← Chapters

အပိုင်း (၆၃)

Vol. 5 Ch. 63

အပိုင်း (၆၃)

Vol. 5 Ch. 63

“ခင်ဗျား ဘယ်သူလဲ” လန်ချင်းရှု၏ အကြည့်များသည် အေးစက်လျက်ရှိ၏။ မျက်လုံးထဲ၌ မည်သည့် ခံစားချက်မှ မရှိချေ။

“တော်ဝင်ရင်နိုင်ငံ နတ်ဘုရားအင်ပါယာ ပိုင်ချမ်းဟန်”

ပိုင်ချမ်းဟန်သည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ ထူးမခြားနား သလိုပင်။

“ဪ”

လန်ချင်းရှု၏ အမူအရာသည် မပြောင်းလဲချေ။ သူသည် ခပ်တည်တည်ဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။ “ပိုင်ချမ်းရုံ ဆိုတဲ့အဘိုးကြီး သေသွားပြီလား။ ကျုပ်ထင်တာ မှန်မယ်ဆိုရင် ခင်ဗျားက သူ့ရဲ့သား ဖြစ်လိမ့်မယ်။ အင်း... သူတော်စင်ကောင်းချီးနည်းစနစ်ကို အမှီအခိုပြုပြီး သူတော်စင်ဖြစ်လာတဲ့ ဂျူနီယာတစ်ယောက်ပဲ။ သူတော်စင်ဖြစ်လာတာကို အခွင့်အရေးယူပြီးတော့ နတ်ဘုရားအင်ပါယာရာထူးကို လှမ်းယူခဲ့တာကိုး။ အင်း... တော်ဝင်ရင်နိုင်ငံတော်က ဒါကိုကော အထင်တကြီး ရှိရဲ့လား”

ပြောဆိုနေတုန်းမှာပဲ စီနီယာ၏ ရှေ့တွင် မျက်နှာသာရရန် ကြိုးစားလျက်ရှိသည့် ပိုင်ချမ်းဟန်သည် ရုတ်တရက် တွေဝေသွားမိ၏။ သူသည် တော်ဝင်ရင်နိုင်ငံတော်၏ ဂုဏ်သိက္ခာကို တိုးပွားစေရန် တစ်ဖက်လူ၏ ရှေ့ဆီသို့ ဟန်ပါပါဖြင့် ရောက်ရှိလာခဲ့၏။ သို့ပေမဲ့ တစ်ဖက်လူသည် အားနည်းချက်များကို ပြောဆိုပြီး သူ၏အရှက်တရားကို အကြိမ်ပေါင်းများစွာ နင်းချေလျက် ရှိနေ၏။

“ခင်ဗျား ရဲ့ စကားကို နားထောင်ရတာ ဒီနတ်ဘုရားအင်ပါယာက ခင်ဗျားကို ဒီနေရာမှာ သတ်လိုက်မယ်ဆိုရင်တောင်မှ မမျှမတလုပ်တာ မဟုတ်တော့ဘူး”

ပိုင်ချမ်းဟန်၏ ဝတ်စုံသည် လေမတိုက်ဘဲ လွင့်မျောလျက်ရှိနေ၏။ သူတော်စင်အလယ်အလတ် အဆင့်ကို ရောက်ရှိပြီးသည့်နောက် သူ၏ အော်ရာများသည် ပိုမိုကာ တိုးတက်လာခဲ့၏။ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးကို ဖိနှိပ်ထားသော သူတော်စင် အော်ရာများနှင့် ထိပ်တိုက် တွေ့ဆုံမိချိန်မှာတော့ လေဟာနယ်ကြီးတစ်ခုလုံးသည် တုန်ယင်လာခဲ့၏။

“ဟန်ထုတ်နေတာပဲ”

