← Chapters

မင်းက ရှောင်လင်းယွီလား?

Vol. 2 Ch. 20

မင်းက ရှောင်လင်းယွီလား?

Vol. 2 Ch. 20

တားမည့်လူဘယ်သူမှမရှိတာကြောင့် ကျောက်ဝမ်မန့်လည်း ဆက်လက်ရိုက်နှက်ခံနေရလေသည်။

တစ်ဖက်လူက သူမဆံပင်ကိုဆွဲထားကာ ကျန်လက်တစ်ဖက်နှင့်ရိုက်နှက်နေခဲ့သည်။ ရှောင်လင်းယွီက လုံးဝမရပ်သွားခဲ့ပေ။

ယန်စစ်မင် ဝင်ဆွဲကြမည့်လူများကို သတိပေးလိုက်ပြီးနောက် စိတ်ဝင်တစားဖြင့်ဆက်စောင့်ကြည့်ရန် နောက်ပြန်ဆုတ်သွားခဲ့သည်။ ‘သူက တကယ်ကို ဗျောက်အိုလေးပဲ။ အကြီးအကျယ်ကိုပေါက်ကွဲနေပြီ။’

သို့သော်လည်း ရှောင်လင်းယွီ၏မျက်နှာထက်မှအမူအရာကို မြင်လိုက်ရချိန်မှာတော့ ယန်စစ်မင် စိတ်ရှုပ်ထွေးလို့သွားလေသည်။ ၎င်းမှာ ဒေါသ၊ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများပင်။ ရှောင်လင်းယွီ ယခုလိုအကွက်ချခံရတာကြောင့် ဒေါသထွက်နေသည်ကို သူနားလည်နိုင်သည်။ ဒါပေမယ့် စိတ်ပျက်အားငယ်မှုက ဘယ်ကရောက်လာတာလဲ?

အစောတုန်းက ရှောင်လင်းယွီသည် လင်းရှန်းယွီထံမှ အသရေဖျက်ခံရချိန်မှာ တုန်လှုပ်မသွားသလို တစ်ကုမ္ပဏီလုံးထံမှ အပြစ်ပြောခံရချိန်မှာလည်း မတုံ့ပြန်ခဲ့ပေ။ ချန်းယန်သစ္စာဖောက်သွားကြောင်း ကြားလိုက်ရချိန်မှာပင် သူမက စိတ်ပျက်သည့်အရိပ်အယောင်ကိုသာ ပြသခဲ့သည်။

သို့သော်လည်း ကျောက်ဝမ်မန့်ထံမှ သူမကိုအကွက်ချရသည့်အကြောင်းအရင်းကို ကြားသွားချိန်မှာတော့ ရှောင်လင်းယွီသည် စိတ်ပျက်အားငယ်ကာ နာကျင်မှုအပြည့်ဖြင့် ပေါက်ကွဲထွက်လာတော့သည်။ တစ်ခုခုတော့ လွဲနေသလိုပဲ။

‘ဒါ့အပြင် မနေ့ညက ဘယ်လိုဖြစ်သွားတာလဲ…’ ယန်စစ်မင် မျက်ခုံးများပင့်လိုက်ကာ ရှောင်လင်းယွီ၏ဇာတ်လမ်းအကြောင်း ပိုလို့တောင် စိတ်ဝင်စားလာမိတော့သည်။

ရှောင်လင်းယွီက အသာစီးရနေမှတော့ သူလည်း သူမလိုအပ်မှသာဝင်ကာကွယ်ပေးရန် ယန်စစ်မင် ဆုံးဖြတ်လိုက်တော့သည်။

ကျောက်ဝမ်မန့်က ဆိုးဆိုးရွားရွားအရိုက်ခံနေရတာကြောင့် ကြမ်းပေါ်တွင် ကွေးလို့နေသည်။ သူမခေါင်းကိုကာကွယ်ထားပေမယ့် ပါးစပ်ကတော့ ပိတ်မသွားခဲ့ပေ။ “ရှောင်လင်းယွီ အရူးမ! နင်ဘာလို့ ငါ့ကိုပဲလာရိုက်နေတာလဲ? အဲ့တုန်းက ဒီအစီအစဉ်ကို ချန်းယန်လည်းသဘောတူခဲ့တာလေ! ဘာလို့သူ့ကျသွားမရိုက်တာလဲ?”

