← Chapters

ကျောက်ဝမ်မန့်၏အရှက်တကွဲတောင်းပန်ရမှု

Vol. 2 Ch. 21

ကျောက်ဝမ်မန့်၏အရှက်တကွဲတောင်းပန်ရမှု

Vol. 2 Ch. 21

ကျောက်ဟွေ့ချင်မှင်သက်သွားရသည်။ သူကမယုံကြည်နိုင်စွာဖြင့်၊ “ဘယ်…ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

“ယန်သခင်လေးရဲ့အပြောအရ ယန်လုပ်ငန်းစုက ဟွေ့ချင်အုပ်စုနဲ့ဆက်ပြီးပူးပေါင်းဖို့မပူးပေါင်းဖို့ဆုံးဖြတ်နိုင်ခွင့်ရှိတဲ့ တစ်ဦးတည်းသောသူက ကျွန်မပဲ။” ရှောင်လင်းယွီက ပိုပြီးရှင်းလင်းသွားအောင်ပြောပြလိုက်သည်။ ထို့နောက် အပြုံးဖွဖွဖြင့် ကျောက်ဟွေ့ချင်ကိုကြည့်ကာမေးလိုက်သည်။ “ဥက္ကဌ၊ ရှင် ကျွန်မကိုဆက်ပြီးတရားစွဲချင်စိတ်ရှိနေသေးလား?”

‘ဒီဂိမ်းကနှစ်ယောက်ကစားရတာလေ။ ငါသာ အခုချိန်မှာ ငါ့အတွက်ငါမရပ်တည်ရင်၊ ဘယ်အချိန်မှလုပ်တော့မှာလဲ? ဟိုလူငါ့ဘက်မှာဆက်ပြီးမရပ်တည်ပေးတော့တဲ့အချိန်မှလား?’

ကျောက်ဟွေ့ချင်၏အမူအရာမှာ ပြောင်းလဲလို့သွားသည်။ သူက နားမလည်နိုင်စွာဖြင့်၊ “သခင်လေးယန်?” ကျောက်ဟွေ့ချင် ဘေးကိုလှည့်ပတ်ကြည့်ပြီး နောက်ဆုံးမှာတော့ လူအုပ်ကြီး၏ရှေ့ဆုံးတွင်ရပ်နေသည့် သာမာန်ဝတ်စုံဖြင့် ခန့်ညားသည့်အမျိုးသားတစ်ယောက်ကို တွေ့ရှိသွားခဲ့သည်။ ထိုသူက ရင်ဘက်ရှေ့လက်ပိုက်ထားကာ အလွန်သာမာန်ဆန်လှသည်။ ကျောက်ဟွေ့ချင်၏မျက်နှာမှ အရောင်အသွေးတို့ချက်ချင်းကျဆင်းသွားတော့သည်။

ကျောက်ဟေါ့ချင်ကုမ္ပဏီတို့ အပြေးကလေးရောက်ရှိလာရခြင်းမှာ ကျောက်ဝမ်မန့်က ယန်စစ်မင်ကို အာခံခဲ့သောကြောင့်သာဖြစ်သည်။ အလုပ်အမှုဆောင်များက သူ့ကိုဖုန်းဆက်ကာ သခင်လေးယန်ကုမ္ပဏီမှာရှိနေသည်ဟု ပြောလာခဲ့သည်။

ဒါပေမယ့် သခင်လေးယန်က ဘာလို့ ဟွေ့ချင်ကုမ္ပဏီမှာရှိနေရတာလဲ? ဘယ်လိုဖြစ်ပြီး သူ့သမီးက ယန်စစ်မင်ကိုအာခံမိသွားရတာလဲ? အလုပ်အမှုဆောင်များမှာ ဖုန်းထဲကနေရှင်းပြပေးဖို့ အခွင့်အရေးမရခဲ့ပေ။ ဒါကြောင့်ပဲ ကျောက်ဟွေ့ချင်သည်လည်း သခင်လေးယန်က ဟွေ့ချင်အုပ်စု၏ကံကြမ္မာကို ရှောင်လင်းယွီလက်ထဲပေးအပ်လိုက်လိမ့်မည်ဟု မသိထားခဲ့ပေ။

