← Chapters

အခန်း (၄၀၈)

Vol. 28 Ch. 408

အခန်း (၄၀၈)

Vol. 28 Ch. 408

ကျန်းချန်၏ မာနထောင်လွှားသော စကားသံကြောင့် ဖူယုံ၏ မျက်နှာသည် ပျက်ယွင်းသွားခဲ့သည်။

သူက ကျန်းချန်ကို မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဒေါသတကြီး ပြောလိုက်သည်။

"ဟမ့်.. မင်းသွားခိုင်းတိုင်း ငါကသွားရမှာလား.. ငါ မသွားဘူးဆိုရင်ရော မင်း ဘာတတ်နိုင်လဲ"

ကျန်းချန်က ပေါ့ပါးသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆိုလည်း ငါက အရင်တစ်ခေါက်တုန်းကလို မင်းကို ကိုယ်တိုင် နှင်ထုတ်ပေးရမှာပေါ့"

"ကျန်းချန်.. မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

ဖူယုံက မထီတရီ ပြုံးလိုက်သည်။

ကျန်းချန်က သူ့ထက် အနည်းငယ် ပိုမို အားကောင်းကြောင်း သူ ဝန်ခံရမည် ဖြစ်​သော်လည်း ယနေ့တွင် သူသည် တစ်ယောက်တည်း မဟုတ်ပေ။

သူ့ဘေးမှ ဖူထန့်၏ အင်အားက သူ့ထက်ပင် ပို၍ အားကောင်း၏။

သူတို့နှစ်ယောက် ပူးပေါင်းလိုက်လျှင် ကျန်းချန်ကို မကိုင်တွယ်နိုင်ဟု ဖူယုံ လုံးဝ မယုံကြည်ပေ။

"မင်းကို အနိုင်ယူဖို့က ဘာများ ခက်ခဲနေလို့လဲ"

ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။

"မင်းကို ငါ အပိုစကားတွေ မပြောချင်ဘူး.. မင်း ကိုယ့်ဘာသာ ထွက်သွားမှာလား ဒါမှမဟုတ် ငါ ကိုယ်တိုင် နှင်ထုတ်ရမှာလား

ဖူယုံက ဒေါသအိုး ပေါက်ကွဲသွားသည်။

သူက တိုက်ခိုက်ရန် ပြင်ဆင်လိုက်သော်လည်း သူ့ဘေးမှ ဖူထန့်က သူ့ကို လက်ဖြင့် တားဆီးလိုက်သည်။

"မင်းက ဒီနေရာကို ဒီလောက် သဘောကျနေမှတော့ ငါတို့က မင်းကို ပေးလိုက်ပါ့မယ်"

ဖူထန့်က ခပ်အေးအေး ပြောလိုက်ပြီး ဖူယုံကို ဆွဲခေါ်၍ ဘေးသို့ လျှောက်သွားလိုက်သည်။

"ဖူယုံ.. ငါတို့ သွားကြစို့"

"ညီနောင်ထန့်.. ဘာလို့ မင်းက နေရာကောင်းကို သူ့ဆီ ပေးလိုက်ရတာလဲ"

ဖူယုံက ဖူထန့်၏ နောက်သို့ လိုက်ပါသွားရင်း မကျေမနပ် ပြောလိုက်သည်။

"ဒီကောင်လေးက တော်တော်လေး သန်မာတယ်.. ငါတို့ နှစ်ယောက် ပူးပေါင်းရင်တောင် သူ့ကို အနိုင်ယူနိုင်ပါ့မလား မသေချာဘူး"

"ထိုက်ရှဂိုဏ်းက စစ်မှန်သော နဂါးနိုင်ငံ မဟုတ်ဘူး...နောက်တစ်ခါဆို မင်းရဲ့ အပြုအမူတွေကို ထိန်းချုပ်ထားရင် ပိုကောင်းမယ်"

ဖူထန့်က ခပ်အေးအေး ပြန်ပြောလိုက်သည်။

"ထျန်းဝူ ကျောင်းဆောင် ထဲကို ဝင်ဖို့ အခွင့်အရေးက ရှားတယ်.. ဒီအချိန်မှာ သူနဲ့ ရန်ဖြစ်နေဖို့ မလိုဘူး.. ထိုက်ရှ စစ်ပွဲ အရိပ်ကို အရင် လေ့လာကြရအောင်"