ကျောက်ဝမ်မန့်သည် ချန်းယန်နှင့်ပတ်သတ်၍ မျှော်လင့်ချက်မဲ့သွားပြီဖြစ်သည်။ ဒီတော့ ဘာလို့ သူတို့နှစ်ယောက်လုံးမှာ တာဝန်ရှိတဲ့ကိစ္စကို ဘာလို့ သူမတစ်ယောက်တည်းကပဲ ဒုက္ခပြန်ခံနေရမှာလဲ?

ရှောင်လင်းယွီ တစ်ခုခုပြန်ပြောတော့မည့်အချိန်တွင်ပဲ တစ်ဖက်က စိုးရိမ်နေသည့်အော်သံတစ်ခုက ထွက်လာခဲ့သည်။ “ရပ်လိုက်! အခုချက်ချင်းရပ်လိုက်!”

အသံပိုင်ရှင်က အသံနှင့်အတူ ရှောင်လင်းယွီရှေ့မှောက်သို့ အပြေးကလေးရောက်ရှိလာခဲ့သည်။ သူက ဒေါသတရားများတောက်လောင်နေသည့်မျက်လုံးများဖြင့် ရှောင်လင်းယွီကိုကြည့်ကာ အော်ဟစ်တော့သည်။ “မင်းကဘယ်သူလဲ? ဘယ်လိုလုပ်ပြီး ဟွေ့ချင်အုပ်စုဥက္ကဌရဲ့သမီးကိုရိုက်ရဲရတာလဲ?”

အမျိုးသားသံကိုကျောက်ဝမ်မန့်ကြားလိုက်သည်နှင့် စိတ်က ဆက်ပြီးမတောင့်နိုင်တော့ကာ ကြမ်းပေါ်တွင် လဲလျောင်းနေရင်းဖြင့်ပင် ငိုကြွေးတော့သည်။ “အဖေ၊ အဖေ၊ သမီးကိုကယ်ပါဦး။ ဒီမိန်းမရူးနေပြီ။ သူမက သမီးကိုသေအောင်ရိုက်နေတာ!”

ကျောက်ဟွေ့ချင်၏အတွင်း‌ရေးမှူးက ကျောက်ဝမ်မန့်ထနိုင်အောင် ချက်ချင်းလာထူပေးကာ စိုးရိမ်မှုများဖြင့်မေးလိုက်သည်။ “မစ္စကျောက်၊ အဆင်ပြေရဲ့လား?”

ကျောက်ဟွေ့ချင်၏အတွင်းရေးမှူးက ဘေးတွင်ဝိုင်းနေသည့်လူအုပ်ကြီးကိုတစ်ချက်ကြည့်လိုက်ပြီး၊ “မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ? မင်းတို့မမလေးက အနိုင်ကျင့်ခံနေရတာလေ။ ဘာလို့ ဘယ်သူမှထွက်လာပြီး မကူကြတာလဲ?” တဆက်တည်းမှာပဲ သူမအကြည့်တို့က ရှောင်လင်းယွီထံသို့ကျရောက်သွားသည် အတွင်းရေးမှူးက မျက်မှောင်ကြုတ်သွားကာ မေးလိုက်လေသည်။ “မင်းကရောဘယ်သူလဲ?”

