← Chapters

မပြတ်နိုင်သေးဘူးလား?

Vol. 2 Ch. 25

မပြတ်နိုင်သေးဘူးလား?

Vol. 2 Ch. 25

ရှောင်လင်းယွီ၏ဒုတိယတောင်းဆိုချက်မှာ ချန်းယန်နှင့်ကျောက်ဝမ်မန့်တို့ ချက်ချင်းလက်ထပ်သွားကြရန်ဖြစ်သည်။ ဒါက လုံးဝမမျှော်လင့်ထားသည့်အခြေအနေပင်။

လူအများစုကတော့ ရှောင်လင်းယွီတွင် ချန်းယန်အတွက် ခံစားချက်တို့ကျန်ရှိနေသေးတာကြောင့် ဤကဲ့သို့အခြေအနေမျိုးတောင်းဆိုသည်ဟုတွေးကြကာ အလွန်ခံစားသွားကြသည်။

ချန်းယန်သည်လည်း ထိုစကားကိုကြားချိန် မှင်သက်သွားမိကာ ကျေနပ်ဝမ်းသာသွားခဲ့သည်။ သူက ဖော်ပြ၍မရနိုင်သည့် စိတ်လှုပ်ရှားမှုများ စွဲလမ်းမှုများဖြင့် ရှောင်လင်းယွီကိုကြည့်လိုက်လေသည်။

‘ငါသိသားပဲ! ယွီအာက ငါ့ကိုချစ်နေတုန်းပဲ!’

ချန်းယန် ပျော်ရွှင်နေချိန် တစ်စုံတစ်ယောက်ကတော့ မပျော်ရွှင်နိုင်ခဲ့ပေ။ ကျောက်ဟွေ့ချင်တစ်ယောက် မျက်မှောင်ကြုတ်ကာ ချက်ချင်းငြင်းဆိုလိုက်သည်။ “လုံးဝမဖြစ်နိုင်ဘူး!”

ချန်းယန်သည် သူ့သားမက်ဖြစ်ရန်စာရင်းထဲတွင်ဝင်ဖို့ပင် မသင့်တော်တော့သူဖြစ်သည်။ ချန်းယန်သည် သူ၏ဖုံးကွယ်ထားသောရည်မှန်းချက်ကိုလည်း ထုတ်ပြခဲ့ပြီးဖြစ်သည်။ သူက ကျောက်ဝမ်မန့်ကိုချစ်တာကြောင့်မဟုတ်ဘဲ ဟွေ့ချင်အုပ်စုကိုလိုချင်တာတစ်ခုတည်းကြောင့် သူမနှင့်အတူရှိရန်သဘောတူခဲ့ခြင်းဖြစ်သည်။ ကျောက်ဟွေ့ချင်အနေနှင့် ဒီလိုလူမျိုးကို သူ့မိသားစုထဲ မသွင်းနိုင်ပေ။

ရှောင်လင်းယွီက ပြုံးလိုက်ပြီး၊ “ဥက္ကဌ၊ ရှင် ကျွန်မကိုမငြင်းခင် သေချာပြန်စဉ်းစားဦးနော်။ ဒါက ဟွေ့ချင်အုပ်စုရဲ့အနာဂါတ်နဲ့သက်ဆိုင်နေတယ်!”

ကျောက်ဟွေ့ချင်အလွန်ဒေါသထွက်သွားကာ၊ “မင်းတခြားဘာကိုတောင်းဆိုတောင်းဆိုရတယ်။ ဒီတစ်ခုကိုတော့ ငါဘယ်လိုမှသဘောတူမှာမဟုတ်ဘူး!”

“မရဘူး!” ရှောင်လင်းယွီ ပြုံးရင်း လက်ကိုအသာယမ်းလိုက်သည်။ “ဥက္ကဌ၊ ကျွန်မမှာ တခြားလိုချင်တာမရှိဘူး၊ ဒီတစ်ခုပဲရှိတယ်!”

