← Chapters

အကြောင်းအရင်း

Vol. 4 Ch. 63

အကြောင်းအရင်း

Vol. 4 Ch. 63

မေမေရှောင်သည် ရေပုံးထဲမှ အသီးအရွက်ပင်အကြီးကြီးများကို ချက်ချင်းပင်တွေ့သွားခဲ့သည်။ ထိုအပင်များမှာ မနေ့တုန်းကထက် ပိုသေးသော်လည်း ပုံမှန်ဟင်းသီးဟင်းရွက်အရွယ်အစားထက်တော့ များစွာ ပိုလို့ကြီးမားနေတုန်းပင်။

မေမေရှောင်က သူမသမီးလက်ထဲမှ ပုံးကိုဆွဲယူလိုက်ပြီး အသီးအရွက်များကို ဆေးကြောလိုက်သည်။ ထို့နောက် နားမလည်နိုင်စွာဖြင့် ပြောလာလေသည်။ “ဘာတွေဖြစ်ကုန်တာလဲ။ ဒီတစ်ခေါက်က မနေ့ကထက်တော့ သေးတယ်ဆိုပေမယ့် ပုံမှန်ဆို ဒီလောက်အထိ မကြီးနေသင့်ဘူးလေ။ အမေတို့ ခြံထဲကို တကယ်ပဲ မသေမျိုးတွေ ဆင်းသက်လာတာများလား။”

ရှောင်လင်းယွီက ပြုံးလိုက်သည်။ “အမေ တကယ်ပြာနေတာလား။ ဘာမသေမျိုးမှ ဘာမှော်စွမ်းအင်ရေမှ မရှိပါဘူး။ ဒါ စိုက်ပျိုးရေးဌာနက သမီးသူငယ်ချင်းတစ်ယောက်ပေးလိုက်တဲ့ မြေဩဇာတ်အသစ်ပါ။ ဒါက အပင်တွေကို သန့်စင်စေပြီး ကြီးထားမှုကို တိုးစေတယ်။ ဒါပေမယ့် နည်းပညာအသစ်ဖြစ်လို့ ဈေးကွက်ထဲတော့ မရောက်သေးဘူး။ ပြီးတော့ ဒါက လျှို့ဝှက်ဖော်မြူလာလေ။ သမီးသူငယ်ချင်းက နည်းနည်းပေးလိုက်တာ။”

ထိုတော့မှ မေမေရှောင်က စိတ်အေးကာ သက်ပြင်းချလိုက်သည်။ “ဒီကောင်မလေးကတော့ ဘာလို့ စောစောစီးစီးကတည်းက မပြောတာလဲ။ ငါတို့မှာ ယဲ့အာပြောတဲ့ မသေမျိုးတွေလာတယ်ဆိုပြီးတောင် ယုံနေမိပြီ။”

“တကယ်လို့ မသေမျိုးတွေသာရှိရင် သူတို့ပုံစံက ဘယ်လိုဖြစ်လောက်လဲ၊ Alsaလိုမျိုးလား (Frozen)” ရှောင်လင်းယွီကပြောလိုက်သည်။ “ဒီကမ္ဘာမှာ မသေမျိုးဆိုတာ မရှိပါဘူး။ အကုန်လုံးက သိပ္ပံနည်းကျတွေချည်းပဲ။ ဒါကြောင့် နောက်ပိုင်း အသီးအရွက်တွေမှာ ပြောင်းလဲမှုတစ်ခုခုဖြစ်တာမျိုးမြင်ရင် အမေ အံ့ဩမသွားနဲ့တော်နော်။”

မေမေရှောင်က ခေါင်းညိတ်လိုက်သည်။ “ဟုတ်ပါပြီ။”

ထို့နောက် ရှောင်လင်းယွီက လေသံတိုးတိုးလေးဖြင့် ထပ်ပြောလာပြန်သည်။ “အမေ၊ သမီးသူငယ်ချင်းက သမီးကို အရမ်းယုံကြည်လို့ ဒီဖော်မြူလာကို ပေးထားတာ။ ဒါကြောင့် အဖေနဲ့ မောင်လေးကိုက လွဲ၍ တခြားဘယ်သူ့ကိုမှ ဒီအကြောင်း မပြောပြရဘူးနော်။”

မေမေရှောင်က အလေးအနက် ကတိပေးလာခဲ့သည်။ “အမေ နားလည်ပါတယ်။” ထို့နောက် မေမေရှောင်က အသီးအရွက်များကို ဆက်လက်ဆေးကြောလေသည်။

မေမေရှောင်ထွက်သွားတော့မှပင် ရှောင်လင်းယွီတစ်ယောက် သူမရင်ဘက်ကို ပုတ်ကာ သက်ပြင်းမောချလိုက်နိုင်သည်။ ဤကြောင်းပြချက်ကို သူမ မနေ့ညကတည်းက တွေးထားခဲ့ခြင်းဖြစ်သည်။ သူမကို ခြံနောက်ဖက်မှ မြေကွက်ကို ငှားပေးရန် သူမမိသားစုကို ပြောထားပြီးဖြစ်တာကြောင့် ထူးထူးဆန်းဆန်း အပင်အသစ်များ ဆက်တိုက်ပေါက်နေပါက လူတွေက စပြီး သံသယဝင်လာပေလိမ့်မည်။

