← Chapters

အပိုင်း (၆၂)

Vol. 5 Ch. 62

အပိုင်း (၆၂)

Vol. 5 Ch. 62

ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံး - နာမည်ကို ကြားလိုက်သည်နှင့် သာမန်ပစ္စည်း မဟုတ်သည်မှာ သိသာလွန်းလှ၏။ ဤကဲ့သို့သော ဆေးလုံးမျိုးကို မလိုချင်သည်လူဟူ၍ မည်သူမှ ရှိမည်မဟုတ်ချေ။ ထို့အပြင် ထိုအရာကို သောက်သုံး ပြီးသည့်နောက် အဆင့်တိုးတက်နိုင်သည့် ဉာဏ်အလင်းကိုလည်း ရရှိပေလိမ့်မည်။

“သေသေချာချာ စဉ်းစားဖို့ လိုအပ်နေတာပဲ”

လီယွင်သည် အနည်းငယ် ဒုက္ခများလျက်ရှိ၏။ ကောင်းကင်နှင့်မြေပြင် သန့်စင်ခြင်းဆေးလုံးဆိုသည်မှာ တန်ဖိုးကြီးမားလွန်း၏။ မည်သူမှသည် ထိုအရာကို လုယက်ရဲလိမ့်မည် မဟုတ်ချေ။

သူကိုယ်တိုင်လည်း ထိုနေရာဆီသို့ မသွားနိုင်ချေ။ ထို့ကြောင့် သင့်တော်သည့် လူတစ်ယောက်ကို ရွေးချယ်ရပေမည်။ ထိုသူသည် ကောင်းမွန်လှသည့် အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ထျန်းကန်ဂိုဏ်းထဲတွင် ရှိနေသည့် နတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ကိုးယောက်တို့ကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့်လူလည်း ဖြစ်ရမည်။

ထပ်ပြောရမည်ဆိုလျှင် ထိုသူသည် သင့်တော်သည့် နောက်ခံကိုလည်း ပိုင်ဆိုင်ရမည် ။ မဟုတ်ပါက သတင်းအချက်အလက်များ ပေးသည်ဆိုလျှင်တောင်မှ ဆေးလုံးကို လုယက်ရဲသည့် သတ္တိမျိုး ရှိလိမ့်မည် မဟုတ်ပေ။

ဆေးလုံးကို လုယက်ခြင်း ဆိုသည်မှာ ရိုးရှင်းလွန်းလှ၏။ သို့ပေမဲ့ ရောင်စဉ်အလင်းနတ်နယ်မြေကို ပြဿနာရှာခြင်း ဆိုသည်မှာတော့ တကယ့်ကို သေလမ်းရှာခြင်းနှင့် ဆင်တူသည်။ ခြေတစ်လှမ်း မှားသွားပြီဆိုသည်နှင့် သေခြင်း တရားဆီသို့ ရောက်ရှိသွားမှာ သေချာ၏။

လီယွင်တစ်ယောက် တွေးတောစဉ်းစားလျက် ရှိနေတုန်းမှာပဲ ပိုင်ချမ်းဟန်သည် တံခါးရှေ့သို့ ရောက်ရှိလာပြီး ကျယ်လောင်စွာ ပြောလိုက်သည်။ “ဂျူနီယာ ပိုင်ချမ်းဟန်... စီနီယာကို လာတွေ့ပါတယ်”

“အမ်”

လီယွင်၏ မျက်လုံးများသည် လင်းလက်သွား၏။ မကြာခင်မှာပဲ သူသည် ချက်ချင်း ပြန်လည်တည်ငြိမ် သွား၏။

ပိုင်ချမ်းဟန်၏ အားထုတ်မှုများသည် အလဟဿ ဖြစ်ခဲ့ပုံ မပေါ်ပေ။ ၎င်း၏ အားအင်အဆင့်သည် သူတော်စင် ကောင်းချီးကို အမှီအခိုပြုထားသည် ဖြစ်သော်လည်း ချက်ချင်းပဲ တိုးတက်လာခဲ့၏။ တော်ဝင်ရင်နိုင်ငံတော်၏ အပြင်ဘက်သို့ ထွက်သွားသည်ဆိုလျှင် ၎င်းသည် သာမန်လူတစ်ယောက် ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ဆေးလုံးကို လုယူခိုင်းမည့် အကြံအစည်သည် မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။

“ဝင်လာခဲ့လေ” လီယွင်က ပြောလိုက်သည်။

“စီနီယာ”

