← Chapters

တောင်တန်းနတ်ဘုရား

Vol. 4 Ch. 49

တောင်တန်းနတ်ဘုရား

Vol. 4 Ch. 49

“နတ်ဆိုးတွေကို ဒီလောက်အထင်သေးတယ်ပေါ့”

ကန်ရေပြင်ပေါ် ရွှေရောင်အလင်းများပျောက်ကွယ်သွားပြီးနောက် ကိုးရက်လုံးဖိနှိပ်ခံထားရသည့် မြွေဖြူက ခန္ဓာအောက်ပိုင်းတစ်ဝက်ကို အားပြု၍ ကောင်ကင်သို့‌မော့ကာ အော်ဟစ်ကြုံးဝါးလိုက်သည်။

‌ရေကန်တစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားသည်။ ပတ်လည်ဝိုင်းနေသည့် တောင်တန်းများထိပ်မှ တိမ်တိုက်များ လူးလွန့်လှုပ်ရှားလာသည်။ ကြည်လင်နေသည့်ကောင်းကင် မှောင်ကျသွားသည်။ မုန်တိုင်းက ပြင်းထန်သည်။ ယင်လေပြင်းများ ရုန်းကန်ထကြွလာသည်။

မဟာနတ်ဆိုးစွမ်းအားကို ပြလိုက်ခြင်းဖြစ်သည်။ အတွေးတစ်ချက်ဖြင့် ကောင်းကင်နိမိတ်ပေါ်လာအောင် လုပ်နိုင်သည်။

သို့သော် သူ့စိတ်ထဲ မခံမရပ်နိုင်ဖြစ်နေသည်။ သာမန်ဝံပုလွေနတ်ဆိုးလေးက သူ့ကို နှိပ်ကွပ်သွားသည်။ သူပိုင်ဆိုင်သည့်သစ်ပင်မှ ဝိညာဉ်သစ်သီးများအား စားနေသည်ကို ငေးကြည့်နေခဲ့ရသည်။

သစ်သီးများက သူ့အတွက် အဆာပြေစားစရာသာဖြစ်သည်။ သို့သော် ဝံပုလွေနတ်ဆိုးလုပ်ပုံက သူ့ကို စော်ကားခြင်းဖြစ်သည။ လှောင်ပြောင်သရော်ခြင်းဖြစ်သည်။

သည်းမခံနိုင်။ ဝံပုလွေထွက်သွားရာဆီ သူလှမ်းကြည့်သည်။ ယခုလိုက်သွားလျှင် အကျိုးမရှိ။ ကိုယ့်အရှက်ကိုယ်ခွဲသလိုသာဖြစ်မည်။ ကိုးရက်ကြာအောင် အရှက်ကွဲခဲ့ပြီးဖြစ်သည်။ မြေပေါ်တွင် လှဲနေရသည်။ ဝံပုလွေက သူ့ကိုအနီးကပ်စူးစမ်းသည်။ သူ့ကြေးခွံဖြင့် လက်သည်းသွေးသွားသည်။

“တော်ဝင်ချီ”

သူတဖေးဖြေးစိတ်ငြိမ်လာသည်။ နတ်ဆိုးဝံပုလွေက အရေးစိုက်စရာမရှိ။ တော်ဝင်ချီသာမရှိလျှင် ထိုဝံပုလွေကို သူ့နတ်ဆိုးစွမ်းအင်ဖြင့် ကောင်းကောင်းသတ်ဖြတ်နိုင်သည်။

သူနားမလည်သည့် တော်ဝင်ချီကြောင့် သူအရှက်ရခဲ့သည်။ တော်ဝင်ချီလေ့ကျင့်သည့် စာပေပညရှင်များကို သူမကြုံဖူးသည်မဟုတ်။

သို့သော် ထိုပညာရှင်အားလုံးက သူ့ကိုဖိနှိပ်ဖို့မဆိုထားနှင့် မြင်ရုံဖြင့်ပင် ထိတ်လန့်သွားကြသည်။ တစ်ခါက မဟာစာပေပညာရှင်ဖြစ်လာနိုင်သည့် လူတစ်ဘောက်ကြုံဖူးသည်။ ထိုပညာရှင် သူ့ကိုအတင်းဖိနှိပ်ရန် ကြိုးစားခဲ့သည်။ နောက်ဆိုးတွင် ထိုပညာရှင် စာပေနှလုံးပျက်စီးသွားသည်။

