← Chapters

အတိတ်ဖြစ်ရပ်များ ၃

Vol. 3 Ch. 49

အတိတ်ဖြစ်ရပ်များ ၃

Vol. 3 Ch. 49

ရှောင်လင်းယွီ၏မိသားစုဝင်များမှလွဲ၍ ဘယ်သူကမှ သူမထောင်ချောက်ဆင်ခံရမှန်းမသိကြပေ။

သို့သော်လည်း ရှောင်မိသားစုသည် ယွီအာ့မျက်နှာကိုထောက်ကာ ကလေး၏အဖေရင်းကိုမသိသော်လည်း စောင့်ရှောက်ရန်ဆုံးဖြတ်ခဲ့ကြသည်။

ရှောင်လင်းယွီသည် ကယ်တင်ခံလိုက်ရသော်လည်း လမ်းလျှောက်နေသည့်လူသေကောင်အတိုင်းပင်။ သူမက စကားမပြောသလို စားလည်းမစား သောက်လည်းမသောက်ပေ။ သူမမျက်လုံးများမှာ အလင်းရောင်ကင်းမဲ့နေပြီး ဘာအမူအရာမှလည်းမပြပေ။

မေမေရှောင်သည် ချော့တစ်ခါ ခြောက်တစ်လှည့်နှင့် ရိုက်ပါရိုက်သော်လည်း ရှောင်လင်းယွီကတော့ ထိုအတိုင်းမလှုပ်မယှက်ပင်။ မေမေရှောင်၏နှလုံးသားမှာ လွန်စွာနာကျင်ခဲ့ရပြီး မျက်ရည်မသုတ်ရသည့်ညဟူ၍ မရှိခဲ့ပေ။

အဆုံးမှာတော့ မေမေရှောင်သည် ဒေါသတကြီးဖြင့် ရှောင်လင်းယွီကိုပြောတော့သည်။ “ရှောင်လင်းယွီ၊ နင် ချန်းယန်ဆိုတဲ့တစ်ယောက်ကြောင့်နဲ့ နင့်ကိုယ်နင်အသေကောင်လိုလုပ်နေတော့မှာလား။ သူအခု ဘယ်လိုဘဝမျိုးမှာနေ,နေလဲဆိုတာ သိရဲ့လား။ သူ့မှာ လှပတဲ့ဇနီးတစ်ယောက်ရော အောင်မြင်တဲ့အလုပ်အကိုင်တစ်ခုပါရှိနေပြီ။ သူ့ဘဝက ဒီထက်ပိုပြီးတောင် ကောင်းနိုင်စရာမရှိတော့လောက်အောင်ကို ကောင်းနေတာ။

ရှောင်လင်းယွီ နင်ဘာလို့ဆေးခပ်ခံရတာလဲဆိုတာ နည်းနည်းလေးမှသံသယမဝင်မိဘူးလား။ ဘယ်လိုလုပ်ပြီး ဟိုတယ်မှာနိုးလာရရုံနဲ့ ပြိုလဲသွားရတာလဲ။ ငါ့ကိုသာမေးရင်တော့ ဒါတွေအားလုံး အဲ့ချန်းမိသားစုကကလေးနဲ့ သူ့ဇနီးအသစ်ရဲ့ကျေးဇူးကြောင့်လို့ပဲပြောမှာ။ သူတို့က သူတို့အတူရှိနေနိုင်ရေးအတွက် သူတို့ဂုဏ်သတင်းကိုကာကွယ်နေကြတာလေ။ နင်ကကြားထဲက သူတို့အကျိုးအတွက် ဓားစာခံဖြစ်သွားတာ။”

မေမေရှောင်သည် ထိုကိစ္စများကို သက်သေမရှိဘဲ မပြောချင်ခဲ့ပေ။ သို့သော်လည်း သူ့သမီး၏တွေဝေငေးမောနေသောအခြေအနေမှ ဆွဲထုတ်နိုင်ရန် အကြောင်းအရာတစ်ခုခုလိုပေသည်။

မျှော်လင့်ထားသလိုပင် သူမအမေ၏စကားကိုကြားပြီးနောက် ရှောင်လင်းယွီ၏မျက်လုံးထဲတွင် အလင်းရောင်ပြန်ပေါ်လာခဲ့သည်။ သူမက မေမေရှောင်၏အင်္ကျီစကိုလှမ်းဆွဲကာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “အမေ၊ ချန်းယန်ကအရင် သမီးကိုသစ္စာဖောက်သွားတယ်လို့ပြောချင်တာလား? တကယ်အမှန်ပဲလား။” ရှောင်လင်းယွီသည် ချန်းယန်ကိုသစ္စာဖောက်မိခဲ့လေခြင်းဟူသည့် နာကျင်မှုထဲတွင် ပိတ်မိနေကာ သူမကိုယ်သူမအပြစ်တင်နေခဲ့ခြင်းဖြစ်သည်။

ချန်းယန်အပေါ် သစ္စာဖောက်မိသည့်နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုများကြားတွင် နစ်မြုပ်ပြီး ရုန်းမထွက်နိုင်ခဲ့ခြင်းဖြစ်သည်။

ရုတ်တရက် တစ်ယောက်က သူမကို ဆန့်ကျင်ဘက်စကားများပြောလာခဲ့တာကြောင့် ထိုအကြောင်းအရာကိုလာနိုင်ဖို့ သူမအတွက်အချိန်လိုပေသည်။

