← Chapters

ဒုတိယဝိညာဉ်စာချုပ်

Vol. 4 Ch. 55

ဒုတိယဝိညာဉ်စာချုပ်

Vol. 4 Ch. 55

နေလသန္ဓေတို့ကို ဝါးမျိုခြင်းသည် နတ်ဆိုးတို့၏အလေ့အထဟု ကျမ်းစာများထဲတွင် ‌ဖေါ်ပြကြသည်။ သို့သော် သာမန်နတ်ဆိုးများမလုပ်နိုင်။ ထူခြားသည့်နတ်ဆိုးသာ လုပ်နိုင်သည်။

ငှက်များ ငါးများ တော်ရိုင်းကောင်များ နတ်ဆိုးအသွင်ပြောင်းသည်။ သို့သော် မျိုးဆက်သွေးပိုင်ဆိုင်သူ အနည်းငယ်သာရှိသည်။ သူတို့ အသွင်ပြောင်းသည်နှင့် သွေးဆက်အမွေ အသက်ဝင်လာသည်။ အသက်ရှူနည်းကျင့်ကြံနိုင်သည့် စွမ်းရည်ရလာသည်။

သို့သော် နတ်ဆိုးအသွင်ပြောင်းသားရဲအများစုက ထိုအဖြစ်မျိုးမရကြ။ တိရစ္ဆာန်ဗီဇသိစိတ်ဖြင့်သာ ဆက်သွားသည်။ သူတို့ချင်းမတူညီကြောင်း သူတို့ဘာသာသတိထားမိလာချိန်မှသာ အပြောင်းအလဲပေါ်လာသည်။

သို့တိုင်အောင် ကျင့်ကြံခြင်းနည်းလမ်းများကို ကျွမ်းကျင်နိုင်စွမ်းမရှိကြ။ နတ်ဆိုးငယ်အများစုက ဘဝတစ်လျှောက်လုံး မသိနားမလည်အဆင့်ဖြင့်သာ အချိန်ကုန်သွားသည်။

ထိုနတ်ဆိုးငယ်များအတွက် အသွင်ပြောင်းခြင်းသည် သက်တမ်းဆွဲဆန့်ခြင်းမျှသာဖြစ်သည်။ ဘိုးဘေးသွေးဆက်အမွေရသူများသာ အဆင့်အတန်းမြင့်မားအောင် အသွင်ပြောင်းလာနိုင်ကြသည်။

သို့သော် လောကတွင် ဘယ်အရာမှ ကံသေကံမပြော၍မရ။ ဘိုးဘေးသွေးဆက်မရှိသော်လည်း ကျင့်ကြံနည်းများကို အပြင်မှ ရှာဖွေသင်ယူနိုင်သည်။ ရှေးနတ်ဘုရားတ်ဆိဝိညာဉ်အကြွင်းအကျန်များကို ရှာဖွေနိုင်သည်။ မိုးမြေကိုလမ်းညွှန်အဖြစ်ထား၍ စွမ်းအင်သဘောတရားကို ကိုယ့်ဘာသာနားလည်နိုင်သည်။

တောင်နက်သည် နောက်ခံမထင်ရှားသည့် နတ်ဆိုးတစ်ကောင်ဖြစ်သော်လည်း လူသားတစ်ယောက် မွေးမြူခြင်းခံခဲ့ရသည်။

“မင်းမှာ တစ်ခြားတောင်းဆိုချင်တာ ရှိသေးလား”

တောင်တန်းနတ်ဘုရားက ဖုန်ချင်အန်းင်အန်းကို လှည့်မေးသည်။

“မရှိတော့ပါဘူး”

ဖုန်ချင်အန်း ခေါင်းခါသည်။ နတ်ဘုရားက သူ့ကိုလေးစားမှုအပြည့်ပေးခဲ့ပြီးဖြစ်သည်။ ယခု တောင်နက်ကြိုးစားဖို့သာ လိုတော့သည်။ အနည်းဆုံးတော့ အရင်လို တောင်တန်းကို ဆက်ဒုက္ခပေးစရာမလိုတော့။ စွမ်းအင်ကို အလဟဿဖြုန်းတီးစရာမလိုတော့။

