← Chapters

နတ်ဆိုး‌ဒေါသ

Vol. 4 Ch. 47

နတ်ဆိုး‌ဒေါသ

Vol. 4 Ch. 47

အဘယ်ကြောင့် စာပေတော်ဝင်စွမ်းအင်ရောင် ဖြစ်နေရသနည်း။

မြွေဖြူ ထိတ်လန့်အံ့ဩမိသည်။ ထိုအရာမျိုး တောင်တန်းထဲတွင် အဘယ်ကြောင့် ပေါ်လာသနည်း။ သူ့ရှေ့တွင် အဘယ်ကြောင့်ပေါ်လာသနည်း။

တောင်ဝင်စွမ်းအင်ကြောင့် သူ့အတွင်သန္ဓေမှ ထိုးထွက်လာသည့် နတ်ဆိုးစွမ်းအင်များ ချက်ချင်းငြိမ်ကျသွားသည်။ ခန္ဓာကိုယ်လည်း အားအင်ချိနည့်သွားသည်။ သူ့ကိုယ်မှ အနက်ရောင်ချီများ ယိုစီးထွက်သွားသည်။

သစ်ပင်ထိပ်တွင်ခွေနေသည့် သူ့ခန္ဓာကိုယ် လျှောကျသွားသည်။ ပင်စည်ကိုပတ်ထားသည့် သူ့အကြေးခွံများ မမြဲတော့။ ရေလယ်ကျွန်း နည်းနည်းတုန်ခါသွားသည်။

ရေပြင်လှုပ်ရှားလာသည်။ သုံးလေးမီတာမြင့်သည့် လှိုင်းလုံးများ ပေါ်လာသည်။ အတင်းပြေးဝင်လာသည့်ဝံပုလွေအုပ် ကြောက်စရာမြင်ကွင်းကြောက် ခြေလှမ်းတန့်သွားသည်။ ကျောပေါ်တွင် တစ်စုံတစ်ခုသယ်လာသည့် ဝံပုလွေဘုရင်သာ ရှေ့တိုးလာသည်။

“မြွေက အကြီးကြီးပါလား”

တောင်နက်မြင်ကွင်းကို ဖုန်ချင်အန်းမြင်နေရသည်။ ရေကန်နှင့် ပေတစ်ရာအကွာမှာပင် ပြုတ်ကျသွားသည့်မြွေကို မြင်ရသည်။ ခွေရစ်နေသည့် ခန္ဓာကိုယ်က အသက်ရှူမှားလောက်သည်။

“အာဝူး...”

တောင်နက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ သူ့အကြည့်က မြွေဖြူထံမှ သစ်တမ်းရင့်သစ်ပင်ကြီးဆီ ရောက်သွားသည်.

လရောင်ထိုးကျနေသည့် သစ်ပင်၏သစ်ကိုင်းသစ်ရွက်များကြားတွင် အနီရောင်အလင်းတစ်ခု တောက်ပနေသည်။ စွဲမက်ဖွယ်မွေးရနံ့က တောင်တန်းလေပြေနှင့်အတွင် ပျံ့လွင့်လာသည်။

“ဝိညာဉ်ရတနာ”

ပျော့ခွေနေသည့်မြွေဖြူကိုကြည့်၍ ဖုန်ချင်အန်း သေချာသွားသည်။ တောင်နက် ကံကောင်းသည်။

ထိုပစ္စည်းသည် တောင်နက်ကို ဂျင်နရယ်အဆင့်သို့ အချိန်တိုအတွင်း ရောက်စေနိုင်သည်။ ထို့ထက်လည်း ပိုချင်ပိုနိုင်သည်။

ဝိညာဉ်သစ်ပင်ပေါ်မှ သစ်သီးကိုကြည့်လိုက်သည်။ အပင်နှင့်စာလျှင် အသီးအလွန်ရှားပါးသည်ဟု ဆိုနိုင်သည်။ သို့တော် ထိုသစ်သီးတစ်လုံးက တောင်နက်အတွက် ကောင်းကောင်းလုံလောက်သည်။

သို့သော် ပြဿနာတစ်ခုရှိနေသည်။

ထိုသစ်ပင်ဆီ ရောက်အောင်သွားဖို့ဖြစ်သည်။

ဝိညာဉ်သစ်ပင်က ရေပတ်လည်ဝိုင်းထားသည့်ကျွန်းပေါ်တွင် ပေါ်နေသည်။ တောင်နက် ရေကူးနိုင်ပါသည်။ သို့သော် ကျောပေါ်မှစာအုပ်များက ရေစိုလျှင် ပျက်စီးသွားမည်။