မေမေရှောင်နှင့် ဖေဖေရှောင်တို့က ဘာမှပြောမလာဘူးဆိုလျှင်တောင်မှ သူတို့လည်း သံသယမဝင်ပါဘူးဟု မဆိုလိုပေ။ ထို့ကြောင့် ရှောင်လင်းယွီသည် အကြောင်းပြချက်တစ်ခု ကောင်းကောင်းပေးလိုက်သည်က အကောင်းဆုံးရွေးချယ်မှုဖြစ်ကြောင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“အစ်မ ဘာတွေလုပ်နေတာလဲ။” ထိုအချိန်မှာပဲ ရှောင်လင်းယွီက ကျောင်းကျောပိုးအိတ်ကို လွယ်ကာ ရောက်လာခဲ့သည်။ ရှောင်လင်းယွီ သူမရင်ဘက်ကိုသူမ ပုတ်နေသည်ကိုမြင်လိုက်တာကြောင့် နားမလည်နိုင်စွာ မေးလိုက်ခြင်းဖြစ်သည်။

ရှောင်လင်းယွီက သူမမောင်ကို ကြည့်လိုက်ပြီးနောက်၊ “ဘာမှမလုပ်ပါဘူး။ နင့်ကိုစောင့်နေတာ။”

ရှောင်လင်းယဲ့ သံသယဖြစ်နေတုန်းပင်။ သူ့အစ်မလက်က ဗလာဖြစ်နေသည်ကို ကြည့်လိုက်ပြီးနောက် ထပ်မေးလာခဲ့သည်။ “အစ်မ၊ နင်မြို့တက်ဘာမှာကို ဘာမှမယူသွားဘူးလား။”

“ငါက မြို့တက်ပြီးပစ္စည်းသွားဝယ်မှာလေ။ ပိုက်ဆံကလွဲပြီး ဘာယူသွားရဦးမှာလဲ။ ပြီးတော့ အမေပေးလိုက်တဲ့ ပန်ကိတ်တွေကလည်း နင်သယ်လာခဲ့ပြီပဲမဟုတ်ဘူးလား။”

ရှောင်လင်းယဲ့က သူ့အစ်မ၏ဖြေရှင်းချက်အပေါ် ကျေနပ်သွားပုံးဖြင့် ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ၊ ဒါဆိုလည်း သွားကြရအောင်။”

မီးဖိုခန်းထဲတွင်ရှိနေသည့် မေမေရှောင်က လှမ်းအော်လာခဲ့သည်။ “လမ်းမှာ ဂရုစိုက်ကြဦးနော်။”

“ဟုတ်ကဲ့ အမေ။” မောင်နှမနှစ်ယောက်က တညီတည်းပြန်ဖြေလိုက်ကြသည်။ ထို့နောက် မြို့သို့သွားသည့် ကားရှိသည့် ရွာဝင်ပေါက်ဆီသို့ ဦးတည်လျှောက်လာခဲ့ကြသည်။

ထိုနေရာသို့ရောက်သည်နှင့် ရွာသားများက‌ ရှောင်လင်းယွီတို့ မောင်နှမကို ဝိုင်းနှုတ်ဆက်ကြလေသည်။

ရှောင်လင်းယွီနှင့် ရှောင်လင်းယဲ့တို့သည် အကြောင်းအရင်းနှစ်ခုကြောင့် အနည်းငယ်ကျော်ကြားကြသည့်လူများဖြစ်သည်။

ပထမအချက်သည်က ရှောင်လင်းယွီရော ရှောင်လင်းယဲ့ရောသည် ထောင်ယွမ်ရွာမှ အတော်ဆုံးကျောင်းသားများဖြစ်ကြသည်။ ရှောင်လင်းယွီသည် ပြီးခဲ့သည့်နှစ်တွေတုန်းက သူတို့နယ်မြေတွင် အမှတ်အကောင်းဆုံးရခဲ့သူဖြစ်သည်။ ရှောင်လင်းယဲ့သည်လည်း တက္ကသိုလ်ကောင်းတစ်ခုတက်နိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ရွာသားများက စာတော်သည့်ကျောင်းသားများကို လေးစားကြခြင်းပင်။

ဒုတိယအချက်မှာတော့ ရှောင်လင်းယွီသည် မြို့ကြီးတွင် အလုပ်လုပ်ခြင်းကြောင့်ပင်။ သူမသည် သာမာန်ရွာသူလေးများထက် ပေါ်လွင်ထင်ရှားသည့် ကိုယ်ဟန်အမူအရာနှင့် စိတ်နေစိတ်ထားရှိသူဖြစ်ပေသည်။

