပ်မောကျနေရာမှ နိုးလာသည်။ မျက်လုံးများက နည်းနည်းမှုန်ဝါးနေရာမှ တဖြေးဖြေးကြည်လင်လာသည်။

တောင်နက် ချက်ချင်းထရပ်၍ သူတို့ဆီ လျှောက်သွားသည်။ အပြောင်းအလဲကို စစ်ဆေးကြည့်သည်။ ဖုန်ချင်အန်းလည်း သိစိတ်အာရုံသို့ ပြန်ဝင်လာသည်။

“အကဲဖြတ်မယ်”

သူက တောင်နက်ထက် ပိုရှင်းသည်။ ဝံပုလွေသုံးကောင်တွင် အပြောင်းအလဲကို မမြင်ရ။ အပြင်ပန်းကိုယ်ကာယ ပြောင်းလဲမှုမရှိသော်လည်း အတွင်းပိုင်းအရည်အသွေး ပြောင်းလဲနိုင်သည်။

(မျိုးစိတ် - တောင်တန်းဝံပုလွေ)

(ဗီဇ - သားရဲ)

(စွမ်းရည် - ဝိညာဉ်နိုးထခြင်း အခြေခံအဆင့်)

(တိုက်ခိုက်စွမ်းအား - မရှိ)

သုံးကောင်လုံး ထိုအတိုင်းဖြစ်သည်။ အရင်နဲ့ယှဉ်လျှင် များစွာပြောင်းလဲလာခြင်းဖြစ်သည်။ တောင်တန်းပေါ်တွင် သတ္တဝါများစွာကို ဖုန်ချင်အန်း အကဲဖြတ်ဖူးသည်။ သို့သော် မျိုးစိတ်နာမည်သာ သိရသည်။ ထူးခြားစွမ်းရည်ဗီဇမျိုး မတွေ့ရ။

အဖြေက တစ်ခုသာရှိသည်။ တောင်တန်းပေါ်မှ သက်ရှိအများစုသည် မူလကံကြမ္မာသတ်မှတ်ချက်အတိုင်း ရှင်သန်နေခြင်းဖြစ်သည်။ အပြောင်းအလဲဖြစ်နိုင်ချေမရှိ။

သို့သော်ယခု ဝိညာဉ်မြက်စားပြီးနောက် အရည်အသွေး ပြောင်းလဲသွားသည်။ အတော်နိမ့်ပါးသည့် စွမ်းရည်အဆင့်သာဖြစ်သ်ောလည်း ထူးခြားသည်ပြောင်းလဲမှုဖြစ်သည်။ အနာဂတ်တွင် အသွင်ပြောင်းနိုင်ခြေ ရှိလာသည်။

“ဒီကျား ဒီလောက်စွမ်းရည်မြင့်နေတာ မဆန်းတော့ပါဘူး။ ဝိညာဉ်မြက်ရဲ့အာနိသင်က အဲဒါပဲဖြစ်မယ်။ ဝိညာဉ်စွမ်းရည်တိုးတက်စေပေမယ့် တိုက်ခိုက်စွမ်းအားကိုတော့ တိုက်ရိုက်သက်ရောက်မှုမရှိဘူး”

အသွင်ပြောင်းနိုင်ခြေရှိသည့် ဝံပုလွေများ အဖွဲ့ထဲပေါ်လာခြင်းသည် ကျေနပ်စရာ အခြေအနေဖြစ်သည်။ ဖုန်ချင်အန်း တစ်ခြားကိစ္စတစ်ခုအတွက် ပို၍စိတ်လှုပ်ရှားနေသည်။ ထိုမြက်ပင်ဖြင့် တောင်နက်စွမ်းရည်ကို တိုးမြှင့်ပေးနိုင်တော့မည်။

“တောင်နက်၊ ကျားဂူကိုပြန်သွားပြီး ဝိညာဉ်မြက်ကိုစားတော့”

အဖြေကရှင်းသွားပြီဖြစ်သည်။ ဝံပုလွေသုံးကောင်၏ အပြောင်းအလဲကို နားမလည်နိုင်‌အောင်ဖြစ်နေသည့် တောင်နက်ကို သူအမိန့်ပေးလိုက်သည်။

နည်းနည်းမငြိမ်မသက်ဖြစ်နေသည့် ဝံပုလွေအုပ်ကို တစ်ချက်ဟိန်းဟောက်လိုက်ပြီး ကျားဂူဆီသို့ တောင်နက်ပြန်ပြေးသွားသည်။

ကျားဆိုးသေသွားသည်မှာ တစ်ရက်သာရှိသေးသည်။ သူ့အရှိန်အဝါကြောင့် မည်သည့်သားရဲမှ ကျောက်ဂူထဲသို့ မဝင်ရဲကြသေး။ တောင်နက်ပြန်ရောက်ချိန်တွင် အားလုံးအရင်အတိုင်းသာ ရှိနေသည်။

ဂူထဲသို့ တောင်နက်တန်းဝင်သွားသည်။ မွေးပျံ့သည့်ရနံ့ကြောင့် တောင်နက်စိတ်ထိန်းမထားတော့။ ဖုန်ချင်အန်းလည်း သူ့ကိုမတား။

အကြီးဆုံးဝိညာဉ်မြက်ပင်ကို သူကိုက်ဆွဲ၍ သုံးလေးကြိမ်ဝါးကာ မျိုချလိုက်သည်။ ရုတ်တရက် အအေးလှိုင်းတစ်ခု သူ့လည်ချောင်းမှ ဗိုက်ထဲသို့စီးဝင်သွားသည်။

အစာအိမ်ထဲရောက်သည်နှင့် မီးတောက်တစ်ခုလို ဖြစ်သွားပြန်သည်။ ပြင်းထန်သည့်အပူလှိုင်းက တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ အရေဆုတ်၍ အသားများထုတ်ခံရသလိုဖြစ်နေသည်။ ခန္ဓာကိုယ်ကြီးမားသော်လည်း မဟန်နိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ရင်လာသည်။

“အချိန်တိုတိုနဲ့ စွမ်းရည်တိုးချင်ရင် ဒီလောက်တော့နာမှာပဲ”

ဖုန်ချင်အန်းလည်း ဘာမှမတတ်နိုင်သည်။ ထိုပစ္စည်းမျိုးကို ဤကမ္ဘာမှ လူပေါင်းများစွာ တောင့်တကြသည်။ နည်းနည်းဝေဒနာခံစားရရုံဖြင့် မသေနိုင်။ ရလာဒ်သာ အရေးကြီးသည်။

“ဟား၊ ဝိညာဉ်စွမ်းရည်တင်မကဘူး ခန္ဓာကိုယ်စွမ်းအားလည်း နည်းနည်းတိုးလာမယ့်ပုံပဲ”

ဝေဒနာခံစားနေရသည့်တောင်နက်ကိုကြည့်၍ ဖုန်ချင်အန်း နည်းနည်းစိတ်မကောင်းဖြစ်မိသည်။

သို့သော် ပိုကောင်းသည့်မနက်ဖြန်များအတွက် အပင်ငယ်တစ်ချို့မှလွဲ၍ ဝိညာဉ်မြက်အားလုံးစားရန် တောင်နက်ကို သူတိုက်တွန်းသည်။

All Chapters