မြွေဖြူက ကျွန်းပေါ်တွင် မလှုပ်မယှက်လဲလျှောင်းနေသည်။ သို့သော် ခေါင်းထောင်ကြည့်နေသည်။

တောင်နက်နှင့်ဖုန်ချင်အန်း နည်းနည်းအံ့အားသင့်သွားသည်။ ထိုမြွေဖြူ ခေါင်းထောင်ကြည့်နိုင်သေးသည်။ မျက်လုံးများက ဓားတစ်စင်းပမာစူးရှသည်။ တောင်နက်ကို စိုက်ကြည့်နိုင်သည်။

ခေါင်းလှုပ်နိုင်သေးသည်။

တော်ဝင်စွမ်းအင်ရောင်အောက်တွင် လှုပ်ရှားနိုင်သည့် နတ်ဆိုးသားရဲကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ခေါင်းထောင်နိုင်ရုံသာဖြစ်သော်လည်း တော်ဝင်ချီ၏စွမ်းအားသည့် အကန့်အသတ်ရှိကြောင်း ထင်ရှားနေသည်။

နတ်ဆိုးတိုင်းကို မဖျက်ဆီးနိုင်။ နတ်ဆိုးစွမ်းအားမြင့်လေ တော်ဝင်စွမ်းအင် အားလျော့လေဖြစ်သည်။ တန်ပြန်နှိပ်ကွပ်ခြင်းပင် ခံရနိုင်သည်။

ယခုမြွေဖြူ ဖိနှိပ်ခံထားရသည်မှာ သေချာပါသည်။ ပြန်တိုက်ခိုက်နိုင်မည်မဟုတ်။ ခေါင်းမော့သည်ကပင် အားအတော်စိုက်ရဟန်ရှိသည်။ ပေတစ်ရာခန့် ဝေးနေသောကြောင့်လည်း ဖြစ်မည်။

“တောင်နက်၊ ကျွန်းပေါ်သွားဖို့ နည်းလမ်းရှာပါ”

ဖုန်ချင်အန်း တိုက်တွန်းလိုက်သည်။

မြေဖြူအသွင်အပြင်နှင့် လူသတ်ရိပ်က ကြောက်စရာကောင်းသော်လည်း တော်ဝင်ချီ ဖိနှိပ်ထားသည်။ ကြောက်စရာမလို။ တောင်နက်ကျောပေါ်တွင် စာအုပ်ခုနစ်အုပ်သာ ပါသွားသည်။ ဖုန်ချင်အန်း အခန်းထဲမှ စာအုပ်စင်တွင် အပြည့်ရှိသည်။

“အာဝူး...”

တောင်နက် အော်ဟစ်လိုက်သည်။ ထိတ်လန့်နေသည့် ဝံပုလွေအုပ်ကို ခေါ်လိုက်သည်။

ကန်လယ်မြွေဖြူကြောင့် ကြောက်ရွံ့နေသော်လည်း သူတို့ဘုရင်၏ အမိန့်ကို မလွန်ဆန်နိုင်ကြ။ တုန်တုန်ရင်ရင်ဖြင့်ပင် တောင်နက်အနီးသို့ စုဝေးလာကြသည်။

သူတို့ပုံစံကိုကြည့်၍ တောင်နက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အမှန်တော့ စာအုပ်အကူအညီသာမရှိလျှင် တောင်နက်ကိုယ်တိုင်ပင် မြွေဖြူတစ်ချက်ဟပ်စာမရှိ။ ဝံပုလွေအုပ် ကြောက်ရွံ့နေသည်မှာ မဆန်းလှ။ အရွယ်အစားကွာဟချက်က ကြီးမားလွန်းသည်။

ကြောက်နေသော်လည်း သူတို့အမိန့်နာခံကြသည်။ တောင်နက်က ဝံပုလွေအုပ်နှင့်အတူ ကန်ကိုလှည့်ပတ်၍ ကျွန်ပေါ်သို့ ရေမစိုဘဲရောက်နိုင်သည့်လမ်းစရှာသည်။

လေးငါးပတ်ရှာပြီးသည့်တိုင် မတွေ့။ စိတ်ဂဏာမငြိမ်ဖြစ်လာသဖြင့် မြေပြင်ကို လက်သည်းဖြင့်အတင်းကုတ်ခြစ်နေသည်။

ဝံပုလွေများကို ကန်ကိုဖြတ်၍ သစ်ပင်မှသစ်သီးကို ယူခိုင်းသည်။ သို့သော် သူ့နောက်လိုက်များက သစ္စာရှိသော်လည်း မြွေဖြူနားသို့ မကပ်ရဲ။

