← Chapters

အခန်း (၄၁၄)

Vol. 28 Ch. 414

အခန်း (၄၁၄)

Vol. 28 Ch. 414

"ဂုဏ်ကျက်သရေ ရမှတ် တစ်သောင်း ငှားရမ်းပြီး တစ်သိန်း ပြန်ပေးရမယ်တဲ့လား"

ကျန်းချန်၏ စကားများက ဂျောင်နန်အား ပထမဦးစွာ အံ့အားသင့်စေခဲ့သည်။

ထို့နောက် မျက်နှာပျက်ကာ အလွန်ပင် ဒေါသထွက်သွားသည်။

သူက ရက်စက်လိုသော အကြည့်များဖြင့် ကျန်းချန်အား ကြည့်ကာ အော်ဟစ် ပြောဆိုလိုက်သည်။

"ကောင်လေး... မင်း ငါ့ကို ကစားနေတာလား"

"မင်းကို အပျော်အပျက် ကစားရအောင် မင်းနဲ့ ငါက မရင်းနှီးဘူး...မင်းအနေနဲ့ ဂုဏ်ကျက်သရေ အမှတ်တွေ ငှားချင်ရင်တော့ ငါက အတိုး အနည်းငယ် ကောက်ခံရမှာပဲ"

"မင်း မနှစ်သက်ရင် ထွက်သွားနိုင်တယ်"

ကျန်းချန်က နှာခေါင်းရှုံ့၍ ပြောလိုက်သည်။

ကျောင်းနန်နှင့် ချန်လန်တို့က တစ်ဖွဲ့တည်းဖြစ်ပြီး ရည်ရွယ်ချက်ကောင်းဖြင့် ရောက်လာခြင်း မဟုတ်သည်မှာ ထင်ရှား၏။

ထို့ကြောင့် ကျန်းချန်က ၎င်းတို့ကို ယဉ်ကျေးစွာ ဆက်ဆံနေမည် မဟုတ်ပေ။

ကျန်းချန်၏ စကားများကို ကြားလျှင် ပတ်ဝန်းကျင်မှ လူများသည် သူတို့၏ မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သည်အထိ အံ့အားသင့်သွားကြသည်။

ဂိုဏ်းအတွင်းသို့ မကြာသေးမီက ဝင်ရောက်လာသော တပည့်အသစ် တစ်ယောက်သည် အပြင်စည်းကျောင်းသားများထဲတွင် အဆင့်၁၀ နေရာတွင်ရှိသော ကျောင်းနန်ကိုပင် မထီမဲ့မြင် ပြုရဲသည်။

ဤကောင်လေးသည် အလွန်ပင် ရန်လိုလွန်းလှ၏။

"ကောင်လေး.. မင်း ဘယ်လို စကားတွေ ပြောနေတာလဲ"

"ညီနောင် ကျောင်းနန်ကို စော်ကားရဲတယ် ဆိုတော့ ထိုက်ရှဂိုဏ်းရဲ့ အပြင်စည်းမှာ အသက်မရှင်ချင်တော့ဘူးလို့ ငါထင်တယ်"

"ငါတို့ရဲ့ ညီနောင် ကျောင်းနန်က မင်းဆီကနေ ဂုဏ်ကျက်သရေ ရမှတ်တွေ ဌားရမ်းတာ မင်းကို တန်ဖိုးထားလို့ပဲ.. ဘာလဲ.. မင်းက ဝိုင်ကောင်းကို မသောက်ချင်တာလား"

ကျောင်းနန်၏ နောက်ရှိ သူ့နောက်လိုက် အားလုံးက ဒေါသထွက်နေကြသည်။

သူတို့အားလုံးက ကျောင်းနန်၏ အမိန့်ပေးမှုကို စောင့်နေသည့်နှယ် ကျန်းချန်အား လူသတ်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ယခုအခါတွင် ကျောင်းနန်၏ မျက်နှာက မှောင်မိုက်ကာ အနည်းငယ် ကြောက်စရာကောင်းနေ၏။

ထိုက်ရှဂိုဏ်း၏ အပြင်စည်း ကျောင်းသားများထဲမှ ပါရမီရှင် တစ်ယောက် အနေဖြင့် သူ၏ နောက်တွင် အတွင်းစည်းကျောင်းသား တပည့်၏ အထောက်အပံ့ ရှိသည်။

ဆိုရလျှင် ကျောင်းနန်သည် လေလိုလျှင် လေကို ရနိုင်ပြီး မိုးရွာလိုလျှင် မိုးကို ရွာချစေနိုင်၏။

ထို့​ကြောင့် အပြင်စည်းကျောင်းသားထဲတွင် ကျောင်းနန်လို လူကို မျက်နှာသာ မပေးရဲသောသူ မည်သို့ ရှိနိုင်ပါမည်နည်း။

"ကျန်းချန်... မင်း ငါ့ကို ဂုဏ်ကျက်သရေ အမှတ် တစ်သောင်း ငှားရမ်းပေးသရွေ့ ချန်လန်ကို အကာအကွယ် အခကြေးငွေ ကောက်ခံခြင်း တားဆီးခဲ့တဲ့ နောက်ဆုံးအကြိမ်က ဖြစ်ရပ်ကို မေ့ပစ်ပေးမယ်လို့ အစက ငါ တွေးထားခဲ့တယ်"

