← Chapters

ဂိုဏ်းတစ်ခုလုံးကိုဖြုတ်ချခြင်း

Vol. 3 Ch. 36

ဂိုဏ်းတစ်ခုလုံးကိုဖြုတ်ချခြင်း

Vol. 3 Ch. 36

ရှင်းယင်ပြည်သူ့လုံခြုံရေးဗျူရိုသည် ရထားပေါ်ကနေပြီး တိုင်ကြားချက်တစ်ခုရရှိခဲ့သည်။

ရှင်းယင်၏အငယ်ဆုံးဗျူရိုခေါင်းဆောင် ကျန်းထောင်က ချက်ချင်းပင် ပြင်ဆင်မှုများလုပ်ကာ ရဲတပ်ဖွဲ့ဝင်၃၀ကို တပ်ဖြန့်လိုက်သည်။

“ငါတို့ အပြစ်မဲ့တဲ့ပြည်သူတွေဘေးကင်ဖို့သေချာအောင် ဂရုစိုက်ရမယ်။” ဟုပါ တခါတည်းသတိပေးလိုက်သည်။

“Yes, Sir!”

ရဲအရာရှိများက ပုံမှန်အရပ်သားဝတ်စုံများကိုလဲကာ ကားများဖြင့် ထွက်ခွာခဲ့ကြသည်။ မကြာလိုက်ပါဘဲ ရှင်းယင်ဘူတာရုံသို့ ရောက်ရှိသွားပေသည်။

….

ရှောင်လင်းယွီတစ်ယောက် ခရီးဆောင်အိတ်ကိုသူမဘာသာဆွဲလာသည်အားမြင်ရချိန်တွင် လူလတ်ပိုင်းအမျိုးသမီး၏မျက်လုံးများမှာ ပိုလို့တောင်အရောင်တောက်လာတော့သည်။ သူမက ချက်ချင်းပင်ပြုံးလိုက်ပြီး၊ “မိန်းကလေး၊ ဦးလေးကို မင်းအိတ်ဆွဲခိုင်းလိုက်ပါလား။”

ထို့နောက် သူမက အနည်းငယ်ဝဝပုပုနှင့်လူလတ်ပိုင်းအမျိုးသားကို ညွှန်ပြကာ မိတ်ဆက်ပေးလာသည်။ “ဒါက ဒေါ်လေးရဲ့အမျိုးသားလေ။” ထို့နောက် ရှောင်လင်းယွီသံသယဖြစ်မည်ကို ဖြေဖျောက်လိုဟန်ဖြင့် ချက်ချင်းပင်ထပ်ပြောလာခဲ့သည်။ “စိတ်မပူပါနဲ့၊ ဒေါ်လေးတို့ကလူကောင်းတွေပါ။ မင်းရဲ့ခရီးဆောင်အိတ်ကို မခိုးပါဘူး။”

ပြောပြီးသည်နှင့် သူမက အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။

သက်လတ်ပိုင်းအမျိုးသားက ကျောပိုးအိတ်တစ်လုံးကို လွယ်ထားကာ ရှောင်လင်းယွီပြောလာမည့်စကားကိုပင် မစောင့်ဘဲ သူမလက်ထဲမှအိတ်ကို အမြန်ဆွဲယူပြီး ကြင်နာသလိုပြောလာခဲ့သည်။ “မိန်းကလေး၊ ငါ့မှာအိတ်တွေအများကြီးမပါဘူး။ မင်းရထားပေါ်ကဆင်းရင် ငါသယ်ပေးပါ့မယ်။ ဒီမှာလူတွေအများကြီးဆိုတော့ ငါတို့နှေးနေလို့မဖြစ်ဘူး။”

ရှောင်လင်းယွီလည်း ပြုံးလိုက်ကာ၊ “ဒါဆိုလည်း ကောင်းပြီလေ၊ ကျေးဇူးတင်ပါတယ် ဦးလေး။”

ထို့နောက် သုံးယောက်သားရထားပေါ်ကဆင်းခဲ့ကြသည်။

သူတို့ဘူတာရုံမှထွက်လာပြီးသည်နှင့် သက်လတ်ပိုင်းအမျိုးသားက၊ “မိန်းကလေး၊ တစ်လျှောက်လုံး ရထားစီးလာရတော့ မင်းလည်းဗိုက်ဆာရောပေါ့။ ငါတို့လမ်းမခွဲကြခင် တစ်ခုခုစားကြရင်မကောင်းဘူးလား?”