ပိုင်ချမ်းဟန် သည် အားတက်သရောဖြင့် အထဲသို့ လျှောက်ဝင်လာခဲ့၏။ ဟောခန်းထဲသို့ ဝင်ဝင်ခြင်းမှာပဲ သူသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ပြောလိုက်၏။ “စီနီယာ ကျုပ်ရဲ့အသက်ကို ကူညီကယ်တင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာသာ မရှိဘူးဆိုရင် ကျုပ်က တကယ့်ကို ကြီးမားတဲ့ အန္တရာယ်ထဲကို ရောက်ခဲ့မှာ”

“အမ်”

လီယွင်၏ အမူအရာသည် အေးခဲသွားမိ၏။ ပိုင်ချမ်းဟန် ဘာတွေပြောနေသည်ကို သူသေသေချာချာ နားမလည်ချေ။ သို့ပေမဲ့ စနစ်၏ အချက်အလက်များကို ကြည့်ရှုပြီးသည့်နောက် ဘာတွေဖြစ်ခဲ့သည်ဆိုသည်ကို လီယွင်က ကောင်းကောင်းနားလည်၏။ ထို့အပြင် ဇာတ်လမ်းထဲတွင် သူ သတိမပြုမိသော သူတော်စင်ဘုရင် တစ်ပါး ပါဝင်နေခဲ့သည်။

“အင်း.. ကိစ္စသေးသေးလေးပါပဲ။ ပြောနေဖို့တောင် မလိုဘူး”

လီယွင်သည် လက်ကို အမှတ်မထင် ဆိုသလိုပဲ ယမ်းခါလိုက်၏။ “ခင်ဗျား ရောက်လာတာ အချိန်ကောင်းပဲ။ ကျုပ် ခင်ဗျားကို ခိုင်းစရာရှိတယ်”

တော်ဝင်ရင်နိုင်ငံတော်၏ အားအင်အဆင့်သည် မဆိုးလှချေ။ လီယွင်သည် ပိုင်ချမ်းဟန် အနေဖြင့် ရောင်စဉ် အလင်းနတ်နယ်မြေနှင့် ကျိန်းသေပေါက် ပြဿနာတတ်ရဲသည့် သတ္တိရှိသည်ဆိုပါက ကောင်းကင်နှင့် မြေပြင် သန့်စင်ခြင်း ဆေးလုံးကို တော်ဝင်ရင်နိုင်ငံတော်ဆီသို့ လုယူနိုင်ရန် သတင်းအချက်အလက်ကို ရောင်းရပေမည်။ ထို့အပြင် ထိုအရာကိုသာ ရရှိသည်ဆိုပါက တော်ဝင်ရင်နိုင်ငံတော်၌ အစစ်အမှန် သူတော်စင်တစ်ပါး ဖြစ်တည် လာနိုင်မည် မဟုတ်ပါလား။

“စီနီယာ... ဘာလိုအပ်တာပါလဲ။ ကျေးဇူးပြုပြီး ပြောသာပြောပါ။ အသက်ကို ပေးရမယ်ဆိုရင်တောင် ကျိန်းသေပေါက် စီနီယာခိုင်းတာကို လုပ်ပါမယ်” ပိုင်ချမ်းဟန်သည် တိကျခိုင်မာစွာ ပြောလိုက်၏။

“အင်း... အသက်ကို စတေးစရာတော့ မလိုပါဘူး”

လီယွင်က ပြုံးလိုက်၏။ သူသည် စနစ်၏ အချက်အလက်များကို လှမ်းကြည့်လိုက်၏။ ပိုင်ချမ်းဟန်၏ စကားလုံးများသည် လေးနက်လျက် ရှိသည်ကို သိရှိပြီးသည့်နောက် သူက သဘောကျသွားသည်။ “ဒီကိစ္စက တော်ဝင်ရင်နိုင်ငံတော်ရဲ့ အကျိုးကျေးဇူးပဲလေ”

“ဪ”

ပိုင်ချမ်းဟန်က အံ့အားသင့်သွား၏။ “စီနီယာကို မေးပါရစေ။ ဘာကိစ္စပါလဲ”

သူပြော၍ မပြီးသေးခင်မှာပဲ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာ၏။ ခန့်မှန်း၍ မရအောင် ကြီးမားလှသည့် ဖိအားကြီးသည် ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့ပြီး တော်ဝင်သဲကန္တာရမြို့ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ မြို့ထဲတွင် ရှိနေသည့် အိမ်တစ်ချို့သည် ချက်ချင်းပဲ ပြိုလဲသွားခဲ့သည်။

