ကန်စောင့်မြွေ
Vol. 4 Ch. 46
တောင်စောင့်နတ်။
နောက်ဘက်မှ မုဆိုးများစကားကြောင့် ဝံပုလွေအုပ်နှင့်အတူ ထွက်ခွာသွားသည့် တောင်နက် အစွယ်ကိုဖြဲလိုက်သည်။
မြေခွေးနတ်ဆိုးများကို စာအုပ်အကူအညီဖြင့် ရှင်းပေးခဲ့သူမှာ သူဖြစ်သည်။ ဝံပုလွေအုပ်ကို မုဆိုးများအား ဒုက္ခမပေးရန် အမိန့်ပေးခဲ့သူမှာ သူဖြစ်သည်။ သို့သော် တုံးအသည့်လူသားများက တောင်စောင့်နတ်ကို ရှိခိုးနေကြသည်။ ဘာမှမဆိုင်။
“မင်းမကျေနပ်ရင် သူတို့ရှေ့မှာသွားရပ်ပြီး အပူဇော်ခံလိုက်ပေါ့ကွာ”
ဖုန်ချင်အန်း စနောက်လိုက်သည်။
(ပထမဝိညာဉ်စာချုပ် - တောင်နက်)
(မျိုးစိတ် - ခွေးဝံပုလွေ)
(ဗီဇ - နတ်ဆိုး၊ သားရဲ)
(စွမ်းရည် - ဂျင်နရယ် အလတ်တန်းအဆင့်)
(တိုက်ခိုက်စွမ်းအား - ဝိညာဉ်နိုးထခြင်း ထိပ်တန်းအဆင့်)
တောင်နက်သည် ဝံပုလွေအုပ်ကိုဦးဆောင်၍ ဝိညာဉ်နတ်ဆိုးတစ်ဒါဇင်လောက်ကို နှိပ်ကွပ်ရင်း တောင်တန်းပေါ်လျှောက်သွားခဲ့သည်။ ဝိညာဉ်မြက်တွေ့ခဲ့သည်။ သာမန်သားရဲများ ရူးသွပ်နေသည့် ထိုပစ္စည်းမျိုးကို သူစိတ်မဝင်စားတော့။ သူ့စွမ်းရည်က နောက်တစ်ဆင့်တိုးရုံသာရှိသည်။
ထိုထက်အဆင့်မြင့်သည့် သက်တမ်းရင့်ပစ္စည်းမျိုး သူလိုချင်သည်။ မိုကျင်းမြက်လောက်က သူ့အတွက် အသုံးမဝင်။ သို့သော် သူဆက်ရှာနေဆဲဖြစ်သည်။
တစ်လမပြည့်မီ ကျားနတ်ဆိုးနှင့်တန်းတူအဆင့်ဖြစ်လာသည်။ ဝှက်ထားသည့်ဝိညာဉ်မြက်နှင့် နတ်ဆိုးဝိညာည်များကြောင့် သူအတော်တိုးတက်ခဲ့သည်။
စိတ်ထင်ရာသတ်ဖြစ်နေခြင်းမဟုတ်။ တိုက်ခိုက်ရသည်ဟူ၍မရှိ။ ကျောပေါ်မှ စာအုပ်များကြောင့်ဖြစ်သည်။
တောင်တန်းပေါ်တွင် လဝက်နီးပါး ဆက်သွားပြီးနောက် တော်ဝင်စွမ်းအင်နှင့်ရင်ဆိုင်တွေ့သည့် နတ်ဆိုးများကြား ရလာဒ်နှစ်မျိုးထွက်လာသည်။
လူသားများကိုဒုက္ခပေးသည့် နတ်ဆိုးများကို တော်ဝင်စွမ်းအင်က ခွန်ပြည့်အားပြည့် နှိပ်ကွပ်သတ်ဖြတ်သည်။
လူသားများကို ဒုက္ခမပေးသည့် နတ်ဆိုးများကိုတော့ ဖိနှိပ်ရုံသာရှိသည်။ မလှုပ်ရှာနိုင်အောင်လုပ်သည်။ သို့သော် အသက်အန္တရာယ်မရှိကြ။
ဝံပုလွေအုပ်ဆွဲယူခဲ့သည့် အမြီးခုနစ်ချောင်းမြေခွေဝိညာဉ်များကို ကြည့်နိုင်သည်။ သူတို့သည် လူ့စိတ်ကိုညှို့၍ ယန်စွမ်းအင်အသက်ဓာတ်ကို ခိုးယူသည်။ ထို့ကြောင့် အလောင်းဘဝပြောင်းသွားသည်။ ဝိညာဉ်များ ပျက်စီးသွားသည်။
“အူး...”