“လူသားတွေက တောင်ပေါ်မှာ ဘာလုပ်ချင်တာလဲ”

အတွေးများစွာ သူ့ခေါင်းထဲတွင်လာသည်။ တော်ဝင်ချီသည် လူသားမျိုးနွယ်နှင့် သက်ဆိုင်သည်။ တော်ဝင်ချီသယ်လာသည့် ဝံပုလွေသည် မကောင်းသည့်ရည်ရွယ်ချက် ရှိရမည်။

သို့သော် ထိုကိစ္စကို သူမကိုင်တွယ်နိုင်။ စာအုပ်ပေါ်တွင် ထိုတော်ဝင်ချီမျိုးချန်ထားနိုင်သူသည် သူစော်ကားနိုင်သည့်အဆင့်အတန်းမျိုးမဟုတ်။

“တောင်တန်းနတ်ဘုရားကို သတင်းပို့ရမယ်”

တွေးလေ စိတ်တိုလေဖြစ်လာသည်။ အမြီးကိုဝှေ့ယမ်းလိုက်သည်။ တိမ်တိုက်များက ရှည်လျားသည့် ခန္ဓာကိုယ်ကို ချက်ချင်းရစ်ပတ် ဖုံးလွှမ်းသွားသည်။

တိမ်တိုက်ကြားတစ်ဆင့် ကောင်းကင်သို့ပျံတက်သွားသည်။ ကျယ်ပြန့်သည့် တောင်တန်းများ၏ အလယ်ဗဟိုဆီသို့ ဦးတည်ပျံသန်းသွားသည်။

ထိုတာင်တန်း တစ်ခြားတောင်တန်းများနှင့်မတူဘဲ ထည်ဝါခံ့ညားသည်။ တိမ်ပင်လယ်ကို အပေါ်စီးမှကြည့်နေသည်။ ကောင်းကင်ကို ထိုးဖောက်မည့်အသွင်ဖြစ်သည်။ မြွေဖြူက ထိုတောင်တန်းတစ်ဝိုက်မှ တိမ်ပင်လယ်ကို နတ်ဆိုးချီဖြင့် အသက်သွင်းလိုက်သည်။ ကာလရှည်ကြာအိပ်ပျော်နေသည့် သိစိတ်တစ်ခု နိုးထလာသည်။

ရုတ်တရက် မြေပြင်တုန်ခါသွားသည်။လာသည်။ ကျောက်သားများစွာ အက်ကွဲလာသည်။ သစ်ပင်များပေါ်ကို လိမ့်ကျလာသည့် မြေထုနှင့်ကျောက်သားများက ဝါးမျိုးသွားသည်။ ပိုင်းဖြတ်သွားသည်။

သိုသော် ပြင်းထန်သည့်တုန်ခါမှုက ချက်ချင်းရပ်သွားသည်။ နိုးထလာသည့်ဝိညာဉ်က သူ့လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်ပျက်စီးနေကြောင်း အာရုံခံမိသောကြောင့်ဖြစ်သည်။

တောင်တန်းပေါ်တွင် ထူးဆန်းသည့်မြင်ကါင်းပေါ်လာသည်။ ပြိုကျလာသည့် မြေသားကျောက်သားများ လဲကျသည့် သစ်ပင်များနှင့် မြေဖုံးသွားသည့်သက်ပင်များပင် မျက်တောင်တစ်ခတ်အတွင်း အကောင်းပကတိအတိုင်း ပြန်ဖြစ်သွားသည်။

“တောင်တန်းနတ်ဘုရားအရှင်”

မြွေဖြူကာ တိမ်ပင်လဘ်ပေါ်ရစ်ခွေ၍ တည်ငြိမ်သွားသည့်တောင်တန်းဆီ လှမ်းကြည့်သည်။ အလွန်တရာကြီးများသည့် နဂါးဦးခေါင်းကြီးတစ်ခု တောင်ထိပ်တွင် ပေါ်လာသည်။