“ဒါဆို ကျန်နေတဲ့ဒီစာအုပ်တွေယူပြီး သွားတော့။ နောက်ထပ် တောင်ပေါ်မှာ ဒါတွေ ထပ်ပေါ်မလာပါစေနဲ့”

“တောင်နက်အတွက် တောင်တန်းမှာ အခက်အခဲမရှိရင် ပေါ်မလာစေရပါဘူး”

ဖုန်ချင်အန်း အာမခံလိုက်သည်။

“ကောင်းပြီလေ”

တောင်တန်းနတ်ဘုရားက ဖုန်ချင်အန်းရှေ့မှ လက်ဖက်ရည်အိုးကိုမ၍ ကျန်နေသည့် လက်ဖက်ရည်များကို ခွက်ထဲဖြည့်ပေးလိုက်သည်။

ဖုန်ချင်အန်း ကောက်ယူ၍သောက်သည်။ ဝိညာဉ်အဟာရကိုခံစားပြီးနောက် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။

“မဟာနတ်ဘုရား၊ ကျုပ်သွားပါတော့မယ်”

နတ်ဘုရားက အင်္ကျီလက်ကို ညင်သာစွာဝှေ့ယမ်းလိုက်သည်။ ရင်းနှီးနေသည့်မြင်ကွင်းကို ဖုန်ချင်အန်း ပြန်မြင်ရသည်။ တောင်နက်မြင်ကွင်းသို့ ပြန်ပြောင်းသွားသည်။

ထိုစဉ် တောင်နက်နဖူးမှ အစိမ်း‌ရောင်အလင်းတစ်ခု ထွက်လာပြီး တစ်ကိုယ်လုံးဖုန်းလွှမ်းသွားသည်။ သူလာခဲ့သည့်နေရာသို့ ပြန်လည်ထိုးထွက်လာသည်။သွားသည်။

“တောင်တန်းနတ်ဘုရားသခင်၊ ဘာလို့ ဒီနတ်ဆိုးလေးကို နှင်မထုတ်လိုက်တာလဲ။ သူ့ကို တောင်တန်းပေါ် ထပ်အဝင်ခံလို့မဖြစ်ပါဘူး။ တောင်တန်းအပြင်မှာတောင် ဒီအဆင့်လောက်ထိ သူကြီးထွားလာပြီ။ ပြီးတော့ လူသားတစ်ယောက်က မွေးထားတာပါ”

ဝံပုလွေဖြူ ထုတ်ပြောမိသည်။

“ငါ့မျက်လုံးထဲမှာတော့ သူဟာ တောင်တန်းရဲ့ကလေးငယ်တစ်ယောက်ပါပဲ။ တောင်တန်းအပြင်မှာ မွေးခဲ့ပေမယ့် နောက်ဆုံးတော့ တောင်တန်းပေါ် ပြန်ရောက်လာပြီလေ။ မြွေစိမ်းတောင်က ဝံပုလွေငယ်တစ်ကောင်ကိုတောင် လက်မခံနိုင်တော့ဘူးလား”

နတ်ဘုရား နူးညံ့စွာပြုံးလိုက်သည်။ မျက်လုံးများက ကောင်းကင်အားလုံးမှကြယ်များ၊ တောင်တန်းနှင့်မြစ်ချောင်းများကို ထိန်းချုပ်ထားသယောင်ရှိသည်။

“သခင်ပြောတာ မှန်ပါတယ်”

ဝံပုလွေဖြူ ဦးညွှတ်အရိုအသေပြုလိုက်သည်။ နတ်ဘုရားက လက်ခံလိုက်ပြီဖြစ်၍ သူဘာမှထပ်ပြောစရာမရှိ။

“ဒီစာအုပ်ကို တန်ဖိုးထားပါ။ ဘာမှလုပ်စရာမရှိရင်တောင် ဒါကိုဖတ်နေပါ”

“ဟုတ်ကဲ့”

ထို့အချိန်တွင် တောင်နက်က အစိမ်းရောင်အလင်းသယ်ဆောင်မှုဖြင့် သူ့ဝံပုလွေဂူသို့ရောက်လာသည်။ ရထားသည့် အသက်ရှူးကျင့်စဉ်ကို မစရသေးမီ ဖုန်ချင်အန်းအသံ သူ့အာရုံတွင် ပေါ်လာသည်။

“အာရုဏ်မတက်ခင် စာအုပ်ကို မြန်မြန်ပြန်သယ်လာခဲ့။ ဒီနေ့ကစလို့ အဲဒါတွေ မင်းမလိုတော့ဘူး”

“အူး...”

