← Chapters

နွားသိုးကိုဆွဲလှဲနိုင်သည့်အား

Vol. 4 Ch. 56

နွားသိုးကိုဆွဲလှဲနိုင်သည့်အား

Vol. 4 Ch. 56

‘သူက ငါ့ကိုမေးနေတယ်ပေါ့။ ငါဘယ်လိုသိမှာလဲ’

မြေနတ်မင်း စိတ်ထဲတွင် ကျိန်ဆဲမိသည်။ သူ့ရာထူးတိုးကိစ္စအတွက် ပြင်ဆင်နေသည်မှလွဲလျှင် ထိုကဲ့သို့ အသေးအဖွဲကိစ္စများကို သူဂရုမစိုက်တော့။

ထို့အပြင် ဘယ်လယ်ကွင်း ဘာစိုက်သည် ဘယ်သီးနှံရသည် ဝိညာဉ်ချီစုပ်ယူနိုင်သည့် အပင်များကို ဘယ်သူစိုက်သည် သူအ‌ရေးစိုက်နေမည်မဟုတ်။

“ညကင်းလှည့်နတ်ဘုရား၊ ကျုပ်မသိပါဘူးခင်ဗျာ”

“ညကင်းလှည့်နတ်ဘုရားသည် သူ့ထက်အဆင့်မြင့်သဖြင့် ရိုရိုသေသေပြန်ဖြေရသည်။ သူ့စိတ်ထဲ ပြောစရာစကားများ ထောင်သောင်းမကရှိသော်လည်း သူချုပ်တည်းထားသည်။

“ဒီလယ်ကွင်းတွေက ဘယ်မိသားစုပိုင်တာလဲ”

ညကင်းလှည့်နတ်ဘုရား ဆက်မေးသည်။

“ထိပ်တန်းစာပေပညာရှင်မိသားစုပါ”

မြေနတ်မင်း သိပါသည်။

ညကင်းလှည့်နတ်မင်း အသံတိတ်သွားသည်။ ရွာဆီသို့လှမ်းကြည့်သည်။ ညအမှောင်အောက်တွင် တောက်ပသည့်ရွှေရောင်အလင်းများက အတော်ထင်ရှားနေသည်။ ထို့နောက် သူ့လှည့်ထွက်သွားသည်။

“ကင်းလှည့်နတ်မင်း၊ ဘယ်ကိုသွားမလို့ပါလဲ”

မြေနတ်မင်း အမြန်မေးလိုက်သည်။

“ဒီကိစ္စ မြို့တော်သခင်ကို သတင်းပို့ရမယ်”

“ဪ”

မြေနတ်မင်း ခြေလှမ်းရပ်လိုက်သည်။ ထိုစကားမျိုး သိပ်မကြာသေးခင်ကလည်း သူကြားဖူးခဲ့သည်။

“ဒီကိစ္စ ငါနဲ့တော့ ပတ်သက်စရာမရှိလောက်ဘူး ထင်ပါရဲ့”

မြေနတ်မင်း သူ့ဘာသာ ရေရွတ်နေသည်။ ပုံမှန်အားဖြင့် အိမ်မွေးတိရစ္ဆာန် နတ်ဆိုးအသွင်ပြောင်းသည့်ကိစ္စများကိုသာ သူစောင့်ကြည့်ရသည်။

စိုက်ပျိုးသီးနှံများ ဝိညာဉ်ချီရသည့်ကိစ္စက အတော်ထူးဆန်းသည်။ ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သော်လည်း သူလက်လှမ်းမီနိုင်သည့်အရာမဟုတ်။

“ငါ့ရာထူးတိုးအမိန့်စာ ဘယ်အချိန်ကျမှ ရောက်လာမှာလဲကွာ”

သူသက်ပြင်တစ်ချက်ချ၍ အဝါရောင်အလင်းတန်းအဖြစ်ပြောင်းကာ မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

............................