မြေခွေးနတ်ဆိုးများကို တစ်ချက်အနံ့ခံပြီးနောက် တောင်နက်က ရွံရှာဟန်ဖြင့် လက်ဖြင့် ဘေးသို့ပုတ်ထုတ်၍ ဝံပုလွေအုပ်ထဲ ချပေးလိုက်သည်။
“ဖြုန်းတီးတဲ့ကောင်ပဲ”
ဝံပုလွေအုပ် အလုပ်အယက်စားသောက်ကြသည်။ ဖုန်ချင်အန်း သက်ပြင်းချမိသည်။
ထိုမြေခွေးများ သတ်ဖြတ်ခဲ့သည့်ပမာဏက မနည်းမနောဖြစ်သည်။ သို့သော် တောင်နက်က အနားသို့မကပ်မီမှာပင် တော်ဝင်စွမ်းအင်ရောင်က ကြိုတင်အာရုံခံမိ၍ သူတို့ကို သတ်ဖြတ်ခဲ့သည်။ နတ်ဆိုးတစ်ကောင်သေလျှင် မူလအသွင်ပြောင်းသွားမြဲဖြစ်သည်။ အသွင်မပြောင်းမချင်း ဖုန်ချင်အန်း မရိပ်မိ။ ကြိုသိခဲ့လျှင် လူသားအသွင်ပြောင်းထားသည့် မြေခွေးများ မည်သည့်လက္ခဏာရှိကြောင့် သူစပ်စုမိခဲ့မည်ဖြစ်သည်။
မရိုးမသားစိတ်မျိုးမရှိ။ စူးစမ်းလိုစိတ်သက်သက်ဖြစ်သည်။
နောင်တစ်ချိန် သူစွန့်စားသွားလာရမည်။ ထိုနတ်ဆိုးတို့၏ လှည့်ကွက်များကို သူသိထားသင့်သည်။ ထောင်ချောက်မမိအောင် သူ့ကိုယ်သူကြိုတင်ပြင်ဆင်ဖို့လိုသည်။
“တောင်နက်၊ မင်းကျွေးနေပုံမျိုးနဲ့ဆိုရင် မကြာခင် မင်းအုပ်စုထဲမှာ နတ်ဆိုးအသစ်တွေပေါ်လာမှာ။ မင်းစွမ်းအား မြန်မြန်တိုးအောင်လုပ်ပါ။ အမြဲတမ်း စာအုပ်တွေကို သယ်သွားလို့မရဘူး။ ဒီစာအုပ်တွေရှိနေရင် မင်းဘယ်လောက်ကျွေးကျွေး သူတို့မင်းလို နတ်ဆိုးအသွင်ပြောင်းနိုင်မှာမဟုတ်ဘူး။
တောင်နက်သည် သူ့အကိုကိုယ်တိုင် အသိအမှတ်ပြုပေးခဲ့သည့်ခွေးဖြစ်သည်။ ထို့ကြောင့် စွမ်းအင်ရောင်သက်ရောက်မှုမခံရ။ သို့သော် သာမန်နတ်ဆိုးများအနေဖြင့် တော်ဝင်စွမ်းအင်ဖိနှိပ်မှုကို ခံရမည်။ စွမ်းအားထုတ်နိုင်မည်မဟုတ်။
“အူး..”
