တိုက်ရိုက်တော်ဝင်မျိုးဆက်များ
Vol. 4 Ch. 58
သူ့စကားသံဆုံးသည်နှင့် နတ်ဘုရားရုပ်ထုမှ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာသည်။ တောင်တန်းများ၊ မြစ်ချောင်းများ၊ ဆက်တိုက်တည်ရှိနေသည့် နန်းတော်များ၊ ကျောက်စိမ်းအဆောက်အဦများ လေသာဆောင်များ ရှိနေသည့် ဘုံနယ်မြေတစ်ခု ပေါ်လာသည်။
သို့သော် ထိုလူငယ်သာ ထိုမြင်ကွင်းကိုမြင်ရသည်။ သူ့ဘေးပတ်လည်မှ အမွှေးတိုင်လာပူဇော်သူများ လုံးဝသတိမထားမိ။ မင်းသမီးအိမ်တော်က နတ်ဘုရားနယ်မြေသို့ တံဆိပ်တစ်ခုဖြင့် ရောက်လာသည်မှာ မဆန်းလှ။
“မင်းသမီးချုန်ယန်အိမ်တော်ကိုယ်စား ကျုပ်တမန်တော်ရှုကျဲ့ နတ်ဘုရားသခင်ကို နှုတ်ဆက်ပါတယ်”
ဝိညာဉ်နယ်မြေတစ်ခုသို့ ရောက်နေသော်လည်း သူကြောက်ရွံ့ဟန်မရှိ။ ပလ္လင်ပေါ်တွင် ထိုင်နေသည့် မြို့တော်နတ်ဘုရားကို နှိမ့်ချခြင်းမောက်မာခြင်းမရှိသည့်အသွင်ဖြင့် တလေးတစားနှုတ်ဆက်သည်။
“မင်းသမီးရဲ့တမန်တော်၊ ကျုပ်ဆီကို ဘာများယူလာသဲ”
ခံ့ညားသည့်လူငယ်ကို မြို့တော်နတ်ဘုရား ငုံ့ကြည့်သည်။ သူ့အသံက ဘုံကျောင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
လောက၏ ယင်နှင့်ယန်ကြား စည်းခြားထားသည်ဆိုသည်မှာ သာမန်လူများအတွက်သာမှန်သည်။ တာ့ကျင်းနိုင်ငံ လက်ရွှေးစင်လူသားများအတွက် ဝိညာဉ်တို့၏ဖြစ်တည်မှုသည် လျှို့ဝှက်ချက်မဟုတ်။
ထို့ကြောင့် ယုန်နင်နတ်ဘုရား နည်းနည်းစိုးရိမ်နေသည်။ ဖြစ်နိုင်လျှင် နိုင်ငံ့နာမည်ကျော်ပုဂ္ဂိုလ်များနှင့် သူမပတ်သက်ချင်။ အင်ပါယာသည်သာ ဝိညာဉ်များကို အဆင့်ခွဲခြားနိုင်သည့်အာဏာရှိသည်။
လူ့လောကကိစ္စများကို သူစိတ်မဝင်စားသော်လည်း ချုန်ယန်မင်းသမီးအကြောင်း သူကြားဖူးသည်။ လက်ရှိမင်းဆက်ခေတ်တွင် မွေးဖွားသူမဟုတ်။ သို့သော် တစ်ခြားမင်းသမီးများထက် ပို၍နာမည်ကျော်ကြားသည်။
သူ့ဖခင်သည် သိုင်းပညာစွမ်းအမြင့်ဆုံး တာ့ကျင်းတော်ဝင်မိသားစုဝင်ဖြစ်သည်။ ထို့အပြင် အင်ပါယာနှင့် ညီအကိုအရင်းဖြစ်သည်။ မင်းသားတစ်ပါး၏ တရားဝင်သမီးတော်ဖြစ်၍ မင်းသမီးချုန်ယန်သည် ကိုယ်ပိုင်ကိုယ်ရံတော်တပ်နှင့် စစ်တပ်ကိုပင် ထိန်းချုပ်ခွင့်ရသည်။ ထိုအခွင့်ထူးရသူ သူတစ်ယောက်သာရှိသည်။ ယခုလက်ရှိ တရားဝင်မင်းသားများပင် ထိုအခွင့်မျိုးမရ။
