← Chapters

ပြိုင်ဘက်ကင်းဝံပုလွေဘုရင်

Vol. 3 Ch. 41

ပြိုင်ဘက်ကင်းဝံပုလွေဘုရင်

Vol. 3 Ch. 41

“ဖြေးဖြေးစားပါ၊ လည်နင်နေဦးမယ်”

ယင်ရှီ သူ့သားကိူကြည့်၍ နည်းနည်းအံ့ဩမိသည်။ ဖုန်ချင်အန်း ထမင်းပန်းကန်လုံးကိုကိုင်၍ တူနှစ်ချောင်းအဆက်မပြတ်လှုပ်ရှားနေသည်။ ယင်ရှီရှီက ပြုံး၍သတိပေးသည်။ ထိုအရွယ်တွင် စားနိုင်ခြင်းသည် ကောင်းကွက်တစ်ခုဖြစ်သည်။

“ထပ်လိုချင်ရင် အိုးထဲမှာရှိသေးတယ်”

“အင်း”

ဖုန်ချင်အန်း ဗလုံးဗထွေးပြန်ဖြေသည်။ စားသည့်အရှိန်မလျှော့။

သူတကယ်ဆာနေသည်။ တောင်နက်ဆီကြောင့် ရလာသည့်သူ့အကျိုးကျေးဇူးက အစပိုင်တွင် မသိသာခဲ့။ အတော်ကြာမှ ထူးခြားမှုပြသည်။

သိသာသည့်အပြောင်းအလဲဖြစ်လာသည်။ လယ်ယာထဲ အလုပ်လုပ်ရသည့် ဖုန်ရှို့လင်ထက်ပင် ပို၍စားသောကနိုင်လာခြင်းဖြစ်သည်။

သို့သော်မိဘများက ထိုအပြောင်းအလဲကို ပျော်ရွှင်နေကြဟန်ရှိသည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးချိန်တွင် ဆယ်ကျော်သက်များသည် စားသောက်နှုန်းမြင့်ကြသည်သာဖြစ်သည်။

ဖုန်ချင်အန်း ထိုအချိန်နှင့်ကြုံသည်။ သူတို့မိသားစုလည်း တတ်နိုင်သည့်အနေအထားဖြစ်သည်။ ယင်ရှီရှီ ပို၍ပင် စေတနာထက်သန်လာသည်။ ကြက်ဘဲများ အကြာခဏသတ်၍ကျွေးသည်။

သူကိုယ်တိုင်တော့ သတ်စရာမလို။ ဖုန်ချင်အန်းက ပျော်ပျော်ကြီးကူညီပေးသည်။ ဝိညာဉ်စုအရိုးသန့်စင်နည်း လေ့ကျင့်သည်။

“ဒါနဲ့...မင်းရဲ့တောင်နက်ကို အခုရက်ပိုင်း မတွေ့ပါလား”

ဖုန်ရှို့လင်က ပုံမှန်အတိုင်း မေးလိုက်သည်။

ကြောက်စရာကောင်းသည့် ခွေးဝံပုလွေကြီး ပျောက်နေသဖြင့် အားလုံးသတိထားမိသည်။ နည်းနည်း ထူးဆန်းနေသည်။

“ဪ...တောင်နက်က တောင်တန်းပေါ်မှာ ဝံပုလွေမတွေကို သွားပြီးပိုးပန်းနေတာပါ”

ဖုန်ချင်အန်း ပြောင်ချော်ချော်မျက်နှာဖြင့် ပြန်ဖြေသည်။

မုသားတစ်ဝက် အမှန်တစ်ဝက်ဖြစ်သည်။ တောင်နက်သည် တောင်တန်းပေါ်တွင် ရှိသည်မှာမှန်သည်။ မိတ်ရှာဖို့တော့မဟုတ်။ ခြောက်လအရွယ်သာဖြစ်၍ ဝံပုလွေမများကို စိတ်မဝင်စားသေး။ ဝံပုလွေမများကသာ သူ့အနားကပ်ချင်နေကြသည်။

“လျှောက်ပြောမနေနဲ့။ သိပ်မကြာခင် နင်လည်းလက်ထပ်ရမယ့်အရွယ်ရောက်လာမှာ။ စကားကိုကောင်းကောင်းပြော။ နင့်ခွေးက အသက်ငယ်ငယ်လေးရှိသေးတယ်။ မိတ်ရှာတဲ့အရွယ်မဟုတ်သေးဘူး”

ဖုန်ချင်အန်း စကားကို ယင်ရှီအလေးအနက်မထားဘဲ ပြုံး၍ဖြေသည်။

“ဘယ်ရောက်နေသလဲ သိနေတာပဲ။ မြန်မြန်သွားပြန်ခေါ်လိုက်။ အပြင်မှာ လျှောက်သွားမနေစေနဲ့။ အရိုင်းစိတ်ဝင်လာရင် မင်းထိန်းနိုင်မှာမဟုတ်ဘူး။