ထို့နောက် သူမက ပတ်ဝန်းကျင်ကိုသတိထားကြည့်လိုက်ရင်း အပြုံးဖြင့်ပင်ဆက်ပြောလာသည်။ “မိန်းကလေး၊ ဒီမှာ ဒေါ်လေးတို့ဆွေမျိုးတစ်ယောက်ဖွင့်ထားတဲ့ စားသောက်ဆိုင်တစ်ခုရှိတယ်။ သူ့ဟင်းချက်လက်ရာကကောင်းတော့ စီးပွားရေးလည်းတော်တော်ကောင်းတယ်။ မင်းလည်း မြည်းစမ်းကြည့်ရအောင်ခေါ်သွားပေးမယ်လေ မကောင်းဘူးလား? မင်းဗိုက်ပြည့်သွားတော့မှ ငါ့ဆွေမျိုးကိုပြန်ပို့ပေးဖို့ပြောမယ်။ ဘယ်လိုလဲ?”

ရှောင်လင်းယွီ ထိုစကားကိုကြားလိုက်ရသည်နှင့် ရှက်ရွံ့သလိုဟန်ဆောင်လိုက်ကာ၊ “ဦးလေးနဲ့ဒေါ်လေးတို့ ဒီလောက်ကြင်နာပေးတာ ကျွန်မဘယ်လိုများပြန်လုပ်ပေးရတော့မလဲ? ဒီလိုကျ အရမ်းဒုက္ခများနေမှာပေါ့။”

အမျိုးသမီးကရယ်လိုက်ကာ စိတ်လှုပ်ရှားဖြင့်ပြောလိုက်သည်။ “နည်းနည်းလေးမှ ဒုက္ခမများဘူး!”

သူမကပြောပြောဆိုဆိုဖြင့် ဘေးကအမျိုးသားကိုပါ မျက်လုံးမှိတ်ပြလိုက်သေးသည်။

အမျိုးသားကလည်း နားလည်စွာဖြင့် တက္ကစီတစ်စီးလှမ်းငှားလိုက်သည်။

“လာ..လာ မိန်းကလေး၊ ကားပေါ်တက်!” ပြောပြောဆိုဆိုနှင့်ပင် သူက ရှောင်လင်းယွီကို တက္ကစီပေါ်သို့တွန်းတင်လိုက်သည်။

ရှောင်လင်းယွီက သံသယဖြင့်မေးလိုက်သည်။ “ဒေါ်လေးတို့အမျိုးရဲ့စားသောက်ဆိုင်က တက္ကစီနဲ့သွားရလောက်အောင် အရမ်းဝေးလို့လား? ဒီလိုဆို ကျွန်မ မသွားသင့်တော့ဘူးထင်တယ်။ မမှောင်ခင်အိမ်ပြန်မှဖြစ်မှာ။ ကျွန်မအမေစိတ်ပူနေလိမ့်မယ်!”

“အို.. မဝေးပါဘူး။ ပစ္စည်းအလေးတွေအများကြီး မင်းကိုမသယ်စေချင်လို့ ငှားလိုက်တာပါ။ ပြီးတော့ ဒေါ်လေးရဲ့အမျိုးဆီမှာ ကားရှိတယ်လေ။ ညစာစားပြီးရင် သူပြန်လိုက်ပို့ပေးလိမ့်မယ်!”

ရှောင်လင်းယွီလည်း ခဏလောက်တွေးလိုက်ပြီးနောက် လက်ခံလိုက်တော့သည်။

“ဒါဆိုလည်း ကောင်းပြီလေ။”

ထို့နောက် အားလုံးကားထဲဝင်သွားကြကာ လေထုမှာတိတ်ဆိတ်ကာ နေရခက်စေသည်။

ရှောင်လင်းယွီက အမျိုးသမီး၏လက်မောင်းထဲမှကလေးကိုကြည့်ကာမေးလိုက်သည်။ “ဒေါ်လေး၊ သူက ဒေါ်လေးရဲ့မြေးလား?” ရှောင်လင်းယွီက လက်ကိုဆန့်ကာ ကလေး၏ပါးကိုထိကြည့်ဖို့ပြင်လိုက်သည်နှင့် အမျိုးသမီးက ချက်ချင်းပင် ကောင်လေးကို ပြန်ဆွဲလိုက်သည်။

ရှောင်လင်းယွီ၏လက်မှာ နေရခက်စွာဖြင့် လေထဲတွင်ရပ်တန့်သွားရသည်။ သူမက အမျိုးသမီးကိုကြည့်လိုက်ပြီး နားမလည်စွာဖြင့်မေးလိုက်လေသည်။ “ဒေါ်လေး ဘာဖြစ်လို့လဲ?”

