← Chapters

အဖိုးတန်ရတနာများရှိလျှင်

Vol. 4 Ch. 59

အဖိုးတန်ရတနာများရှိလျှင်

Vol. 4 Ch. 59

“စစ်ပွဲမှာ ဦးလေးသေသွားတဲ့နှစ်မှာ အဘိုးက အငြိမ်းစားယူပြီး ဇာတိမြို့ကို ပြန်သွားတယ်။ ဦးလေးမသိဘူးလား။ အဲဒီ့နှစ်မှာပဲ ကျုပ်တို့မိသားစုဟာ မျိုးနွယ်ခေါင်းဆောင်နေရာကို ဆုံးရှုံးသွားတယ်လေ”

“ဒါက ငါနဲ့ပတ်သက်နေတာလား။ ဘာလို့ငါ့ကို ဘယ်သူမှမပြောခဲ့ကြတာလဲ”

သူသေသည့်နှစ်တွင် ကြီးမားသည့်အပြောင်းအလဲကြုံခဲ့ရကြောင် သိသွားသဖြင့် စစ်နတ်မင်း အံ့ဩသွားသည်။ သူနှင့်တစ်ခုခု ပတ်သက်ခဲ့လိမ့်မည်။ သို‌သော် ထိုအကြောင်း ယနေ့မှသာ သူသိရခြင်းဖြစ်သည်။

“ဦးလေးကို ပြောတော့ရော ဘာထူးလာမှာလဲ။ အဲဒီတုန်းက ဦးလေးဟာ သရဲဝိညာဉ်တောင်ဟုတ်သေးဘူး။ နယ်စပ်စစ်ပွဲမှာသေသွားတဲ့ လေလွင့်ဝိညာဉ်တစ်ခုပါ။

ရှုကျဲ အပြုံးမပျက်။

“အဘိုးသာ အဲဒီ့နှစ်က အငြိမ်းစားမယူခဲ့ရင်၊ ဦးလေး သရဲနတ်မင်းအနေနဲ့ အလေးစားခံရမယ်ထင်နေလား”

“ငါ့အဖေက ဘာလို့အငြိမ်းစားယူသွားတာလဲ။ ငါနယ်စပ်မှာသေတာ ပြဿနာကြီးတစ်ခုခု ဖြစ်ခဲ့လို့လား။ ငါသတ်ခဲ့တဲ့လူတွေဟာ နယ်စပ်ကသာမန်လူတွေကို ဒုက္ခပေးတဲ့ သားရဲအရိုင်းအစိုင်းတွေချည်းပါ”

စစ်နတ်မင်း မျက်မှောင်ကျုံ့သေနည်။ သူအမှားလုပ်မိသည်မထင်။

“ဒါပေမယ့် နယ်စပ်ကလူတွေကို ရှင်းလင်းချက်ပေးဖို့ ဦးလေးသတ်ခဲ့တဲ့ အရိုးဂျင်နရယ်တစ်ယောက်ကို သတ်ခဲ့တယ်လေ။ အဲဒီ့အရိုးဂျင်နရယ်ဟာ သားရဲရိုင်းဘုရင်ရဲ့ သားပဲ”

“ဪ အဲလိုကိုး။ ဒါကြောင့် သူ့ကိုသတ်ပြီးချိန်မှာ သားရဲအရိင်းအစိုင်း ငါ့နောက်ကို အသေအလဲ လိုက်လာကြတာဖြစ်မယ်။ သူက သာရဲရိုင်းဘုရင်ရဲ့ သားဖြစ်နေတာပဲ”

စစ်နတ်မင်း နားလည်သွားသည်။

“အဲဒီ့စစ်ပွဲကြောင့်ပဲပေါ့ ဦးလေး။ အဲဒီသားရဲရိုင်းဘုရင်က သူ့သားအတွက်လက်စားချေမယ်ဆိုပြီး နယ်စပ်ကို သားရဲရိုင်းသုံးသိန်းဦးဆောင်ပြီး ချီတက်လာတယ်လေ။ နှစ်ခြောက်ဆယ်အတွင်း မြောက်ပိုင်းမှာ ပထမဆုံးအကြိမ် စစ်ပွဲကြီးဖြစ်လာမတတ်ပဲ။ အဲဒီ့သားရဲရိုင်းဘုရင်ကို နောက်ဆုတ်အောင် ဖျောင်းဖျဖို့ အများကြီးကြိုးစားခဲ့ရတယ်။ ရုံးတော်နဲ့ ပြည်သူတွေကလည်း အကြီးအကျယ်ဒေါသထွက်ခဲ့တယ်။