မင်းသမီးအိမ်တော်မှ အရာရှိငယ်တစ်ယောက် ရောက်လာခြင်းဖြစ်သော်လည်း သူလျစ်လျူရှု၍ မရ။
“မင်းသမီးအမိန့်နဲ့ ယုန်နင်ကောင်တီအတွင်းက နတ်ဆိုးနဲ့သရဲဝိညာဉ်တွေရဲ့စာရင်းကိုယူဖို့ ကျုပ်လာခဲ့တာပါ”
“တောင်ဝင်မင်းသမီးတောင် ဒီလိုလုပ်ပိုင်ခွင့်မရှိပါဘူး”
မြို့တော်နတ်ဘုရား ချက်ချင်းကန့်ကွက်လိုက်သည်။
မင်းသမီးက အရာရှိငယ်တစ်ယောက်လွှတ်ပြီး နတ်ဆိုးသရဲဝိညာဉ်စာရင်းကို ယူခိုင်းသည်။
သေမျိုးလောက၏ မင်းသမီးက မြေအောက်ဝိညာဉ်များကိစ္စကို ဘာကြောင့် စွက်ဖက်လာသနည်း။ ဝိညာဉ်များလည်း ကိုယ့်သိက္ခာကိုယ်ရှိသည်။
“မင်းသမီးရဲ့ရည်ရွယ်ချက်ကို စီနီယာအနေနဲ့ သေချာစဉ်းစားစေချင်ပါတယ်။ မင်းသမီးစိုးရိမ်တာက သူ့ခင်ပွန်းလောင်းရဲ့ ဇာတိမြို့ကိုပါ။ နတ်ဆိုးနဲ့ သရဲဝိညာဉ်စာရင်းယူဖို့ ကျုပ်ကိုလွှတ်လိုက်တာက ယုန်နင်ကောင်တီအတွင်းက နတ်ဆိုးဝိညာဉ်တွေအားလုံးကို အမြစ်ပြတ်ရှင်းလင်းဖို့ ရည်ရွယ်တာပါ။ မြို့တော်နတ်ဘုရားအတွက် ကြီးမားတဲ့အကျိုးဆောင်ခွင့်ရတာပါပဲ”
“ခင်ပွန်းလောင်း”
မြို့တော်နတ်ဘုရား သံသယဝင်လာသည်။ ယုန်နင်ကောင်တီထဲတွင် တော်ဝင်မင်းသမီးနှင့် ထိုက်တန်သည်ဟု ဆိုနိုင်သူ တစ်ယောက်သာရှိသည်။ သူတို့ကိုယ်တိုင် ကြောက်ရွံ့ရသည့် ခြောက်ထပ်ကွမ်းစာပေပညာရှင်ပင် ဖြစ်သည်။
“ထိပ်တန်းစာပေပညာရှင်လား”
“ဟုတ်ပါတယ်”
“မစ္စတာအန်း(မြို့တော်စာပေနတ်မင်း)၊ သူ့ကို မှတ်တမ်းတွေစုပေးလိုက်ပါ။ ဒါပေမယ့် ဒီမှာပဲ ဖတ်သွားခွင့်ရှိမယ်။ မှတ်တမ်းကိုတော့ ယူသွားလို့မရဘူး”
ခဏငြိမ်နေပြီးနောက် နတ်ဘုရားက စာပေနတ်မင်းအန်းကို အမိန့်ပေးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် မြို့တော်နတ်ဘုရား”
ရှုကျဲက ကျေးဇူးတင်သည့်အနေဖြင့် တစ်ချက်ဦးညွှတ်လိုက်သည်။
“ကျုပ်နောက်က လိုက်ခဲ့ပါ မစ္စတာရှု”
စာပေနတ်မင်းက မြို့တော်နတ်ဘုရားအမိန့်ကို အတိအကျလိုက်နာသည်။
ထိုလူငယ်နှင့် မြို့တော်နတ်ုရားပြောနေသည့်စကားများကီု တစ်စွန်းတစ်စသာ ကြားခဲ့ရသော်လည်း တစ်ချို့ကိစ္စများကို သူသိသည်။ တော်ဝင်မိသားစုများပါဝင်ပတ်သက်နေသည့်ကိစ္စသည် သူဝင်စပ်စုစရာမဟုတ်။
ထိန်းသိမ်းခန်းထဲသို့ ရောက်၍ နတ်ဆိုးဝိညာဉ်စာရင်းများကိုရပြီးနောက် ရှုကျဲက ကျောကစိမ်းစာလွှာတစ်ခုကိုထ ထုတ်သည်။ စာရင်းကို ပုံပွားယူသည်။
