တောင်တန်းနတ်ဘုရားတမန်
Vol. 4 Ch. 50
ကိုးရက်ကြာအောင် မြွေဖြူရေကန်တွင် နေခဲ့ပြီးနောက် တောင်နက်က ဝံပုလွေအုပ်ကိုခေါ်၍ ပြန်လာသည်။ ကြီးများသည့် ကျောက်ဖျာတစ်ချပ်ပေါ်တွင်ဝပ်လျက် နေဆာလှုံနေသည်။
ပျင်းတိပျင်းတွဲ ဇိမ်ခံနေဟန်ရှိသော်လည်း ဝိညာဉ်သစ်သီးစားပြီး ကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည့် စွမ်းအင်များကို တည်ငြိမ်အောင် ထိန်းနေခြင်းဖြစ်သည်။ ရက်ပိုင်းအတွင်း သာမန်နတ်ဆိုးများ နှစ်တစ်ရာကြာအောင် စုစည်းရမည့်စွမ်းအားမျိုး သူရလာသည်။
ခန္ဓာကိုယ်အရွယ်အစား၊ အသွေးအသားထဲမှ လည်ပတ်နေသည့် နတ်ဆိုးစွမ်းအင် အချိန်တိုတွင်း ဆပွားတိုးလာသည်။ သရဲမျက်လုံးဝံပုလွေနှင့် နှိုင်းယှဉ်ကြည့်သည်။ သူ့စွမ်းအားအပြည့်အဝ ထိန်းချုပ်နိုင်လျှင် စာအုပ်အကူအညီမလိုတော့။ သရဲဝံပုလွကို သူစိန်ခေါ်တိုက်ခိုက်နိုင်ပြီဖြစ်သည်။
“အူး...”
ထိုစဉ် သူ့အာရံများ ရုတ်တရက် နိုးကြားလာသည်။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ကျောက်ဖျာနှင့်မလှမ်းမကမ်းမှ မြေပြင်တစ်နေရာကို စိုက်ကြည့်သည်။
ဆော့ကစားနေကြ ဆက်သွယ်ပြောဆိုနေကြသည့် ဝံပုလွေများလည်း ချက်ချင်းရပ်သွားသည်။ သူတို့ဘုရင်ကြည့်ရာဘက်ဆီ လှမ်းကြည့်ကြသည်။
သာမန်ထင်ရသည့် မြေသားက ကြွတက်အက်ကွဲသွားသည်။ ထို့နောက် လူပုအဖိုးအိုတစ်ယောက် မြေကြီးထဲမှပေါ်လာသည်။
သင်းပျံ့သည့်မြက်ပင်နံ့ သစ်ရွက်နံ့များ လေထဲတွင် ချက်ချင်းပြည့်သွားသည်။ ဘေးပတ်လည်တွင် ရှိနေသည့်ဝံပုခွေများ အမူအရာပြောင်းသွားသည်။ တိုက်ခိုက်ရန် အလိုလို တိုးကပ်လာသည်။
“ဝံပုလွေနတ်ဆိုး၊ မင်းမျိုးနွယ်တွေကို ထိန်းပါ။ ငါက တောင်တန်းနတ်ဘုရားအမိန့်နဲ့လာတာကွ။ ငါ့ကို အန္တရာယ်ပေးရင် တောင်တန်းနတ်ဘုရားကို စောကားတာပဲ။ ဆိုးဝါးတဲ့အဆုံးသတ်ကို မင်းကြုံရမယ်”
သစ်ရွက်စိမ်းများ ဖုံးလွှမ်းနေသည့် လူပုအဘိုးအို လူအစစ်နှင့် ဆယ်ပုံခုနစ်ပုံခန့် တူသယောင်ရှိသည်။ သို့သော် အနီးကပ်ကြည့်လျှင် လူသားမဟုတ်သည့်လက္ခဏာများ တွေ့ရမည်ဖြစ်သည် တင်းမာသည့်မျက်နှာရှိသည်။ အသံက ကျယ်လောင်ပီသသည်။
မည်သို့နားထောင်သည်ဖြစ်စေ တကယ်သတ္တိရှိသည့်အသံမျိုးဟု မထင်ရ။ မဝံ့မရဲဖြစ်နေပုံမျိုးဖြစ်သည်။
