အခန်း (၄၁၂)
Vol. 28 Ch. 412
ကျန်းချန်က ဂုဏ်ကျက်သရေ ရမှတ် သုံးထောင် ပေးချေပြီး တစ်ကြိမ်တည်းနှင့် ဆယ်နာရီစာ ဝယ်ယူခဲ့သည်။
ထို့နောက် အစောင့်နှစ်ယောက်က အတားအဆီးကို ဖွင့်လိုက်ရာ ကျန်းချန်က ကျုံးယွဲ့တောင်ကြား အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ကျုံးယွဲ့တောင်ကြား အတွင်း ဝင်ရောက်လိုက်သည်နှင့် ကြီးမားသော အင်အားတစ်ခုက ထိုက်စန်းတောင်ကဲ့သို့ ကျန်းချန်ကို ဖိနှိပ်လိုက်၏။
ကျန်းချန်က တုန်လှုပ်သွားပြီး သူ၏ အတွင်းအားကို အလျင်အမြန် အသုံးချကာ ဤဖိနှိပ်မှုကို ခုခံလိုက်၏။
သို့သော် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများသည် ကျုံးယွဲ့တောင်ကြား၏ ထူးခြားသော နေရာကြောင့် ထိန်းချုပ်ခံထားရသည်ကို ကျန်းချန် အံ့သြစွာ တွေ့ရှိခဲ့သည်။
"ခန္ဓာကိုယ် သန့်စင်တဲ့နေရာတစ်ခု ဖြစ်ဖို့ ထိုက်တန်ပါပေတယ်"
"ဒီကျုံးယွဲ့တောင်ကြားက တကယ်ကို ထူးခြားတာပဲ.. ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတွေတောင် ဒီနေရာမှာ တစ်လက်မ ရွေ့လျားဖို့ ခက်ခဲမှာ ငါ စိုးရိမ်မိတယ်"
ကျန်းချန်က တီးတိုး ရေရွတ်လိုက်သည်။
သူက မဆိုင်းမတွပင် ကျုံးယွဲ့တောင်ကြား အတွင်းမှ ဖိအားကို ခုခံရန် မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ရေး နည်းစနစ်ကို တိုက်ရိုက် အသုံးချခဲ့သည်။
ကျန်းချန်က မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ရေးနည်းစနစ်ကို အသုံးပြု၍ ခက်ခက်ခဲခဲပင် ရှေ့သို့ လျှောက်သွားခဲ့သည်။
သူ လှမ်းလိုက်သော ခြေလှမ်းတိုင်း၌ ကျုံးယွဲ့တောင်ကြား၏ ကြီးမားသော ဖိနှိပ်မှုက သက်ရောက်နေခဲ့၏။
တစ်ချိန်တည်းမှာပင် စနစ်ထံကနေ ကျန်းချန်၏ စိတ်အတွင်း၌ သတိပေးချက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒင်.. သင်က မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ရေး နည်းစနစ်ကို အသုံးပြုပြီး အတွေ့အကြုံ ရမှတ် ၁၀၀ကို အဆတစ်ရာ ရရှိပါတယ်"
"ဒင်.. သင်က မပျက်စီးနိုင်တဲ့ ခန္ဓာကိုယ် သန့်စင်ရေး နည်းစနစ်ကို အသုံးပြုပြီး အတွေ့အကြုံ ရမှတ် ၁၀၀ကို အဆတစ်ရာ ရရှိပါတယ်"
"............"
အချိန်က အနည်းငယ် ကုန်လွန်သွားခဲ့သည်။
ဤနည်းဖြင့် ကျန်းချန်သည် ကျုံးယွဲ့တောင်ကြား အတွင်း၌ ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း အတွေ့အကြုံကို ဆက်လက် ရရှိနေခဲ့သည်။
မည်မျှပင် ကြာသွားသည်မသိ။
စနစ်ထံမှ နောက်ဆုံး တိုးတက်မှု အသံကို ကြားခဲ့ရသည်။
"ဒင်.. သင်၏ မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်က တတိယအဆင့်ကို အောင်မြင်စွာ ချိုးဖျက်သွားပါပြီ"
တတိယအဆင့်ကို ရောက်ရှိပြီးနောက်တွင် ကျန်းချန်သည် ကျုံးယွဲ့တောင်ကြား၏ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံနိုင်ရည် ပိုရှိလာခဲ့ပြီး အတွင်းသို့ ပို၍ လျှောက်လာနိုင်ခဲ့သည်။
ဆယ်နာရီ အသုံးပြုပြီးသောအခါ ကျန်းချန်သည် နောက်ထပ် ဆယ်နာရီစာ ဝယ်ယူရန် အမှတ် သုံးထောင် ထပ်မံ သုံးစွဲခဲ့သည်။