တောင်နက် လှုပ်ရှားနေသည့်စိတ်ကို ထိန်းလိုက်ရသည်။ စားအုပ်အိတ်ကို ပါးစပ်ဖြင့် ကိုက်ချီ၍ တောင်အောက်သို့ ဆင်းပြေးလာသည်။

ဖုန်ချင်အန်း နတ်ဘုရားပို့လွှတ်ခြင်းစွမ်းရည်ကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ သူ့မျက်လုံးများက အမှောင်ထဲတွင် တောက်ပနေသည်။ ဖယောင်းမီးမရှိသော်လည်း အခန်းထဲမှ အရာအားလုံးကို ရှင်းလင်းစွာ သူမြင်ရသည်။ စာအုပ်စင်ပေါ်မှ အလင်းရောင်မှိန်မှိန်သည်လည်း ပို၍တောက်ပလာသည်။

“ဟာ”

တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် မျက်လုံးမှိတ်၍ ဝိညာဉ်စုစည်းခြင်းနှင့် ဝိညာဉ်အားဖြည့်ခြင်းစွမ်းရည်ကို လည်ပတ်လိုက်သည်။ မိုးမြေကြားမှ ဝိညာဉ်ချီများ သူ့ဘေးသို့ ချက်ချင်း စုစည်းလာကြသည်။ ငှက်များ အသိုက်ပြန်လာသကဲ့သို့ဖြစ်သည်။

ခဏကြာပြီးနောက် လှိုင်းထ၍ဖရိုဖရဲဖြစ်နေသည့် ဝိညာဉ်ချီများ အားတစ်ခုနှင့် ဆက်သွယ်မိပြီး မိုးပြာရောင်အလင်းစက်ဝိုင်းတစ်ခုအသွင်ပြောင်း၍ သူ့ကိုဝိုင်းပတ်ထားသည်။

အလင်းစက်ဝိုင်း ရုပ်လုံးပေါ်သည်နှင့် သူမျက်လုံးဖွင့်ကြည့်သည်။ စက်ဝိုင်း ပျောက်ကွယ်သွားသည်။ သူ့မျက်နှာတွင် အပျော်ရိပ်သန်းနေသည်။

ဒုတိယဝိညာဉ်စာချုပ်။

“အတော်ကောင်းတဲ့ လက်ဖက်ရည်ပဲ”

သူဝမ်းသာအားရ ရေရွတ်မိသည်။

စာချုပ်အပြည့် မဖန်တီးနိုင်ခဲ့သော်လည်း နေက်ထပ်ဆယ့်ငါးရက်အတွင်း သူပြီးမြောက်လိမ့်မယ်။ နတ်ဘုရားဧည့်ခံခဲ့သည့် လက်ဖက်ရည်ကြောင့် ဒုတိယဝိညာဉ်စာချုပ်ကို ချက်ချင်းဖန်တီးနိုင်ခြင်းဖြစ်သည်။

သူ့ဝိညာဉ်စွမ်းအားလည်း အံ့ဩဖွယ်ကောင်းလောက်အောင် တိုးတက်လာသည်။ တတိယဝိညာဉ်စာချုပ်ဖန်တီးနိုင်ဖို့ သိပ်ကြာတော့မည်မဟုတ်။ ဂျင်နရယ်အဆင့်ထက်မြင့်သည့် သားရဲတစ်ကောင်ကို ဝိညာဉ်စာချုပ်ချုပ်နိုင်သည်နှင့် သူသည်မြေသားရဲထိန်းဂျင်နရယ်ဖြစ်လာမည်။

“ဒုတိယသားရဲကို သေချာရွေးချယ်မှဖြစ်မယ”