လန်ချင်းရှုသည် နှာခေါင်းရှုံ့ပြီး ပိုင်ချမ်းဟန်ကို အထင်အမြင်သေးသလို လှမ်းကာ ကြည့်ရှုလျက်ရှိနေ၏။ သူသည် တစ်ဖက်လူအား တစ်ချက်ကလေးမှ ဂရုမစိုက်ပေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ကိုသာ အာရုံစိုက်လျက ်ရှိနေ၏။

သူက ထပ်မံကာ ပြောလိုက်သည်။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်... ခင်ဗျားကို ထွက်ပေါ်လာဖို့ ကျုပ် အတင်းကြီးလာပြီး ဖိတ်ခေါ်ဖို့ လိုနေသေးလား။ ခင်ဗျားဘာသာ ခင်ဗျား ထွက်လာမှာလား”

ပြောပြီးသည့်နောက် လန်ချင်းရှုသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ လှမ်းလျှောက် နေခြင်းပင်။

လန်ချင်းရှု၏ အမူအရာကို မြင်ရသည့်အချိန်မှာတော့ လီယွင်သည် ရုတ်တရက် ပျော်ရွှင်မှုကို ခံစားလိုက်မိ၏။ နောက်ထပ် ကံကောင်းခြင်းတရား တစ်ခုလေသည်လား။ လန်ချင်းရှု သည် သူ့ကိုယ်သူ သေလမ်းရှာနေခြင်းနှင့် ဆင်တူလှ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ ဝင်လာသည်နှင့်တပြိုင်နက် သူသည် တစ်ဖက်လူကို စိတ်အလိုအတိုင်း ကြိုက်သလို ပြုလုပ်နိုင်တော့မှာဖြစ်၏။

“အင်း... ခင်ဗျားကြောင့် စီနီယာ စိတ်အနှောက်အယှက် ဖြစ်သွားမယ်” လက်ရှိအခြေအနေမှာတော့ ပိုင်ချမ်းဟန် သည် အော်ဟစ်လိုက်၏။ သူသည် လက်ကို ဆန့်ထုတ်လိုက်ချိန်မှာတော့ ပတ်ဝန်းကျင်တွင် ရှိနေသည့် စွမ်းအင်လှိုင်း များသည် သူ၏လက်ဝါးထက်တွင် ဖြစ်တည်လာခဲ့၏။ ထိုစွမ်းအင်လှိုင်းများသည် လောကငယ်လေး တစ်ခုကဲ့သို့ တဖြည်းဖြည်း ကြီးမားလာပြီးနောက် လန်ချင်းရှု ဆီသို့ တိုးဝင်သွားသည်။

လီယွင် “............”

လက်ရှိ အခြေအနေမှာတော့ ပိုင်ချမ်းဟန်၌ စဉ်းစားတွေးခေါ်တတ်သည့် ဦးနှောက်မျိုး ရှိသလား၊ မရှိသလား ဆိုသည်ကိုပင် သူ သေသေချာချာ မသိတော့ချေ။

“အမ်”

အသံကို ကြားသည့်အချိန်မှာတော့ လန်ချင်းရှုသည် ခေါင်းကို အသာလှည့်၍ ကြည့်ရှုလိုက်၏။ ပိုင်ချမ်းဟန်၏ တိုက်ခိုက်ချက်ကို ချက်ချင်း ရှောင်ရှားလိုက်သည်။

“သေချင်နေတာပဲ”

လန်ချင်းရှု၏ မျက်လုံးထဲတွင် အလင်းတန်းများ တောက်ပလာခဲ့သည်။ ၎င်းသည် လေထဲသို့ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် လှိုင်းများသည် တည်နေရာ၌ ဖြစ်တည်လာခဲ့၏။ ၎င်း၏ ညာဘက်လက် သည် တောင်ကြီးတစ်လုံးအသွင် ဖြစ်တည်လာခဲ့ပြီး ပိုင်ချမ်းဟန်ဆီသို့ ရောက်ရှိသွား၏။