အဆုံးသတ်တွင် ကျန်းချန်သည် မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်ကို တတိယအဆင့်၏ အလယ်အလတ် အဆင့်အထိ တိုက်ရိုက် မြှင့်တင်ခဲ့သည်။
မပျက်စီးနိုင်သော ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်၏ တိုးတက်မှုက ကျန်းချန်၏ အင်အားကို များစွာ တိုးမြှင့်ပေးခဲ့သည်။
သူ၏ ခန္ဓာကိုယ် အင်အားသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၄ ကျင့်ကြံသူထက် မနိမ့်ကျပေ။
သူက ကျုံးယွဲ့တောင်ကြား၌ နှစ်ရက်နှင့် တစ်ည ဆက်တိုက် ကျင့်ကြံခဲ့၏။
ကျန်းချန်က အဆင့်မြင့်ခြံဝင်း တွင်ရှိသော သူ၏ နေအိမ်သို့ ပြန်လာသောအခါ တတိယနေ့၏ မနက်ပင် ရောက်နေပြီ ဖြစ်သည်။
သူက ခဏလောက် အတွင်းအားကျင့်ပြီးမှ အနားယူလိုက်သည်။
ကျန်းချန်က ဂုဏ်ကျက်သရေ အမှတ်များ ရရှိရန် ဆေးပင်များ ရှာဖွေခူးဆွတ်ရန် အတွက် ဆေးတောင်သို့ ထပ်မံ သွားရန် ဆုံးဖြတ်ခဲ့သည်။
အဆုံးသတ်တွင် ထိုက်ရှဂိုဏ်း၏ ကျင့်ကြံခြင်း အရင်းအမြစ်များကို ရရှိရန် ဂုဏ်ကျက်သရေ ရမှတ် အများအပြား လိုအပ်၏။
သူက အဆင့်မြင့် ခြံဝင်းကို တစ်လစာ ဌားရမ်းခဲ့ပြီး ကျုံးယွဲ့တောင်ကြားကို ရက်အနည်းငယ် လေ့ကျင့်ရန် သွားခဲ့ပြီးနောက် ဂုဏ်ကျက်သရေ အမှတ် နှစ်သောင်း၏ သုံးပုံတစ်ပုံကို သုံးစွဲခဲ့ရသည်။
ဤအတိုင်းသာဆိုလျှင် ကျန်ရှိသည့် ဂုဏ်ကျက်သရေ ရမှတ်များသည် သူ့အတွက် တကယ် မလုံလောက်ပေ။
ကျန်းချန်က ခြံဝင်းထဲမှ ထွက်ခွာခဲ့သည်။
သူက ဆေးပင်ခူး အလုပ်ကို လက်ခံရန် မစ်ရှင် ခန်းမဆီသို့ သွားရန် ပြင်ဆင်နေသောအချိန်တွင် အထက်စီးဆန်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
"ကောင်လေး... မင်းက တစ်ရက်တည်းနဲ့ ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့တဲ့ ကျန်းချန်လား"
ကျန်းချန်က အသံလာရာ ဆီသို့ ကြည့်လိုက်ရာ အနက်ရောင် ဝတ်စုံနှင့် ပိန်လှီသော လူငယ်တစ်ယောက်သည် လူအုပ်စုနှင့်အတူ သူဆီသို့ တည့်တည့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ဤလူအုပ်စု၏ ပေါ်လာမှုသည် ဖြတ်သွားဖြတ်လာ တပည့် အများအပြား၏ အာရုံစိုက်မှုကို ချက်ချင်းပင် ဆွဲဆောင်သွားခဲ့သည်။
"ဒါက အပြင်စည်း ကျောင်းသားတွေထဲမှာ အဆင့်၁၀ ချိတ်တဲ့ ကျောင်းနန် မဟုတ်လား"
"ကြည့်ရတာ ကျောင်းနန်က ဆန့်ကျင်ဘက်က ကောင်လေးကို ပြဿနာ ရှာချင်နေတဲ့ပုံပဲ"
"ကျောင်းနန်က ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်း ကျောင်းသားတွေထဲမှာ အာဏာရှင် တစ်ယောက်ပဲ.. ဒီကလေးက ကျောင်းနန်ကို စော်ကားရဲတာ သေချင်နေလို့ပဲ ဖြစ်ရမယ်"
လူတိုင်းက ကျန်းချန် ဆီသို့ တည့်တည့် လျှောက်လာသော ကျောင်းနန်တို့ လူစုကို မြင်လျှင် ကျန်းချန်ကို ကရုဏာသက်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျောင်းနန်သည် ကျန်းချန်ရှေ့တွင် ပေါ်လာခဲ့သည်။
သူက ကျန်းချန်ကို မထီမဲ့မြင်ပြု၍ ကြည့်ရှုလိုက်သည်။
"မင်းက တစ်ရက်တည်းနဲ့ ဆေးပင်ခူး စံချိန်မှတ်တမ်း နှစ်ခုကို ချိုးဖျက်ခဲ့တဲ့ ကျန်းချန် ဟုတ်တယ်မလား"
အခန်း(၄၁၂) ပြီး၏