အမျိုးသမီးက ရယ်ကာမောကာဖြင့် ပြန်ရှင်းပြလာသည်။ “အိုး… ဒေါ်လေးရဲ့မြေးက နေမကောင်းလို့လေ။ သူက သူ့ကိုထိရင်သဘောမကျတတ်ဘူး…”

ရှောင်လင်းယွီက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကာ သူမအတွေးများကို ထုတ်ပြောလာခဲ့သည်။ “ဒီလိုကိုး။ သူဘာလို့ ဒီလောက်အကြာကြီးအိပ်နိုင်ရလဲဆိုပြီး အံ့ဩနေတာ။ ခရီးတစ်လျှောက်လုံး လှုပ်တောင်မလှုပ်လာဘူးလေ။ ဒါပေမယ့် ဒေါ်လေး၊ သူ့ကိုနှိုးပြီးတစ်ခုခုမကျွေးသင့်ဘူးလား? မဟုတ်ရင် သူဗိုက်ဆာနေလိမ့်မယ်။”

“ရပါတယ်၊ ရပါတယ်။ သူက နေမကောင်းတဲ့အချိန်ဆို ဘာမှမစားနိုင်ဘူး။ အိပ်ဖို့ပဲလိုတာ။ ကောင်းကောင်းအနားယူရင်ရပြီ။” ရှောင်လင်းယွီဘက်က လက်ခံသလို ခေါင်းညိတ်သွားကာမှ အမျိုးသမီးလည်း သက်ပြင်းချနိုင်တော့သည်။

တစ်ဖန် ရှောင်လင်းယွီက ကားပြတင်းပေါက်အပြင်ဘက်သို့ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ “ဒေါ်လေး၊ ကျွန်မတို့သွားနေတာ ရွာတွေဘက်ကိုတောင်ရောက်တော့မယ်။ ဒေါ်လေးအမျိုးရဲ့စားသောက်ဆိုင်က ရွာဘက်မှာလား?”

“ဟုတ်တယ် မိန်းကလေးရဲ့၊ မကြာဘူးရောက်တော့မယ်။”

ရှောင်လင်းယွီလည်း သံသယမဝင်တော့ဘဲ ခေါင်းညိတ်လိုက်သည်။

အမျိုးသမီးနှင့်အမျိုးသားအပါအဝင် တက္ကစီသမားကပါ နောက်ကြည့်မှန်ကတဆင့် အချင်းချင်းကြည့်ပြီး ပြုံးလိုက်ကြသည်။ ရှောင်လင်းယွီကို လိမ်ဖို့ခက်မည်ဟုတွေးခဲ့ကြသော်လည်း တကယ်တမ်း သူမသည် အတော်လေးအသူဖြစ်နေလေသည်။

ဒီနေ့တော့ အချီကြီးရတာပဲ။ လူကြီးတစ်ယောက် ကလေးတစ်ယောက်တောင်။ ဒီလိုဆို သူတို့ငွေတွေအများကြီးရတော့မှာ။ ကလေးက ဖြူဖြူဖွေးဖွေးချစ်စရာလေးဆိုတော့ ယွမ်၃သိန်းလောက်နဲ့ ရောင်းနိုင်လောက်တယ်။ လူကြီးကတော့ ယွမ်၆သိန်းလောက်အထိရနိုင်တယ်။

မကြာခင်မှာပဲ တက္ကစီသည် စားသောက်ဆိုင်အစား စွန့်ပစ်ထားသည့်ဂိုဒေါင်တစ်ခုရှေ့တွင် ရပ်သွားခဲ့သည်။

တက္ကစီသံကိုကြားသည်နှင့် ဂိုဒေါင်ထဲမှာ နောက်ထပ်အမျိုးသား၃ယောက်ကပါ ပြေးထွက်လာကြတာကြောင့် တင်းမာမှုက မြင့်တက်သွားလေသည်။ အရင်ဦးဆုံး အမျိုးသမီး၏ခင်ပွန်းဆိုသူက ဆင်းသွားကာ ရှောင်လင်းယွီကို ကြမ်းကြမ်းတမ်းတမ်းလှမ်းဆွဲလိုက်သည်။ သူ့အပြုအမူက ချက်ချင်းပင် ပြောင်းလဲသွားလေသည်။ “ကောင်မလေး၊ အခုဆင်းစမ်း!”

ရှောင်လင်းယွီတစ်ယောက် မှင်သက်နေတာကြောင့် အမျိုးသမီးကပါ မျက်မှောင်ကြုတ်သွားပြီး သူမကိုကန်လိုက်လေသည်။ “ပိတ်မနေနဲ့၊ အခုကားပေါ်ကဆင်း!” သူတို့အပြုအမူတွေက လုံးဝကွာခြားသွားခဲ့သည်။

ရှောင်လင်းယွီမှာ ကားထဲမှ တွန်းထုတ်ခံလိုက်ရကာ အကြောက်တရားများပြည့်နေသည့်မျက်ဝန်းများဖြင့် ဘာမှမသိနားမလည်သလိုမျိုးမေးလိုက်သည်။ “ဒေါ်လေး၊ ဒါဘယ်နေရာကြီးလဲ? ကျွန်မတို့ စားသောက်ဆိုင်သွားကြမှာမဟုတ်ဘူးလား?”