အတွင်းရေးမှူးသည် ကုမ္ပဏီမှလူများကိုမှတ်မိသော်လည်း ရှောင်လင်းယွီအပေါ် ထူးထူးခြားခြားအမြင်မျိုးမရှိပေ။

ထို့နောက် ကျောက်ဟွေ့ချင်သည်လည်း ရှောင်လင်းယွီကိုကြည့်လာခဲ့သည်။ သူက မျက်ခုံးများတွန့်ချိုးသွားကာ စိတ်ရှုပ်ထွေးစွာကြည့်လိုက်ပြီး၊ “မင်းကဘယ်သူလဲ? ဟွေ့ချင်အုပ်စုမှပြဿနာရှာပြီး ငါ့သမီးကိုတောင် ရိုက်ရဲတယ်ပေါ့?” သူ၏အကြည့်စူးစူးများထဲတွင် မီးများတောက်လောင်နေသော်လည်း ကောင်းကောင်းကွယ်ဝှက်ထားကာ ရှောင်လင်းယွီကို သေချာလေ့လာနေသည်။

ကျောက်ဟွေ့ချင်ရောက်လာပြီးနောက် ရှောင်လင်းယွီစိတ်ပြန်ငြိမ်သွားခဲ့သည်။ သူမက ရှုပ်ပွသွားသည့်ဆံပင်များကိုအသာဖိလိုက်ပြီး အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြန်ပြင်လိုက်သည်။

ထို့နောက် ကျောက်ဟွေ့ချင်ကိုပြုံးပြလိုက်ကာ၊ “ဥက္ကဌ၊ ကျွန်မက ဟွေ့ချင်အုပ်စုရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ရှောင်လင်းယွီပါ။”

“မင်းကရှောင်လင်းယွီလား?” ရှောင်လင်းယွီ၏နာမည်ကိုကြားသော် ကျောက်ဟွေ့ချင်အနည်းငယ်အံ့ဩသွားမိသည်။ ဘာကြောင့် ကျောက်ဝမ်မန့်က သူမနာမည်ကိုပြောဖူးတာကြောင့် ရှောင်လင်းယွီဘယ်သူဆိုတာကို သူသိနေ၍ဖြစ်သည်။

ဒီတော့ သူမက ချန်းယန်ရဲ့ချစ်သူပေါ့။ သို့ပေမယ့် ကျောက်ဟွေ့ချင်ကြားထားသည်က ရှောင်လင်းယွီသည် ရုပ်ဆိုးမတစ်ယောက်ဖြစ်သည်ဟူ၍ပင်။ ဒါပေမယ့် သူ့ရှေ့တွင်ရပ်နေသည့်အမျိုးသမီးမှာ စူပါမော်ဒယ်တစ်ယောက်လောက်အထိမဟုတ်သော်လည်း အတော်လေးဆွဲဆောင်မှုရှိလှသည်။

ရှောင်လင်းယွီပြုံးလိုက်ပြီး၊ “ဥက္ကဌက ကျွန်မလိုဝန်ထမ်းငယ်လေးကိုသိနေတာလား?” ဒါက ရှောင်လင်းယွီတစ်ယောက် တစ်စုံတစ်ခုကို အတည်ပြုနေခြင်းပင်။ ကျောက်ဟွေ့ချင်က သူ့သမီးလုပ်သမျှကို သိနေတာပေါ့?

ဒီလိုပေါ့။

ကျောက်ဟွေ့ချင်က ချန်းယန်ကိုအသိအမှတ်မပြုရင်တောင်မှ သူ့သမီး၏အချစ်ရေးကို ဝင်စွက်ဖက်မည်မဟုတ်ပေ။ ထို့အပြင် ချန်းယန်သည် လူကောင်းတစ်ယောက်ဖြစ်ကာ အလုပ်ကြိုးစားသည့် အလုပ်သမားတစ်ယောက်လည်းဖြစ်သေးသည်။ ချန်းယန်တွင် ၁၀နှစ်တာတွဲခဲ့သည့်ချစ်သူကောင်မလေးရှိကာ ဒီကုမ္ပဏီမှာပဲ အလုပ်လုပ်နေခြင်းဖြစ်ကြောင်း ကျောက်ဟွေ့ချင်လည်းကြားပေသည်။