"မင်းက အကောင်းအဆိုးကို မသိမှတော့ ငါ့ကို ယဉ်ကျေးမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့တော့"

"မင်းက တပည့်အသစ်တွေ အတွက် ရပ်တည်ရတာကို နှစ်သက်တယ် မဟုတ်လား.. ဒါကြောင့် မင်းက သူတို့ရဲ့ အကာအကွယ် အခကြေးငွေကို တစ်ယောက်တည်း ပေးအပ်ရမယ်"

ကျောင်းနန်က စူးရှသော မျက်လုံးများဖြင့် ကျန်းချန်အား စိုက်ကြည့်လိုက်သည်။

"နေ့စဉ် ဂုဏ်ကျက်သရေ အမှတ် ငါးထောင် မပေးအပ်နိုင်ရင် ထိုက်ရှဂိုဏ်းကနေ နှင်ထုတ်ခံရတဲ့အထိ ဖိအားပေးခံရမယ်"

မူလ အစီအစဉ်အရ ကျောင်းနန်သည် ကျန်းချန်နှင့် ယာယီအားဖြင့် မျက်နှာချင်းဆိုင်ရန် မရည်ရွယ်ထားဘဲ ဂုဏ်ကျက်သရေ အမှတ်များ ရရှိရန် အတွက် ကျန်းချန်၏ ဆေးပင် စုဆောင်းနိုင်သော စွမ်းရည်ကို အသုံးပြုလိုခဲ့သည်။

သို့သော် ယခု ကျန်းချန်က သူ့ကို မျက်နှာသာ လုံးဝ မပေးခဲ့ရာ ကျောင်းနန်က မည်ကဲ့သို့ ခံနိုင်ရည် ရှိနိုင်ပါမည်နည်း။

"မင်းက ငါ့ကို ထိုက်ရှဂိုဏ်းကနေ နှင်ထုတ်မယ် ဟုတ်လား.. မင်းမှာ အဲဒီလို စွမ်းဆောင်ရည် ရှိလို့လား"

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

သူက ကျောင်းနန်ကို လျစ်လျူရှုလိုက်ပြီး ထွက်သွားရန် တစ်ဖက်သို့ လှည့်လိုက်သည်။

"သေချင်နေတာပဲ"

ကျောင်းနန်၏ အမူအရာက အေးစက်သွားသည်။

သူက ရုန့်ရင်းသော စွမ်းအင်များ ကိန်းအောင်းနေသော လက်သည်းများဖြင့် ကျန်းချန်၏ ပခုံးကို အလျင်အမြန် ဖမ်းဆွဲလိုက်သည်။

ကျန်းချန်က မီတာ အနည်းငယ် အကွာအဝေးသို့ တိုက်ရိုက် ရွေ့လျားကာ ရှောင်တိမ်းလိုက်၏။

ထို့နောက် သူက ကျောင်းနန်ကို ကြည့်ရှုလိုက်သည်။

ထိုခဏတွင် သူ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားခဲ့၏။

"မင်းက တိုက်ခိုက်ချင်တာလား"

"ငါက တိုက်ခိုက်ရင် မင်းက ဘာလုပ်နိုင်မှာမို့လဲ"

ကျောင်းနန်က မထီတရီ ပြုံး၍ ပြောလိုက်သည်။

"မင်း ဒီနေ့ ဂုဏ်ကျက်သရေ အမှတ် ငါးထောင် မပေးအပ်သ၍ ငါ့ရှေ့ကနေ ထွက်သွားဖို့ မစဥ်းစားနဲ့"

သူက အပြင်စည်း ကျောင်းသားများထဲတွင် ထိပ်တန်း ဆယ်ယောက်ထဲမှ တစ်ယောက် ဖြစ်သည်။

ဂိုဏ်းအတွင်းသို့ မကြာသေးမီကမှ ဝင်ရောက်လာသော တပည့်အသစ် တစ်ယောက်က အဆင့် ၁၈ တွင်ရှိသည့် ချန်လန်အား အနိုင်ယူရန် အင်အား ရှိလျှင်ပင် ကျောင်းနန်က လုံးဝ အလေးအနက် မထားပေ။

"မင်း တကယ် တိုက်ခိုက်ချင်ရင် သုံးရက်အတွင်း တိုက်ခိုက်ကြတာပေါ့"

"နောက်သုံးရက်ကြာရင် ငါတို့ တပည့်အသစ်တွေ ဝင်ရောက်ဆင်နွှဲလို့ရမဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲ ရှိတယ်.. အဲဒီအချိန်ကျရင် မင်းကိုငါ စိန်ခေါ်မယ်"

ကျန်းချန်က ကျောင်းနန်အား မထီမဲ့မြင် ကြည့်ရှုလိုက်သည်။

သူ၏ အေးဆေးသော အသံသည် လေထုအတွင်း ချက်ချင်း ထွက်ပေါ်လာခဲ့၏။

"ငါက အပြင်စည်းကျောင်းသားရဲ့ ထိပ်ဆုံး၁၀ ​ယောက်စာရင်းထဲဝင်ဖို့ ကြိုးစားနေတယ်...မင်းကို အမှောက်သိပ်ပြီး မင်းရဲ့ အဆင့်၁၀ နေရာကို ငါ ရအောင်ယူပြမယ်"

အခန်း(၄၁၄) ပြီး၏

All Chapters