သစ်ပင်နှင့်ကျောက်သားများ ဘေးသို့ခွဲထွက်သွားသည်။ သို့သော် ထိုအပြောင်းအလဲကြောင့် မြက်တစ်ပင်မျှပင် ကျိုးမသွား။ နိုးထလာသည့်ဖြစ်တည်မှုက အလွန်တရာ နူးညံ့ညင်သာသည်။

တောင်ထိပ်အက်ကွဲသည်နှင့် တောင်တန်းနတ်ဘုရား၏ခန္ဓာကိုယ်က ပို၍ပို၍ထင်ရှားလာည်။ အစိမ်းပုပ်ရောင်ဦးချို၊ ရှည်လျားသည့်နှုတ်သီး၊ လူးလွန့်နေသည့် နှုတ်ခမ်းမွှေး စိမ်းပြာရောင်သန်းနေသည်အကြေးခွံ။ မြွေမှ နဂါးအသွင်ပြောင်းလာသည့် ကြောက်စရာ့ဖြစ်တည်မှုမျိုးဖြစ်သည်။

ထိုတောင်တန်းအောက် သူမည်မျှကြာအောင် အောင်းနေခဲ့သည်မသိ။ မြူမှုန့်များ၊ ကျောက်သားများ သစ်ပင်များပင် သူ့ကိုယ်ပေါ်တွင်ပေါ်ရောက်နေသည်။

“ဘာကိစ္စလဲ ပိုင်ချီ”

ဦးခေါင်းတစ်ပိုင်းသာထွက်နေပြီး ကျန်သည့်အပိုင်းက တောင်တန်းထဲနစ်မြုပ်လျက် တစ်သားတည်းဖြစ်နေသည်။ ကျေက်စိမ်းရောင်မျက်လုံးများဖြင့် မြွေဖြူကိုစိုက်ကြည့်သည်။ တောင်တန်းထဲမှ သက်ရှိအားလုံးကို ထိန်းချုပ်နိုင်ဟန်ရှိသည်။

‘တောင်တန်းနတ်ဘုရားသင်၊ လူသားမျိုးနွယ်တစ်ယောက် အရှင့်ဂုဏ်သရေကို စော်ကားခဲပါတယ်။ တောင်တန်းပေါ်ကို စွမ်းအားဖြန့်ကျက်လာပါတယ်”

“ဘာဖြစ်ခဲ့လို့လဲ”

တောင်တန်းနတ်ဘုရားက ပျော်ခြင်း ဒေါသထွက်ခြင်းမရှိ။

“လွန်ခဲ့တဲ့ ဆယ်ရက်က....”

အခြေအနေအားလုံးကို မြွေဖြူပိုင်ချီက ပြန်ပြောသည်။ ဖုံးကွယ်မထား။ ထိုနတ်ဘုရားရှေ့တွင် ဖုံးကွယ်ထားစရာလည်းမလို။

“မင်းကိုနှိပ်ကွပ်နိုင်တဲ့ တော်ဝင်ချီကို နတ်ဆိုးလေးတစ်ကောင်က သယ်လာတယ်ပေါ့”

တောင်တန်းနတ်ဘုရား အံ့အားသင့်သွားသည်။

အစိမ်းရောင်နဂါးက ကြီးမားသည့်ဦးခေါင်းကို မော့လိုက်သည်။ မျက်လုံးတွင် တောက်ပသည့်အလင်းများ ပေါ်လာသည်။ ထို့နောက် အောက်ဘက် တောင်တန်းများဆီ လှမ်းကြည့်သည်။ မိုင်ထောင်ချီဆန့်ထွက်နေသည့် တောင်တန်းမြင်ကွင်းအားလုံး သူ့အာရုံတွင်ပေါ်လာသည်။ နောက်ဆုံးတွင် ပြေးလွှားနေသည့် မီးခိုးရောင်ဝံပုလွေထံ အကြည့်ရောက်သွားသည်။

“ငါသိပြီ”

တောင်တန်းနတ်ဘုရား အားလုံးကို နားလည်သွားသည်။ ဦးခါင်းကိုငုံ့၍ မြွေဖြူကိုကြည့်လိုက်သည်။