စာပေနတ်မင်းက ဘာမှမပြောဘဲ ကြည့်နေသည်။ ရှုကျဲသာ မှတ်တမ်းများကို ဖျက်ဆီးခြင်းဖယ်ရှားခြင်းမရှိလျှင် စိတ်ကြိုက်လုပ်ခွင့်ပေးထားသည်။
“စာပေနတ်မင်ကို ကျေးဇူးတင်ပါတယ်။ မင်းသမီးအမိန့်ကို ထမ်းဆောင်ပြီးပါပြီ”
ရှုကျဲ ရာချီသည့် နတ်ဆိုးစာရင်းများကို ပုံတူပွား၍ ပြီးဆုံးသွားသည်။
“ပြီးပြီဆိုရင် သွားရအောင်”
စာပေနတ်မင်းက ပြောသည်။
“ရုံးတော်တာဝန်ကတော့ ပြီးသွားပါပြီ။ ကျုပ်မှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေးလည်း ရှိပါသေးတယ်။ စာပေနတ်မင်းကူညီပေးလို့ရမလား”
ရှုကျဲက ပြုံး၍မေးသည်။ ထူးခြားသည့် သူ့အမူအရာကြောင့် စာပေနတ်မင်း နားမလည်နိုင်အောင် ဖြစ်နေသည်။
“တမန်တော်ရှုမှာ ဘာကိစ္စများ ရှိနေလို့လဲ”
စာပေနတ်မင်း မျက်မှောင်ကျုံ့၍ မေးသည်။ မြို့တော်နတ်ဘုရားက ရှုကျဲကို မြန်မြန်ကိစ္စဖြတ်၍ ပြန်သွားစေလိုမှန်း သူသိသည်။
“စစ်နတ်မင်းက ဘယ်မှာလဲ”
“သူနဲ့ ဘယ်လိုပတ်သက်နေလို့လဲ”
စာပေနတ်မ်ငး နားလည်သွားသည်။ လူငယ်ကို တအံ့တဩ စိုက်ကြည့်လိုက်သည်။
“သူ့ရဲ့ တူပါ”
“သဘောပေါက်ပါပြီ”
စာပေနတ်မင်း နောက်တစ်ကြိမ် စိုက်ကြည့်၍ ထိန်းသိမ်းခန်းထဲမှ ထွက်လိုက်သည်။
“ကျုပ်နောက်က လိုက်ခဲ့ပါ”
“ကျေးဇူးအများကြီးတင်ပါတယ် စာပေနတ်မင်း”
“မလိုပါဘူး”
စာပေနတ်မင်း လက်ယမ်းပြလိုက်သည်။ စစ်နတ်မင်းပုံစံကို သူမကြိုက်သော်လည်း ရုံးတော်အမိန့်ဖြင့်လာသည့် ဆွေမျိုးတ်စယောက်ကို လျစ်လျူရှု၍မဖြစ်။
ခဏကြာပြီးနောက် သူတို့နျှစ်ယောက် တိတ်ဆိတ်သည့်နန်းတော်တံခါးတစ်ခုသို့ ရောက်လာသည်။
“စစ်နတ်မ်ငးက အထဲမှာပါ။ ဝင်သွားလိုက်ပါ”
“ကျေးဇူးပါပဲ”
ရှုကျဲ ကျေးဇူးတင်စကားပြောသည်။ ထို့နောက် ဂိတ်တံခါးကိုဖြတ်၍ နန်းတော်ထဲဝင်သွားသည်။ ခန်းမထဲတွင် စွမ်းအင်ရောင်တောက်ပနေသည့် ရွှေသံချပ်ကာဝတ်ရုပ်ထုတစ်ခုကို မြင်ရသည်။ အနီးကပ် သေချာကြည့်ပြီးနောက် သူချက်ချင်းအရိုအသေပေးလိုက်သည်။
“တူတော်ရှုကျဲ ဦးလေးကို ဂါရဝပြုပါတယ်”
ရုတ်တရက်ဝင်လာသည့် လူငယ်ကိုကြည့်၍ စစ်နတ်မင်းနည်းနည်း အံ့အားသင့်သွားသည်။ ထို့နောက် သူပြန်မှတ်မိလာသည်။ မျက်နှာတွင်ဖုံးလွှမ်းနေသည့် စွမ်းအင်ရောင်များ ပျောက်ကွယ်သွားပြီး ရှင်းလင်းသည့် မျက်နှာတစ်ခု ပေါ်လာသည်။ အသက်အရွယ်အားဖြင့် ဒူးထောက်နေသည့် ရှုကျဲနှင့် သိပ်ကွာသည်မထင်ရ။