အခုလို သတင်းအချက်အလက်တွေပြတ်တောက်နေခြင်းကြောင့်‌ ကျောက်ဟွေ့ချင်အနေနှင့် လက်ရှိအခြေအနေကို လိုက်မမှီနိုင်ဖြစ်နေသည်။ သူကုမ္ပဏီသို့ရောက်ရောက်ချင်း သူ့သမီးကအရိုက်ခံနေရသည်ကိုမြင်လိုက်ရတာကြောင့် ကျောက်ဟွေ့ချင်ဒေါသထွက်သွားခဲ့သည်။ သူ့သမီးကို ကိုယ်ထိလက်ရောက်ရိုက်နက်နေသူ၏အထောက်အထားကိုသလိုက်ရပြီးနောက် သူ၏ပထမဆုံးတုံ့ပြန်မှုက ပြန်လည်တိုက်ခိုက်ဖို့ပင်။

သို့သော်လည်း ကျောက်ဟွေ့ချင်တစ်ယောက် ကိစ္စတစ်ခုလုံးကို ကောက်ချက်ချလွဲခဲ့လေသည်။ သူ၏အကြင်နာမဲ့တန်ပြန်တိုက်ခိုက်မှု၏တန်ဖိုးမှာ သူ့ကုမ္ပဏီဖြစ်နေခဲ့သည်။

ကျောက်ဟွေ့ချင်တစ်ယောက် ယန်စစ်မင်ကိုမြင်သွားသည်နှင့် သူ၏မောက်မာမှုတွေ လွှမ်းမိုးနိုင်စွမ်းတွေအကုန် အစအနမကျန်အောင်ပျောက်ကွယ်သွားတော့သည်။ သူက ကြောက်လန့်တုန်ရီစွာဖြင့် ယန်စစ်မင်ကိုကြည့်လိုက်ပြီးနောက် ချက်ချင်းဦးညွှတ်ကာ တောင်းပန်တော့သည်။ “သခင်လေးယန်၊ ကျွန်တော်တောင်းပန်ပါတယ်။ မင်းကိုအာခံခဲ့တာ ကျွန်တော့်သမီးအမှားပါ။ သေချာပေါက် ဒါကလည်းမတော်တဆဖြစ်သွားတာပဲဖြစ်မှာပါ။ သူ့ကိုခွင့်လွှတ်ပေးပါနော်။ တခြားလူတွေကိုပိုပြီးလေးစားတတ်အောင် ကျွန်တော် သူ့ကိုသင်ပြပေးလိုက်ပါ့မယ်။”

ထို့နောက် ကျောက်ဟွေ့ချင်က ကျောက်ဝမ်မန့်ကိုလှည့်ကြည့်ကာ အော်လိုက်သည်။ “မိုက်မဲတဲ့ကလေးမ၊ အခုချက်ချင်း ဒီကိုလာဒူးထောက်ပြီး သခင်လေးယန်ကိုတောင်းပန်စမ်း! သခင်လေးယန် မင်းကိုခွင့်မလွှတ်မချင်း ထမလာခဲ့နဲ့!”

ကျောက်ဟွေ့ချင်က သခင်လေးယန်ကို အားနာစိတ်ဖြစ်သွားအောင်လုပ်ချင်နေခြင်းဖြစ်သည်။

ကျောက်ဝမ်မန့်ခဗျာ သူမအဖေ၏ဒေါသတကြီးအော်ဟစ်သံကြောင့် ပြန်ခံပြောရဲခြင်းပင်မရှိပေ။ သူမက သူမ၏ရှုပ်ပွနေသည့်ဆံပင်များကိုသပ်ရပ်အောင် ဖြီးသင်နိုင်မည့်အခွင့်အရေးပင်မရဘဲ ချက်ချင်းပင်ပြေးလာခဲ့သည်။ သူမက ယန်စစ်မင်ရှေ့တွင် ဒူးထောက်လိုက်ကာ “ကျွန်မတောင်းပန်ပါတယ် သခင်လေးယန်။ ကျွန်မကိုခွင့်လွှတ်ပေးပါ!”

