← Chapters

အခန်း (၄၁၆)

Vol. 28 Ch. 416

အခန်း (၄၁၆)

Vol. 28 Ch. 416

ကျန်းချန်က ချောက်ကမ်းပါးဘေးမှ ကြီးမားသော ကျောက်ဆောင်ကို တည့်တည့် စိုက်ကြည့်နေသည်။

ကျောက်ဆောင်ပေါ်၌ အရှည် တစ်ပေခန့်ရှိသည့် ဧရာမ ဂျင်ဆင်းပင် တစ်ပင်ရှိနေ၏။

ထိုဂျင်ဆင်းပင်က ဝတုတ်တုတ် ကလေးငယ် တစ်ယောက်နှင့် ဆင်တူပြီး ထိုနေရာ၌ လှဲလျောင်းနေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ မှိန်ဖျော့သော ခရမ်းရောင် အလင်းတန်းကို ထုတ်လွှတ်နေပြီး ခန္ဓာကိုယ်ကို ဝန်းရံထားသော အမြစ်များသည် လေထဲ၌ အဆက်မပြတ် ကခုန်နေခဲ့သည်။

သူက ကျောက်ဆောင်ပေါ်၌ လှဲလျောင်းကာ နေရောင်ကို ခံယူနေပုံရ၏။

"ငါ့ရဲ့ ကံကြမ္မာက တကယ်ကို ကောင်းမွန်တာပဲ.. သတ္တမအဆင့် သက်ရှည် ဂျင်ဆင်းပင်ကိုတောင် တွေ့ခဲ့တယ်"

ကျောက်ဆောင်ပေါ်မှ ဂျင်ဆင်းပင်ကို ကျန်းချန်က အံ့အားသင့်သော အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။

ဤဂျင်ဆင်းပင်သည် နေနှင့် လ၏ အဆီအနှစ်ကို စုပ်ယူခြင်းဖြင့် ကြီးထွားလာသော သတ္တမအဆင့် သက်ရှည်ဂျင်ဆင်း ဖြစ်သည်။

သတ္တမအဆင့် သက်ရှည်ဂျင်ဆင်းသည် အလွန် ရှားပါး၏။

သူ၏ ဆေးဖက်ဝင် ဂုဏ်သတ္တိများသည် အလွန်ပင် ပျော့ပျောင်းသည်။

ကျင့်ကြံသူက ဆေးလုံးကို သန့်စင်ခြင်း မရှိဘဲ အလွယ်တကူ စုပ်ယူနိုင်၏။

ပြီးပြည့်စုံသော သက်ရှည်ဂျင်ဆင်းပင် တစ်ပင်သည် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူကိုပင် ခွန်အားများစွာ တိုးမြှင့်ပေးနိုင်သည်။

ဆိုရလျှင်မှာ ဤသက်ရှည် ဂျင်ဆင်းပင်သည် ကျင့်ကြံသူ အားလုံးနီးပါး၏ အိပ်မက်ထဲမှ မှော်ဆေးပင် ဖြစ်သည်။

ကျန်းချန်က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အသက်ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သက်ရှည် ဂျင်ဆင်းပင်က ထွက်ပြေးနိုင်စွမ်း မြင့်မား၍ ဖမ်းမိရန် မလွယ်ကူပေ။

ဤနေရာ၏ မြေမျက်နှာသွင်ပြင်သည် မတ်စောက်၏။

သူ့အနေဖြင့် တစ်ကြိမ်တည်းဖြင့် အမိမဖမ်းနိုင်လျှင် ဒုတိယအကြိမ် အခွင့်အရေး မရှိတော့မည်ကို စိုးရိမ်မိသည်။

ထို့ကြောင့် ကျန်းချန်က အလျင်စလို မပြုလုပ်ခဲ့ပေ။

သူက သက်ရှည် ဂျင်ဆင်းပင်ကို တစ်ကြိမ်တည်းဖြင့် ဖမ်းမိကြောင်း သေချာစေရန် အတွက် စိတ်ရှည်ရှည် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

သက်ရှည်ဂျင်ဆင်းပင်သည် နေ၏ အဆီအနှစ်ကို လုံလောက်စွာ စုပ်ယူပြီးနောက်တွင် ခဏမျှ ထွက်ခွာသွားခဲ့၏။

သက်ရှည် ဂျင်ဆင်းပင် ထွက်ခွာသွားသည်နှင့် ကျန်းချန်သည် ကျောက်ဆောင် ပတ်ပတ်လည်၌ အစီအရင်တစ်ခုကို နာရီဝက်အတွင်း ခင်းကျင်းလိုက်သည်။

