ဝိညာဉ်အားဖြည့်ကျင့်စဉ်
Vol. 3 Ch. 34
မနက်လင်းသည် မိုးကုပ်စက်ဝိုင်းတွင် အလင်းရောင်ပေါ်လာသည်။ တောင်တန်းပေါ်လွှမ်းခြုံနေသည့် အမှောင်ထုကို မောင်းထုတ်လိုက်သည်။ မြွေစိမ်းတောင်တစ်ခုလုံး မြင်သာထင်သာရှိလာသည်။ သာယာလှပ၍ သက်ဝင်လှုပ်ရှားလာသည့်မြင်ကွင်းကို ဖုန်ချင်အန်း မြင်နေရသည်။
“တကယ်လှတာပဲ”
တောင်နက်က ထိုးထွက်လာသည်။နေသည့် ကျောက်ဆောင်အစွန်းထက်တွင်ရပ်လျက် အဆုံးစမဲ့ကျယ်ပြန့်သည့် တောင်တန်းများကို ကြည့်နေသည်။ ဖုန်ချင်အန်းလည်း အာရုံမှတစ်ဆင့် မြင်နေရသဖြင့် တအံ့တဩရေရွတ်လိုက်သည်။
အဝေးဆီတွင် မြူနှင့်တူသည် အဖြူရောင်တိမ်တိုက်များ တောင်တန်းများပေါ် ရစ်ပတ်လွှမ်းခြုံနေသည်။ ငှက်များ ပျံထွက်လာသည်။ သိမ်းငှက်များ ကောင်းကင်အမြင့်တွင် ဝဲနေသည်။ ကျားဟိန်းသံများ ပေါ်လာသည်။ မျောက်အော်သံများပေါ်လာသည်။ အကောင်ငယ်များ ကြောက်လန့်တကြား ပြေးလွှားကြသည်။ တောင်နက်အနီးတွင် စမ်းချောင်းငယ်တစ်ခု စီးကျနေသည်။ စမ်းချောင်းမှရေများ တောင်ခြေတွင် စုဝေးသွားပြီး ရေကန်တစ်ခု ဖြစ်ပေါ်လာသည်။ လေပြေအေး တိုက်ခတ်လာသည်နှင့် ကန်ရေပြင်ပေါ်တွင် ရွှေဝါရောင်ကြေးခွံများ တလက်လက်တောက်ပလာသည်ကို မြင်ရသည်။ စိမ်းစိုနေသည့် ရေစပ်မှ အပင်ငယ်များကြားတွင် မီးခိုးရောင်မြွေများ ယုန်များကို မြင်နိုင်သည်။ ရေနေငှက်မျိုးစုံ ကန်ရေပြင်ပေါ်မှ ဖြတ်သန်းသွားသည်။
တစ်ချက်ကြည့်ရုံဖြင့် သာယာလှပသည့် တောင်တန်းမြင်ကွင်းများကို မြင်နိုင်သည်။ မြူလွှမ်းနေသည့် ကောင်းကင်အောက်မှ သတ္တဝါများအားလုံး လွပ်လပ်မှုရနေကြသည်။ ဖုန်ချင်အန်း အိမ်ထဲတွင်ထိုင်နေရင်း ရင်သပ်ရှုမောဖြစ်နေသည်။
“တောင်နက်၊ ပြန်လာခဲ့တော့”
လှပသည့်မြင်ကွင်းကြောင့် သူခဏတာမှင်သက်မိခဲ့သည်။ တောင်နက်လည်း ရှုခင်းကိုကြည့်ရှုခံစားနေသည်။ ဖုန်ချင်အန်း အသိပေးသံကြားမှ ပြန်သတိဝင်လာသည်။
သူနှင့်တောင်နက်သည် ကောင်းကင်ကျယ်အောက်မှ အဆုံးစမဲ့တောင်တန်းများနှင့် ဘာမှသက်ဆိုင်သည်မဟုတ်။
တောင်တန်းများသည် သက်ဝင်လှုပ်ရှားမှု အပြည့်ရှိပါသည်။ သို့သော် မကောင်းဆိုးဝါးများ မည်မျှခိုအောင်းနေသည် မသိနိုင်ပေ။ တောင်နက်သည် နတ်ဆိုးအသေးစားလေးသာဖြစ်သည်။ နတ်ဆိုးသားရဲဘဝသို့ အသက်မသေဘဲ ပြောင်းလဲလာနိုင်ရုံသာ ရှိသေးသည်။