ဖူထန့်က ဖူယုံကို သတိပေးလိုက်ပြီး သလင်းကျောက်၏ မျက်နှာပြင်ကို ကြည့်ကာ ထိုက်ရှ စစ်ပွဲ အရိပ် ကိုယ်ခံပညာကို စတင် လေ့လာလိုက်သည်။

"ကျန်းချန်.. မင်း စောင့်နေလိုက်...မကြာခင် မင်းဆီက အရာအားလုံးကို ငါ ပြန်ယူပြမယ်"

ဖူယုံ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင် တစ်ခု လင်းလက်သွားခဲ့သည်။

သူက အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို စတင် လေ့လာခဲ့၏။

"ဒီနေရာက တော်တော် ကျယ်တယ်.. မင်းတို့တွေ ထိုက်ရှ စစ်ပွဲ အရိပ်ကိုယ်ခံပညာကို မြင်ကွင်းကောင်းကောင်းနဲ့ ကြည့်ချင်ရင် ဒီကို လာခဲ့ကြ"

ဖူမိသားစု ညီနောင် နှစ်ယောက် ထွက်သွားပြီးနောက်တွင် ကျန်းချန်သည် ပတ်ဝန်းကျင်ကို ကြည့်ကာ ပြုံးလိုက်သည်။

ကျန်းချန်၏ စကားကြောင့် လဲ့ဟောင်ခုံး နှင့် အခြားသူများက မဆိုင်းမတွပင်း ကျန်းချန် ရှိသော နေရာသို့ လာခဲ့ကြသည်။

"ညီနောင် ကျန်းချန်.. ကျေးဇူးတင်ပါတယ်"

မိုကျင်းယွင်က ကျန်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ထိုက်ရှ စစ်ပွဲ အရိပ်ကိုယ်ခံပညာကို လေ့လာရန် နေရာတစ်ခုကို အလျင်အမြန် ရှာဖွေလိုက်သည်။

သို့သော် ယန်ဟွမ် ကျောင်းတော်၏ နဂါးစာရင်းတွင် နံပါတ် ၁ ဖြစ်ခဲ့ဖူးသော မူဖုန်း၏ မျက်လုံးများတွင်မူ ရှုပ်ထွေးသော အရိပ်အယောင် တစ်ခု ရှိနေခဲ့၏။

ယန်ဟွမ် ကျောင်းတော်တွင် ကျန်းချန်၏ အနိုင်ယူခြင်းကို ခံရပြီးကတည်းကပင် မူဖုန်းသည် ကျန်းချန်ကို တစ်နေ့ ပြန်အနိုင်ယူမည်ဟု သံဓိဌာန်ချထားခဲ့သည်။

သို့သော် သူတို့ ပြန်တွေ့သောအခါ ကျန်းချန်သည် သူ မော့ကြည့်ရလောက်သည်အထိ အားကောင်းနေပြီ ဖြစ်သည်။

"သူ့ရဲ့ ကိုယ်ခံပညာ ပါရမီကို ငါဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး"

မူဖုန်က စိတ်ပျက်စွာ တွေးလိုက်သည်။

ထို့နောက်တွင် သူသည်လည်း ထိုက်ရှ စစ်ပွဲ အရိပ်ကိုယ်ခံပညာကို လေ့လာရန် စတင်လိုက်သည်။

ကျန်းချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ခန်းမထဲတွင် ထပ်မံ လေ့လာစရာ ဘာမှ မရှိကြောင်း သိလိုက်သည်။

ထို့နောက်တွင် နေရာတစ်ခုကိုရှာ၍ တင်ပျဉ်ခွေ ထိုင်ကာ အတွင်းအား ကျင့်နေခဲ့၏။

လူတိုင်းက ထိုက်ရှစစ်ပွဲအရိပ် ကိုယ်ခံပညာကို အာရုံစိုက်လေ့လာရင်း အချိန်များက အလျင်အမြန် ကုန်လွန်သွားခဲ့သည်။

ဘာမှန်းမသိလိုက်ခင်မှာပင် တစ်နာရီက ပြည့်သွားခဲ့သည်။

ထိုအချိန်တွင် ခန်းမထဲ၌ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်လာသည်။

ထိုစွမ်းအင်က ခန်းမထဲရှိ လူတိုင်းကို ချက်ချင်း ဖုံးလွှမ်းသွားပြီးနောက်တွင် လူတိုင်းသည် မျက်စိတစ်မှိတ်အတွင်း ခန်းမထဲကနေ ပျောက်ကွယ်သွားကြသည်။

အခန်း(၄၀၈) ပြီး၏

All Chapters