ဒါကြောင့်မို့ အဘိုးက ‌ရွေးစရာမရှိတော့ဘဲ အပြစ်ခံယူတဲ့အနေနဲ့ အငြိမ်းစားယူပြီး ဇာတိမြို့ကို ပြန်သွားရတာ။ ဒါကြောင့်လည်း ဦးလေးက ဒီမှာ နတ်မင်းအဖြစ် အကြည်ညိုခံနိုင်တာပါ။

ဒီနှစ်တွေအတွင်း အဲဒီကိစ္စကို ထူးဆန်းတယ်လို့ ဦးလေးမတွေးမိဘူးလား။ မျိုးရိုးမြင့်မိသားစုက အမွေခံသားတစ်ယောက်ဖြစ်တဲ့ ဦးလေးက အဆင့်ခုနစ်စစ်အရာရှိအဖြစ် စစ်ပွဲမှာသေသွားတာတောင် ကောင်တီတစ်ခုရဲ့ မြို့တော်နတ်ဘုရားလက်အောက်မှာ အမှုထမ်းနေရတာကိုလေ”

ရှုကျဲမျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားသည်။ သူ့ရှေ့မှ စစ်နတ်မင်းကို ထူးဆန်းသည့်အကြည့်ဖြင့် စိုက်ကြည့်နေသည်။ စစ်နတ်မင်း၏ မျက်နှာနှင့် ဟန်ပန်များက သူ့မှတ်ဉာဏ်ဟောင်းထဲမှ သူရဲကောင်းဦးလေး၏ အသွင်သာရှိသည်။ သို့သော် တစ်ချိန်ကလို လေးစားမှုမျိုးဖြင့် သူမကြည့်နိုင်တော့။

စစ်နတ်မင်း အသံတိတ်သွားသည်။ ထိုမေးခွန်းများစဉ်းစား၍ အဖြေရှာကြည့်သည်။

“ကျဲ၊ အရင်တုန်းက ငါလုပ်ခဲ့တာမှားတယ်လို့ မင်းထင်သလား”

“ဦးလေးမှားတယ်လို့ ကျုပ်ဘယ်တုန်းကမှ မတွေးဖူးပါဘူး။ နယ်စပ်တပ်ဖွဲ့ထဲက အကျင့်ပျက်လူချမ်းသာမိသားစုဝင်တွေလိုမဟုတ်ဘူး။ ဝိုင်နဲ့မိန်းမ မလိုက်စားဘူး။ စစ်တပ်တာဝန်တွေကိုလည်း ဦးလေး ဘယ်တုန်းကမှ လျစ်လျူမရှုခဲ့ဖူး။ သိုင်းပညာကို ဇွဲကောင်းကောင်းလေ့ကျင့်တယ်။ လက်အောက်ခံစစ်သားတွေကို ဂရုစိုက်တယ်။ တာဝန်ကျေတယ်။ အင်ပါယာကိုသစ္စာရှိတယ်။ မျိုးချစ်ိစတ်ရှိတယ်။ ပြီးတော့ သတ္တိရှိတယ်။ သားရဲအရိုင်းအစိုင်းတွေဟာ နတ်စပ်ရွာတွေကို ဒုက္ခပေးတယ်။ ဦးလေးက သူတို့ကိုတွေ့တာနဲ့ လူတွေအတွက် လက်စားချေခဲ့တယ်”

“ဒါဆို ငါမမှားဘူးပေါ့”

“ဦးလေးမမှားပါဘူး။ မှားတဲ့လူတွေက ငြိမ်းချမ်းရေးလိုလားတဲ့ အရင်အင်ပါယာနဲ့ စစ်တိုက်ရမှာကြောက်ပြီး သရဲဘောကြောင်ခဲ့တဲ့ စစ်ဘုရင်တွေပါ”

ရှုကျဲ အော်ရယ်လိုက်သည်။

“စကားကို ဆင်ခြင်ပြောကွ”