ချန်းယန်က မိန်းကလေးတစ်ယောက်တည်းအပေါ် ၁၀လောက်အထိ သစ္စာစောင့်ထိန်းနိုင်မှတော့ သူ့သမီးအပေါ်လည်း သစ္စာရှိလောက်မှာပေါ့။ ထို့ကြောင့်ပဲ ကျောက်ဟွေ့ချင်သည် သူ့သမီး ချန်းယန်ကို သူ့ကောင်မလေးဆီမှခိုးယူသည်အား ခွင့်ပြုထားပေးခဲ့ခြင်းဖြစ်သည်။

ကျောက်ဟွေ့ချင် ခေါင်းညိတ်ကာ မငြင်းခဲ့ပေ။ “မင်းကိုသိတာပေါ့။ မင်းက ချန်းယန်ရဲ့ရည်းစားဟောင်းပဲ! ရှောင်လင်းယွီ၊ မင်းချန်းယန်ကို ဘယ်လောက်ချစ်တယ်ဆိုတာတွေ ငါဂရုမစိုက်ဘူး။ အဲ့ဒါတွေက အတိတ်ဖြစ်သွားပြီ။ မင်းတို့လမ်းခွဲပြီးသားဆိုမှတော့ သူ့ကိုထပ်ပြီးတွယ်ကပ်မနေနဲ့တော့။ သူက မင်းထက် ငါ့သမီးကိုရွေးချယ်ပြီးသွားပြီ! ဒါတောင် မင်းက ငါ့သမီးကို ငါ့ကုမ္ပဏီမှာတင် ကိုယ်ထိလက်ရောက်လုပ်ရဲတယ်ပေါ့? ဒါမင်းအမှားပဲ! မင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့တရားစွဲမယ်။ မင်းထောင်ထဲမှာအရိုးဆွေးဖို့ပြင်ထားလိုက်တော့!”

မကောင်းသည့်ပန်းသီးတစ်လုံးက အမြစ်ပုပ်နေသည့်သစ်ပင်နဲ့ဝေးရာမှာမကျပေ။ ကျောက်ဟွေ့ချင်၏ခြိမ်းခြောက်မှုများက လွန်ကျူးလှသည်။

ရှောင်လင်းယွီသည် သူ့ကုမ္ပဏီမှ အရေးမပါသည့်ဝန်ထမ်းလေးတစ်ယောက်သာဖြစ်တာကြောင့် ကျောက်ဟွေ့ချင် သူမကိုမကြောက်ပေ။

ရှောင်လင်းယွီ လှောင်ရယ်လိုက်ကာ ဗြောင်ကျကျပဲမေးလိုက်သည်။ “ဥက္ကဌ၊ ချန်းယန်နဲ့ကျွန်မက ရည်းစားဟောင်းတွေလား? ရှင့်ကိုဘယ်သူပြောလဲ?”

ကျောက်ဟွေ့ချင်သည် ရှောင်လင်းယွီ၏အပြောအဆိုပုံစံကိုသဘောမကျတာကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ “သေချာပေါက် ချန်းယန်ပြောတာပေါ့!”

ရှောင်လင်းယွီ၏အကြည့်စူးစူးများက ချန်းယန်ဆီတန်းရောက်သွားသည်။ ထိုအမျိုးသားသည်လည်း မျက်နှာတစ်ခုလုံး ရှက်ရွံ့မှုတို့ဖြင့် ဖုံးလွှမ်းနေသည်။ သူ့နှလုံးသားထဲတွင်တော့ ဒေါသမီးတောက်များတောက်လောင်နေလေသည်။

ရှောင်လင်းယွီက ကျောက်ဟွေ့ချင်ကို ထေ့ငေါ့ပြုံးပြုံးပြလိုက်ကာ၊ “ဥက္ကဌ၊ ရှင်မှားနေပြီထင်တယ်။ ကျွန်မကသာ ချန်းယန်ကို စွန့်ပစ်ခဲ့တာ။ ရှင်ပြောသလိုဆို သူကသာ ကျွန်မရဲ့ရည်းစားဟောင်းပဲ။ ဒါနဲ့ သူရှင့်ကိုဘယ်အချိန်တုန်းပြောခဲ့တာလေ?”