ဘုန်း ဘုန်း ဘုန်း

ကြောက်မက်ဖွယ်ရာကောင်းလှသည့် အသံများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ မျက်လုံးနှင့် မြင်နိုင်စွမ်းရှိနေသည့် လှိုင်းများသည် တည်နေရာအနှံ့တွင် ပျံ့နှံ့လာခဲ့ပြီး အနားပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် စုတ်ပြတ်သတ်သွားခဲ့သည်။

“ဒါက တော်ဝင်ရင်နိုင်ငံတော်ရဲ့ နယ်စပ်တည်နေရာပဲ။ နတ်ဘုရားအင်ပါယာက နယ်ခြားစောင့် တာဝန်ကို ယူထားတာလား”

လန်ချင်းရှုသည် စိတ်မရှည်သလို လှမ်းပြောလိုက်၏။ သူ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှပြီး နတ်ဘုရားစည်ကို ထုနှက်လိုက်သကဲ့သို့ ကြားရသူတိုင်း၏ နားစည်ကို လှုပ်ခါစေခဲ့၏။ သူသည် နတ်ဆိုးတစ်ပါးကဲ့သို့ပင် ကောင်းကင်ယံတွင် မတ်မတ်ရပ်လျက်ရှိပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးအား ၎င်း၏ စွမ်းအင်များဖြင့် ဖိနှိပ်ထား၏။

သူတော်စင်ကောင်းချီးဆိုသည့် နည်းစနစ်သည် တကယ့်ကို အားကိုးလောက်စရာ နည်းစနစ်တစ်ခုဖြစ်၏။ သို့ပေမဲ့ မိမိ၏ အားအင်အဆင့်ကို အားမကိုးဘဲ ထိုကဲ့သို့သော နည်းလမ်းများဖြင့် သူတော်စင်တစ်ယောက် ဖြစ်လာသည့် လူမျိုးကို လန့်ချင်းရှုသည် လုံးဝ မနှစ်မျို့လှချေ။ သူ့ကဲ့သို့ ကိုယ့်အားကိုယ်ခွန်နှင့် ကြိုးစား လာခဲ့သည့် လူမျိုးကို သာ သူ အထင်ကြီးသည်။

“မောက်မာလိုက်တာ”

ပိုင်ချမ်းဟန်က အော်ဟစ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ဆီမှ အင်ပါရီယာ နဂါးချီများသည် ထွက်ပေါ်လာပြီး တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွား၏။ သူ၏ အော်ရာများသည် သူတော်စင်အဆင့် ထိပ်ဆုံး ဆီသို့ ရောက်ရှိ သွားခဲ့သည်။ ဤကဲ့သို့သော စွမ်းအင်များသည် ရေတွက်လို့မရအောင် များပြားသည့် ကောင်းချီး များ စုစည်းပြီး ဖြစ်ပေါ်လာခြင်းပင်။

သို့ပေမဲ့ လန်ချင်းရှုမှာတော့ ခပ်တည်တည်ဖြင့် နေထိုင်နိုင်စွမ်းရှိ၏။ အဘယ်ကြောင့်ဆိုသော် ပိုင်ချမ်းဟန်သည် သူတော်စင်ကောင်းချီး နည်းစနစ်ကို အမှီပြုကာ အသုံးပြုထားသလို သူတော်စင်လက်နက်လည်း မရှိချေ။ ထို့အပြင် သူတော်စင်အဆင့် အချင်းချင်း တိုက်ခိုက်မှုများတွင် အတွေ့အကြုံတစ်စက်ကလေးမှ မရှိဟု ပြောဆိုရပေမည်။

အားအင်အဆင့် တိုးတက်ခြင်းဆိုသည်မှာ တိုက်ခိုက်နိုင်စွမ်း၏ ရှစ်ဆယ်ရာခိုင်နှုန်း တိုးတက်လာသည်ဟု ဆိုရပေမည်။ တကယ်တမ်း သူတော်စင်အချင်းချင်း တိုက်ခိုက်ပွဲတွင် ထိုကဲ့သို့သော အားအင်အဆင့်လောက်နှင့် မလုံလောက်လှပေ။ ထို့ကြောင့် ပိုင်ချမ်းဟန်၏ တိုက်ခိုက်မှုသည် လန်ချင်းရှုကို မထိခိုက်စေခဲ့ချေ။