မြေပြင် တစ်ခုလုံးသည် ကွဲအက်လာ၏။ လေထုထဲတွင် ကျောက်မှုန် ကျောက်မွှားများ လွင့်လျက်ရှိနေပြီး တည်နေရာအနှံ့တွင် အက်ကွဲကြောင်းကြီး ဖြစ်တည်လာ၏။ မြို့တစ်ခုလုံးသည် ပျက်စီးသွားသကဲ့သို့ပင်။

ရေတွက်လို့မရအောင် များပြားလှသည့် လူများသည် သွေးအိုင်ထဲတွင် လဲလျက်ရှိနေကြ၏။ တော်ဝင်သဲကန္တာရ မြို့၏ အပေါ်ဘက်တွင် နတ်အဆင့် အစီအရင်တစ်ခုက အသက်ဝင်သွားခဲ့၏။ သို့ပေမဲ့ အသုံးမဝင်လှချေ။ ဆန်းကြယ်လွန်းလှသည့် သူတော်စင်အော်ရာများသည် ထိုအစီအရင်ကို ထွင်းဖောက်သွားခဲ့၏။

လက်ရှိအချိန်မှာတော့ အားလုံးသော သူတို့သည့် ကြီးမားပြင်းထန်ပြီး လေးလံသည့် ဖိအားဒဏ်ကို ခံစားနေရ၏။ အားလုံးသောသူတို့သည် သေခြင်း၏ အရိပ်အာဝါသအောက်သို့ ခိုလှုံရောက်ရှိတော့မည့် သကဲ့သို့ပင်။

“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်.. ဘာလို့ ထွက်မလာတာလဲ”

အရပ်ရှည်ရှည်နှင့် လူတစ်ယောက်သည် ကောင်းကင်ယံထက်တွင် လှမ်းလျှောက်လာခဲ့၏။ ၎င်းသည် ကျားလို၊ နဂါးလို အော်ရာများကို ထုတ်ဖော်လျက် ရှိနေပြီး အေးစက်လွန်းသည့်လေသံဖြင့် အော်ဟစ်လိုက်၏။ ခန္ဓာကိုယ် ပေါ်တွင် ရှိနေသည့် တိုက်ပွဲဝင်ချပ်ဝတ်သည် ရွှေအရောင်ကဲ့သို့ တောက်ပလျက်ရှိ၏။ သူသည် သူတော်စင် တစ်ယောက်ဖြစ်၏။

“ဟမ်”

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှာတော့ လီယွင်သည် မျက်မှောင်ကုတ်လိုက်၏။ သူ့အနေနှင့် ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းတွင် မည်သည့်အော်ရာများကိုမှ မခံစားရဘူးဆိုသော်လည်း အပြင်ဘက်တွင်တော့ ကမ္ဘာပျက်သလို ဖြစ်နေသည်ကို လှမ်းမျှော်ကြည့်ရှု၍ ရနေသည်။

“ရောင်စဉ်အလင်းနတ်နယ်မြေက လူတွေ ရောက်လာတာလား။ သူတို့ရောက်လာတာ မြန်တာပဲ။ ငါ့အနေနဲ့ ပြင်ဆင်တုန်းပဲ ရှိသေးတယ်။ သူတို့က ရောက်နေပြီ”

“တော်ဝင်တည်နေရာ ရွှေ့ပြောင်းခြင်းအဆောင် ပါလား” ပိုင်ချမ်းဟန်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွား၏။ သူသည် အေးစက်စက်အသံဖြင့် ပြောလိုက်၏။

ဤအဆောင် ဆိုသည်မှာ ယေဘူယျအားဖြင့် ထွက်ပြေးသည့် နေရာမျိုးတွင်သာ အသုံးပြုသည့်အဆောင်မျိုး ဖြစ်သည်။ တစ်ကြိမ်အသုံးပြုသည်နှင့် အသုံးပြုသူသည် မိုင်သန်းနှင့်ချီ အကွာအဝေးဆီသို့ တည်နေရာ ရွေ့ပြောင်း သွားနိုင်သည်။

ထိုကဲ့သို့သော အစီအရင်မျိုးသည် သတ်ဖြတ်ခံရခြင်းမှ ထွက်ပြေးသည့် နေရာမျိုးတွင် အသုံးပြုသည့် အရာမျိုးဖြစ်၏။ သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ဘဲ ရောင်စဉ်အလင်းနတ်နယ်မြေသည် ထိုအဆောင်ကို ခရီးသွားလာရန်အတွက် အသုံးပြုခဲ့၏။

