← Chapters

မင်းသမီးချုံယန်စံအိမ်

Vol. 4 Ch. 57

မင်းသမီးချုံယန်စံအိမ်

Vol. 4 Ch. 57

“အာဝူး....”

နာရီအနည်းငယ်ကြာပြီးနောက် သူ့ဝံပုလွေအုပ်နှင့်အတူ တောင်နက်ထွက်သွားသည်။ များပြားလှသည် ဝံပုလွေအုပ်များပါလာသည်။ သာမန်သားရဲများ မမြင်နိုင်သည့် ဝိညာဉ်ချီလေဝဲက ဝံပုလွေဂူပေါ်တွင် ရှိနေသည်။

“အာဝူး....”

ထိုအော်သံက အချက်ပြသံနမျိုးဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသည့် နတ်ဆိုးချီလှိုင်းများ ဝံပုလွေအော်သံများနှင့်အတူ ပေါက်ကွဲထွက်လာသည်။

မြွေစိမ်းတောင်တန်းအပြင်ပိုင်းမှ ဝံပုလွေဂူသည် နတ်ဆိုးဂူအဖြ်ပြောင်းလဲသွားသည်။ အသစ်ပေါ်လာသည့် နတ်ဆိုးချီများ စတင်လှုပ်ရှားလာသည်။ ဘေးပတ်လည်လေးငါးမိုင်အတွင်းမှ ဝိညာဉ်ချီများ စုဝေးလာသည်။

ဝံပုလွေများ နတ်ဆိုးအဖြစ်ပြောင်းနေကြသည်။

တော်ဝင်ချီဖိနှိပ်မှုမရှိတော့။ တောင်နက် လပေါင်းများစွာ ကြိုးစားခဲ့သည့်အားထုတ်မှုက အရာထင်လာသည်။ ဝိညာဉ်ရတနာအများစုကို တောင်နက်က စားသောက်ခဲ့သော်လည်း သူမလိုချင်သည့် နတ်ဆိုးသားရဲအလောင်းများကို ဝံပုလွေအုပ်ထံ စွန့်ကျဲခဲ့သည်။

ထို့ကြောင့် သူ့ဝံပုလွေများ နတ်ဆိုးချီအဟာရ ရခဲ့သည်။

သို့သော် တော်ဝင်ကျမ်းစာကို တောင်နက်အမြဲသယ်လာသည့်အတွက် နတ်ဆိုးချီများ ဖိနှိပ်ခံထားခဲ့ရသည်။ ထို့ကြောင့် ဝံပုလွေအုပ် သာမန်ထက် သန်စွမ်းရုံမှလွဲ၍ ပြောင်းလဲမလာခဲ့။

ယခု တော်ဝင်ချီရေရှည်ဖိနှိပ်မှု မရှိတော့သဖြင့် ဝံပုလွေအုပ်၏ နတ်ဆိုးချီများ ပေါက်ကွဲထွက်လာသည်။ အသွင်ပြောင်းလာသည်။

တောင်တန်းမှ ပြန်လာချိန်တွင် ဝံပုလွေများ တစ်ကောင်ပြီးတစ်ကောင် အသွင်ပြောင်းသည်ကို မြင်ရသည်။ သို့သော် အကောင်တစ်ရာကျော်တွင် အကောင်နှစ်ဆယ်ခန့် နတ်ဆိုးဖြစ်လာသည်။ အံ့ဩစရာအရေအတွက်ပင် ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် အိမ်မပြန်ရသဖြင့် စိတ်ဓာတ်ကျနေသည့်တောင်နက် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာသည်။

“အာဝူး...”