ထို့အပြင် ရောင်စဉ်အလင်းနတ်အရှင်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်မှာ သူတော်စင်နှစ်ယောက်ကို လွယ်လွယ်ကူကူ သတ်ဖြတ်ခဲ့သည်ကို သိရှိပြီးဖြစ်သောကြောင့် လန်ချင်းရှုကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ လန်ချင်းရှုသည် သူတော်စင်အဆင့်တွင် အလွန်အားကောင်းလှသော လူတစ်ယောက်ဟု ပြောဆိုရပေမည်။ ပိုင်ချမ်းဟန် တစ်ယောက်တည်းနှင့် သူ့ကို တားဆီးရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

“ဒီနေ့အချိန်မှာတော့ ခင်ဗျားနဲ့ အစစ်အမှန် သူတော်စင်ကြားမှာ ကွာခြားချက် ကြီးကြီးမားမားရှိတယ်ဆိုတာ သိရှိအောင် ကျုပ်လုပ်ပြမယ်” လန်ရှင်းရှုက ကြေညာလိုက်၏။

ကျယ်လောင်သည့် အော်သံတစ်ခုသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့ပြီး အနီရောင်မိုးကြိုးလှိုင်းများ ဆင်းသက်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် သွေးကဲ့သို့သော အော်ရာများသည် လန်ချင်းရှု၏ လက်တွင် ဖြစ်တည်လာခဲ့သည်။

ဤအရာသည် ထိပ်တန်းအဆင့် သူတော်စင်လက်နက်ဖြစ်၏။ သွေးကဲ့သို့ အရောင်ရှိပြီး မြွေကြီးတစ်ကောင်ကဲ့သို့ ရစ်ခွေလျက် ရှိနေ၏။ အနီရောင်လှံခေါင်းကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အရှိန်အဝါမျိုး ပြသလျက် ရှိနေ၏။

“သေစမ်း” လန့်ချင်းရှုက အော်ဟစ်လိုက်၏။ အလင်းတန်းများ အဖြစ်သို့ အသွင်ပြောင်းပြီးသည့်နောက် လှံကြီး သည် ကောင်းကင်ယံကို ထိုးခွင်းသွားခဲ့၏။ ၎င်း၏အနောက်တွင် မြွေတစ်ကောင်ကဲ့သို့ ပုံရိပ်ယောင်များ ဖြစ်တည် လာခဲ့၏။ ကြည့်လိုက်သည့်နှင့် ကြောက်စရာ ကောင်းလွန်းသည့် တိုက်ခိုက်ချက် တစ်ခုဖြစ်ကြောင်း ယုံမှား သံသယ ရှိစရာ မလိုချေ။

ဘုန်း ဘုန်း

နှစ်ဖက်သား ထိပ်တိုက် တိုက်ခိုက်ခဲ့၏။ ဤတစ်ကြိမ်မှာတော့ သူတို့သည် အပြင်းအထန် တိုက်ခိုက်လျက် ရှိနေ၏။ လှုပ်ရှား တိုက်ခိုက်ချက် တစ်ခုချင်းစီတိုင်းသည် ကောင်းကင်နှင့်မြေကြီးအတွင်းရှိ လေဟာနယ်ကြီးတစ်ခုလုံးကို တုန်ခါနေစေ၏။