မြို့တော်နတ်ဘုရားဆီ သတင်းပို့သည့် ညကင်းလှည့်နတ်မင်းအတွက် စကားတစ်ခွန်းသာ ပြန်ရသည်။

“စုံစမ်းစရာမလိုဘူး။ ဒီကိစ္စကို မေ့ထားလိုက်”

အာရုဏ်တက်ချိန် ကြက်တွန်သံနှင့်အတူ အမှောင်ညကိုကျော်ဖြတ်၍ အလင်းရောက်လာသည်။

ဖုန်ချင်အန်း အိပ်ယာထသည်။ ပျင်းရိပျင်းတွဲ အကြောဆန့်လိုက်သည်။ မျက်နှာသစ်သည်။ သွားတိုက်သည်။ မနက်စာစားသည်။ ယင်ရှီချုပ်ပေးထားသည့် ကျောင်းလွယ်အိတ်အသစ်ကိုကောက်၍ ရွာကျောင်းသို့သွားရန်ပြင်သည်။

သို့သော် ခြံထဲသို့ရောက်ချိန်တွင် ခြေလှမ်းရပ်သွားသည်။ ခြံထဲတွင် ဝင့်ကြွားသည့်ဟန်ပန်ဖြင့် လှည့်ပတ်သွားလာနေသည့် ငါးရောင်ခြယ်ကြက်ဖကြီးကို သူလှမ်းကြည့်သည်။ စိတ်ထင်၍လားတော့မသိ။ ထိုကြက်ဖ အရွယ်အစားအတော်ကြီးလာသည်။

“အကဲဖြတ်မယ်”

(မျိုးစိတ် - ဘရိုကိတ်ကြက်)

(ဗီဇ - ငှက်**)

(**တောင်ပံပါသည့် ခြေနှစ်ချောင်းသတ္တဝါအားလုံးကို ညွှန်းပါသည်။ ဘာသာပြန်က အင်္ဂလိပ်အဓိပ္ပါယ်ကို မမီပါ)

(စွမ်းရည် - ဝိညာဉ်နိုးထခြင်း၊ အခြေခံအဆင့်)

(တိုက်ခိုက်စွမ်းအား - မရှိ)

ဖုန်ချင်အန်း မျက်လုံးများမှေးစင်းသွားပြီး ကြက်ဖကိိုစုက်ကြည့်နေသည်။ ကြက်ဖပုံစံက အရင်အတိုင်းသာဖြစ်သည်။ သူအမှတ်မမှားလျှင် ထိုကြက်ဖကို ဝိညာဉ်ပေါင်းစပ်မှု တစ်ကြိမ်သာလုပ်ပေးခဲ့သည်။ တစ်ကြိမ်တည်းသာဖြစ်သည်။ သို့သော်ယခု ထိုကြက်က နတ်ဆိုးအဖြစ်ပြောင်းနေသည်။

ကြက်တစ်ကောင်သက်တမ်းသည် သုံးနှစ်မပြည်။ ခေါးတ်စကောင်သက်တမ်းသည် ခြောက်နှစ်မပြည့်။ သို့သော် ယခုကြက်သည် တစ်နှစ်ကျော်သက်တမ်းရှိပြီဖြစ်သည်။

“ငါအခွင့်အရးရရင် မင်းစွတ်ပြုတ်ဘဝရောက်လာမှာပါ”

သူခြိမ်းခြောက်လိုက်သည်။ ကြက်ဖနားလည်သည်မလည်သည် သူအရေးမစိုက်။ တံခါးမှ သူထွက်သွားသည်။

ကြက်တစ်ကောင်သာဖြစ်သည်။ ဝိညာဉ်နတ်ဆိုးအဖြစ်ပြောင်းလျှင်လည်း ယခုအနေအထားတွင် လက်တစ်ဘက်တည်းဖြင့်ပင် သူအနိုင်ယူနိုင်သည်။

လွန်ခဲ့သည့်ခြောက်လအတွင်း တောင်နက်သာ ဝံပုလွေဘုရင်အဖြစ် ပြောင်းလဲခဲ့သည်မဟုတ်။ သားရဲထိန်းဖြစ်သည့် သူလည်း တိုးတက်မှုများရှိခဲ့သည်။ ခန္ဓာကိုယ်စွမ်းရည်က အံ့မခန်းတိုးလာသည်။