ကျောက်ဝမ်မန့်၏အဖေက ယန်စစ်မင်အပေါ် အလွန်ရိုကျိုးနေသည်။ ကျောက်ဝမ်မန့်သည် သူမအဖေထိုသို့ပြုမူသည်အား တခါမှမတွေ့ဖူးပေ။ ဒါကြောင့်ပဲ သူမထပ်ပြီး လေပေါ်မြောက်မနေရဲတော့သလို အကြံအစည်တွေနဲ့လည်း မကစားရဲတော့ပေ။

ယန်စစ်မင်က သူ့လက်ကို ရှောင်လင်းယွီ၏ပုခုံးပေါ်တင်ထားကာ သူ့လက်များက သူမ၏ဆံနွယ်များကို လိမ်ခွေရင်းကစားလို့နေသည်။

ရှောင်လင်းယွီတစ်ယောက် သူ့ကိုထိုးချပစ်ချင်စိတ်အလွန်ပြင်းထန်နေသည်။ သို့သော်လည်း ယန်စစ်မင်က သူမလက်စားချေဖို့အတွက် ကူညီပေးနေခြင်းဖြစ်တာကြောင့် လောလောဆယ်တော့ သူမသည်းခံနေမှရပေမည်။

ကျောက်ဟွေ့ချင်သည်လည်း ထိုမြင်ကိုမြင်လိုက်ရလေသည်။ ထိုနှစ်ယောက်၏ဆက်ဆံရေးက အလွန်နီးကပ်နေတာကြောင့် သူအံ့ဩသွားရသည်။ ချက်ချင်းဆိုသလိုပင် သူ့စိတ်ထဲတွင် အရေးပေါ်အချက်ပေးသံများမြည်ဟီးသွားတော့သည်။ ရှောင်လင်းယွီသည် သခင်လေးယန်နှင့် ထိုသို့ဆက်ဆံရေးမျိုးရှိနေလိမ့်မည်ဟု ကျောက်ဟွေ့ချင်နည်းနည်းလေးမှ မတွေးထားမိပေ။

သူအစောကလုပ်ခဲ့မိသည့်အပြုအမူများကိုပြန်တွေးလိုက်မိချိန်မှာတော့ ကျောက်ဟွေ့ချင်တစ်ယောက် သေတော့မလိုတောင်ခံစားသွားမိသည်။ သူ့စိတ်ထဲတွင် နောင်တစိတ်တို့ဖြင့် ပြည့်နှက်လာခဲ့သည်။

သခင်လေးယန်က ရှောင်လင်းယွီကို တကယ်ဂရုမစိုက်ဘဲ သူမကိုယ်စားဟွေ့ချင်အုပ်စုအပေါ် လက်စားမချေပေးပါစေနဲ့ဟုသာ သူဆုတောင်းနိုင်တော့သည်။

ထိုသားအဖနှစ်ယောက် ဘယ်လောက်တောင်ရိုကျိုးပြနေလဲဆိုသည်ကိုမြင်လိုက်ရတာကြောင့် ယန်စစ်မင်၏နှုတ်ခမ်းစွန်းများကော့တတ်သွားလေသည်။ “ဘာလို့ငါ့ကိုလာရှုပ်နေတာလဲ? ဆုံးဖြတ်ပိုင်ခွင့်အာဏာကို ငါ့ရဲ့ဗျောက်အိုလေးဆီလွှဲအပ်ပေးထားပြီးပြီလေ။”

ကျောက်ဟွေ့ချင်မှာ ထိုဗျောက်အိုးလေးဆိုသည်အမည်နာမကြောင့် စိတ်ရှုပ်ထွေးသွားကာ နားမလည်မှုများဖြင့် ယန်စစ်မင်ကိုကြည့်လိုက်မိသည်။

ကျောက်ဝမ်မန့်၏မျက်နှာထက်တွင်တော့ ဒေါသနှင့်အမုန်းတရားတို့ပေါ်ထွက်လာပြန်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပဲ သူမက ခေါင်းကိုငုံ့ကာ ရှောင်လင်းယွီကို တောင်းပန်လာသည်။ “ငါတောင်းပန်ပါတယ်!”

ရှောင်လင်းယွီပင် ဘာမှမပြောရသေးခင်မှာပဲ ယန်စစ်မင်က ကျစ်သပ်လိုက်ကာ၊ “မင်း စိတ်ရင်းရောပါရဲ့လား? မင်းဘယ်သူ့ကိုတောင်းပန်ချင်လဲဆိုတာ ငါတောင်မပြောနိုင်ဘူး။”

ကျောက်ဝမ်မန့်၏မျက်နှာမှာ ဖြူဖျော့လို့သွားလေသည်။ သူမက အံတင်းတင်းကြိတ်ကာ ခေါင်းကိုအရင်ထပ်ပိုငုံ့လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ထပ်ပြောလိုက်သည်။ “ရှောင်လင်းယွီ ငါတောင်းပန်ပါတယ်!”

