← Chapters

ရွာထဲသို့ခိုးဝင်ခြင်း

Vol. 3 Ch. 44

ရွာထဲသို့ခိုးဝင်ခြင်း

Vol. 3 Ch. 44

သရဲမျက်လုံးဝံပုလွေ၏ ခံစားချက်များကို ‌တောင်နက်မသိ။ စွမ်းအားနည်းသည့် သူ့ကိုယ်သူသာ နာကျင်နေမိသည်။ စွမ်းအားကြီးသည့် သူ့မျိုးနွယ်ဝင်တစ်ယောက်ကို အတူခေါ်မလာနိုင်ခဲ့။

တော်ဝင်ချီကြောင့်မဟုတ်ဘဲ ကိုယ်ပိုင်စွမ်းအားဖြင့် အနိုင်ယူနိုင်ခဲ့လျှင် ယခု သူ့ကိုယ်သူ ဂုဏ်ယူမိပေမည်။ သို့သော် တော်ဝင်ချီအားကိုးခဲ့ရခြင်းဖြစ်၍ သရဲမျက်လုံးဝံပုလွေကို ချန်ထားခဲ့ရသည်။

သူ့စွမ်းအားတိုးဖို့ တစ်ခုတည်းသော်မျှော်လင့်ချက်မှာ ဝိညာဉ်ရတနာများကို မြန်မြန်ရှာတွေ့ရန်သာဖြစ်သည်။ ပြင်ပအကူအညီမပါဘဲ သရဲမျက်လုံးဝံပုလွေကို အနိုင်ယူနိုင်သည့်စွမ်းအားမျိုး သူပိုင်ဆိုင်ချင်သည်။ သို့မှသာ သရဲဝံပုလွေ အမှန်အကန် အညံ့ခံလာအောင် လုပ်နိုင်မည်။

သို့သော် တစ်ညလုံးပြေးလွှားနေခဲ့သော်လည်း တောင်တန်း ကျယ်ဝန်းလှသည်။ တောင်တစ်လုံးနောက်တွင် နောက်ထပ်တောင်တစ်လုံးရှိသည်။ တောင်တန်းတစ်ခုထိပ်သို့ရောက်ချိန်တွင် ပို၍မြင့်မားသည့် တောင်တန်းများက မြင်ကွင်းတွင်ပေါ်လာသည်။ အဆုံးရှိသည်မထင်ရ။

ခြေဦးတည့်ရှာ ရှာဖွေရင်း နတ်ဆိုးသားရဲတစ်ကောင်တွေ့ဖို့ဆိုသည်မှာ အလွန့်အလွန်ကံထူးမှသာဖြစ်နိုင်မည်။

ဝံပုလွေများလို နတ်ဆိုးသားရဲအားလုံး မျိုးနွယ်တူများ ရှာဖွေကြသည်မဟုတ်။ မျိုးနွယ်တူများကို စုစည်း၍ အုပ်ချုပ်ကြသည်မဟုတ်။

နတ်ဆိုးသားရဲအတော်များများက တစ်ကိုယ်တော် နေထိုင်ကြသည်။ အစက သူတို့မျိုးနွယ်များနှင့် နေခဲ့လျှင်ပင် နတ်ဆိုးအဖြစ်ပြောင်းသွားလျှင် တစ်ကိုယ်တည်းသာနေထိုင်တတ်ကြသည်။ သို့သော် နတ်ဆိုးဖြစ်စ သားရဲများသည်ပင် သာမန် သာရဲအရိုင်းများနှင့် များစွာကွာခြားသွားသည်။

ထို့ကြောင့်လည်း ဝိညာဉ်ရတနာရဖို့ နတ်ဆိုးသားရဲများရှာဖွေခိုင်းသည့် ဖုန်ချင်အန်းအကြံပြုချက်က အခက်ကြုံနေဆဲဖြစ်သည်။ အချိန်တိုတွင်း မဖြစ်နိုင်။

နတ်ဆိုးသားရဲအားလုံးလည်း စောင့်ရျောက်နေသည့် ဝိညာဉ်ရတာနာမရှိ။ တစ်ချို့ဝိညာဉ်သစ်ပင်များက တစ်ကြိမ်သာ ရှင်သန်သည်။ အသီး၍ အသီးကိုစားခံရပြီးလျှင် ညှိုးခြောက်၍ သေသွားသည်။

“တစ်ရက်နှစ်ရက်အတွင်းတော့ ကိစ္စပြီးမယ်မထင်ဘူး။ ဒါပေမယ့် အလျင်မလိုပါဘူးလေ။ အချိန်အများကြီးရှိတာပဲ။ မင်းလည်း ဝိညာဉ်မြက်တွေအများကြီးစားထား‌တော့ အစာကျေညက်ဖို့ အချိန်နည်းနည်းယူရဦးမှာပဲ”