တောင်နက် ချက်ချင်းအော်ဟစ်လိုက်သည်။ တောင်တန်းပေါ်တွင် ပြန့်ကျဲတည်ရှိနေသည့် ဝိညာဉ်ရတနာများကို သူဝီရိယစိုက်၍ ရှာဖွေခဲ့သည်။ တောင်တန်းအပြင်ပိုင်းနယ်မြေ ကုန်သလောက်နီးပါးရှိခဲ့သည်။ ယခု မြွေစိမ်းတောင်တန်းအတွင်းပိုင်းသို့ သွားဖို့ပြင်သည်။
“သွားပါ”
................................
တိတ်ဆိတ်သည့်ညအမှောင်အောက် တောင်ကျစမ်းချောင်းများစွာ ဆုံသည့်နေရာမှ ရေကန်တစ်ခုကို တောင်လေပြင်း ဖြတ်သန်းတိုက်ခတ်နေသည်။ ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြက်ခွပ်များ ထလာသည်။ သစ်ရွက်လှုပ်ရှားသံများ ပေါ်လာသည်။
ကန်လယ်ကျွန်းပေါ်တွင် သက်တမ်းရင်သစ်ပင်ကြီးတစ်ခုရှိသည်။ ပင်စည်ကြီးမား၍ ဖြောင့်တန်းနေသည်။ ကြမ်းတမ်းအက်ကွဲနေသည့် သစ်ခေါက်များက ကြယ်လရောင်အောက်တွင် တောက်ပနေသည့် သစ်ရွက်စိမ်းများနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သစ်ရွက်များက ကျောက်စိမ်းဖြင့်ထုဆစ်ထားသကဲ့သို့ ကြည်လင်နေသည်။
သစ်ရွက်နှင့်ရေလှိုင်းဂီတသံများကြားတွင် ထူးဆန်းသည့်အသံတစ်ခု ပေါ်လာသည်။ လကိုဖုံးနေသည့်တိမ်များ လွင့်ပြယ်သွားသည်။ ကြယ်နှင့်လရောင်က သစ်ပင်ပေါ်ထိုးကျလာသည်။
သတ္တုသားကဲ့သို့ အေးစက်သည့်အလင်းတစ်ခု သစ်ပင်ထက်တွင် ပေါ်လာသည်။ ထိုအလင်းက ဖြေးညှင်းစွာတွန့်လိမ်လှုပ်ရှားနေသည်။ ထူးဆန်းသည့်အသံ ပို၍ကျယ်ထင်ရှားလာသည်။
ကြီးမားသည့်မြွေဖြူတစ်ကောင် သစ်ပင်ထိတ်တွင် ရှိနေသည်။ အကြေးခွံများ ပင်စည်ကိုပွတ်တိုက်ရာမှ ထူးဆန်းသည့်အသံထွက်ပေါ်လာသည်။
မြွေဖြူ၏ ကြီးမားသည့်ကိုယ်ထည်ဖိအားကြောင့် သစ်ကိုင်းများ လှုပ်ခါနေသည်။ စိမ်းစိုသည့်သစ်ရွက်များ ကြွေကျလာသည်။
နောက်ဆုံးတွင် သင့်တော်သည့်ကိုယ်ဟန်အနေအထားသို့ ပြောင်းပြီးနောက် မြွေဖြူရပ်သွားသည်။ ထူးဆန်းသည့်ပွတ်တိုက်သံလည်း ပျောက်ကွယ်သွားသည်။
ကြောက်စရာမြွေဦးခေါင်းက ထူထြသည့်သစ်ရွက်များကြားမှ ပြူထွက်လာသည်။ အကြေးခွံများက သတ္တုဖြူရောင်တောက်နေသည်။
ယနေ့ တောင်တန်းထဲတွင် အားလုံးတိတ်ဆိတ်နေသည်။
တစ်ရေးတစ်မောအိပ်ချိန်တန်ပြီ။
နှစ်ရာချီကြာအောင် အပြောင်းအလဲမရှိသည့် တောင်တန်းရှုခင်းကို အေးစက်စူးရှသည်မြက်လုံးအစုံဖြင့် သူစိုက်ကြည့်သည်။ ထို့နောက် မျက်လုံးမှိတ်လိုက်သည်။ အိပ်ရန်ပြင်သည်။ ဆောင်းရာသီကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ နွေဦးရောက်ချိန်ထိလည်း သူအိပ်ချင်အိပ်မည်။ အိပ်စက်ခြင်းက သူ့ဝိညာဉ်ကို နွေးထွေးစေသည်။
“အူး....”