ကျောက်ဟွေ့ချင်တစ်ယောက် အခုမှပဲ အခြေအနေကို အမှီလိုက်နိုင်သွားတော့သည်။ အစောက ရှောင်လင်းယွီ သူ့ကိုပြောခဲ့သည်က အမှန်ဖြစ်ပုံပင်။

ယန်စစ်မင်က တကယ်ကိုပဲ ဟွေ့ချင်အုပ်စု၏ကံကြမ္မာကို ကျောက်ဟွေ့ချင်အထင်သေးနေသော သူ့လက်အောက်မှ ဝန်ထမ်းငယ်လေးဖြစ်သည့် ရှောင်လင်းယွီထံ လက်လွှဲပေးထားလိုက်ပေပြီ။

ကျောက်ဟွေ့ချင်သည် ဘယ်အချိန်မှာ တင်းပြီး ဘယ်အချိန်မှာညှိနှိုင်းသင့်လဲဆိုသည်ကိုသိသည့် စီးပွားရေးသမားတစ်ယောက်ဖြစ်ပေသည်။

အခြေအနေကိုနားလည်သွားသည်နှင့် မျက်လုံးများတောက်သွားကာ ချက်ချင်းပင် ရှောင်လင်းယွီကို ဦးညွှတ်လိုက်ပြီး၊ “မစ္စရှောင်၊ ငါအစောက ကိုယ့်စိတ်ကိုအချိန်မီမထိန်းနိုင်လိုက်မိဘူး။ တောင်းပန်ပါတယ်။ ငါပြောခဲ့တဲ့စကားတွေကို အတည်မမှတ်လိုက်ပါနဲ့နော်။ ငါတကယ်ကိုတောင်းပန်ပါတယ်!”

ရှောင်လင်းယွီက ပါးပါးနပ်နပ်ပင်ခေါင်းကိုယမ်းလိုက်သည်။ “ဥက္ကဌ, ရှင်တောင်းပန်ဖို့မလိုပါဘူး။ ကျွန်မက ရှင့်သမီးကို တကယ်ရိုက်ခဲ့မိတာလေ၊ ဒီတော့ ရှင် ကျွန်မဆီ ရှေ့နေဆင့်ခေါ်စာပို့ပြီး တရားစွဲမယ်လို့ပြောတာ မှားတာမှမဟုတ်တာ။” ထို့နောက် ရှောင်လင်းယွီက လေသံအေးအေးဖြင့်ထပ်ပြီးပြောလာပြန်သည်။ “ဒါပေမယ့် ကျွန်မလည်း ရှင့်သမီးဆီ ကျွန်မရှေ့နေဆီကနေတဆင့် ဆင့်ခေါ်စာပို့သွားမှာပါ။ တကယ်တော့ အခုလည်း ကျွန်မရဲကိုအကြောင်းကြားထားပြီးပြီ။”

ကျောက်ဟွေ့ချင်ကတော့ ရုတ်တရက်နားမလည်နိုင်ဖြစ်လို့သွားသည်။ “ရဲလား? ငါတို့ ရဲတွေကိုပါ ဝင်ပါခိုင်းဖို့အထိလိုအပ်လို့လား?”

“ဒါကတော့ ဘာလို့ဆို ရှင့်သမီးက ကျွန်မကို ဆေးခပ်ဖို့တစ်ယောက်ယောက်ကိုခိုင်းပြီး ရှင်တို့ကုမ္ပဏီရဲ့ဖောက်သည်ဆီ ကျွန်မကို လက်ဆောင်အဖြစ်ကမ်းလှမ်းခဲ့တယ်လေ။ ဒါက သေချာပေါက် တရားမဝင်တဲ့ကိစ္စပဲ။”

ထို့နောက် ရှောင်လင်းယွီက လှည့်ပတ်မနေတော့ဘဲ တိုက်ရိုက်ထုတ်ပြောလိုက်သည်။

“တကယ်တော့ ရှင့်သမီးနဲ့ချန်းယန်က ကျွန်မအတွက် တကယ်ကိုကောင်းတဲ့လူတစ်ယောက်ကို ရွေးပေးထားခဲ့တာပါ။ ဟုန်ဖာအုပ်စုရဲ့ဥက္ကဌ လီယွမ်ဖာလေ။ ရှင်လည်း သူ့ကိုရင်းနှီးမှာပါ။ ဟုတ်တယ်မလား ဥက္ကဌ? ဒီတော့ ရှင်လည်း ဖြစ်စဉ်အစုံအလင်သိပြီဆိုတော့ ကျွန်မရှင့်သမီးကို ရိုက်လိုက်တာ သူနဲ့ထိုက်တန်တယ်လို့မထင်မိဘူးလား?”