‌ရွှေရောင်အလင်းတစ်ခု စစ်နတ်မင်းဆီမှ ထွက်လာပြီး အခန်းကို မှော်စက်ဝန်းကာလိုက်သည်။

“ကျုပ် ပြောစရာကုန်ပါပြီ ဦးလေး၊ ဦးလေးလည်း အဆင်ပြေတာမြင်ရတော့ ကျုပ်စိတ်အေးပါပြီ။ ကျုပ်ပြန်ရောက်ရင် အဖေနှင့်အဘိုးကိုလည်း ပြောလိုက်ပါ့မယ်။ အခု ကျုပ်ကိုခွင့်ပြုပါဦး”

ရှုကျဲ ဦးညွှတ်အရိုအသေပေး၍ လှည့်ထွက်သွားသည်။ ခန်းမတံခါးနားသို့ရောက်ချိန်တွင် နောက်သို့လှည့်ကြည့်၍

“ဦးလေးဘာလို့ ကျုပ်တို့မိသားစုမှာ မွေးလာရတာလဲ။ သာမန်လူချမ်းသာမိသားစုတစ်ခုမှာ မွေးပြီး သာမန်သူရဲကောင်း ရဲရင့်တဲ့စစ်သားမျိုး ဖြစ်ခဲ့သင့်တယ်။ ဘာလို့ ရှုမိသားစုနဲ့ကျုပ်ကို ဒုက္ခပေးရတာလဲ”

ထိုသို့ပြောပြီးနောက် နတ်ဘုရားနယ်မြေမျ သူချက်ချင်းထွက်သွားသည်။

သူ့တူဖြစ်သူပျောက်သွားသည်ကိုကြည့်နေပြီးနောက် စစ်နတ်မင်းမျက်နှာတွင် စွမ်းအင်ရောင်များ ဖုံးလွှမ်းသွားပြန်သည်။ သူ့စိတ်ခံစားချက်များကို မမြင်နိုင်တော့။

“ငါလုံးဝ နောင်တမရဘူး”

.........................

‘တောင်တန်းနတ်ဘုရား၊ ခင်ဗျား ကျပ်တို့ကို တကယ်ကောင်းကောင်းဆက်ဆံခဲ့တာပဲ”

တောင်ကြားထဲမှ ကြည်လင်နေသည့် စမ်းချောင်းကို တောင်နက်အာရုံမှကြည့်၍ ဖုန်ချင်အန်း ရေရွတ်လိုက်သည်။

ဆောင်ရာသီအဝင်တွင် သူ့အကြံအတိုင်း တောင်နက်က ဝံပုလွေအုပ်အတွက် ဆောင်းခိုစရာနေရာ ရှာခဲ့သည်။ တောင်တန်းများစွာ ဖြတ်သန်းရှာဖွေသော်လည်း သင့်တော်သည့်နေရာမတွေ့ခဲ့။ နောက်ဆုံးတွင် သဘာဝရေပူစမ်းချောင်းရှိသည့် ဤနေရာကို သူတွေ့သည်။ တောင်တန်းနတ်ဘုရား သူ့ကိုယ်ထဲပေါင်းစပ်ပေးသည့် အကြေးခွံမှ အလင်းဖြင့် လမ်းညွှန်ပေးခဲ့ခြင်းဖြစ်သည်။

“အာဝူး...”

တောင်နက်လည်း အတော်သဘောကျခဲ့သည်။ စိမ်းစိုသည့်သစ်ပင်များ ဝန်းရံနေသည်။ ပန်းပေါင်းစုံပွင့်နေသည်။ ငှက်အမျိုးမျိုးရှိသည်။ ပြေးလွှားနေသည့် ယုန်နှင့်ကြွက်များ ရှိသည်။ တောင်တန်းအပြင်ဘက်မှ ခြောက်ကပ်နေသည့်လောကနှင့် လုံးဝမတူ။

“တောင်နက်၊ ယုန်နည်းနည်းသွားဖမ်းပြီး မွေးထားပါ။ ယုန်တွေက အကြီးမြန်တယ်။ ဆောင်းတွင်းမှာ မင်းတို့အတွက် စားစရာရလိမ့်မယ်”

တောင်နက်ကို နောက်ထပ်အကြံတစ်ခုပေးလိုက်သည်။ ဆောင်းခိုစရာနေရာတွေ့သော်လည်း အစားအသောက်ကိစ္စက ရှိသေးသည်။