“ဂါး”
တောင်နက်က ထိုအဘိုးအို လူသားမဟုတ်မှန်း ချက်ချင်းသိသည်။ ရင်ဘတ်မှတွဲလောင်းကျနေသည့်အရာက သစ်မြစ်တစ်ခုနှင့်တူသည်။ ခေါင်းပေါ်တွင်လည်း မြက်ပင်များရှိနေသည်။
ပို၍ထူးဆန်းသည်မှာ ဝိညာဉ်သစ်သီးများ စားခဲ့ပြီးဖြစ်သော်လည်း တောင်နက်စိတ်ထဲ ထိုအဘိုးကို စားချင်စိတ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
တောင်နက် စိတ်ကိုထိန်း၍ ဘေးနှစ်ဘက်မှ ဝံပုလွေများထံလှည့်ကြည့်၍ အော်ဟစ်လိုက်သည်။ တောင်ဝင်အမိန့်ဖြင့် နောက်ဆုတ်ခိုင်းခြင်းဖြစ်သည်။ အဘိုးအိုကို ရန်မစရန် တားဆီးသည်။
အဘိုးအိုသူ့ကိုယ်သူ တောင်တန်းနတ်ဘုရားတမန်ဟု ပြောခဲ့သောကြောင့်ဖြစ်သည်။ အဘိုးအိုကို သတိမပြတ်ထား၍ သူစိုက်ကြည့်နေသည်။
သူ့သိစိတ်ဝိညာဉ် သိသိသာသာတိုးတက်ခဲ့သည်။ သရဲနတ်ကို သူတွေ့ဖူးသည်။ သို့သော် တောင်တန်းနတ်ဘုရားဆိုသည်ကို မသိ။
“ဝံပုလွေနတ်ဆိုး၊ တောင်တန်းနတ်ဘုရားအမိန့်ကို နာခံပါ”
နတ်ဆိုးသားရဲလေးတစ်ကောင်က မာန်ထောင်နေသဖြင့် အဘိုးအိုမျက်နှာ တည်သွားသည်။ အသံကိုမြှင့်၍ အော်ဟစ်လိုက်သည်။
တောင်နက် နည်းနည်းမျက်မှောင်ကျုံ့သွားသည်။ ဒေါသထွက်လာသည်။ တောင်တန်းနတ်ဘုရားသည် လက်ရှိတွင် သူမော့ကြည့်ရသည် ဝိညာဉ်မျိုးဖြစ်လျှင်ပင် လူပုတမန်တော်ဟန်ပန်က မထေမဲ့မြင်နိုင်လွန်းသည်။
သို့သော် သူမလှုပ်ရှားမီ အစိမ်းရောင် အလင်းတစ်ခု ထိုလူပုကိုယ်ပေါ်မှ ထိုးထွက်လာသည်။လာသည်။ ဖိအားတစ်ခုကျလာသည်။ တောင်တန်းများစွာ ပြိုကျလာသကဲ့သို့ပင်ဖြစ်သည်။ တောင်နက်သာမက ဆယ်မိုင်ပတ်လည်အတွင်းမှ သက်ရှိအားလုံး အသံတိတ်သွားကြသည်။
“ဝံပုလွေနတ်ဆိုး၊ အမိန့်နာခံပါ”
တောင်တန်းနတ်ဘုရား၏ ခံ့ညားသည်စွမ်အင်ရောင်က လူပုအဘိုးအိုကို သက်ရောက်ခြင်းမရှိ။ သူပို၍ ယုံကြည်မှုရှိလာသည်။ နည်းနည်းလည်း စိတ်လှုပ်ရှားနေသည်။ တောင်တန်းနတ်ဘုရားအမိန့်ကို သူပထမဆုံးအကြိမ် ပေးပို့ရခြင်းဖြစ်သည်။
သူတစ်ယောက်တည်းသာ ထိုအမိန့်ကို ပို့နိုင်မည်ဟု တောင်တန်းနတ်ဘုရားက သူ့ကိုပြောခဲ့သည်။ တစ်ခြားဝိညာဉ်များ နတ်ဆိုးများ လုံးဝမပို့နိုင်ဟုဆိုသည်။
သူ့အော်သံဆုံးသည်နှင့် တောင်တန်းနတ်ဘုရားဖိအားဒဏ်ခံနေရသည့်တောင်နက် သူ့ခန္ဓာကိုယ်သူ နည်းနည်းထိန်းချုပ်နိုင်လာသည်.