မဟုတ်ပါက ရောင်စဉ်အလင်းနတ်နယ်မြေနှင့် တော်ဝင်ရင်နိုင်ငံတို့ ဆိုသည်မှာ အလွန်တရာ ကွာဝေးသည့် တည်နေရာမျိုးတွင် တည်ရှိ၏။ သူတော်စင်တစ်ယောက် ဆိုလျှင်ပင် အချိန်အတိုင်းအတာ တစ်ခုအထိ ပျံသန်းလာရန် လိုအပ်၏။ ချက်ချင်းကြီး ရောက်ရှိလာဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ကိုယ်တိုင် လုပ်စရာ မလိုပါဘူး စီနီယာ။ ဒီကိစ္စကို ကျုပ်အတွက် ထားလိုက်ပါ”

ပိုင်ချမ်းဟန်သည် လေးလေးနက်နက် ပြောလိုက်၏။ အစောကြီးကတည်းက စီနီယာ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် စီနီယာပြောသည့် အခွင့်အရေးကို ရယူရန် သူစဉ်းစားထားခဲ့ပြီးသားဖြစ်၏။ ပြဿနာ တက်လာမည်ဆိုပါက ရှေ့မှဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ရန် စဉ်းစားထား၏။

အေးစက်စက် အကြည့်နှင့်အတူ ပိုင်ချမ်းဟန်သည် ယုံကြည်ချက်အပြည့်ဖြင့် လှမ်းလျှောက်ထွက်လိုက်၏။ သူသည် တော်ဝင်ရင်နိုင်ငံတော်၏ အပြင်ဘက် တည်နေရာထဲတွင် ရောင်စဉ်အလင်းနတ်နယ်မြေ၏ လုပ်ဆောင်မှုများကို မထိန်းချုပ်နိုင်ချေ။ သို့ပေမဲ့ တော်ဝင်ရင်နိုင်ငံတော်၏ ပိုင်နက်အတွင်းမှာတော့ အဆင်ခြင်မဲ့ လျှောက်ကာ ပြုလုပ်ခြင်းကို ခွင့်ပြုထား၍ မဖြစ်ချေ။ ထိုအရာသည် တော်ဝင်ရင်နိုင်ငံ၏ ဂုဏ်သိက္ခာတရားအတွက်သာမက ကောင်းကင် လျှို့ဝှက်နန်းဆောင်၏ စီနီယာ မျက်နှာကြောင့်လည်းဖြစ်သည်။

လီယွင် “...”

သူ ဘာမှပင်မပြောရသေးခင်မှာပဲ တစ်ဖက်လူသည် ဤအရှုပ်အထွေးထဲ ဝင်ရောက်ရန် အဆင်သင့် ဖြစ်နေသည်လား။ ကြည့်ရသည်မှာ သွားမည်ဆိုလျှင်တောင်မှ ရန်သူကို အနိုင်ယူနိုင်မည့်ပုံ မပေါ်ချေ။

......

တော်ဝင်သဲကန္တာရမြို့၏အထက်

ပိုင်ချမ်းဟန်သည် ကောင်းကင်ပေါ်သို့ လှမ်းတက်လိုက်၏။

“လန်ချင်းရှု... ရောင်စဉ်အလင်းနတ်နယ်မြေက တကယ်ပဲ လွန်နေပြီ။ ဒီနေရာက တော်ဝင်ရင် နိုင်ငံတော်ရဲ့ ပိုင်နက်ပဲ ။ အခုလှည့်ထွက်မသွားဘူးဆိုရင် ရောင်စဉ်အလင်းနတ်နယ်မြေက လူတွေ အနေနဲ့ ဒီကိုလာပြီး ပြဿနာရှာနေတယ် လို့ သတ်မှတ်ရလိမ့်မယ်”

ပိုင်ချမ်းဟန်၏ လေသံသည် ထူးမခြားနားသကဲ့သို့ပင် တည်ငြိမ် အေးစက်လျက်ရှိသည်။ သူသည် လေဟာနယ်ကို ဖြတ်သန်းကာ အသာ လှမ်းလျှောက်လျက်ရှိ၏။ မြေပြင်နှင့် ပေတစ်သောင်းအကွာအဝေးဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ သူသည် ချပ်ဝတ် အပြည့်အစုံ ဝတ်ထားသည့်လူနှင့် မျက်နှာချင်းဆိုင်လိုက်၏။ ခန္ဓာကိုယ်ဆီမှ သူတော်စင်အော်ရာများသည် အရှိန်တငြီးငြီးနှင့် ထွက်ပေါ်လျက် ရှိနေလေသည်။

All Chapters