← Chapters

အနိုင်ကျင့်သူ

Vol. 3 Ch. 43

အနိုင်ကျင့်သူ

Vol. 3 Ch. 43

တောင်နက်စိတ်ခံစားချက်ကို ခံစားမိသဖြင့် ဖုန်ချင်အန်း အံ့အားသင့်သွားသည်။ တောင်နက်သည် နာမည်နက်လိုက်အောင်ပင် စိတ်ဓာတ်နက်မှောင်သည်ထင်သည်။

သရဲမျက်လုံးဝံပုလွေက ဘာမှစော်ကားခဲ့သည်မဟုတ်။ သို့သော် တောင်နက်က ဝံပုလွေတ်စအုပ်နှင့် သူ့နယ်မြေကို ကျူးကျော်သည်။ သရဲမျက်လုံးဝံပုလွေက သူ့နယ်မြေသူကာကွယ်ခြင်းသာဖြစ်သည်။ သို့သော် ယခု တောင်နက်ခြေထောက်အောက်တွင် မချိမဆန့်ဖြစ်နေသည်။

ထိုမျှနှင့် တောင်နက်က ကျေနပ်သေးဟန်မတူ။ ဘာကြောင့်မသေသေးသနည်းဟု စူးစမ်းနေသည်။

“အူး...”

ဖုန်ချင်အန်း အတွေကိုခံစားမိသဖြင့် တောင်နက် တစ်ချက်ညည်းသံပေး၍ သူ့ကိုယ်သူ ကာကွယ်သည်။ သူအတွေးယုတ်ခြင်းမဟုတ်။ နားမလည်ဖြစ်နေခြင်းသာဖြစ်ကြောင်း အတည်ပြုသည်။

တော်ဝင်ချီစွမ်းအင်သည် ပထမဆုံး ကျားဖြူကို အနိုင်ယူခဲ့သည်။ သရဲမျက်လုံးဝံပုလွေ စွမ်းအားသည် ထိုကျားဖြူတက်သာမည်ဟု တောင်နက်မထင်မိ။

သို့သော် သရဲဝံပုလွေက ယခု မလှုပ်မရှားနိုင်ဖြစ်နေသော်လည်း ချက်ချင်းသေမည့်ပုံမပေါ်။ ကျားဖြူက အနားမကပ်နိုင်မှာပင် သေသွားသည်။ ထို့ကြောင့် တောင်နက် နားလည်ခရခက်နေသည်။ သရဲဝံပုလွေကို သူမသတ်ချင်။ လက်အောက်ခံအဖြစ်သာ သိမ်းသွင်းလိုသည်။

“ကြံကြီးစည်ရာကွာ”

တောင်နက်အတွေးကိုသိသဖြင့် ဖုန်ချင်အန်း လှောင်ပြုံးပြုံးလိုက်သည်။

(မျိုးစိတ် - တောင်တန်းဝံပုလွေ)

(ဗီဇ - နတ်ဆိုး၊ သားရဲ)

(စွမ်းရည် - ဂျင်နရယ် အခြေခံအဆင့်)

(တိုက်ခိုက်စွမ်းအား _ ဂျင်နရယ် အခြေခံအဆင့်)

စွမ်းရည်အကုန်ထုတ်သုံးထားသည့် သားရဲမျိုးဖြစ်သည်။ သရဲဝံပုလွေသည် ကျားဖြူကိုပင် အလွယ်တကူ သတ်နိုင်စွမ်းရှိသည်။ တောင်နက်ဆိုလျှင် ပြောစရာပင်မလို။

ပုံမှန်အတိုင်းဆိုလျှင် တောင်နက်အတွက် အနိုင်ယူနိုင်စရာမရှိ။ သို့သော် သူ့ကျောပေါ်မှ တော်ဝင်ချီစွမ်းအင်ကြောင့် သရဲဝံပုလွေ ထမရပ်နိုင်တော့။

သရဲမျက်လုံးဝံပုလွေကို အညံ့ခံခိုင်းရန် မဖြစ်နိုင်သည်မဟုတ်။ သို့သော် အသေအကြနွှဲပြီးမှ အနိုင်ရလျှင် ပိုကျေနပ်စရာကောင်းသည်။ ထိုစွမ်းရည်အဆင့်မျိုးရောက်ပြီးသည့် ဝုံပုလွေဘုရင်သည် နာကျဉ်းချက်အမုန်းတရားတစ်ချို့ရှိမည်သာဖြစ်သည်။ အသိဉာဏ်က လူသားကဲ့သို့ဖြစ်နေမည်။

သို့သော် ဝံပုလွေဘုရင် ဆန့်ကျင်စိတ်ရှိလျှင်လည်း ဘာမှတော့ထူးမည်မဟုတ်။ တော်ဝင်စွမ်းအင်ကို ထိတွေ့သည်နှင့် မလှုပ်မရှားနိုင်ဖြစ်သွားမည်။ တောင်နက်ကို အန္တရာယ်ဝမပေးနိုင်။ သာမန်ဝံပုလွေများကိုတော့ တောင်နက် အသာအယာ သိမ်းပိုက်လိုက်ရုံသာရှိသည်။

“အူး...”