ရှောင်လင်းယွီ၏အကြည့်များက ချန်းယန်၏မျက်နှာထက်တွင်သာ ရပ်တန့်သွားခဲ့သည်။ ချန်းယန်၏ပုံမှန်ထက်ပိုသောစိတ်လှုပ်ရှားနေသည့်အမူအရာကိုမြင်ရချိန် သူမမပြုံးဘဲမနေနိုင်ခဲ့ပေ။ သူမ၏အပြုံးက လှပလွန်းကာ ယောက်ျားအများစုကို စွဲလမ်းသွားစေနိုင်သည်။

ချန်းယန်သည်လည်း သူ့စိတ်ခံစားချက်များကို မသိုဝှက်ထားနိုင်ခဲ့ဘဲ ဖွင့်ဟခေါ်ဆိုလိုက်မိသည်။ “ယွီအာ..” သူက သူမကို သူ့ဒုတိယဇနီးလုပ်ဖို့ရန်ပင် မေးလိုက်ချင်နေသေးသည်။

ရှောင်လင်းယွီက အပြုံးဖြင့်ပင် ခေါင်းအသာယမ်းလိုက်သည်။ ထို့နောက် ကျောက်ဟွေ့ချင်ဘက်သို့ပြန်လှည့်သွားချိန်တွင် သူမအမူအရာက ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။ “ဥက္ကဌ၊ ရှင် ဟွေ့ချင်အုပ်စုကို ကာကွယ်ချင်တယ်ဆိုရင် ဒီအခြေအနေကို သေချာပေါက် သဘောတူပေးမှရမယ်။”

ကျောက်ဟွေ့ချင် ဒေါသထွက်လွန်း၍ ရှောင်လင်းယွီကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်သည်။ “မင်း!!!”

“ဒီတော့ Yes လား Noလား?” ရှောင်လင်းယွီ တိကျသည့်အဖြေကိုသာ တောင်းလိုက်သည်။

ကျောက်ဝမ်မန့်သည်တော့ ဘာမှဝင်မပြောရဲပေ။ သူမက ခေါင်းကိုသာဆက်တိုက်ငုံ့ထားပြီး ခံစားချက်များကတော့ ရှုပ်ထွေးနေခဲ့သည်။ သူမ ဝမ်းနည်းဒေါသထွက်သလို တချိန်တည်းမှာပဲ ပျော်ရွှင်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူမ ချန်းယန်ကိုချစ်ခဲ့တာပဲမဟုတ်လား။ မဟုတ်ရင် ဒီလိုဆိုးရွားတဲ့အစီအစဉ်တွေကိုသုံးပြီး ရှောင်လင်းယွီကို ဖျက်ဆီးဖို့လုပ်ပါ့မလဲ။

ချန်းယန်ဘက်က သူမကို ဂရုစိုက်ကြောင်း အနည်းငယ်လောက်သာ ဖော်ပြခဲ့လျှင်တောင်မှ ကျောက်ဝမ်မန့် ထိုယောက်ျားအပေါ် ခံစားချက်များရှိနေသေးသည်။ သူမခံစားချက်များကို လွယ်လွယ်နှင့်မဖယ်ထုတ်နိုင်ဘဲ ပျောက်ကွယ်ဖို့ဆိုလျှင် အချိန်တချို့လိုအပ်ပေသည်။

ပြောရမည်ဆိုလျှင် ချန်းယန်က သူမ၏နောက်ခံကြောင့် သူမနှင့်အတူရှိဖို့သဘောတူခဲ့မှန်း ကျောက်ဝမ်မန့်လည်းသိသည်။ သို့သော်လည်း ချန်းယန် သူမကိုချစ်လာအောင် လုပ်နိုင်မည်ဟု သူမတွင် ယုံကြည်ချက်အပြည့်အဝရှိခဲ့သည်။ ချန်းယန်သာ သူမကိုချစ်မိသွားသည်နှင့် ရှောင်လင်းယွီကို ဆက်ဆံခဲ့သလိုပဲ သူမကိုလည်း အကောင်းဆုံးဆက်ဆံပေးပေလိမ့်မည်။

သူသာ သူမကိုချစ်မိသွားလျှင် ငွေကြေး၏လွှမ်းမိုးမှုက သိပ်ပြီးအားကောင်းတော့မည်မဟုတ်ပေ။ သူမက ကျောက်ဟွေ့ချင်၏သမီး ကျောက်ဝမ်မန့်ဖြစ်နေသ၍ ချန်းယန်က သူမကိုဘာမှလုပ်ရဲလိမ့်မည်မဟုတ်ပေ။ ချန်းယန်ကို သူမအိပ်မက်ထဲက ချစ်ခင်တတ်လွန်းသည့်ခင်ပွန်းပုံစံဖြစ်လာအောင်လုပ်ဖို့အတွက် သူမတွင် အချိန်များစွာရှိပေသည်။

ကျောက်ဝမ်မန့် ထိုသို့တွေးမိသည်နှင့် ကျောက်ဟွေ့ချင်၏အင်္ကျီစကို အသာဆွဲလိုက်ပြီး သူမအဖေကို တောင်းဆိုလိုသည့်အကြည့်တစ်စုံဖြင့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှောင်လင်းယွီက ယန်စစ်မင်ကိုလှည့်ကြည့်လိုက်ပြီး၊ “သခင်လေးယန်…”