ရှောင်လင်းယွီ၏စကားဆုံးသွားသည်နှင့် ချက်ချင်းပင် ကျောက်ဟွေ့ချင်သည် နောက်လှည့်ကာ ကျောက်ဝမ်မန့်ကို ပါးရိုက်လိုက်ပြီး ဒေါသတကြီးဆူပူတော့သည်။ “ကျောက်ဝမ်မန့်၊ ငါနင့်ကိုပုံမှန်ဆို ဘယ်လိုသင်ထားလဲ? စိတ်နှလုံးကောင်းထားပြီး တခြားလူတွေကို ဘယ်တော့မှဒုက္ခမပေးပါနဲ့လို့! နင်ဘာများအသုံးကျသေးလဲ!”

ထို့နောက် ပါးကိုနောက်တစ်ချက်ရိုက်လိုက်ပြန်သည်။ တချိန်တည်းမှာပဲ ကျောက်ဟွေ့ချင်သည် သူ့သမီးကို သတိပေးသည့်အကြည့်တစ်ချက်ပါပေးလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ကျောက်ဟွေ့ချင်၏ပါးရိုက်ချက်မှာ အသံကျယ်သော်လည်း တကယ်တမ်းမပြင်းထန်ပေ။ သူက ယန်စစ်မင်နှင့်ရှောင်လင်းယွီတို့ စိတ်ကျေနပ်စေရန် ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်သည်။

သခင်လေးယန်က ဟွေ့ချင်အုပ်စု၏ကံကြမ္မာကို ရှောင်လင်းယွီ၏လက်ထဲအပ်ထားပြီဆိုမှတော့ သူမစိတ်ကျေနပ်အောင်လုပ်ရမည်၊ မဟုတ်ပါက…

ကျောက်ဟွေ့ချင် စိတ်ထဲတွင် သက်ပြင်းမောကြီးချလိုက်သော်လည်း တချိန်တည်းမှာပဲ ရှောင်လင်းယွီကိုလည်း ကျိန်ဆဲနေမိသည်။

ရှောင်လင်းယွီသည် လတ်တလောတွင်တော့ သခင်လေးယန်၏ထောက်ပံ့မှုကိုရရှိနေသာ်လည်း သူ့မျက်နှာသာပေးမှုကို ဆုံးရှုံးရဖို့ အချိန်သိပ်ကြာလိမ့်မည်မဟုတ်ပေ။ ထိုသို့သာဖြစ်လာလျှင် ကျောက်ဟွေ့ချင်တစ်ယောက် သေချာပေါက် ပြန်လက်စားချေပေလိမ့်မည်။

သူ ရှောင်လင်းယွီကို သင်ခန်းစာကောင်းကောင်းပေးပစ်ပြီး၊ သူ ကျောက်ဟွေ့ချင်ကို မျက်နှာပျက်အောင်လုပ်ခဲ့တဲ့အတွက် သေချာပေါက် ဒီအတိုင်းထားမည်မဟုတ်ပေ။

ကျောက်ဝမ်မန့်သည်တော့ တစ်နေ့တည်းနှင့် ပါးရိုက်ခံရပေါင်းများနေလေပြီ။ ထိုရိုက်ချက်များမှာ ရှောင်လင်းယွီနှင့် ချန်းယန်တင်မကဘဲ သူမအဖေအရင်းထံကပါ ပါလာပြန်သည်။ ထို့ကြောင့် သူမ၏ပါးနှစ်ဖက်လုံး နီရဲကာယောင်ရမ်းနေပြီဖြစ်သည်။

သို့သော်လည်း သူမ ဘာမှမလုပ်နိုင်ဘဲ သည်းခံနေရုံသာတတ်နိုင်သည်။

ကျောက်ဝမ်မန့် ခေါင်းကိုဆက်ငုံ့ထားကာ ရှောင်လင်းယွီကို ထပ်ပြီးတောင်းပန်လိုက်သည်။ “မစ္စရှောင်၊ ကျွန်မတောင်းပန်ပါတယ်!” သူမအသံထဲက နာကျင်မှုနှင့် မခံမရပ်နိုင်ဖြစ်သည့်ခံစားချက်များကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပေ။

***

All Chapters