ရွာသားများသည် ထိုကဲ့သို့ ထူးချွန်လှသည့်ကလေးနှစ်ယောက်ကို မွေးနိုင်ခဲ့သည့် ဖေဖေရှောင်နှင့် မေမေရှောင်ကို အလွန်မနာလိုဖြစ်ကြကာ ရှောင်လင်မယားသည် ယခင်ဘဝက ကုသိုလ်ကောင်းမှုတွေအများကြီး လုပ်ခဲ့ကြခြင်းကြောင့်ဖြစ်မည်ဟု တွေးကြသည်။

အသက်ကြီးသည့် ရွာသားတစ်ဦးက ရှောင်လင်းယွီကို ပြုံးပြလိုက်ပြီး၊ “ယွီအာ၊ မြို့တက်မလို့လား။”

ရှောင်လင်းယွီကလည်း ပြုံး၍ ပြန်နှုတ်ဆက်လိုက်လေသည်။ “ဟုတ်တယ်၊ တတိယအဖိုးလေး။”

တတိယအဖိုးလေး၏နာမည်အရင်းမှာ ရှောင်သဲ့ချိုက်ဖြစ်ကာ ရွာ၏အကြီးအကဲများထဲကတစ်ဦးလည်း ဖြစ်သည်။ ရှောင်လင်းယွီက အဖေက သူ့ကို တတိယဦးလေးဟု ခေါ်ရပေသည်။

တတိယအဖိုးလေးက မေးလိုက်သည်။ “မင်း မြို့ကို ဘာသွားလုပ်မလို့လဲ။”

“သမီး မျိုးစေ့နည်းနည်းလောက် သွားဝယ်မလို့ပါ။”

“မျိုးစေ့ဝယ်မလို့လား။” တတိယအဖိုးလေးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “မင်း အဖေ ဒါမှမဟုတ် အမေကို သွားဝယ်ခိုင်းသင့်တယ်လေ။ ဘယ်လိုမျိုးစေ့မျိုးဝယ်ရမယ်ဆိုတာကော သိလို့လား။”

ရှောင်လင်းယွီက ရယ်မောလိုက်သည်။ “ရိုးရိုးသားသားပြောရရင် သမီးလည်း ဈေးမရောက်ဖြစ်တာကြာပြီလေ တတိယအဖိုးလေးရဲ့။ ဒါကြောင့် ဒီအတိုင်း လမ်းလျှောက်ထွက်တယ်လို့ပဲ ပြောလို့ရတယ်။”

လမ်းတစ်လျှောက် ထောင်ယွမ်ရွာသားများက ရှောင်မောင်နှမနှင့် စကားများ ပြောဆိုခဲ့ကြသည်။ တကယ်တော့ ရွာသားများသည် ထိုကလေးနှစ်ယောက်ထံက စာလေ့လာခြင်းနှင့်ပတ်သတ်သည့် လျှို့ဝှက်ချက်လေးများကို နှိုက်ထုတ်လိုနေကြခြင်းပင်။

အသက်၄၀ ဝန်းကျင်ခန့်ရှိမည့် အမျိုးသမီးတစ်ဦးက ပြောလာခဲ့သည်။ “လင်းယွီ၊ လင်းယဲ့၊ မင်းတို့ကတော့ တကယ်ကို လိမ္မာတဲ့ကလေးတွေပဲ။ စာကိုလည်း ကောင်းကောင်းလေ့လာကြတယ်။ လင်းယွီဆိုရင် တက္ကသိုလ်ကောင်းတစ်ခုကိုတက်ပြီး မြို့မှာတောင် အလုပ်ဝင်နိုင်ပြီ။ မင်းမိဘတွေဂုဏ်တက်အောင် လုပ်နိုင်ခဲ့တာပဲ။”

လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ထောင်ယွမ်ရွာတွင် တက္ကသိုလ်ကျောင်းသားဟူ၍ ရှောင်လင်းယွီတစ်ယောက်သာ ရှိခဲ့လေသည်။ ထို့အပြင် သူမသည် သူတို့ခရိုင်တွင် ထိပ်တန်းအမှတ်ရရှိကာ နာမည်ကြီးတက္ကသိုလ်တစ်ခုကို ဝင်ခွင့်ရခဲ့သေးသည်။ ထိုသတင်းက ခရိုင်တစ်ခုလုံးမှ လူများကို အံ့ဩသွားစေခဲ့လေသည်။ ရှင်းအန်းမြို့နယ်ရော ရှင်းယင်ခရိုင်တစ်ခုလုံးကို အံ့ဩသွားစေခဲ့ခြင်းပင်။

ထိုအချိန်တုန်းက အဖြစ်အပျက်က အခုချိန်အထိ ရွာသားများ၏စိတ်ထဲတွင် သစ်လွင်စွာထင်ကျန်နေကြတာတုန်းပင်…

***

All Chapters