အကောင်ငယ်များဖြစ်သည့် ကြွက်နှင့်ယုန်တို့သည် သားပေါက်နှုန်းမြင့်သည့်အတွက် ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်သည်။ သို့သော် ကြွက်ဆိုသည်က အရွယ်အစားငယ်လွန်းသည်။ ယုန်များက ပိုသင့်တော်သည်။

ယုန်များမွေးထားလျှင် ဝံပုလွေအုပ်အတွက် ကိုယ်ပိုင်အမဲလိုက်၍ရသည့်အစာနှင့် ပေါင်းစပ်၍ ချွေတာစားသောက်နိုင်သည်။ ဆောင်းရာသီကိုဖြတ်ကျော်ဖို့ အခက်အခဲရှိမည်မဟုတ်။ နွေဦးရောက်လာလျှင် တောင်တန်းပေါ်၌ အစာကိစ္စ စိုးရိမ်စရာမလိုတော့။

“အာဝူး...”

တောင်နက် ဖုန်ချင်အန်း ညွှန်ကြားသည့်အတိုင်းလုပ်သည်။ ဝံပုလွေအုပ်အတွက် အစာရင်းမြစ်ကို ပြင်ဆင်သည်။

“ဝံပုလွေအုပ်ကိစ္စပြီးရင် ငါ့အတွက်လည်း မမေ့နဲ့ဦး။ မင်းအားတဲ့အခါ တောင်တန်းထဲကိုသွားပါ။ နှင်းကျလို့ လမ်းပိတ်နေရင်တောင် မင်းအတွက် အခက်အခဲမရှိနိုင်ပါဘူး”

“အာဝူး...”

တောင်နက်က ကတိပေးသဖြင့် သိစိတ်အာရုံကို သူပြန်ရုတ်သိမ်းလိုက်သည်။ တောင်နက်ကို သူတစ်ချိန်လုံး သင်ပြနေဖို့မလိုတော့။ ကိုယ့်ဘာသာ ဆုံးဖြတ်နိုင်စွမ်းမျိုး ရှိလာပြီဖြစ်သည်။

ထို့ကြောင့် သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို ပို၍အားစိုက်သည်။ ဒုတိယဝိညာဉ်စာချုပ်ဖန်တီးပြီးနောက် သူ့လေ့ကျင့်နှုန်း နည်းနည်းပိုမြန်လာသည်။ တောင်တန်းနတ်ဘုရားတိုက်ခဲ့သည့် ဝိညာဉ်လက်ဖက်ရညကြောင့်လားတော့မသိ။

မည်သို့ပင်ဖြစ်စေ တတိယဝိညာဉ်စာချုပ်ကို မကြာခင်သူဖန်တီးနိုင်မည်ဟု ထင်မိသည်။ တရုတ်နှစ်သစ်ကူးနေ့မတိုင်မီ ဖြစ်နိုင်သည်။ ထို့အပြင် သူနှင့်သင့်တော်သည့် သားရဲတစ်ကောင်ရှာတွေ့လျှင် သူသည် တရားဝမြေဂျင်နရယ်သားရဲထိန်းသခင်ဖြစ်လာမည်။

ထိုအချိန်ကျလျှင် နောက်ထပ်အပြောင်းအလဲအသစ်ကို သူကြုံရမည်။

ထိုအချိန်တွင် ယုန်နင်ကောင်တီနှင့် အနီးအနားကောင်တီနယ်များအတွင်း ထူးခြားသည့်လူတစ်စု ဒေသခံ နတ်မင်းများ နတ်ဘုရားများထံသို့ နတ်သမီးအိမ်တော်အမိန့်စာကိုင်၍ ရောက်လာကြသည်။ စာရင်းဇယားမျိုးစုံ ရယူကြသည်။

အဓိကစုံစမ်းသည်မှာ လူတစ်ယောက်နှင့်ပတ်သက်သည့် အကြောင်းများဖြစ်သည်။ ထူးဆန်းသည့် မြို့နတ်ဘုရားတစ်ပါးပါးက အပြင်းအထန်နှိပ်ကွပ်ထားသည့် နတ်ဆိုးတစ်ချို့ မကောင်းဆိုးဝါးတစ်ချို့ ရုတ်ချည်းဆိုသလို ထင်သာမြင်သာဖြစ်လာသည်။ တော်ဝင်စွမ်းအင်ရောင်ကို မကြောက်သည့် ခွေးဝံပုလွေအကြောင်းသည် အဓိကအာရုံစိုက်စရာဖြစ်လာသည်။

All Chapters