“ကောင်းပြီ၊ ငါသဘောတူတယ်!” သခင်လေးယန်ဆိုသည်နှင့် ကျောက်ဟွေ့ချင်ကြောက်လန့်သွားကာ ရှောင်လင်းယွီဘာမှဆက်မပြောခင် သူမတောင်းဆိုချက်ကို ချက်ချင်းသဘောတူလိုက်သည်။ ဒါ့အပြင် သူ့သမီးကလည်း ချန်းယန်နှင့်လက်ထပ်ချင်နေသေးပုံပေါ်သည်။

စိတ်ထဲတွင်တော့ ဒါတွေအားလုံး ရှောင်လင်းယွီက တမင် ချန်းယန်အတွက်လုပ်ပေးနေခြင်းဖြစ်ကြောင်း ကျောက်ဟွေ့ချင်သေချာနေသည်။ ချန်းယန်ကိုကြည့်သည့် ရှောင်လင်းယွီ၏အကြည့်များထဲတွင် နာကျင်မှု၊ နက်ရှိုင်းသည့်စွဲလမ်းမှုနှင့် လက်မလွှတ်နိုင်သည့်ခံစားချက်များကို ကျောက်ဟွေ့ချင်မြင်လိုက်မိသည်။ ‘ဒီကောင်မလေး ချန်းယန်ကို ချစ်နေသေးတာပဲ။’

ထို့ကြောင့် ချန်းယန်သာ ကျောက်ဝမ်မန့်နှင့်လက်ထပ်ပြီးလျှင် ရှောင်လင်းယွီကလည်း ဟွေ့ချင်အုပ်စုတွင် ဆက်ပြီးအလုပ်လုပ်လိမ့်မည်။ ချန်းယန်တွင် ရှောင်လင်းယွီ၏ထောက်ပံ့မှုရှိမည်ဖြစ်သလို တခါတည်း သူမကြောင့် သခင်လေးယန်ကလည်း ဟွေ့ချင်အုပ်စုကို ထောက်ပံ့ပေးပေလိမ့်မည်။

ဒီလိုဆိုမှတော့ ကျောက်ဟွေ့ချင်မှာ သဘောမတူစရာအကြောင်းရှိပါတော့မလား။ အားလုံးက ဟွေ့ချင်အုပ်စုအတွက် အမြတ်တွေချည်းပဲလေ။

“ကောင်းလိုက်တာ! တွေ့လား၊ ယန်ကော၊ ရှင်သာ ကျွန်မကိုအမှန်အတိုင်းပြောခဲ့ရင် သေချာပေါက် ရှင်ပျော်ရွှင်နိုင်ဖို့ ကျွန်မလက်လွှတ်ပေးမှာပါဆို။ ရှင့်အိပ်မက်တွေကိုပိုင်ဆိုင်နိုင်ဖို့ ကျွန်မအစွမ်းရှိသလောက် အားလုံးလုပ်ပေးသွားမှာ။ အဲ့ဒါကို ဘာကြောင့် ကျွန်မကိုမယုံကြည်ပေးခဲ့တာလဲ?”

လူအုပ်ကြီးမှာ နားမလည်နိုင်ဖြစ်လို့နေသည်။ ရှောင်လင်းယွီ၏စိတ်အခြေအနေကို သူတို့အမှီမလိုက်နိုင်တော့ပေ။ မကြာသေးခင်ကတင် သူမ ချန်းယန်ကို အရမ်းဒေါသထွက်နေခဲ့တာမဟုတ်ဘူးလား။ ဘာလို့ အခုကျ ချန်းယန်ပျော်ရွှင်ဖို့အတွက် အရာရာပေးဆပ်တော့မယ့် ချစ်သူမိန်းကလေးပုံစံဖြစ်သွားရတာလဲ။

ရှောင်လင်းယွီ၏ချန်းယန်အပေါ်ထားရှိသော နက်ရှိုင်းသည့်ချစ်ခြင်းမေတ္တာကြောင့် သူတို့သက်ပြင်းသာချမိတော့သည်။

ချန်းယန်သည်လည်း ရှောင်လင်းယွီအနားသို့ လျှောက်လာကာ စိတ်လှုပ်ရှားမှုများဖြင့် သူမလက်ကိုဆုပ်ကိုင်လိုက်သည်။ သူ့ပုံစံမှာ အပျော်လွန်ပြီးငိုတောင်ငိုတော့မလိုပင်။ “ကိုယ်တောင်းပန်ပါတယ် ယွီအာ။ ကိုယ်ကသာ မင်းကိုနာကျင်စေခဲ့သူပါ။ ဒါပေမယ့် ဒါတွေအားလုံး ကိုယ်တို့နှစ်ယောက်ရဲ့အနာဂါတ်အတွက် ကိုယ်လုပ်ခဲ့ရတာပါ။”