ခေါင်းမော့ကြည့်လိုက်သည်။ အစိမ်းအလင်းက ကောင်းကင်ဆီမြင့်တက်သွားပြီး တောက်ပသည့်အပြာရောင်ကြေးခွံတစ်ခု အဖြစ်ပြောင်းသွားသည်။ ထိုအကြေးခွံ သူ့မျက်နှာရှေ့တွဲဝဲနေပြီး ညင်သာစွာကျဆင်းလာသည်။
“တောင်တန်းနတ်ဘုရားအမိန့်ကို ပို့ဆောင်ပြီးပါပြီ။ ကျွန်တော်မျိုးတမန်တော် ပြန်ပါတော့မယ်”
လူပုအဘိုးအို အခိုးအငွေ့အဖြစ်ပြောင်း၍ မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
တောင်နက် သူ့ကိုလိုက်ဖမ်းရန် မကြိုးစား။ ရှေ့မှ အပြာရောင်ကြေးခွံကိုသာ အာရုံစိုက်သည်။
စွမ်းအင်ငွေ့တစ်ခုကို အာရုံခံမိသည်။ သူ့အာရုံတွင် မြွေနဂါးတစ်ကောင် မြင့်မားသည့်တောင်တန်းထက်တွင် လှုပ်ရှားနေသည်ကို မြင်ရသည်။ ကြီးမားလွန်းသည့်ခန္ဓာကိုယ်က တောင်တစ်ဝက်ကို ရစ်ခွေထားသည် ဖိအားပြင်းထန်သည့် စွမ်းအင်ရောင်ကို တိုက်ရိုက်ရင်ဆိုင်ရသဖြင့် တောင်နက် အသက်ရှူနည်းနည်းကြပ်လာသည်။ သူလည်း စွမ်းအားအဆင့်တစ်ခု တက်ပြီးသူဖြစ်သည်။ သို့သော် ထိုနဂါးရှေ့တွင် ဘာမှမဟုတ်သလို ခံစားရသည်။
တောင်နက်၏ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကိုခံစားမိသဖြင့် ဆရာကျန်း၏စာသင်ခန်းထဲတွင် ရှိနေသည့် ဖုန်ချင်အန်း လန့်ဖျတ်သွားသည်။
တောင်နက်ဘာကြောင့် ထိုသို့ဖြစ်သည်ကို စူးစမ်းလိုသော်လည်း လတ်တလောအန္တရာယ်မရှိနိုင်ကြောင်းသိသဖြင့် အတန်းပြီးချိန်ထိစောင့်လိုက်သည်။
ကျောင်းနားချိန်တွင် ဆိတ်ငြိမ်ရာနေရာရှာ၍ တောင်နက်၏အာရုံသို့ ဝင်လိုက်သည်။ အားကောင်းသည်စွမ်းအင်ရောင်များ ထွကနေသည့် အပြာရောင်ကြေးခွံက သူ့အားဆွဲခေါ်နေသည်ကို သတိထားမိသည်။ တောင်နက်ထံ ချက်ချင်းဆက်သွယ်မေးမြန်းသည်။ ထို့နောက် အားလုံးနားလည်သွားသည်။
“ငါတို့ အကြီးကြီး သွားရှုပ်မိပြီကွ”
ဖုန်ချင်အန်း ခေါင်းကိုက်လာသည်။ သူတို့ထက်များစွာ အဆင့်အတန်းမြင့်သည့် သားရဲတစ်ကောင်ကို သွားစော်ကားမိသည်မှာ သေချာသည်။ မြွေဖြူက ကိုယ်တိုင်ရင်မဆိုင်နိုင်သဖြင့် တောင်တန်းမှစွမ်းအားအကြီးဆုံး အဆင့်မြင့်ဆုံးသားရဲကို အကူခေါ်ခြင်းဖြစ်သည်။
“ငါ့တော်ဝင်ချီ အလုပ်ဖြစ်ပါဦးမလား”
ထိုမေးခွန်း သူ့ခေါင်းထဲဝင်လာသည်။ တော်ဝင်ချီသည် သရဲဝိညာဉ်များ နတ်ဆိုးများကို နှိပ်ကွပ်နိုင်သည်။ ယခု တောင်တန်းနတ်ဘုရားကိုလည်း ထိုသို့လုပ်နိုင်မည်လားမသိ။
အကောင်းဘက်မှတွေးလျှင် တောင်တန်းနတ်ဘုရားကိုလည်း သူ့တော်ဝင်ချီဖြင့် နှိပ်ကွပ်နိုင်မည်။ သို့သော် နတ်ဘုရား၏အဆင့်အတန်းက အတော်မြင့်သည်။ သူ့အကိုလွန်ခဲ့သည့် နှစ်အတော်အကြာကရေးခဲ့သည့်စာအုပ်များ အသုံးဝင်ချင်မှဝင်မည်။
နတ်ဘုရားအမိန့်ပို့လာသူကလည်း သာမန်မဟုတ်။ တောင်တန်းနတ်ဘုရားက ကြောက်ရွံပုံမပေါ်။ ဖိတ်ခေါ်ပုံက ရိုးရှင်းသည်။ တောင်နက်ကို စကားပြောလိုခြင်းဖြစ်သည်။
သိုသော သာမန်စကားပြောဆိုမှုမျိုး ဟုတ်ပုံမရ။
သွားသင်မသွားသင့်။
ဖုန်ချင်အန်း စဉ်းစားနေသည်။ တောင်နက်ကို အိမ်ပြန်ပြေးလာခိုင်းပြီး ခဏပုန်းနေခိုင်းရန် စဉ်းစားသည်။ သို့သော် တောင်နက်အရွယ်အစားက ပုန်း၍ကောင်းသည်အနေအထားမဟုတ်။ သူတို့မွေးထားသည့် နွားများလောက် ထွားကျိုင်းနေသည်။
သို့သော် သူအတွေးလွန်နေခြင်းဖြစ်ကြောင်း နားလည်လိုက်သည်။ တောင်တန်းပေါ်တွင် တောင်တန်းနတ်ဘုရားအမိန့်ရပြီးလျှင် ဖီဆန်ရန်မဖြစ်နိုင်။
နေက အနောက်အရပ်တွင် မေးတင်နေသည်။ ဆည်းဆာချိန်ရောက်လာသည်။ အဖြူရောင်ဝံပုလွေတစ်ကောင် အနောက်ဘက်အရပ်မှ တိမ်တိုက်ပေါ်စီး၍ ရောက်လာသည်။