မနက်အာရုဏ်တက်ချိန်အထိ တောင်နက်ဘာတစ်ခုမှ မရခဲ့။ နတ်ဆိုးသားရဲများနှင့် မရှိသည်တော့မဟုတ်။ သို့သော် ထိုနတ်ဆိုးများလည်း အရူးအကန်းမဟုတ်။

သာမန်သားရဲများ တော်ဝင်ချီကို မမြင်နိုင်ကြ။ သို့သော် နတ်ဆိုးသားရဲများအတွက် အမှောင်ညထဲတွင် ရွှေရောင်အလင်းက ထင်ရှားလွန်းသည်။ ဘာမှန်းမသိလျှင်ပင် ပင်ကိုယ်ဗီဇအရ အန္တရာယ်ကို အာရုံခံမိကြသည်။

ဘာမှန်းမသိသည့်အရာတစ်ခု သူတို့အနီးအနားတွင်ပေါ်လာသည်။ သို့မဟုတ် သူတို့ထံချဉ်းကပ်လာသည်။ နတ်ဆိုးသားရဲအများစုက တိမ်းရှောင်ဖို့ ချက်ချင်းဆုံးဖြတ်ကြသည်။

နတ်ဆိုးသားရဲအားလုံးက သရဲမျက်လုံးဝံပုလွေလို ထုံအ,ကြသည်မဟုတ်။ သူတို့ရင်မဆိုင်နိုင်လျှင် ရှောင်ကြသည်။

ထို့ကြောင့် တောင်နက် တစ်ညလုံးပတ်ရှာသော်လည်း ဘာမှမရခဲ့။

“တောင်နက်၊ အာရုဏ်တက်ပြီ။ ပြန်လာတော့”

ရွှေရောင်နေအလင်းများ တောင်တန်းပေါ် ကျလာချိန်တွင် တောင်နက်က သူ့ဝံပုလွေအုပ်ကို ဦးခေါင်၍ တောင်တန်းအပြင်ဘက်သို့ ထွက်လာသည်။ သို့သော် လမ်းတစ်ဝက်တွင် ဖုန်ချင်အန်း အလေးအနက်ပြောသည့်စကားသံကို ကြားရသည်။

“မင်းလက်ရှိအရွယ်အစားက အစားကောင်းစားလို့ဆိုပြီး ရှင်းပြလို့ရသေးတယ်။ ဒါပေမယ့် နောက်တစ်ဆင့်တိုးသွားရင် ဒါမှာမဟုတ် သရဲမျက်လုံးဝံပုလွေလိုအဆင့်ဖြစ်လာရင် ရွာထဲကို ဝင်လို့ရတော့မယ်မထင်ဘူး”

ဖုန်ချင်အန်း စိုးရိမ်နေသည်မှာ ထိုကိစ္စဖြစ်သည်။ တောင်နက်သည် အစကတည်းက ရွာထဲမှခွေးများထက် ကြီးနေသဖြင့် အားလုံးကြောက်ခဲ့ကြသည်။ ယခု နတ်ဆိုးဝံပုလွေအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်က သိသိသာသာကြီးထွားလာသည်။

ယခုအခြေအနေက ကိစ္စမရှိသေး။ ဝိညာဉ်နိုးထခြင်းအဆင့် သို့မဟုတ် ဂျင်နရယ်အဆင်သားရဲဖြစ်လာလျှင် ခက်တော့မည်။

သရဲမျက်လုံးဝံပုလွေဘုရင်အဆင့်မျိုးရောက်လျှင် တောင်နက်သည် အိမ်မွေးနွားထီးအရွယ်အစားမျိုးပင် ဖြစ်လာနိုင်သည်။ အားပန်အဖေပင် အသားစား၍ကြီးသည်ဟု ယံဒမည်မဟုတ်တော့။

ဘယ်လိုကြည့်ကြည့် အစားကောင်းစားရသည့် ဝံပုလွေခန္ဓာဟု မြင်မည်မဟုတ်။ နတ်ဆိုးအသွင်ပြောင်းခြင်းဟုသာ ထင်တော့မည်။

ကျေးလက်နေလူထုက လူသားအသိဉာဏ်ရှိသည့် ထိုသတ္တဝါများကို အတော်ကြောက်ကြသည်။ သူ့မိဘများပင် လက်ခံနိုင်မည်မဟုတ်။

“အူး...”