နွားရိုင်းတစ်ကောင်ပမာ သန်စွမ်းနေသည့် တောင်နက်က ကောင်းကင်ကိုမော့၍ အော်လိုက်သည်။ အသွင်ပြောင်းထားသည့် နတ်ဆိုးဝံပုလွေများလည်း ပြန်လည်အော်ဟစ်ကြသည်။

“ဂါး”

တစ်ညအတွင်း ထူးခြားသည့်အပြောင်းအလဲကြုံရသဖြင့် တောင်နက် ကျယ်လောင်စွာတစ်ချက် ဟိန်းဟောက်၍ တောနက်အတွင်းပိုင်ဆီ တိုးဝင်သွားသည်။ ဝံပုလွေအုပ်က သူ့နောက်မှ ကပ်လိုက်သွားသည်။

သရဲမျက်လုံးဝံပုလွေဘုရင်ကို သူအနိုင်ယူချင်သေးသည်။ အရင်က တော်ဝင်ချီကြောင့် အနိုင်ရခဲ့သည်။ ထိုဝံပုလွေဘုရင်သည် ယာယီအကာအကွယ်ယူခဲ့သော်လည်း တောင်နက်ထံ အမှန်တကယ် အညံ့ခံခဲ့သည်မဟုတ်။

ယခု အခွင့်အရေးပါလာပြီဖြစ်သည်။ နောက်ထပ် သူမစောင့်နိုင်တော့။

ညဦးယံကို ကုန်လွန်၍ အာရုဏ်တက်ခါနီးအချိန် ရောက်လာသည်။ ဆန်းသစ်လက ကောင်းကင်တွင် ရှိနေသည်။ တောင်ထိပ်တွင် မြစ်ကမ်းနှစ်ဘက်တွင် ဝံပုလွေတစ်အုပ်စီ ရှိနေသည်။ သို့သော် တော်ဝင်ချီ ရှိမနေတော့။

အချိန်တိုအတွင်း သူ့လိုပင်ခံ့ညားထည်ဝါလာသည့်တောင်နက်ကို သရဲမျက်လုံးဝံပုလွေဘုရင် မြင်နေရသည်။

စိတ်ရင်းအမှန်ဖြင့် ရွေးချယ်မှုတစ်ခု လုပ်လိုက်သည်။ အညံ့ခံမည်။

အကြောင်းရင်းက ရိုးရှင်းပါသည်။ တောင်နက်ထက် စွမ်းအားမနိမ့်ဟု သူ့ကိုယ်သူခံစားမိသော်လည်း တောင်နက်နောက်ဘက်တွင် နတ်ဆိုးစွမ်းအင်ရိပ် ထိုးထွက်နေသည့် ဝံပုလွေနှစ်ဆယ်ခန့် ရှိနေသည်။ တိုက်ခိုက်ကြလျှင် ထိုအချက်က တိုက်ပွဲရလာဒ်ကို ဆုံးဖြတ်ပေးလိမ့်မည်။

နတ်ဆိုးဝံပုလွေကို သာမန်ဝံပုလွေများက ရင်ဆိုင်နိုင်မည်မဟုတ်။ သူ့လက်အောက်တွင် နတ်ဆိုးဝံပုလွေမရှိ။ ဝံပုလွေရိုင်းများသာရျိသည်။

ဝံပုလွေဘုရင်ဖြစ်၍ သူ့ကိုဆန့်ကျင်လာသမျှ ဝံပုလွေအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ယခု အခွင့်အရေးအားလုံးကို အသုံးချ၍ ထိုဝံပုလွေရိုင်းများကို နတ်ဆိုးအဖြစ်ပြောင်းလဲနိုင်တော့မည်။

ထိုအခွင့်အလမ်းက သူ့အတွက် အကျိုးသိပ်မရှိ။ ဝိညာဉ်ချီအနည်းငယ်သာ ထပ်တိုးလာမည်။ သို့သော် တစ်ခြားဝံပုလွေများနှင့် မျှဝေခံယူချင်သည်။

အခြေအနေက ရှင်းလင်းလှသည်။ တောင်နက်ဦးဆောင်လာသည့် ဝံပုလွေအုပ်ကိုမြင်သည်နှင့် သူအညံ့ခံရန် ဆုံးဖြတ်လိုက်သည်။

“အာဝူး...”