ချန်းယန်က သူမလက်ကို ရုတ်တရက်ကြီးဆွဲလိုက်တာကြောင့် ရှောင်လင်းယွီ ကြက်သီးဖြန်းဖြန်းထသွားကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူမရုန်းချင်သော်လည်း ချန်းယန်က သူမလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့သည်။

ယန်စစ်မင်၏မျက်လုံးများကျဉ်းမြောင်းသွားကာ ချန်းယန်၏လက်မောင်းကိုဆွဲပြီး တွန်းလွှတ်ပစ်လေသည်။ ချန်းယန်သည်လည်း မထင်ထားသည့်အခြေအနေကြောင့် နာကျင်သွားခဲ့သည်။

ချန်းယန်၏လက်မောင်းတွင် လက်ရာကြီးပင်ထင်သွားခဲ့သည်ပင်။ ချန်းယန်က ယန်စစ်မင်ကို မုန်းတီးဒေါသထွက်နေသည့်အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

ယန်စစ်မင်ကလည်း ထေ့ငေါ့သည့်အကြည့်ဖြင့်ပြန်ကြည့်လိုက်ကာ ပိုင်ဆိုင်လိုစိတ်အပြည့်ဖြင့် ကြေညာလိုက်သည်။ “ငါ့မိန်းကလေးကို တခြားယောက်ျားတွေ ဆွဲလားရမ်းလားလုပ်တာမကြိုက်ဘူး!”

ချန်းယန် ကြောင်အသွားသော်လည်း ချက်ချင်းပင်အသိပြင်ဝင်သွားကာ ခေါင်းကိုငုံ့ပြီးတောင်းပန်စကားဆိုလိုက်သည်။ “သခင်လေးယန်၊ ကျွန်တော်တောင်းပန်ပါတယ်!” သို့သော်လည်း သူ့လက်များကတော့ လက်သီးဆုပ်ထားခဲ့သည်။ ‘တစ်နေ့တော့ ငါ့ဇနီးကိုခိုးယူခဲ့တဲ့အတွက် မင်းကိုပြန်လက်စားချေပြမယ်!’

ယန်စစ်မင်ကတော့ သူ့ကိုလျစ်လျူရှုထားကာ ရှောင်လင်းယွီကိုသာ စိုးရိမ်တကြီးမေးလိုက်သည်။ “မင်းနာသွားသေးလား? အလိုက်တဲ့မိန်းကလေး၊ သူမင်းကိုနာအောင်လုပ်နေတာကို ဘာလို့ဘာမှမပြောဘဲနေရတာလဲ?”

ရှောင်လင်းယွီ ခေါင်းအသာယမ်းလိုက်ပြီး၊ “ကျွန်မအဆင်ပြေပါတယ်။ စိုးရိမ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သခင်လေးယန်။”

ကျောက်ဟွေ့ချင်သည်တော့ ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်ထားခဲ့သည်။ သူ့လှည့်ကြည့်လိုက်ရာ သူ့သမီးမျက်နှာထက်တွင် ဒေါသနှင့်အရှက်ရသည့်အရိပ်အယောင်များကိုမြင်လိုက်ရသည်။ ကျောက်ဟွေ့ချင်အလွန်စိတ်ပျက်သွားကာ သူ့သမီးကို အမြန်ဆုံးအိမ်ပြန်ခေါ်သွားပြီး သင်ခန်းစာကောင်းကောင်းပေးချင်နေတော့သည်။ သို့သော်လည်း အခုတော့မဖြစ်နိုင်ပေ။ လောလောဆယ် သူ့တွင်ပိုအရေးကြီးသည့်ကိစ္စများရှိနေသေးသည်။

ထိုအတွဲများပရောပရီလုပ်နေသည်ကို ကျောက်ဟွေ့ချင် ကြားဝင်နှောက်ယှက်လိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။ “မစ္စရှောင်၊ ငါမင်းတောင်းဆိုတဲ့အခြေအနေနှစ်ရပ်လုံးကို သဘောတူပြီးသွားပြီ။ ဒီတော့ ယန်လုပ်ငန်းစုနှင့်ဟွေ့ချင်အုပ်စုကြားပူးပေါင်းမှုအကြောင်း သခင်လေးယန်ကိုမေးပေးလို့ရမလား?”

***

All Chapters