အခန်း (၄၀၇)
Vol. 28 Ch. 407
ဖန်ဖျင်၏ စကားသံ တိတ်ဆိတ်သွားသည်နှင့် ခန်းမတံခါးဝနှင့် အနီးဆုံးတွင် ရှိသော ဖူယုံနှင့် အခြားသူများသည် လေပြင်းများပမာ ခန်းမအတွင်းသို့ အလုအယက် ပြေးဝင်သွားကြသည်။
"ညီနောက် ကျန်းချန်.. ငါတို့လည်း ဝင်ကြစို့"
ဤအရာကို မြင်သော် လဲ့ဟောင်ခုံးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေး တစ်ကြိမ်သည် ဂုဏ်ကျက်သရေ ရမှတ် တစ်ထောင်နှင့် ညီမျှ၏။
ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို အခမဲ့လေ့လာခွင့်ရမည့် ဤအခွင့်အရေးကို လက်လွှတ်လိုက်လျှင် ဘယ်အချိန်မှလေ့လာခွင့် ထပ်ရနိုင်မှန်း မသိနိုင်ချေ။
"ကောင်းပြီ"
ကျန်းချန်က ခေါင်းညိတ်လိုက်သည်။
လူအုပ်ကြီးက ကျောင်းဆောင်ထဲရှိ ခန်းမဆီသို့ မြစ်ရေစီးကြောင်းသဖွယ် လျင်မြန်စွာ ပြေးဝင်သွားကြသည်။
ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ခြေချလိုက်သည်နှင့် ကျန်းချန်က အံ့အားသင့်စွာ ကြည့်လိုက်ရာ ခန်းမကြီးသည် စတုရန်းမီတာ တစ်ထောင်ခန့် ကျယ်ဝန်းပြီး ကြီးကျယ်ခမ်းနားလွန်းသည်ကို တွေ့ရှိခဲ့ရသည်။
ထျန်းဝူ ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်လာသော တပည့် အများအပြားသည် မှော်ဆန်သော အလင်းတန်းများဖြာထွက်နေသည့် သလင်းကျောက်ကို စုပြုံ၍ ကြည့်နေကြ၏။
ကျန်းချန်၏ မျက်လုံးများသည်လည်း သလင်းကျောက်မှ ထူးခြားဆန်းပြားသော ပုံရိပ်များ၏ ဆွဲဆောင်မှုကို ချက်ချင်းပင် ခံလိုက်ရသည်။
သလင်းကျောက်၏ အလင်းဖြာထွက်နေသော မျက်နှာပြင်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော လူ၏ ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို ပြသနေသော ပုံရိပ်အား ကြည့်ရှုနေရင်း ခန်းမအတွင်းရှိ တပည့် အားလုံး၏ မျက်လုံးများသည် မီးတောက်များပမာ အလွန် ပူပြင်းလာခဲ့သည်။
"ငါ့ရဲ့ အဆတစ်ရာ စနစ်က တကယ်ကို တုနှိုင်းမဲ့ပဲ"
တခြားသူများက ယခုမှ နားလည်သဘောပေါက်ရန် ကြိုးစားနေသော အချိန်မှာပင် သူက ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို နတ်ဘုရားတစ်ပါး ကဲ့သို့ အောင်မြင်စွာ ကျွမ်းကျင်သွားပြီဖြစ်သည်။
ကျန်းချန်က သူ၏ နှလုံးသားထဲတွင် အဆတစ်ရာ စနစ်ကို တိတ်တဆိတ် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
သူက ခန်းမအတွင်း၌ တခြားသော အရာများ ရှိမရှိ ဆိုသည်ကို ကြည့်ရန် ပြင်ဆင်နေသော အချိန်မှာပင် ခန်းမအတွင်း၌ မိုးကြိုးသံပမာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အချင်းဝက် ဆယ်မီတာအတွင်းက အရာအားလုံးက ငါ့ရဲ့ ပိုင်နက်ပဲ.. ထွက်သွားကြစမ်း"
ကျန်းချန်က အသံလာရာဘက်သို့ ကြည့်လိုက်ရာ ဖူယုံနှင့် ဖူမိသားစု တပည့် နောက်တစ်ယောက်သည် သလင်းကျောက်မှ ပုံရိပ်ကို ကြည့်ရှုရာတွင် အကောင်းမွန်ဆုံးသော နေရာအား သိမ်းပိုက်ထားသည်ကို တွေ့လိုက်ရသည်။
သူတို့၏ ဆယ်မီတာအတွင်းတွင် ရှိသောသူများကို ဖူယုံက နတ်ဆိုးတစ်ကောင် ကဲ့သို့ ညှာတာမှု မရှိဘဲ နှင်ထုတ်နေ၏။
မိုကျင်းယွင်နှင့် ယန်ဟွမ် ကျောင်းတော်မှ နဂါးစာရင်း၏ ယခင် နံပါတ်တစ် ဖြစ်သည့် မူဖုန်း အပါအဝင် တခြားသောသူများကို ဖူမိသားစု ညီအစ်ကို နှစ်ယောက်သည် လေထဲကို လွင့်ပျံသွားစေခဲ့၏။
ဖူမိသားစု ညီအစ်ကို၏ မောက်မာသော အပြုအမူကို မြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူက ဖူယုံဆီသို့ လျှပ်စီးလက်သလို အမြန်နှုန်းဖြင့် တိုက်ရိုက် ရောက်လာခဲ့သည်။
"ကျန်းချန်...မင်း ဘာလုပ်ချင်တာလဲ"
ကျန်းချန် ရောက်လာသည်ကို မြင်လျှင် ဖူယုံ၏ မျက်နှာထားသည် အေးစက်စက် အခြေအနေသို့ ပြောင်းလဲသွားခဲ့သည်။
"ငါ ဒီမှာ ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို လေ့လာချင်တယ်.. မရဘူးလား"
ကျန်းချန်က နတ်ဆိုးတစ်ကောင်ကဲ့သို့ မထီမဲ့မြင် ပြုံးလိုက်သည်။
သူ၏ မိုးခြိမ်းသံပမာ ကျယ်လောင်သော အသံသည် ခန်းမအတွင်း ထွက်ပေါ်လာခဲ့၏။
"ဒီကနေ ထွက်သွားစမ်း.. မင်းလို အမှိုက်က ဒီလို အကောင်းဆုံး နေရာကို သိမ်းပိုက်ဖို့ အရည်အချင်း မရှိဘူး"
အခန်း(၄၀၇) ပြီး၏