မြွေဖြူမျက်လုံးက သူတို့ထံမှမခွာ။ တောင်နက်နောက်သို့ ဆက်လိုက်ရဲသည်ကပင် တော်လှပြီဟု ဆိုနိုင်သည်။

ကန်အပြည့်ဖုံးလွှမ်းနေသည့် တော်ဝင်စွမ်းအင်ကို သူတို့မမြင်ကြ။ မြွေဖြူသည် ခေါင်းမော့ဖို့ပင် ခက်ခဲနေကြာင်း သူတို့မသိ။ သူတို့ဘုရင် အန္တရာယ်ကို လက်ယပ်ခေါ်နေသည်ဟုသာ မြင်ကြသည်။

သို့သော် အခက်အခဲရှိလျှင် ဖြေရှင်းနည်းရှိရမည်။ လက ကောင်းကင်အလယ်တည့်တည့်ရောက်ချိန်တွင် တောင်နက်တို့ဝံပုလွေအုပ် တစ်မီတာခန့်ရှည်၍ ငါးပေခန့်ကျယ်သည့် သစ်ပင်အခေါ်တစ်ခုကို ဆွဲခွာနိုင်ခဲ့သည်။ သစ်ခေါက်က အတွင်းဘက်သို့ ခုံးနေသည်။

တောင်နက် သစ်ခေါက်ကို ရေထဲပြစ်ချသည်။ ထို့နောက် ဂရုတစ်စိုက် တက်ရပ်သည်။ ရေထဲမှ ဝံပုလွေအုပ်ကို တွန်းခိုင်းသည်။ ဝံပုလွေအုပ်က လေနှင့်ရေလှိုင်းကို ဆီးကာ၍ ရေလယ်ကျွန်းဆီ တွန်းပို့ဆွဲခေါ်ကြသည်။

ဝံပုလွေများ ရေကူးနေသည်။

မြွေဖြူမျက်လုံးများ ပို၍အေးစက်လာသည်။ သို့သော် ‌တော်ဝင်ကျမ်းစာသယ်လာသည့် ဝံပုလွေဘုရင်က ကျွန်းပေါ်သို့ ရောက်လာသည်။ မြေဖြူ မြေပေါ်တွင်သာ လှဲနေရာသည်။

ခက်ခက်ခဲခဲဖြင့် ကျွန်းပေါ်သို့ ရောက်လာပြီးနောက် ဝိညာဉ်သစ်သီးဆီသို့ တောင်နက်မသွားသေး။ မြေဖြူဆီပြေးသွားပြီး စပ်စုနေသည်။

သူမြင်ဖူးသမျှတွင် စွမ်းအားအကြီးဆုံးနတ်ဆိုးသားရဲဖြစ်သည်။ ဘယ်လောက်စွမ်းအားကြီးသည်ကို သူမသိ။ ကိုယ်ထည်က ကြီးမားလွန်သည်။ အရင်တွေ့ဖူးသည့်နတ်ဆိုးများက ထိုမြွေဖြူနှင့်စာလျှင် ဘာမှမပြောပလောက်။

မြွေဖြူစွမ်းအားကို သူမသိသော်လည်း ဖုန်ချင်အန်း သိသည်။

“အကဲဖြတ်မယ်”

(မျိုးစိတ် - ဝိညာဉ်မြွေ)

(ဗီဇ - ဝိညာဉ်၊ နတ်ဆိုး)

(စွမ်းရည် - သခင်၊အလတ်တန်း)

(တိုက်ခိုက်စွမ်းအား - သခင်၊ ထိပ်တန်း)

အဆင့်သစ်ကြောင့် မြွေဖြူစွမ်းအားကို အကြမ်းဖျင်း သူနားလည်လာသည်။ သူ့အကို၏စာအုပ်များ မည်မျှစွမ်းအားကြီးကြောင်းလည်း နားလည်လာသည်။

ဤမြွေဖြူထက် ပိုစွမ်းအားမြင့်သည့်နတ်ဆိုးမျိုးပေါ်လာလျှင် တော်ဝင်ကျမ်းစာများက ဖိနှိပ်နိုင်တော့မည်မဟုတ်။ သို့သော် ထိုစာအုပ်များကို သူ့အကိုရေးခဲ့သည်မှာ မတော်ကြာပြီဖြစ်သည်။ ထိုစာသားမျိုးကို သူ့အကို ယခုအချိန်ရေးလျှင် မည်သည့်နတ်ဆိုးအဆင့်ထိ ထိန်းချုပ်နိုင်မည်မသိ။

******************************************

All Chapters