သရဲမျက်လုံးဝံပုလွေဘုရင်ကိုကြည့်၍ တောင်နက်အော်ဟစ်လိုက်သည်။ အညံ့ခံခိုင်းခြင်းဖြစ်သည်။

အရွယ်မရောက်သေးသည့် ဝံပုလွေပေါက်တစ်ကောင် အရှက်ခွဲနေသည်ကို သရဲဝံပုလွေဘုရင် ထိုအတိုင်းသာကြည့်နေရသည်။ သို့သော် သုံးလေးကြိမ်ခန့် ညည်းညူအော်ဟစ်လိုက်သည်။

အမှန်တရားက သူ့ရှေ့တွင်ရှိနေသည်။ ထ၍ပင်မရပ်နိုင်သဖြင့် ခုခံနေ၍ အကျိုးထူးမည်မဟုတ်။ သူ့ကိုယ်ပေါ်မှ ဝံပုလွေငယ်သာ အလိုရှိလျှင် သူ့လည်ပင်းကို ကိုက်ဖြတ်ပြီးဖြစ်မည်။

“အူး”

စွမ်းအားကြီးဝံပုလွေဘုရင် အညံ့ခံသည်နှင့် တောင်နက် ရွှင်မြူးစွာ အော်ဟစ်လိုက်သည်။

ဖုန်ချင်အန်းက သတိပေးသည်။

“မင်းစွမ်းရည် အဲဒီ့ဝံပုလွေကို မနိုင်သေးသရွှေ့ တော်ဝင်ချီအနားက မင်းမခွာနဲ့။ တော်ဝင်စွမ်းအင်အကာအကွယ်မရှိတာနဲ့ သူကမင်းကို အနိုင်တိုက်မှာ။ မင်းသေသွားနိုင်တယ်”

“အာဝူး....”

တောင်နက် တစ်ချက်အော်သည်။ တော်ဝင်စွမ်းအင်ရောင် စွမ်းအားကြီးကြောင်း သိပြီးဖြစ်၍ ဆက်သယ်သွားရန် သူမညူစူမိ။ ကျယ်ပြန့်သည့်တောင်တန်းပေါ်တွင် သူလွတ်လပ်စွာ ပြေးလွှားနိုင်ပြီဖြစ်သည်။ ဘယ်နေရာမှ သူ့ကိုမတားနိုင်။

“ဒီစွမ်းအင်ချီတွေ ရေစိုသွားနိုင်တယ်”

“အူး...”

“ကောင်းပြီ၊ ရာသီဥတုကို သတိထားပါ။ မိုးရွာခါနီးရင် အိမ်အမြန်ပြန်ပါ။ ပြန်မလာနိုင်ရင် မိုးခိုစရာနေရာရှာပါ။ ရေထဲကို ဖြတ်မသွားနဲ့”

ထိုအရာသည် တောင်နက်၏အားနည်းချက်ဖြစ်သည်။ ကျောပေါ်မှ စာအုပ်များသည် ရေစိုမခံ။ စာရွက်များက အညံ့စားဖြစ်သည်။ ရေစိုသည်နှင့် ပွရောင်းပျက်စီးသွားမည်။ ချီစွမ်းအင်များဆက်ရှိမည်မရှိမည် မသေချာလှ။

တောင်နက် သေချာနားထောင်၍ အားလုံးမှတ်ထားသည်။ ဖုန်ချင်အန်း စကားနားထောင်ပြီးနောက် သရဲမျက်လုံးဝံပုလွေနှင့် သူပြန်ဆက်သွယ်သည်။ အဓိကမေးခွန်းဖြစ်သည့် ဝိညာဉ်ရတနာရှိမရှိမေးမည်။

အောင်မြင်မှုအရသာကို သိပြီးဖြစ်၍ သူထပ်လိုချင်သည်။ အသွင်ပြောင်းဖြစ်စဉ်က နာကျင်သော်လည်း ဖြတ်ကျော်ပြီးသွားလျှင် ထူးခြားသည့်ခံစားမှုရလာသည်။ ကျမ်းစာမသယ်ဘဲ တောင်တန်းပေါ် လွတ်လပ်စွာသွားလာနိုင်မည့် မြင့်မားသည့်စွမ်းအင်မျိုးကို သူတောင့်တသည်။

သို့သော် ဝံပုလွေဘုရင်အဖြေကြောင့် သူစိတ်ဓာတ်ကျသွားသည်။ သရဲမျက်လုံးဝံပုလွေ ကာကွယ်ထားသည့် ဝိညာဉ်ရတနာမရှိ။ ပြီးခဲ့သည့်နှစ်က ရှိသည်။ သို့သော်ယခု သူစားလိုက်ပြီဖြစ်သည်။

“အူး...”