“ဟုတ်ကဲ့ပါ”

ထိုသို့ဖြင့် တောင်နက်ကိစ္စ တစ်ခန်းရပ်သွားသည်။ မိသားစုလုပ်ငန်းများ တိုးတက်လာပြီဖြစ်၍ မိဘနှစ်ပါးလုံး အိမ်ကပ်ရသည်မရှိ။ ထို့ကြောင့် တောင်နက်ရှိခြင်းမရှိခြင်းကို အရေးမစိုက်အား။ သံယောဇဉ်နှောင်တွယ်မှုလည်း သိပ်မဖြစ်။

ညစာစားပြီးနောက် ပန်းကန်ကူဆေးပေးပြီး ဖုန်ချင်အန်း သူ့အိပ်ခန်းသို့ပြန်လာသည်။ ကုတင်ပေါ်‌ရောက်သည်နှင့် နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို အသုံးပြု၍ တောင်နက်အာရုံသို့ဝင်သည်။

သုံးရက်လုံးလုံး တောင်နက် ပြန်မလာခဲ့။ ကျားဂူထဲတွင်သာ အချိန်ကုန်သည်။ ဝိညာဉ်မြက်ကိုစား၍ အစာချေဖျက်ကာ စွမ်းအားမြှင့်သည်။

ဖုန်ချင်အန်းနှင့် စိတ်ချင်းဆက်သွယ်မိသဖြင့် တောင်နက် အားတက်လာသည်။ ငါးခုမြောက်ဝိညာဉ်မြက်ကိုစားခဲ့ပြီးဖြစ်သည်။ ပြင်းထန်သည့် အပြောင်းအလဲများလည်း ကြုံခဲ့ရသည်။

“မင်းဘယ်လိုခံစားရလဲ”

ဖုန်ချင်အန်း မေးလိုက်သည်။ စနစ်ဖန်သားပြင်ကို စစ်ဆေးကြည့်သည်။

(ပထမဝိညာဉ်စာချုပ် - တောင်နက်)

(မျိုးစိတ် - ခွေးဝံပုလွေ)

(ဗီဇ - နတ်ဆိုး၊ သားရဲ)

(စွမ်းရည်အဆင့် - ဂျင်နရယ်၊ ထပ်တန်းအဆင့်)

(**ဂျင်နရယ်၊ ကွန်မန်ဒါ၊ မိုနာ့ စသဖြင့်အဆင့်များ ရှိလာမည်ဖြစ်၍ ဤအခန်းမှစ၍ ထိုသို့ပြောင်းလဲသုံးစွဲသွားပါမည်)

(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း အလတ်တန်းဆင့်)

သုံးရက်သုံးယအတွင်း ဝိညာဉ်မြက်အားလုံးနီးပါးကုန်သွားသည်။ အပင်ပေါက်သုံးခုသာ ချန်ထားသည်။ တောင်နက်၏စွမ်းရည်လည်း များစွားတိုးတက်လာသည်။ ကျားနတ်ဆိုးနှင့် တန်းတူအဆင့်မျိုးဖြစ်လာသည်။

တိုက်ခိုက်စွမ်းအား အဆင့်တစ်ခုမတိုးလာသော်လည်း စွမ်းအားတိုးတက်မှုနည်းနည်းရှိသည်။ ဖုန်ချင်အန်း ခံစားမိသည်။

တောင်နက် တစ်ချက်အော်ဟစ်လိုက်သည်။ ကျန်နေသည့် အပင်ပေါက်များကို သူသိပ်စိတ်မဝင်စားတော့။ လွန်ခဲ့သည့်သုံးရက်ကလို စိတ်အားထက်သန်မှုမရှိတော့။

ဖုန်ချင်အန်း နားလည်သည်။ ဝိညာဉ်မြက်တို့၏အာနိသင်က အကန့်အသတ်ရှိသည်။ ပထမအကြိမ်စားခြင်းသည် အာနိသင်အရှိဆုံးဖြစ်သည်။ တောင်နက်၏စွမ်းရည်အဆင့် ခုန်တက်သွားသည်။

သို့သော် တောင်နက်၏စားလိုသည့်ဆန္ဒ သိသိသာသာလျော့သွားသည်။ ထို့ကြောင့်လည်း ဤဂူထဲတွင် ဝိညာဉ်များစွာ ကျန်နေသေးခြင်းဖြစ်မည်။ အတိုင်းအတာတစ်ခုထိ စားပြီးလျှင် စားလိုစိတ်မရှိတော့။

“ဒီမြက်ပင်တွေ ကြီးလာအောင် ဘယ်လောက်ကြာမယ်မသိဘူး။ သိပ်မကြာရင်တော့ ဝံပုလွေတစ်အုပ်လောက် စွမ်းရည်မြှင့်ပေးဖို့ သုံးလိုရနိုင်တယ်”