တစ်ပတ်လောက်ရွာမပြန်ရ၍ စိတ်မပျော်ဖြစ်နေသည့်တောင်နက် ပို၍မှိုင်သွားသည်။

“‌တောင်နက်၊ မင်းနဲ့ဆင်တူတဲ့ ခွေးတစ်ကောင် ရှာပြီးမွေးထားဖို့ ငါစဉ်းစားမိတယ်။ မင်းအပြင်မှာ အတော်ကြာအောင် ပြန်မလာဘဲနေနိင်အောင် အာရုံလွှဲထားလို့ရတယ်”

“အူး..ဝုတ်”

တောင်နက် ပို၍ဂဏာမငြိမ်ဖြစ်လာသည်။ အတော်ကြာအောင်အသံမပေးဖူးသည့် ဟောင်သံပေးလာသည်။

“အဲလောက်စိတ်မလှုပ်ရှားပါနဲ့။ ငါမင်းကိုပဲ ခွေးအဖြစ်မွေးတာပါ။ နောက်တစ်ကောင်မမွေးချင်ပါဘူး”

ဤနည်းလမ်းကို သူတွေးမိသည်။ တောင်နက်ခန္ဓာကိုယ် ပိုပို၍ကြီးလာသည်နှင့် အနှေးနှင့်အမြန်ဆိုသလို ရှင်းပြရခက်လာပေတော့မည်။

သူရှိနေသည့်တိုင် တောင်နက်အခြေအနေက မှန်းဆ၍မရ။ အရွယ်အစားချုံ့ချဲ့နိုင်သည့် စွမ်းအင်တစ်မျိုးမျိုးတော့ ရလာနိုင်သည်။ သို့သော် လောလောဆယ် တောင်နက်ထိုသို့မလုပ်နိုင်သေး။ ဝိညာဉ်စုအရိုးသန့်စင်စွမ်းရည်ကို သူရပြီးဖြစ်သော်လည်း တောင်နက်ကို မစမ်းသပ်ရသေး။ ရလာဒ်ပိုကောင်းမည်ဟု သူခံစားမိသည်။

“မင်းပျောက်သွားပြီး ပြန်မလာတော့တဲ့ပုံစံဖန်တီးရင်ရော ဘယ်လိုလဲ”

ဖုန်ချင်အန်း နောက်ထပ်နည်းလမ်းတစ်ခုပြောသည်။ တောင်နက်က သူ့နေရာတွင် တစ်ခြားခွေးကို အစားမထိုးလိုလျှင် ရွာထဲမှ ပျောက်သွားသလို ဖန်တီးရမည်။ တောင်တန်း‌ပေါ်တွင် ဝံပုလွေဘုရင်အဖြစ် ဆက်နေနိုင်သည်။

ရွာသားများအမြင်တွင် တောင်နက်သည် ထွားကျိုင်း၍ကြောက်စရာကောင်းသည့် ခွေးတစ်ကောင်သာဖြစ်သည်။ ပျောက်သွားသည်ဆိုလျှင် ဘယ်သူမှအရေးစိုက်မည်မဟုတ်။ ပျောက်သွားလျှင် ဘယ်သူမှ အရေးစိုက်မည်မဟုတ်။

“အူး...”

တောင်နက် ပို၍ပင် ဂဏာမငြိမ်ဖြစ်လာသေးသည်။ တစ်ခြားခွေးတစ်ကောင်နှင့် ဖုန်ချင်အန်း လက်ပွန်းတတီးဖြစ်နေသည်ကို သူမလိုချင်။ သို့သော် သူ့အိမ်နေရာ ခြံဝင်းထဲသို့ ပြန်မသွားရမည့်အဖြစ်ကို သူပို၍မလိုချင်ပေ။

“ဟား၊ မင်းတကယ်ခက်တဲ့ကောင်ပဲ။ ကောင်းပြီလေ၊ အခု ပြန်သာလာခဲ့ပါဦး”

ဖုန်ချင်အန်း ကျိန်ဆဲမိသည်။ တောင်နက်သည် တောင်တန်းပေါ်တွင် လျှောက်သွားနိုင်သော်လည်း ကလေးစိတ်မကုန်သေး။

သူဆန္ဒမရှိလျှင် နည်းလမ်းတစ်ခု ရှာပေးရမည်။ အဆင်မပြေလျှင် အခြေအနေပြောင်းလိုက်ရုံသာရှိသည်။ နေ့ခင်းဘက်တွင် တောင်တန်းဘက်တွင်နေခိုင်းပြီး ညဘက်မှ ရွာထဲဝင်ခိုင်းရတော့မည်။

“အူး..”

တောင်နက် ပျော်သွားသည်။ ခြေလှမ်းများ ပိုသွက်လာပြီး တောင်တန်းများကြားမှ ပြေးဆင်းလာသည်။

ညနေမိုးချုပ်အချိန် ရွာအဝင်သို့ရောက်လာသည်။ အပြင်မှပြန်လာသည့်လူတစ်စုက သူ့ကိုမြင်သည်နှင့် လန့်ဖျတ်သွားကြသည်။

“ဘာကြီးလဲဟ”

“ဖုန်ချင်အန်း မွေးထားတဲ့ခွေးလေ။ တောင်နက်ပါ”

“ကြီးလှချည်လားကွာ”

“အသားစားနေရတဲ့ခွေးပဲ။ ငါတို့ခွေးတွေနဲ့တူမလားကွ။ ဒီခွေးမျိုးလိုချင်ရင် သူ့လိုမွေးကြည့်ပေါ့...”

All Chapters