အမျိုးသမီးက ခပ်ညစ်ညစ်ပြုံးလိုက်ကာ၊ “ကောင်မလေး၊ ငါတို့ သူငယ်ချင်းတချို့နဲ့တွေ့ရအောင် မင်းကို ဒီခေါ်လာခဲ့တာ။” အမျိုးသမီးက သူမနောက်ရှိ စွန့်ပစ်ဂိုဒေါင်ကိုညွှန်ပြကာ ပြုံးလိုက်ပြီး၊ “ဒီထဲမှာ မင်းအရွယ်မိန်းကလေးတွေရှိတယ်။ ငါတို့မသွားခင် မင်းသူတို့နဲ့သိအောင်လုပ်ပေါ့။”

ရှောင်လင်းယွီ အလွန်ကြောက်လန့်သွားတော့သည်။ “ရှင်… ရှင်ဘာပြောချင်တာလဲ?”

အမျိုးသမီးမှာ စိတ်မရှည်နိုင်တော့ဘဲ အော်လိုက်တော့သည်။ “အချိန်မဖြုန်းစမ်းနဲ့။ လိမ်လိမ်မာမာနေ၊ ဒီလိုဆို မင်းလည်း ဒုက္ခရောက်မှာမဟုတ်ဘူး။ မဟုတ်လို့ကတော့ မင်းကို ငါ့မောင်တွေဆီပို့ပေးလိုက်မယ်။” သူမက သူမနောက်ရှိလူများထံသို့ညွှန်ပြလိုက်သည်။

အမျိုးသားလေးယောက်က ချက်ချင်းပင် ဦးညွှတ်လိုက်ပြီး တလေးတစားဖြင့်ခေါ်လာခဲ့သည်။ “အစ်မကြီး!”

ရှောင်လင်းယွီလည်း ထိုတော့မှ အမှန်တရားကိုနားလည်သွားပုံဖြင့် မျက်လုံးများပြူးကျယ်လာကာ မယုံကြည်နိုင်စွာဖြင့်မေးလိုက်သည်။ “ရှင်..ရှင်တို့က လူကုန်ကူးသူတွေလား? ကျွန်မကို ပြန်ပေးဆွဲပြီး ရောင်းစားဖို့ကြံနေတာလား?”

“ဒီတော့ မင်းအခုမှ သဘောပေါက်သွားတာပေါ့? တော်တော်လေးတုံးတာပဲ!”

ရှောင်လင်းယွီက တုန်ရီနေသည့်အသံဖြင့် ဆက်မေးလိုက်သည်။ “ဒါဆို… ဒါက ရှင်တို့ရဲ့အဓိကစခန်းပေါ့?”

တကယ်တမ်းပြောရရင် ရှောင်လင်းယွီ အတော်လေးကြောက်နေမိပေမယ့် စိတ်ငြိမ်အောင်လုပ်နေသည်။ ဒီလူတွေ သူမဟန်ဆောင်နေတာသိသွားရင် ဘာဖြစ်သွားမယ်ဆိုတာ ဘယ်သူများသိမှာလဲ?

အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်ကာ၊ “မင်း စကားတအားများတာပဲ။ လောင်အာ့၊ သူ့ပါးစပ်ကိုပိတ်လိုက်။”

ရှောင်လင်းယွီ အလျင်အမြန်ပင်ရှောင်ထွက်ကာ အမျိုးသမီးလက်ထဲမှာ ကောင်လေးကိုပါဆွဲပြီး ထွက်ပြေးတော့သည်။ ရှောင်လင်းယွီ၏အမြန်နှုန်းကြောင့် လူကုန်ကူးသမားများပင် အံ့ဩသွားကြသည်။

သို့သော်လည်း ရှောင်လင်းယွီကတော့ သတိမထားမိခဲ့ပေ။ သူမစိတ်ထဲတွင် အတွေးတစ်ခုသာရှိနေခဲ့သည်။ ‘သူတို့တွေ ကောင်လေးကို အန္တရာယ်မပြုစေရဘူး။ ငါကယ်မှဖြစ်မယ်!’

လူကုန်ကူးသူများကလည်း ရှောင်လင်းယွီနောက်အမြန်လိုက်ကြသည်။ ထိုအချိန်မှာပဲ အရပ်ဝန်ရဲအရာရှိများက ဘယ်ကမှန်းမသိပေါ်လာကာ သေနတ်များကိုဆွဲထုတ်ပြီး အော်လိုက်ကြသည်။ “ရပ်စမ်း! ရဲတွေဝိုင်းထားပြီ!”

အမျိုးသမီးနှင့်ကျန်အမျိုးသားများမှာ ချက်ချင်းပင် ရပ်လိုက်ကြကာ လက်မြှောက်ထားလိုက်ကြတော့သည်။

***

All Chapters