တောင်နက် တစ်ချက်အော်ဟစ်၍ ပြန်လှည့်ပြေးလာသည်။ တောတောင်ရှုခင်းကို နှစ်သက်မိသော်လည်း သူ့စိတ်က ဆူညံပွက်လောရိုက်နေသည့် ခြံဝင်းလေးကိုသာ ပိုသဘောကျသည်။ တစ်ခါတစ်ရံ လူသားများက အဆူအငေါက်ခံရသည်။ သူ့ခွေးအိမ်လေးသည် ဤတောင်တန်းများလောက် ဆွဲဆောင်မှုမရှိ။
ပုံမှန်အတိုင်း လွတ်လပ်ပေါ့ပါးစွာ ထွက်ခွာသွားသည့် တောင်နက်ကြောင့် မနေ့ညက အညံ့ခံခဲ့သည့် တောင်တန်းဝံပုလွေအုပ်စု နားမလည်နိုင်အောင်ဖြစ်သွားသည်။ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုပြီးစမှာပင် ခေါင်းဆောင်က ထွက်သွားသည်။ ဘာတွေဖြစ်နေမှန်း မသိကြတော့။
အစာဝနေသည့် ဝံပုလွေတစ်စု တောင်နက်နောက်သို့ အမြန်ပြေးလိုက်ကြသည်။ သို့သော် တောင်နက်၏ပြေးနှုန်းကို သူတို့မည်သို့မီနိုင်မည်နည်း။
မနက်စောစောအချိန် သစ်ရွက်များပေါ်တွင် နှင်းမြူပါးပါးဖုံးနေသည်။ နေရောင်ခြည်က သစ်ရွက်များကြားမှ ထိုးကျလာသည်။ သို့သော် ထိုမြင်ကွင်းများကြောင့် တောင်နက်၏ပြေးနှုန်း လျော့မသွား။ ပို၍ပင် မြန်လာာသည်။ ထိုမြင်ကွင်းများသည် ဖုန်ချင်အန်း၏ခေါ်သံလောက် သူ့စိတ်ကို မလွှမ်းမိုးနိုင်ပေ။
နောက်မှပြေးလိုက်လာသည့် ဝံပုလွေများ တဖြေးဖြေး ဝေး၍ဝေး၍ကျန်ခဲ့သည်။ နောက်ဆုံးတွင် တောအုပ်နယ်နိမိတ်ကိုကျော်လွန်၍ လူသားများစိုက်ပျိုးရာ လယ်ကွင်းပြင်သို့ရောက်လာသည်။ နောက်မှလိုက်လာသည့် ဝံပုလွေအားလုံး ခြေလှမ်းရပ်သွားသည်။ ဆက်မလိုက်ကြတော့။
“တောင်နက်”
ရွာနယ်နိမိတ်သို့ရောက်လာသည်ကို မြင်ပြီးနောက် ဖုန်ချင်အန်း သိစိတ်အာရုံကို တောင်နက်ကိုယ်မှခွာလိုက်သည်။ ထိုခဏမှာပင် စနစ်အချက်ပေးသံမြည်လာသည်။
(ပုံရိပ်သားရဲသခင် - မစ်ရှင်ခွဲ ပြီးဆုံးပါပြီ)
(ဆုလာဒ် - ဝိညာဉ်အားဖြည့်ကျင့်စဉ်ပါ။ လက်ခံလိုပါသလား)
ပြတင်းပေါက်မှထိုးကျသည့် နေရောင်ခြည်ကို ငေးစိုက်ကြည့်နေသည့်ဖုန်ချင်အန်း အသိပြန်ဝင်လာသည်။ နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်သည် ပိုအဆင့်မြင့်သည့် ကျင့်စဉ်နည်းတစ်ခုရရန်အတွက် လိုအပ်ချက်ဖြစ်သည်။ သို့သော် သူအချိန်ကုန်သွားသည်။
“လက်ခံမယ်”
အတွေးထဲမှ သူပြောလိုက်သည်။ ပို၍အဆင့်မြင့်သည့် ကျင့်စဉ်နည်းလမ်း အချက်အလက်များ သူ့ဦးနှောက်ထဲသို့ ချက်ချင်းစီးဝင်လာသည်။ သေချမကြည့်ရသေးမီ သူ့မိခင်ယင်ရှီ၏အသံက နားထဲသို့တိုးဝင်လာသည်။