တောင်နက် သံရှည်ဆွဲ၍ အော်ဟစ်လိုက်သည်။ သူ့ကိုယ်ပိုင်စွမ်းအားဖြင့် တစ်ဘက်သားကို အနိုင်ယူနိုင်ပြီဖြစ်သည်။ ယခုသူသည် တောင်တန်းဝံပုလွေရာပေါင်းများစွာ၏ ဝံပုလွေနတ်ဆိုးဘုရင်ဖြစ်လာသည်။

“တော်တယ်တောင်နက်”

ဖုန်ချင်အန်း ချီးကျူးလိုက်သည်။ အိပ်ပျော်နေရာမှ သူနိုးလာချိန်တွင် တောင်နက်အခြေအနေကို သူမြင်လိုက်ရသည်။

“အိုကေ၊ ဝံပုလွေအုပ်ကိုခေါ်ပြီး တောင်တန်းထဲကိုဝင်တော့။ ပြီးတော့အခု နှင်းကျတဲ့အချိန် ရောက်လာပြီ။ ဆောင်ရာသီဝင်တော့မယ်။ အခုမင်းမှာ ဝံပုလွေတွေအများကြီးရှိလာပြီဆိုတော့ သူတို့စားသောက်ဖို့ကိစ္စကို မင်းစဉ်းစားဖို့လိုမယ်”

ဆောင်ရာသီသည် လောကကြီးထဲမှ သတ္တဝါအားလုံးအတွက် စမ်းသပ်ချက်ဖြစ်သည်။ အထူးသဖြင့် ဂူအောင်ဆောင်းခိုလေ့မရှိသည် တောင်တန်းဝံပုလွေများအတွက် ပို၍ခက်ခဲသည်။ သေချာမပြင်ဆင်ထားလျှင် ဝံပုလွေတစ်အုပ်လုံး တောင်တန်းပေါ်တွင် ပျောက်သွားနိုင်သည်။

“အာဝူး...”

တောင်နက် ခေါင်းမော့လာပြီး တောင်တန်းတလျှောက်ပျံ့ကျဲနေသည့် ဝံပုလွေများကို အကဲခတ်လိုက်သည်။ အားလုံးကသူ့ကို တလေးတစား ပြန်ကြည့်နေသည်။ တောင်နက် ဂုဏ်ယူဝင့်ကြွားခဲ့သည့်စိတ်များ ပျောက်သွားပြီး ထူးခြားသည့် စိတ်ခံစားချက်တစ်ခု ပေါ်လာသည်။

ဤဝံပုလွေများအတွက် ဆောင်းရာသီတွင်ရှင်သန်နိုင်မည့် နေရာတစ်ခု တောင်တန်းထဲတွင် သွားရှာရမည်။

....................

မြက်ပြင်နှင့်သစ်ပင်များပေါ်တွင် အဖြူရောင်နှင်းလွှာများ အုပ်ဆိုင်းနေပြီဖြစ်သည်။ အရာအားလုံး ထိုင်းမိုင်းရီဝေနေသည်။ တောင်တန်းတစ်ခုလုံး‌ ခြောက်ကပ်တိတ်ဆိတ်နေသည်။ လေပြင်းက အရိုးခိုက်မတတ်အေးသည်။ ဖုန်ချင်အန်း နိုးလာချိန်တွင် မိဘနှစ်ပါးလုံး ဆောင်းဝတ်အနွေးထည်များ ဝတ်ထားသည်ကို မြင်ရသည်။ သူသည် အအေးဒဏ်ခံနိုင်သူမဟုတ်မှန် ချက်ချင်း သတိရလာသည်။

“နင်ဘာလို့ အင်္ကျီပါးပါးလေးဝတ်ထားတာလဲ။ ဒီနေ့က အရမ်းအေးတယ်။ အထဲကိုလာခဲ့။ နင့်အတွက် အနွေးထည်သစ်ချုပ်ထားတယ်”

ဖုန်ချင်အန်း အင်္ကျီတစ်ထပ်တည်းသာဝတ်ထားသဖြင့် ယင်ရှီ မာန်မဲလိုက်သည်။ အိမ်ထဲသို့ ဆွဲခေါ်သွားပြီး ဝါဂွမ်းထည့်ချုပ်ထားသည့် အနွေးထည်ထူထူဝတ်ပေးသည်။ ခန္ဓာကိုယ်လည်း နည်းနည်းကြီးထွားလာပြီဖြစ်၍ အနွေးထည်ထပ်ဝပ်လိုက်သဖြင့် တစ်ကိုယ်လုံး ပွယောင်းယောင်းဖြစ်နေသည်။