တော်ဝင်သဲကန္တာရမြို့၏ အပြင်ဘက်တွင်တော့ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် တိုက်ပွဲ ကြီး တစ်ခုကို ဖန်တီးကာ တိုက်ခိုက်လျက် ရှိနေ၏။ လန်ချင်းရှုသည် အထက်စည်းမှ ရောက်ရှိလျက် ရှိနေ၏။ သူ၏ ဟန်ပန်အမူအရာသည် အလုံးစုံ ယုံကြည်ချက် ရှိနေသည့် ဟန်ပန်မျိုးပင်။ အနီးကပ် တိုက်ခိုက်မှု သို့မဟုတ် အဝေးရောက် တိုက်ခိုက်မှု အရာအားလုံးတို့တွင် သူသည် အထက်စည်းမှ တိုက်ခိုက်နိုင်စွမ်း ရှိနေ၏။

တခြားတစ်ဖက်တွင် ရှိနေသော ပိုင်ချမ်းဟန်မှာတော့ ဒေါသထွက်လျက်ရှိနေ၏။ သို့ပေမဲ့ သူသည် သူတော်စင် အဆင့်ဆီသို့ ပထမဦးဆုံး ရောက်ရှိလာခဲ့သည့် လူတစ်ယောက် ဖြစ်သောကြောင့် အောက်စည်းသို့ ရောက်ရှိနေခဲ့သည်။

“အင်း.. ဒီတိုက်ကွက်နဲ့ ခင်ဗျားကို နောက်ဘဝဆီ ပို့ပေးလိုက်မယ်” လန်ချင်းရှုက တည်ငြိမ် အေးစက်စွာ ပြောလိုက်၏။

ဘုန်း

ကျယ်လောင်လှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ သွေးလှံကြီးသည် တည်နေရာတစ်ခုလုံးကို ထိုးခွင်းကာဖြင့် အနီရောင်ရောင်စဉ်များကို ထုတ်ဖော်လျက် ရောက်ရှိလာခဲ့၏။ ကောင်းကင်နှင့် မြေကြီး၏ အရောင်အဆင်း အကုန်လုံး ပျောက်ကွယ်သွားခဲ့၏။ အနီရောင် လှံကြီးတစ်ခုသာလျှင် အရောင်အဆင်း ကျန်ရှိတော့သည်။

ဘုန်း

ခလွပ်

လှံကြီး ဆင်းသက်လာသည့် အချိန်မှာတော့ လေဟာနယ်ကြီး တစ်ခုလုံးသည် ကွဲအက်သွားတော့သည်။ တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် မှန်ကဲ့သို့ တစ်စစီ ကွဲကြေကုန်၏။

ပိုင်ချမ်းဟန်၏ အမူအရာတစ်ခုလုံး သည်လည်း ပျက်ယွင်းသွားခဲ့၏။ သူ့အနေနှင့် ဤတိုက်ခိုက်ချက်ကို မခုခံနိုင်ဘူး ဆိုသည်ကို ကောင်းကောင်း နားလည်၏။ ခုခံနိုင်မည်ဆိုလျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားမှာ သေချာ၏။ ပြန်လည်တိုက်ခိုက်ရန်ဆိုသည်မှာ မည်သို့မှ မဖြစ်နိုင်ချေ။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ...

ချလွမ် ချလွမ်

လေဟာနယ်ထဲတွင် ဓားနှစ်စင်း ထိခိုက်သံများ ထွက်ပေါ်လာခဲ့၏။ ထိုဓားအလင်းများသည် အချင်းချင်း လိမ်ယှက်ကာဖြင့် ကောင်းကင်ယံကို ထိုးခွင်းသွားခဲ့၏။

ဘုန်း

လှံကြီးသည် လေဟာနယ်ထဲတွင် ပြင်းပြင်းထန်ထန်ဖြင့် တုန်ခါနေသည်။

လန့်ချင်းရှုသည် မိုင်တစ်ထောင် အကွာအဝေးဆီသို့ လွင့်စင်သွားခဲ့၏။ ၎င်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။

လန့်ချင်းရှုသည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် မနည်းထိန်းချုပ်လိုက်ရ၏။ လေဟာနယ်ထဲကို ကြည့်ရှုပြီးသည့်နောက် ၎င်းသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်သည်။

“တော်ဝင်ဓားဂိုဏ်းလား”

All Chapters