“မင်းတောင်ဒီအရွယ်ရောက်လာပြီပဲ။ မြန်မြန်ထပါ။ ဒီလိုလုပ်ဖို့ မလိုပါဘူး”
“ဦးလေး၊ ဒီနှစ်တွေအတွင်း ဒီမှာစစ်နတ်မင်းရာထူးနဲ့နေခဲ့ရတာ အဆင်ပြေရဲ့လား”
ရှုကျဲထရပ်၍ ရိုရိုသေသေမေးလိုက်သည်။
“ဘာမှလုပ်စရာသိပ်မရှိဘူးလေ။ အတော်ငြီးငွေ့စရာကောင်းတယ်။ ဒါနဲ့ မင်းကရော ဒီကိုဘာလာလုပ်တာလဲ”
စစ်နတ်မင်း လူငယ်ကိုပြုံး၍ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က သူ့ပုခံးပေါ်တွင် ရယ်မောပျော်ရွှင်နေခဲ့သည့် ကလေးတစ်ယောက်မျက်နှာကို ပြန်သတိရလာသည်။
“ကျွန်တော်အခု မင်းသမီးချုန်ယန်အိမ်တော်က တမန်တာ်ဖြစ်နေပါပြီ။ မင်းသမီးရဲ့ကိစ္စတစ်ခုကြောင့် ဦးလေးဆီ လာလည်ခွင့်ရတာပါ”
“ချုန်ယန်မင်းသမီးအိမ်တော်”
စစ်နတ်မင်း အံ့ဩသွားသည်။ သူ့နဖူးကြောများ ကျုံ့သွားသည်။ ရှုမိသားစုသည် မြို့တော်တွင် အဆင့်မြင့်မျိုးနွယ်တစ်ခု ဖြစ်သည်။ သူတို့မျိုးဆက်များသည့် ရုံးတော်အရာရှိတစ်ယောက်ယောက်ဖြစ်လာသင့်သည်။ အိမ်ရှေ့မင်းသားအောက်တွင် တာဝန်ထမ်းရသင့်သည်။
မင်းသမီးအိမ်တော်၏ တမန်တော်ဆိုသည်မှာ အဆင့်မြင့်သည်ထင်ရသည်။ သို့သော် သူတို့လိုအဆင့်မြင့်မျိုးနွယ်မိသားစုအတွက် စော်ကားမှုတစ်ခုသာဖြစ်သည်။ မင်းသမီးတစ်ယောက်ထံ ခစားခြင်းဖြင့် နောင်တစ်ချိန် မည်မျှတိုးတက်မြင့်မားလာနိုင်မည်နည်း။
“မင်းတို့ဘာလို့ ဒီအခြေအနေထိ ထိုးကျသွားတာလဲ”
“ထိုးကျတယ်တဲ့လား။ ဦးလေးလည်း ကောင်တီငယ်လေးက မြို့တော်နတ်ဘုရားအောက်မှာ စစ်တရားသူကြီးရာထူးကို ထမ်းဆောင်နေတာပဲမဟုတ်လား။ ကျုပ်ရဲ့ တမန်တော်ရာထူးက သိပ်မဆိုးလှပါဘူး။ ကျုပ်ဒီနေရာရဖို့တောင် ကျုပ်အဖေက အစွမ်းကုန်ကြိုးစားခဲ့ရတာ။
ရှုကျဲမျက်နှာက ပြုံးနေဆဲဖြစ်သည်။
“ဒီရာထူးမျိုးရဖို့ အဲလောက်အားစိုက်ဖို့လိုလို့လား။ ငါတို့ ရှုမျိုးနွယ်တွေ ဒီလောက်နိမ့်ကျနေပြီလား”
ရှုဝူပန် မျက်မှောင်ကျုံ့လိုက်သည်။ ငယ်စဉ်က တော်ဝင်တက္ကသိုလ်သို့ သူဝင်နိုင်ခဲ့သည်။ သို့သော် သူ့ကိုယ်ရည်ကိုယ်သွေးအရ သူ့အဖေကသူ့ကို နယ်စပ်တပ်ဖွဲ့သို့ ပို့ခဲ့သည်။ မိသားစုအရှိန်အဝါကြောင့် စစ်တပ်သို့ဝင်ဝင်ချင်းမှာပင် တပ်စိပ်မှူးဖြစ်လာသည်။
“အဲလိုမဟုတ်ဘူး။ ကျုပ်တို့မိသားစုမျိုးနွယ်က မျိုးနွယ်ခွဲအဆင့်ကို ရောက်သွားတာပါ”
ရှုကျဲက ပြုံး၍ပြန်ပြောသည်။
“ဘာကြောင့် ဒီလိုဖြစ်သွားတာလဲ”