ဘယ်အတိုင်းအတာထိ သန်မာသည်ကို သူသေချာမသိ။ ရွာထဲမှ ကလေးများက သူ့ကိုတစ်ယောက်မှ မယှဉ်နိုင်ကြ။ ထို့ကြောင့် သူလျှို့ဝှက်စမ်းသပ်ခဲ့သည်။

သုံးမီတာခန့်မြင့်သည် ကျောက်တိုင်ငယ်တစ်ခုကို သူအသာအယာ မ,ချီနိုင်သည်။ သူ့အဖေဝယ်ထားသည့် နွားသိုးကြီးကိုပင် အမှတ်မထင် မြေပေါ်သို့ ဆွဲလှဲဖူးသည်။ ရှောင်တစ်ခင် ဆွဲလှဲခြင်းဖြစ်သည်. နွားသိုး မြေပေါ်တွင် ဒးထောက်ကျသွားခဲ့သည်။

ထို့ကြောင့် နွားသိုးတစ်ကောင်ဆွဲလှဲနိုင်သည့် အားရှိနေပြီဖြစ် အသေးအဖွဲများကို သူသိပ်အရေးမစိုက်တော့။ ဤကြက်သည် သူ့အမေ့သာကာကွယ်မထားလျှင် စွတ်ပြုတ်အိုးထဲ‌ရောက်ခဲ့ပြီးဖြစ်မည်။

ဖုန်ချင်အန်း ထွက်သွားပြီးနောက် ပုံမှန်အသွင်ရှိနေသည့်ကြက်ဖက တောင်ပံတဖျတ်ဖျတ်ခဲ့၍ ခြံစည်းရိုးနံရံပေါ်ပျံတက်သွားသည်။ လည်တိုင်ဆန့်၍ ဖုန်ချင်အန်းထွက်သွားရာဆီ ကြည့်သည်။

ဖုန်ချင်အန်းကို မမြင်ရတော့မှ အိမ်ထဲသို့ ပျံဝင်သွားသည်။ ကျွမ်းကျင်နေပြီးသကဲ့သို့ ဖုန်ချင်အန်းအိပ်ခန်းဆီ တန်းသွားသည်။

ထို့နောက် အိပ်ယာပေါ်တွင်လှည့်ပတ်၍ တစ်ခုခုကို နှုတ်သီးဖြင့် ဆိတ်ပေါက်နေသည်။ ပိုးကောင်းများမဟုတ်။ ဆံပင်များဖြစ်သည်။

ဖုန်ချင်အန်း ခေါင်းဦးပေါ်တွင် ပြန့်ကျဲနေသည့် ဆံပင်များအားလုံးကို ကောက်စားသည်။ ထို့နောက် တောင်ပံခတ်၍ အပြင်သို့ပျံထွက်သည်။ ပုံမှန်အတိုင်း ဘာမှမဖြစ်လေဟန် ခြံဝင်းထဲတွင် လျှောက်သွားနေပြန်သည်။

“ဒုတိယသားရဲကို တောင်တန်းပေါ်ကပဲ ရွေးချယ်နိင်ရမယ်။ ဘယ်လိုအကောင် ရွေးရမလဲ”

လမ်းတစ်ဝက်ရောက်နေသည့် ဖုန်ချင်အန်း အရေးအကြီးဆုံးကိစ္စကို တွေးနေသည်။

ပထမသားရဲတုန်းက သူရွေးစရာမရှိ။ ပင်ပင်ပန်းပန်းကြိုးစား၍ တေင်နက်ကို ဤအဆင့်ရောက်အောင် ပျိုးထောင်ခဲ့ရသည်။ ယခု သူရွေးခွင့်ရှိလာသည်။

သို့သော် ရွေးစရာက သိပ်တော့မများ။ ဖုန်ချင်အန်း၏ အသိအမြင် ပိုမြင့်လာသောကြောာင့်ဖြစ်သည်။ အစောပိုင်းကလို ဘာမှမသိသည့်အဆင့်မျိုးမဟုတ်။