“အားနွီ၊ မြန်မြန်လာကြည့်စမ်း။ နင့်မွေးထားတဲ့ခွေး ဘာဖြစ်လာသလဲဆိုတာ။ ညာဉ့်နက်သန်းခေါင်း အပြင်ထွက်သွားပြီး တစ်ခြားခွေးတွေနဲ့ ရန်ဖြစ်လာတယ်”
ဖုန်ချင်အန်း အိပ်ခန်းထဲမှ အမြန်ထွက်လိုက်သည်။ ခြံထဲရောက်သည်နှင့် တောင်နက်ကို ယင်ရှီက လှည့်ပတ်ကြည့်နေသည်ကို တွေ့ရသည်။ တောင်နက်က မြေပြင်ပေါ်တွင် အလိုက်တသိဝပ်လျက် အမြီးနံ့နေသည်။ မီးခိုးရောင်အမွှေးပေါ်မှ ခြောက်သွေ့နေသည့်သွေးခဲများက ထင်ရှားလွန်းနေသည်။
“မြန်မြန်လာကြည့်ပါ။ မနေ့ညက အပြင်ထွက်ပြီး ခွေးချင်းကိုက်လာတာဖြစ်မယ်။ တစ်ခြားအိမ်က ဘယ်ခွေးသေသွားပြီလဲဆိုတာ ငါသွားစုံစမ်းဦးမယ်”
ယင်ရှီ မကောင်းသည့်နိမိတ်ကို ခံစားနေရဟန်ဖြင့် ပြောသည်။
တောင်နက်အတွက် သူနည်းနည်းစိတ်မကောင်းဖြစ်မိသော်လည်း တောင်နက်သည် ရွာထဲတွင် အကြီးဆုံးခွေးဖြစ်သည်။ ထိုခွေးမျိုးပင် ဒဏ်ရာအတော်ရလာသည်ဆိုလျှင် သူနှင့်တိုက်ခိုက်ခဲ့သည့်ခွေးက သေသွားနိုင်ခြေပိုများသည်။
သို့သော် နေ့မြင့်ချိန်အထိ ရွာထဲတွင် လှည့်ပတ်စုံစမ်းသော်လည်း အထိအခိုက်ရှိသည့်ခွေးအကြောင်း လုံးဝမကြားရ။
ထို့ကြောင့် နည်းနည်းအံ့ဩနေသည့်စိတ်ဖြင့် အိမ်ပြန်လာသည်။ နေရိပ်ခိုရင်း လှဲအိပ်နေသည့် တောင်နက်ကို စိုက်ကြည့်သည်။ ကြီးမားသည့်ခန္ဓာကိုယ်ကိုကြည့်၍ ထိုကိစ္စ တွေးပူမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ရွာအပြင်ဘက်တွင် လှည့်ပတ်သွားလာနေသည့် တောရိုင်းကောင်မျိုးနှင့် တွေ့ခဲ့ခြင်းဖြစ်မည်။ သို့သော် တောင်နက်အခြေအနေ သိပ်မဆိုးသဖြင့် သူဆက်မတွေးတော့။
ယင်ရှီ အိမ်ထဲဝင်သွားသည်နှင့် ဖုန်ချင်အန်းက တောင်နက်ကို သူ့အိပ်ခန်းထဲ ခေါ်လာသည်။ ခန္ဓာကိုယ်ပေါ်မှ အသေးစားဒဏ်ရာများကိုကြည့်၍ သူနည်းနည်းစိတ်ပျက်မိသည်။
“မင်းက နတ်ဆိုးသားရဲသိက္ခာကျအောင် လုပ်ခဲ့တာပဲ။ မင်းက ဝိညာဉ်သားရဲဖြစ်နေတာတောင် တော်ရိုင်းကောင်လက်ချက် မိလာသေးတယ်ပေါ့”
သူ့စကားကြောင့် တောင်နက် စိတ်ထိခိုက်ဟန်ဖြင့် ခေါင်းငုံ့သွားသည်။ သို့သော် မကြာမီ ခေါင်းပြန်မော့လာပြီး စိတ်အေးလက်အေးပုံစံဖြင့် တအီအီ အော်သံပေးနေသည်။
ဖုန်ချင်အန်း ဆူငေါက်နေသော်လည်း သူ့လက်များက အငြိမ်မနေ။ ဝိညာဉ်ချီအတော်များများ တောင်နက်ခန္ဓာကိုယ်ထဲသို့ ပို့လွှတ်လိုက်သည်။ ချီအစွမ်းကြောင့် တောင်နက်၏ဒဏ်ရာများ ချက်ချင်းအနာကျက်သွားသည်။