ဒီတော့မှ ကျောက်ဟွေ့ချင်လည်း သူ့သမီး၏သုံးပွင့်ဆိုင်ဇာတ်လမ်းထဲတွင် သူမသိသည့်အချက်များရှိသေးကြောင်း သိလိုက်ရသည်။ သို့သော်လည်း ကျောက်ဟွေ့ချင်သည် သူ့သမီးဘက်မှရပ်တည်ပေးနေတုန်းပင်။

ဘာပဲဖြစ်ဖြစ် ကျောက်ဝမ်မန့်နှင့်ချန်းယန်တို့၏စေ့စပ်ပွဲအကြောင်းကို သတင်းထုတ်ပြီးသားဖြစ်သည်။ လူတွေသာ ကျောက်ဝမ်မန့်က ချန်းယန်နှင့်ရှောင်လင်းယွီတို့တွဲနေတုန်းမှာ ဖြတ်ခုတ်ခဲ့သည်ဟု သိသွားကြပါက ကျောက်ဝမ်မန့်သည် စနှိုက်ကြော်တစ်ယောက်ဖြစ်သွားပေမည်။

ကျောက်ဟွေ့ချင်ကတော့ စနှိုက်ကြော်သမီးတစ်ယောက်မလိုချင်ပေ။ ထိုသို့သာဆိုလျှင် သူတို့ကျောက်မိသားစု၏ဂုဏ်သတင်းပါ ကျဆင်းစေလိမ့်မည်။

ကျောက်ဟွေ့ချင်နှာခေါင်းရှုံ့လိုက်ကာ မျက်နှာပြောင်ပြောင်နှင့်၊ “သူဘယ်အချိန်ကငါ့ကိုပြောခဲ့လဲဆိုတာအရေးမကြီးဘူး။ အရေးကြီးတာက မင်းနဲ့ချန်းယန်က ပြတ်ပြီးသွားပြီ။”

“ဒီတော့ အနာဂါတ်မှာ ငါ့သမီးနဲ့ချန်းယန်ကို ထပ်မနှောက်ယှက်နဲ့တော့။”

“မင်းကိုဟွေ့ချင်အုပ်စုက အလုပ်ထုတ်လိုက်ပြီ။ ဘဏ္ဍာရေးဌာနကနေ ၂လစာထုတ်ပေးလိုက်မယ်”

“ဒါပေမယ့် မင်း ငါ့သမီးကိုရိုက်ခဲ့တဲ့အတွက်ကိုတော့ ဒီအတိုင်းထားပေးလို့မရဘူး။ ငါ့ရှေ့နေကနေတဆင့် တရားရုံးဆင့်ခေါ်စာပို့ပေးမှာကိုစောင့်နေလိုက်!”

ရှောင်လင်းယွီ သူမဆံပင်များကို လက်ဖြင့်ဖြီးသင်နေရင်း ရယ်မောလိုက်သည်။ “ဥက္ကဌ၊ ကြည့်ရတာ ရှင်အခြေအနေတွေကို သဘောမပေါက်သေးဘူးထင်တယ်။ ကိစ္စမရှိပါဘူး။ ကျွန်မရှင်းပြပေးမယ်။” ရှောင်လင်းယွီ၏လေသံက ချက်ချင်းပင်ပြောင်းလဲသွားကာ…”သခင်လေးယန်က အခုပဲ ဟွေ့ချင်အုပ်စုရဲ့အနာဂါတ်ကို ကျွန်မဆီလက်လွှဲပေးထားပြီးပြီ။”

***

All Chapters