“ငါအားလုံးနားလည်ပြီ။ တော်ဝင်ချီရဲ့ရင်းမြစ်ကို သိပြီ”

“တောင်တန်းနတ်ဘုရားသခင်၊ ဒီကိစ္စကို ဖြေရှင်းပေးပါ”

ပိုင်ချီ ဦးညွှန်အရိုအသေပေးလိုက်သည်။ သူ့သိက္ခာပြန်အဖတ်ဆယ်မရတော့။ သူ့အရှက်တရားအတွက် တောင်တန်းနတ်ဘုရား ဖြေရှင်းပေးနိုင်သည်။

လူသားမျိုးနွယ်တော်ဝင်ချီပင် တောင်တန်းနတ်ဘုရားကို မနှိပ်ကွပ်နိုင်။

ဤတောင်တန်းနတ်ဘုရားသည် လောကတစ်ခွင့်မှ တစ်ခြားဝိညာဉ်များနှင့်မတူ။ မြေသွေးကြော ‌ရေသွေးကြောကိုအုပ်စိုးရန် သတ္တဝါတို့၏ ပူဇော်မှုစွမ်းအားကို မှီတည်အားထားသူမဟုတ်။ မဟာတောင်တန်းက အသိအမှတ်ပြုထားသူ မိုးနှင့်မြေက လက်ခံထားသူဖြစ်သည်။ ရာထူးလွှဲပြောင်းခံယူခဲ့သူမဟုတ်။ တောင်တန်းရှိနေသမျှ တောင်တန်းနတ်ဘုရားရှိနေမည်ဖြစ်သည်။

သူသည် ဤတောင်တန်းကို အုပ်ချုပ်သူ၊ ဤတောင်တန်းမှ သက်ရှိအားလုံး၏ဆန္ဒအမှတ်သညာဖြစ်သည်။ တော်ဝင်ချီ မည်မျှကြောက်စရာကောင်းသည်ဖြစ်စေ လောကမှ သက်ရှိအားလုံးကို နှိပ်ကွပ်နိုင်စွမ်းမရှိ။

“မင်းဘာဆုံးရှုံးသွားလဲ”

တောင်တန်းနတ်ဘုရားမျက်လုံးက ကန်ရေပြင်ကဲ့သို့ ကြည်လင်တည်ငြိမ်သည်။

“ဒါမှမဟုတ် မင်းဘာဆုံးရှုံးထားလဲ”

မြွေဖြူ ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ပြောစရာစကားရှာမတွေ။ ဆုံးရှုံးမှု။ သူဘာဆုံးရှုံးသလဲ။ ဝံပုလွေနတ်ဆိုးလေးက သူအကြေးခွံကိုပင် အရာထင်အောင်မကုတ်ခြစ်နိုင်။ သူအဆာပြေစားသည့် သစ်သီးတစ်ချို့ကို စားသွားရုံသာရှိသည်။ တောင်တန်းနတ်ဘုရားအမြင်အရ ဆုံးရှုံးသည်ဟု မပြောသာ။ ထိုကိစ္စများ ထုတ်ပြောလျှင် သူသာမျက်နှာပျက်မည်။

သူတကယ်ဒေါသဖြစ်သည်က အရှက်တရား။ ထုတ်ပြောလိုသော်လည်း ပြောမရ။ ထို့အပြင် ဝံပုလွေနတ်ဆိုးလေးတစ်ကောင် စွမ်းအားမြင့်ချီစွမ်းအင်ကိုသယ်၍ တောင်တန်းထဲ စိတ်ထင်ရာပြေးလွှားရန် ခွင့်ပြုထားသည်မှာ နောက်ကွယ်တွင် အကြောင်းတစ်ခုခုရှိနိုင်သည်။

“မင်းပြောချင်တာကို ငါနားလည်ပါတယ်။ ဒီနတ်ဆိုးလေးကို ခေါ်လာဖို့ တမန်တစ်ယောက်လွှတ်လိုက်မယ်။ ပြီးမှ သူ့နောက်ကွယ်ကလူတွေနဲ့ ဆွေးနွေးကြည့်တာပေါ့”

All Chapters