(ပုံရိပ်သားရဲသခင် - မစ်ရှင်ခွဲ ပေါ်လာပါပြီ)
(ရှင်းလင်းချက် - ထူးချွန်တဲ့သားရဲထိန်းသခင်တွေဟာ သူတို့သားရဲကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့စွမ်းအားကို ဖေါ်ထုတ်ပေးနိုင်ကြပါတယ်)
(လိုအပ်ချက် - သားရဲကို တိုက်ပွဲမှာ ပိုသန်မာလာအောင် လုပ်ပါ)
(ဆုလာဒ် - ဝိညာဉ်စုအရိုးအားဖြည့်စွမ်းရည်)
စိတ်အာရုံတွင် ပဲ့တင်ထပ်သွားသည့် စနစ်အသံကြောင့် ဖုန်ချင်အန်း တုံ့ဆိုင်းမနေတော့ဘဲ တောင်နက်ကိုယ်ထဲသို့ ဝိညာဉ်ချီများပေါင်းစပ်လိုက်သည်။ ဘာမှထူးထူးခြားခြားလုပ်စရာမလို။ ယခုလုပ်နေသည့်အတိုင်း ဆက်လုပ်ရန်သာရှိသည်။
“မင်းဒီည တောင်တန်းပေါ်ဆက်သွားရမယ်။ မနက်ဖြန် နေမမြင့်ခင်ပြန်လာပါ)
(ဝုတ်)
တောင်နက်က နားလည်ဟန်ဖြင့် အသံတစ်ချက်ပေးသည်။
“တိုက်ခိုက်ရမှာကို မကြောက်နဲ့။ ဒါပေမယ့် မင်းဒဏ်ရာတွေမပျောက်ခင်တော့ ဒုက္ခမရှာနဲ့ဦး။ ဟိုဝံပုလွေတွေကို ထိန်းချုပ်ပြီး ညဘက်မှာ လှုပ်ရှားပါ။ နေ့ခင်းဘက်မှာ ငြိမ်နေပါ”
ဖုန်ချင်အန်း ညွှန်ကြားချက်များ ဆက်တုက်ပေးနေသည်။ တောင်နက်က စိတ်ရှည်လက်ရှည်နားထောင်၍ ခေါင်းငြိမ့်သည်။
အားလုံးစီစဉ်ပြီးနောက် ဖုန်ချင်အန်းက ကျောင်းလွယ်အိတ်ကိုဆွဲယူ၍ ရွာကျောင်းသို့ ထွက်သွားသည်။ သူ့ခြေလက်များက သေးငယ်သော်လည်း လက်မောင်းလှဲရာတွင် သူ့ကိုဘယ်သူမှ မယှဉ်နိုင်။ သူ ကျောင်းမလစ်ရဲ။ သူ့မိဘများနှင့် ဆရာကျန်းက ဘာမှမပြောလျှင်ပင် ရွာထဲမှ သက်ကြီးပိုင်းခေါင်းဆောင်များက သူ့ကို ကြိမ်လုံးဖြင့် လာရိုက်ပေလိမ့်မည်။
တစ်ခြားရွေးချယ်စရာမရှိ။ သူ့အကိုက ထူးချွန်လွန်းနေသည်။ ညီငယ်ဖြစ်သည့် သူ့အနေဖြင့် နည်းနည်းညံ့လျှင် အဆင်ပြောသော်လည်း ဆိုးဆိုးဝါးဝါးညံ့နေ၍မဖြစ်။ စာအုပ်များ ပုံမှန်ဖတ်ရှုဖို့လိုသည်။
သို့သော် အတန်းပြီးသည်နှင့် အိမ်သို့ ခြေကုန်သုတ်၍ ပြန်လာသည်။ ကျင့်စဉ်အသစ် သူရထားပြီဖြစ်သည်။ တစ်နေကုန်အောင့်အီးထားရသည့်ဒုက္ခက မသေးလှ။
တိတ်ဆိတ်သည့် ညအချိန်သို့ ရောက်လာသည်။ ကုတင်ပေါ်တွင် မတ်မတ်ထိုင်လျက် ကျင့်စဉ်ကို စကျင့်သည်။ တောင်နက်က ထုံးစံအတိုင်း ခြံစည်းရိုးကို ခုန်ကျော်၍ အပြင်သို့ထွက်သွားသည်။
*********************************************