ဝိညာဉ်နိုးထခြင်း။ ဂျင်နရယ်။ ကွန်မန်ဒါ၊ (လော့ဒ်)၊ မိုနာ့။

သူသိသမျှ သားရဲအဆင့်ငါးဆင့်ရှိလာသည်။ သူစာချုပ်ချုပ်မည့် ဒုတိယသားရဲကို တိုက်ခိုက်စွမ်းအားနိမ့်ပြီး ဝိညာဉ်စွမ်းရည်မြင့်သည့် သားရဲပေါက်မျိုး ရချင်သည်။

သို့မှသာ စာချုပ်ချုပ်ဆိုချိန်တွင် အခက်အခဲနည်းမည်။ စာချုပ်ချုပ်ပြီးလျှင် သားရဲကောင် ကြီးထွားတိုးတက်မှုကိုလိုက်၍ သူလည်းအကျိုးရမည်။

ဖြစ်နိုင်လျှင် မိုနာ့အဆင့်စွမ်းရည်၊ ဝိညာဉ်နိုးထခြင်းတိုက်ခိုက်စွမ်းအားရှိသည့် သားရဲမျိုးလိုချင်သည်။

သို့သော် စိတ်ကူးယဉ်နေခြင်းသာဖြစ်မှန်း သူ့ဘာသာသိသည်။ သူမြင်ဖူးသည့် တစ်ဦးတည်းသော မိုနာ့အဆင့်မှာ တောင်တန်းနတ်ဘုရားဖြစ်သည်။ ထိုသားရဲမျိုးတွင် သားသမီးရှိသလားဟုပင် သူမစဉ်းစားခဲ့။ ရှိလျှင်လည်း သူအခွင့်အရေး ရစရာမကြောင်းမရှိ။

ထိုထက် အဆင့်လျှော့မှဖြစ်မည်။ တောင်တန်းပေါ်တွင် ထိပ်တန်းအဆင့် သားရဲတစ်ချို့ရှိသည်။ ပိုင်သေတော့ ပြော၍မရ။ ထိုသားရဲတို့၏ သားသမီးများနှင့် စာချုပ်ချုပ်နိုင်မချုပ်နိုင် သူမသိ။

ပြဿနာက ထိုနည်းအတိုင်းပင်ဖြစ်သည်။

“ကွန်မန်ဒါအဆင့်ဆိုရင်ရော”

သူနည်းနည်းအဆင့်လျှော့လိုက်သည်။ လျှော့လိုက်လျှင် ဖြစ်နိုင်ခြေရှိလာသည်။ ကြိုးစားလျှင် ဖြစ်နိုင်သည်။

“ကြည့်ရဦးမှာပေါ့်လေ”

သူအလျင်မလိုပါ။ သူငယ်သေးသည်။ အချိန်အများကြီး စောင့်နိုင်သည်။

“တောင်နက်ကို တောင်တန်းပေါ် ထပ်သွားခိုင်းရတော့မယ်ထင်တယ်။ တောင်တန်းနတ်ဘုရား အာမခံထားတာဆိုတော့ အန္တရာယ်မရှိလောက်ပါဘူး။ သူဒုက္ခမရှာရင် ဘယ်သားရဲမှ တိုက်ခိုက်ကြမှာမဟုတ်ဘူး”

တောင်တန်းစိမ်းပေါ်မှ ခွန်အားကြီးသားရဲများကို သွားကြည့်ရန် သူစဉ်းစားမိသည်။ အကောင်ပေါက်ရှိသည့် သားရဲများကို အဓိကအကဲခတ်မည်။ အဆင့်မြင့်သားရဲများရှိလျှင် အကောင်းဆုံးဖြစ်မည်။ မို့နာ့အဆင့်တော့ မဖြစ်နိုင်။ တောင်တန်းတစ်ခုလုံးတွင် နတ်ဘုရားသာ ထိုအဆင့်မျိုးရှိသည်။

All Chapters