တောင်နက်စိတ်ဓာတ်မကျ။ တစ်နေရာမရှိလျှင် နောက်တစ်နေရာရှာမည်။

ခေါင်းမော့၍ သံရျည်ဆွဲအော်ဟစ်လိုက်သည်။ သူ့နောက်လိုက်များရော အညံ့ခံပြီးစ ဝံပုလွေများပါ ပြန်လည်အော်သံပေးကြသည်။

သို့သော် တောင်တန်းထဲသို့ ဆက်ဝင်ခါနီးတွင် တောင်နက်၏ခြေလှမ်းများ ရပ်သွားသည်။ တစ်ခုစိုးရိမ်လာသည်။

သရဲမျက်လုံးဝံပုလွေကို အတူခေါ်သွား၍မဖြစ်။ တောင်နက်၏အနီးအနားတွင်ရှိနေလျှင် နောက်မှလိုက်ရန်မဆိုထားနှင့် မတ်တပ်ပင်ရပ်နိုင်မည်မဟုတ်။ သူ့ဝံပုလွေအားလုံးကို သိမ်းပိုက်ပြီး တစ်ကောင်တည်းချန်ထားခဲ့လျှင်လည်း ဝံပုလွေဘုရင် ထွက်ပြေးသွားမည်သာဖြစ်သည်။ တော်ဝင်ချီဖိနှိပ်မှုလည်းမရှိ တစ်ကောင်းတည်း ဆက်စောင့်နေမည်ဆိုလျှင် ရူး၍သာဖြစ်မည်။

သေချာစဉ်းစားပြီးနောက် တောင်နက် နောက်တစ်ကြိမ် သံရှည်ဆွဲအော်ဟစ်လိုက်သည်။ သူ့ဆန္ဒကိုဝံပုလွေအုပ်ထံ ပြောသည်။ သရဲမျက်လုံးဝံပုလွေဘုရင် အံ့အားသင့်သွားသည်။

အကြောင်းမှာ ဤဝံပုလွေပေါက်စက သူ့နေရာကိုမယူဘဲ သူ့ဝံပုလွေအုပ်ကို ဆက်အုပ်ချုပ်ခွင့်ပေးသောကြောင့်ဖြစ်သည်။

သံသယမကင်းဟန်ဖြင့် တောင်နက်ကို သူစိုက်ကြည့်နေသည်။ တောင်နက်က နောက်လိုက်တစ်ချို့နှင့် သူ့ပိုင်နက်မှ ထွက်သွားချိန်တွင် ပို၍ပင်နားမလည်နိုင်အောင်ဖြစ်သွားသည်။

တောင်နက်တို့အဖွဲ့ ပျောက်ကွယ်သွားမှ သူဖြေးညှင်းစွာ ထရပ်သည်။ ရပ်တန့်သွားခဲ့သည့် နတ်ဆိုးချီများ ပြန်အသက်ဝင်လာသည်။ ကြီးမားသည့်စွမ်းအင်များ သူ့ကိုယ်ထဲတွင် ပြန်ပေါ်လာသည်။

ယခု သူနားလည်လာသည်။ သူဂုဏ်ယူခဲ့သည့် သူ့စွမ်းအားသည် ရွှေရောင်အလင်းတန်းရှေ့မှောက်တွင် ဘာမှမပြောပလောက်။

ဘာလုပ်ရမှန်းမသိဖြစ်နေသည့် သူ့ဘေးပတ်လည်မှ တောင်တန်းဝံပုလွေများကိုကြည့်၍ သူတစ်ချက်အ်ောဟစ်လိုက်သည်။ ကြောက်စရာ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ အားလုံးတုန်လှုပ်သွားသည်။ အရင်အတိုင်း သူအုပ်ချုပ်မည်ဖြစ်ကြောင်း အသိပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက် ကောင်းကင်မှလဝန်းကို သူမော့ကြည့်သည်။ မျက်လုံးများက သရဲမီးရောင်တောက်နေသော်လည်း နားမလည်သည့်အရိပ်တစ်ချို့ ယှက်သန်းနေသည်။

ယနေ့ည ဘာဖြစ်သွားသည်မသိ။

မိုင်ရာချီပတ်လည်ကို အုပ်ချုပ်ခဲ့သည် သူ့ကို သူ့ထက် အရွယ်အစား၊ အသက်၊ စွမ်းအား အားလုံးငယ်ရွယ်နိမ့်ပါးသည့် ဝံပုလွေပေါက်တစ်ကောင်က အနိုင်ယူခဲ့သည်။

ယခု ဘာလုပ်ရမည်မသိ။ သူ့ဝံပုလွေအုပ်ကိုခေါ်၍ နယ်မြေသစ်ရှာရမည်လား။

သို့သော် နယ်မြေပြောင်းသွားလည်း ထူးခြားမလာနိုင်။ ထိုဝံပုလွေပေါက်စ ပြန်တွေ့သည်နှင့် ယနေ့လိုအခြေအနေသာ ထပ်ဖြစ်လာမည်။ ဘာမှထူးမည်မဟုတ်။

All Chapters