သူစည်းစားသည်။ ထို့နောက် ခြံထဲမှ မသဲမကွဲအသံတစ်ခု ကြားလိုက်ရသည်။ တစ်ခုခုပြုတ်ကျသည့်အသံဖြစ်သည်။ အလွန်တိုးညှင်းသည်။ သို့သော် သူအာရုံက ထက်မြက်စူးရှသည်။ သူချက်ချင်းထရပ်လိုက်သည်။

ခြံထဲသို့ ဆင်းသွားချိန်တါင် တောင်နက်က စာအုပ်အိတ်ကို ပါးစပ်တွင်ကိုင်၍ ဝပ်နေသည်။ အမြီးနံ့နေသည်။ သူ့အရွယ်အစားက လူတိုင်းထိတ်လန့်ရလောက်သည်အထိ ကြီးထွားလာသည်။

ထို့ကြောင့် တောင်နက်ခေါင်းပေါ်လက်တင်၍ အရိုးသန့်စင်စွမ်းရည်ကို သုံးလိုက်သည်။

“တောင်ပေါ်ကို မြန်မြန်ပြန်သါားတော့။ ထူးခြားတဲ့အခြေအနေမျိုးမရှိရင် ပြန်မလာနဲ့။ စိတ်ချပါ။ မင်းကလွဲရင် တစ်ခြားခွေးတွေ ငါမမွေးပါဘူး”

“အူးးး”

တောင်နက် ခပ်တိုးတိုးညည်းသည်။ ရွာထဲတွင်နေ၍ မဖြစ်တော့ကြောင်း သူသိသည်။ ခြံစည်းရိုးကို အလွယ်တကူ ခုန်ကျော်၍ တောင်တန်းဆီ သူပြန်ပြေးသွားသည်။

တောင်နက်ကို ပြန်လွှတ်ပြီးနောက် အခန်းထဲဝင်ရန်ပြင်နေစဉ် သူ့ဝမ်းဗိုက်အောက်ပိုင်းမှ တင်းကြပ်လာသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။

ညကလည်း တိတ်ဆိတ်နေသည်။ ဘယ်သူမှလည်းမရှိသဖြင့် ခြံထောင့်တွင်စိုက်ထားသည့် အော်စမန်သစ်ပင်ဆီသို့သွား၍ ခါးပတ်ကိုဖြေကာ ဘောင်းဘီကို ဆွဲချလိုက်သည်။

သစ်ပင်ငယ်ပေါ်သို့ ကြည်လင်သည့်အရည်များ ပက်ဖြန်းသွားသည်။ ထို့နောက် စာအုပ်အိတ်ကိုမ,၍ ပေါ့ပါးသည့်ခြေလှမ်းများဖြင့် အခန်းဆီပြန်လာသည်။

ထိန်လင်းသည့်လရောင်က အော်စမန်သစ်ပင်ခြေရင်းမှ စိုစွတ်သည့်နေရာသို့ ထိုးကျနေသည်။ လေတိုက်သကဲ့သို့ သစ်ရွက်များ အနည်းငယ်လှုပ်ခါနေသည်။ ကြယ်ရောင်လရောင်က နူးညံ့သည့်သစ်ရွက်များပေါ် ထိုးကျနေပြီး ကြည်လင်တောက်ပနေသည်။

ရွာအပြင်ဘက်တွင် အရပ်မြင့်မားထွားကျိုင်းသည့် လူတစ်ယောက်ရပ်နေသည်။ သူ့ရှေ့မှ လယ်ကွင်းများဆီ ကြည့်နေသည်။ ထိုလယ်ကွင်းထဲ စိုက်ပျိုးပင်များက ဝိညာဉ်ချီကို စုပ်ယူနေသည်။ ပမာဏနည်းသော်လည်း ပုံမှန်မဟုတ်သည့် မြင်ကွင်းပင်ဖြစ်သည်။

“ဒီအပင်တွေက အသိဉာဏ်ရလာတော့မယ်။ မင်းဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခုခုသိထားတာရှိလား”

သူ့ဘေးတွင် ကြောက်ကြောက်ရွံ့ရွံ့နှင့်ရပ်နေသည့် လူပုအဘိုးအိုကို လှည့်မေးလိုက်သည်။

All Chapters