မေမေရှောင်က ရှောင်လင်းယွီ၏မျက်လုံးများကိုစိုက်ကြည့်လိုက်ကာ အလေးအနက်ထားပြီး တည်တည်ငြိမ်ငြိမ်ဖြင့်ပြောလိုက်သည်။ “ယွီအာ၊ သေချာတွေးကြည့်စမ်းပါ။ သမီးကို အဲ့ညတုန်းက ဘာလို့ဟိုတယ်ကိုလာဖို့အခေါ်ခံရတာလဲ? ဘာလို့ နောက်တစ်နေ့မနက် ကုမ္ပဏီကိုရောက်တာနဲ့ ဓာတ်ပုံတွေကအဆင်သင့်ပေါ်လာရတာလဲ။ ဒါတွေအားလုံး တိုက်ဆိုင်မှုဆိုတာ ဖြစ်နိုင်ပါ့မလား။” ထိုအမေးစကားများသည် ရှောင်လင်းယွီ၏စိတ်ထဲ ထပ်တလဲလဲပေါ်လာကာ တစ်ခုခုမှားနေကြောင်း သူမသံသယစဝင်လာတော့သည်။

သို့သော်လည်း သူမတုံ့ဆိုင်းနေမိတုန်းပင်။ တကယ်လို့ ချန်းယန်က အပြစ်ကင်းနေရင်ရော? သူမက သူ့ကိုသစ္စာဖောက်ထားတာတောင် ဘယ်လိုလုပ်ပြီး သူ့အပေါ်သံသယဝင်မိရသေးတာတုန်း။

မေမေရှောင်သည် ရှောင်လင်းယွီ၏တုံ့ဆိုင်းနေပုံကိုမြင်သည်နှင့် သက်ပြင်းသာချလိုက်တော့သည်။ “ယွီအာ၊ ဘာကအမှန်တရားလဲဆိုတာ သမီးကိုယ်တိုင်ပဲ ရှာဖွေရမယ်။ ယွီအာ သမီးတကယ်ပဲဘဝကို အပြစ်ရှိစိတ်တွေနဲ့ဖြတ်သန်းချင်တာလား။ သမီးဘဝတစ်လျှောက်လုံး ဒီလိုရှက်စရာနာမည်ပျက်ကြီးကို သယ်သွားချင်နေတာလား။”

မေမေရှောင်သည် ရှောင်လင်းယွီ၏ဆံပင်ရှည်ကြီးများကို ပွတ်သပ်ကာ ဂရုဏာသက်စွာဖြင့်ပြောလိုက်သည်။ “ယွီအာ၊ သမီးဘယ်လိုလူမျိုးလဲဆိုတာ အမေသိတယ်။ သမီးသေမယ်ဆိုရင်တောင် အရင်ဆုံး ကိုယ့်နာမည်ကိုရှင်းသွားရမယ်။ သမီးကိုယ်တိုင်အတွက်မလုပ်ချင်ဘူးဆိုရင်တောင်၊ သမီးအမေ၊ အဖေနဲ့ မောင်လေးအတွက်လုပ်ကိုလုပ်ရမယ်။” မေမေရှောင်က ရှောင်လင်းယွီကိုတောင်းပန်လိုက်သည်။ “ဒီကိစ္စတွေစဖြစ်ကတည်းက အမေတို့ဘယ်သွားသွား လူတွေက လက်ညှိုးထိုးကြတယ်။ သူတို့က အမေတို့မှာ ပြည့်တန်ဆာသမီးတစ်ယောက်ရှိတယ်ဆိုပြီးတော့ ပြောကြတယ်။”

မေမေရှောင်က ရှောင်လင်းယွီကို ထပ်ပြီးဖိအားမပေးချင်သော်လည်း သူမသမီးတွင် ဆက်လက်ပြီးအသက်ရှင်ဖို့တွန်းအားတစ်ခုရှိသွားစေရန် ပြောမှကိုဖြစ်ပေမည်။ မိသားစု၏ မျှော်လင့်ချက်များ၊ တာဝန်ဝတ္တရားများဖြင့် ချုပ်နှောင်ကာ ရှောင်လင်းယွီကို နိုးထစေချင်သည်။

ရှောင်လင်းယွီထိတ်လန့်သွားခဲ့သည်။ သူမကြောင့် သူမမိသားစုဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲဆိုသည်ကို သူမတွေးပင်မတွေးနိုင်တော့ပေ။ သူမအမေ၏မျက်တွင်းကျကာ မျက်လုံးများနီရဲနေသည်ကိုကြည့်လိုက်ပြီး ရုတ်တရက် သူမမျက်လုံးထဲမှမျက်ရည်စများ တာကျိုးကျလာတော့သည်။

“အမေ၊ သမီးတောင်းပန်ပါတယ်။”

“ဘာမှမဖြစ်ဘူး၊ ငိုသာငိုလိုက်။” မေမေရှောင်က ရှောင်လင်းယွီ၏ပုခုံးကို ညင်သာစွာပုတ်ပေးလိုက်သည်။

ဘေးတွင်ရပ်နေကြသည့် ဖေဖေရှောင်နှင့်ရှောင်လင်းယဲ့သည်လည်း မျက်လုံးများ နီရဲလာခဲ့ကြသည်။

***

All Chapters