“ဆောင်းရာသီ ရောက်လာပြီပဲ။ နှင်းတွေကျတော့မယ်”

ကောင်းကင်ကိုမော့ကြည့်၍ သူသက်ပြင်းချမိသည်။

လပြက္ခဒိန် ဆယ့်နှစ်လမြောက် အေးခဲသည့်ဆောင်းရာသီသည် အိမ်ထဲမှ လူသားများလည်း တောင်တန်းသားရဲများလိုပင် မသက်သာလှ။ သားရဲများအတွက် ကြိုတင်ပြင်ဆင်မထားလျှင် နှင်းထဲတွင် မြုပ်သွားနိုင်သည်။ သူတို့မိသားစုအတွက်တော့ ထိုကိစ္စ စိုးရိမ်စရာမလိုပါ။

“ဟုတ်တယ်။ မကြာခင် နှင်းတွေကျတော့မယ်။ တရုတ်နှစ်သစ်လည်း ‌ရောက်တော့မယ်။ အဲဒီ့အချိန်ကျရင် မင်းအကိုပြန်လာမလားမသိဘူး”

ယင်ရှီလည်း ကောင်းကင်ကိုမော့ကြည့်၍ မျက်ဝန်းတွင် မျှော်လင့်ရိပ်သန်းနေသည်။

“သူပြန်လာမှာပေါ့။ နှစ်သစ်ကူးချိန်ပြန်မလာလို့ တစ်ခြားသူဘယ်သွားစရာရှိလို့လဲ”

ဖုန်ချင်အန်း ပြုံး၍ပြောလိုက်သည်။

“ဒါပေမယ့်အခု အအေးဓာတ်ဝင်လာပြီ။ မြို့တောက် ဒီနဲ့အဝေးကြီးလေ။ လမ်းမှာ တစ်ခုခု ဒုက္ခကြုံရင် ဘယ်လိုလုပ်မလဲ”

ယင်ရှီ စိုးရိမ်မကင်းဖြစ်ဟန်ဖြင့် ပြောသည်။

“ဟား၊ အကိုက မြို့တော်မှာ အဆင့်မြင့်ရာထူးရထားတယ်ဆိုတာ မမေ့နဲ့ဦးလေ။ သူပြန်လာရင် ကိုယ်ရံတော်တပ်ဖွဲ့ ပါလာမှာသေချာတယ်။ ဘယ်လိုလုပ် အန္တရာယ်ကြုံနိုင်မှာလဲ”

ဖုန်ချင်အန်း ပြုံး၍ပြောလိုက်သည်။

.................

ဆောင်းဦးအဝင်ကာလတွင် သာမန်လူများ သတိမပြုမိသည့် လူငယ်တစ်ယောက် ယုန်နင်ကောင်တီ မြို့တော်နတ်ဘုရားကျောင်းထဲသို့ ဝင်လာသည်။ နတ်ဘုရားခန်းမထဲသို့ သူရောက်လာချိန်တွင် မွှေးတိုင်ပူဇော်နေသူများက သူ့ကိုလုံးဝမြင်ကြဟန်မတူ။

ရိုးရှင်းသည့် ဝတ်ရုံရှည်ကို သူဝတ်ထားသည်။ ခံ့ညားထည်ဝါသည့် မြို့တော်နတ်ဘုရားရုပ်ထုကို သူရှိမခိုး။ ခါးတွင်ချိတ်ထားသည့် တံဆိပ်တစ်ခုကိုဖြုတ်၍ မြှောက်ပြလိုက်သည်။

“ကျုပ်က ချုန်ယန်မင်းသမီးအိမ်တော်က တမန်တော်ပါ။ မြို့တော်နတ်ဘုရားဆီ လာလည်ပါတယ်”

All Chapters