အပင်ပေါက်သုံးခုကိုကြည့်၍ ဖုန်ချင်အန်း စဉ်းစားသည်။ သို့‌သော် ထိုအတွေးမဖြစ်နိုင်မှန်းသူသိသည်။

ဝိညဉ်စွမ်းအားရှိသည့်အပင်များ ဂျုံစပါးလိုသာ ပေါက်‌ဖွားနိုင်လျှင် တောင်နက် မိုင်ဆယ်ချီဖြတ်၍ ခရီးဆန့်စရာမလို။ ကျားရဲကို ရင်ဆိုင်ခဲ့စရာမလို။

သို့သော် မြွေစိမ်းတောင်တန်း၏တစ်ခြားနေရာများတွင် ဝိညာဉ်မြက်ပင်များ ရှိပါစေဟု သူဆုတောင်းမိသည်။

ဤကျားရဲဂူလေးထဲတွင် ရှိသည်ဆိုလျှင် တစ်ခြားနေရာများတွင်လည်း နည်းနည်းပါးပါးရှိရမည်။ တောင်တန်းအတွင်းပိုင်းသို့သွားလေ ပိုတန်ဖိုးကြီးသည့် အသုံးဝင်သည့် ရတနာများ တွေ့နိုင်လေဖြစ်သည်။

ထိုရတနာများကိုရှာဖို့ သိပ်မခက်ခဲနိုင်။ အသိစိတ်မြင့်သည့် နတ်ဆိုးသားရဲများက ထိုနေရာများကို အပိုင်စီးထားပေလိမ့်မည်။

ထို့ကြောင့် နတ်ဆိုးသားရဲကိုရှာနိုင်လျှင် ဝိညာဉ်ရတနာကို ရှာတွေ့နိုင်သည်။

ရတနာစောင့်နတ်ဆိုးသားရဲကို အနိုင်ယူနိုင်ရမည်။

လွန်ခဲ့သည့်သုံးရက်က တောင်နက်ကို ကျားနတ်ဆိုးတစ်ကောင်က သတိပြုမိခဲ့သည်။ တောင်တန်းအပြင်ပိုင်းတွင် လှည့်ပတ်သွားနေခြင်းဖြစ်သော်လည်း အသက်ဆုံးရှုံးမတတ်ဖြစ်ခဲ့သည်။

စွမ်းရည်အားနည်းသည့်တောင်နက်အတွက် ကံကိုသာ အားကိုရမည်။ တောင်တန်းအတွင်းပိုင်းတွင် ဝိညာဉ်ရတနာရှာလျှင် သက်တမ်းရင့်နတ်ဆိုးများနှင့်ကြုံရမည်။ ကိုယ့်သေတွင်းကိုယ်တူးခြင်းသာဖြစ်သည်။

တောင်နက် စွမ်းအားမြင့်လာသော်လည်း တောင်တန်းထဲမှ နတ်ဆိုးများကို ယှဉ်နိုင်ဦးမည်မဟုတ်။ ကိုယ်ပိုင်စွမ်းအား နိမ့်လွန်းသေးသည်။

သို့သော် သူ့ကျောကုန်းပေါ်တွင် စာအုပ်များရှိနေသည်။ ထိုအရာသည် တောင်နက်၏အားကိုးရာဖြစ်သည်။ ကျားနတ်ဆိုးအနားကပ်လာစဉ်က ချက်ချင်းသတ်နိုင်ခဲ့သည်။ တစ်ခြားနတ်ဆိုးများအတွက်လည်း ထိုသို့သာဖြစ်မည်။

“တောင်နက်၊ တောင်တန်းရဲ့တစ်ခြားနေရာတွေကို မင်းသွားချင်လား”

တောင်နက်သိစိတ်အာရုံတွင် ဖုန်ချင်အန်း၏ ဟာသနှောသည့်စကားသံပေါ်လာသည်။ တောင်နက်က ပျော်ရွှင်စွာ တစ်ချက်အော်ဟစ်လိုက်သည်။ သူ့ဆန္ဒကိုပြသည်။

ဝံပုလွေအုပ်ကိုလည်း သူခေါ်သွားချင်သည်။ တစ်ခြားတောရိုင်းကောင်များ အန္တရာယ်ကို တောင်နက်သတိထားရဦးမည်။ နတ်ဆိုးသားရဲများကတော့ သိပ်ကိစ္စမရှိ။

ကွန်ဖြးရှပ်အဆုံးအမတို့၏ တော်ဝင်စွမ်းအင်သည် နှစ်ရာချီနတ်ဆိုးသားရဲကို အနိုင်မယူနိုင်လျှင်ပင် သက်တမ်းနုသည့် နတ်ဆိုးတစ်ချို့ကိုတော့ အနိုင်ကျင့်၍ရနိုင်သည်။

တော်ဝင်စွမ်းအင်ရောင်သယ်လာသည့် တောင်နက်သည် ဤည ဤတောင်တန်းပေါ်တွင် လွှမ်းမိုးနိုင်ရမည်။

**************************************

All Chapters