သို့ဖြစ်ရာ သက်ရှည် ဂျင်ဆင်းပင်က နေနှင့် လ၏ အဆီအနှစ်ကို စုပ်ယူရန် နောက်တစ်ကြိမ် ဤနေရာသို့ လာရောက်သ၍ သူက အလွယ်တကူ ဖမ်းဆီးနိုင်မည် ဖြစ်၏။

ကျန်းချန်က တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အချိန်က အနည်းငယ် ကုန်လွန်သွားခဲ့၏။

အလွန် လျင်မြန်စွာပင် ညဉ့်အချိန်သို့ ရောက်လာပြီး ဝေးကွာသော ကောင်းကင်ယံကနေ တောက်ပသော လပြည့်ဝန်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

မည်မျှကြာမြင့်သွားသည် မသိ၊ ညဉ့်၏ အလင်းရောင်အောက်တွင် တောက်ပသော ခရမ်းရောင် အလင်းတန်းအား ထုတ်လွှတ်နေသော အရာတစ်ခုသည် ချောက်ကမ်းပါးအောက်ကနေ တက်လာခဲ့သည်။

"နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ"

ကျောက်ဆောင်ပေါ်၌ ပေါ်လာသော သက်ရှည် ဂျင်ဆင်းပင်ကို ကြည့်ရှုပြီး ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

သူက တိုက်ရိုက် ထရပ်လိုက်ပြီး ကျောက်ဆောင်ဆီသို့ လျှောက်သွားခဲ့သည်။

သက်ရှည် ဂျင်ဆင်းပင်က ချက်ချင်းပင် ကျန်းချန်ကို တွေ့ရှိသွားပြီး သူ၏ အမြစ်များကို လှုပ်ရှားကာ ကျောက်ဆောင်ကနေ အလျင်အမြန် ထွက်ပြေးခဲ့သည်။

သို့သော် ကျောက်ဆောင်၏ အစွန်းသို့ အရောက်တွင် မမြင်နိုင်သော အင်အားတစ်ခုသည် သူ့ကို ဟန့်တားနေခဲ့၏။

"ဟားဟား.. မင်းကို ဖမ်းဖို့အတွက် ငါက ပဉ္စမအဆင့် အစီအရင်ကို ခင်းကျင်းထားတယ်"

"မင်း ငါ့ရဲ့အစီအရင်ကနေ ထွက်ပြေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

ကျန်းချန်က ပြုံးလိုက်သည်။

သူ၏ ပုံရိပ်က လင်းလက်သွားပြီး သက်ရှည် ဂျင်ဆင်းပင်ဘေး၌ ပေါ်လာသည်။

ထို့နောက် သူက လက်ကို ဆန့်ထုတ်ကာ ဂျင်ဆင်းပင်ကို ဆွဲယူခဲ့သည်။

သို့သော် သက်ရှည် ဂျင်ဆင်းပင်၏ တုံ့ပြန်မှုက ကျန်းချန် တွေးထင်ထားသည်ထက်ပင် ပိုမို မြန်ဆန်နေ၏။

ဂျင်ဆင်းပင်က ကျန်းချန်လက်ကနေ လွတ်သွားခဲ့ပြီး ကျန်းချန်၏ လက်ထဲတွင် ဂျင်ဆင်းပင်၏ နှစ်လက်မ သို့မဟုတ် သုံးလက်မ အရှည်ရှိသော အမြစ်တစ်ခုသာ ကျန်ရှိခဲ့သည်။

ဂျင်ဆင်းပင်က အစီအရင်ထဲကနေ အပြင်သို့ မထွက်နိုင်သော်လည်း ထိုနေရာမှာပင် ပတ်ပြေးနေခဲ့၏။

ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။

ထို့နောက်တွင် လက်ထဲမှ အမြစ်ကို သူ့၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

နောက်ထပ် တစ်ခဏမှာပင် ကျန်းချန်၏ စိတ်ထဲ၌ သာယာသော သတိပေးချက် နှစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဒင်.. သင်က သက်ရှည် ဂျင်ဆင်းပင်ရဲ့ အမြစ်ကို မျိုချပြီး အတွေ့အကြုံ ရမှတ် ၈၀၀၀ကို အဆတစ်ရာ ရရှိပါတယ်"

"ဒင်.. သင်က သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် ဒုတိယအဆင့်ကို အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပါပြီ"

အခန်း(၄၁၆) ပြီး၏

All Chapters