တောင်တန်းထဲမှ ဝံပုလွေအော်သံ ပဲ့တင်ထပ်သွားသည်။ မြွေဖြူအရေးမစိုက်။ နှစ်ရာချီအတွင်း သူအကြိမ်ကြိမ်ကြားဖူးခဲ့သည့်အသံဖြစ်၍ အသားကျနေသည်။
“အူး...”
ဝံပုလွေအုပ် ရောက်လာဟန်ရှိသည်။
သို့တိုင်အောင် သူအရေးမစိုက်။ ဝံပုလွေအုပ် သောက်ရေရှာနေခြင်းဖြစ်မည်။ ပုံမှန်သားရဲများဖြစ်သည်။ သူတို့သောက်ရဲလျှင် သောက်ခွင့်ပေးလိုက်မည်။ ရဲဝံ့မှုအတွက် ဆုလာဒ်ရသင့်သည်။
သစ်ခက်များကြားခေါင်းတင်ထားရင်း မြေပြင်တုန်ခါမှုကို အာရုံခံမိသည်။ ဝံပုလွေအုပ် အတော်များဟန်ရှိသည်။
ရဲတင်းလွန်းသည့် သားရဲများဖြစ်သည်။
မျက်လုံးပိတ်လျက်သား သူတွေးမိသည်။ ထိုမျှများသည့်သားရဲအုပ်ရှိလျှင် နတ်ဆိုးတစ်ကောင် ဦးဆောင်ခြင်းဖြစ်မည်။ ထိုနတ်ဆိုးများက သူရှိသည်ကို အာရုံခံမိမည်သာဖြစ်သည်။ သို့သော် သူ့နယ်မြေသို့ ဆက်တိုးလာရဲသည်။ ရည်ရွယ်ချက်တစ်ခု ရှိပုံပေါ်သည်။
သူ့ကို ခေါင်းဆောင်တင်၍ ခိုလှုံ့ရန် လာခြင်းဖြစ်နိုင်သည်။
သို့သော် သူစိတ်မဝင်စား။ ဦးဆောင်လာသည့် ဝံပုလွေဘုရင် မှားယွင်းသည့် နတ်ဆိုးထံ ချဉ်းကပ်လာခြင်းဖြစ်သည်။
“ဟင်... ဘာပါလိပ်”
သူ့စိတ်ထဲ ဖိအားတစ်ခု ခံစားလိုက်ရသည်။ ချက်ချင်းမျက်လုံးဖွင့်ကြည့်သည်။ ထိုခဏမှာပင် ဖိအားက ပိုပြင်းထန်လာသည်။ ဖိအားရင်းမြစ်ကို သူချက်ချင်းမြင်သည်။
ခံ့ညားထည်ဝါသည့် ရွှေရောင်အလင်းများ ရေကန်တစ်ခုလုံးသို့ ပျံ့လွင့်လာသည်။
အလွန်ပြင်းထန်သည့် တော်ဝင်စွမ်းအင်။