ဘုရင်ကျင်းဖန်၏ လက်တုန့်ပြန်ခြင်း
Vol. 7 Ch. 87
" ဘာ .. လောထျန်း ဟုတ်လား "
" မင်း .. "
အားလုံး သူ့ကိုကြည့်ကာ တအံ့တသြ ဖြစ်သွားကြသည် ။ အခန်းတစ်ခုလုံးခေတ္တမျှ ငြိမ်သက်သွား၏။
လက်ရှိ ယဲ့ဖုန်းနိုင်ငံတွင် လောထျန်းဆိုသော နာမည်ကို မသိသူပင် မရှိနိုင်ပါချေ ။
ကျီဝေ့လျှို့ဝှက်ဒေသတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်ပျက်က အံ့သြစရာ ကောင်းလွန်းလှသည် မဟုတ်ပါလား ..
သို့သော် ကျီဝေ့လျှို့ဝှက်ဒေသမှာ ကွေ့ယွမ်ဂိုဏ်းက ပိုင်သည့် နေရာတစ်ခုဖြစ်ပြီး ..
ကွေ့ယွမ်ဂိုဏ်းနှင့် ရှန်းဝူနန်းတော်တို့မှာ ပြိုင်ဘက်များ ဖြစ်ကြသည် ။
ထို့ကြောင့် လျှို့ဝှက်ဒေသ ဖွင့်သည့်အချိန်တွင် ရှန်းဝူနန်းတော်သာမက သူတို့နှင့် ရင်းနှီးသည့် အဖွဲ့များပါ မသွားခဲ့ကြခြင်းဖြစ်သည် ။
သို့ဖြစ်ရာ သူတို့ကြားထားသည့် လောထျန်းအကြောင်းက အပြောမျှသာ ဖြစ်သဖြင့် ထိုဇာတ်လမ်းကို သူတို့ လုံးဝ မယုံကြချေ ။
အမှန်တွင်လည်း ထိုသတင်းက ယုံနိုင်စရာမကောင်းသည့် သတင်းတစ်ခု မဟုတ်ပါလား ။
ယခု ထိုကောလဟာလများ၏ ဇာတ်ဆောင်က ဤနေရာတွင် ပေါ်လာမည်ဟု မည်သူက ထင်ထားပါမည်နည်း ။
" ဘုရင်ရှန်းဝူ ၊ ရှင်က သစ္စာဖောက်ပဲ "
ထိုစဥ် မိန်းကလေး ကူယွိနင်က ပြောလိုက်သည် ။
ထိုအခြင်းအရာကို မြင်လိုက်မှသာ ဘုရင်ရှန်းဝူ အသိပြန်ဝင်သွားပြီး ဒေါသထွက်သွား၏။
" အရင်ကတော့ ကျွန်မအဖေက ရှင့်ကို ယုံကြည်လွန်းလို့ လုပ်ပိုင်ခွင့် အာဏာတွေ အပြည့်ပေးခဲ့ယုံတင်မကဘူး ၊ ကျွန်မတို့ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ချက်တွေ အားလုံးကိုပါ ပြောပြခဲ့တာ ။ ပြီးခဲ့တဲ့နှစ်တွေက ကျွန်မအဖေ ဘာတွေဖြစ်သွားတယ်ဆိုတာကို အပြင်ကမ္ဘာကြီးက မသိပေမယ့် ရှင်ကတော့ အသိဆုံးပါ "
" သူကတော့ ရှင့်အတွက် အဆိပ်ဖြေဆေးရှာဖို့ အန္တရာယ်ကြီးတဲ့ နေရာတွေကို သွားခဲ့ရတယ် ။ အဲ့ကနေ အခု နှစ်တော်တော်ကြာတဲ့အထိတောင် သူ ပြန်မလာနိုင်ခဲ့ဘူး ။ ဒါပေမယ့် ရှင်က သူ့ကို ဘယ်လိုပုံနဲ့ ကျေးဇူးဆပ်လိုက်လဲ ။ သူ မရှိတဲ့ နှစ်တွေအတွင်းမှာ နိုင်ငံတစ်ခုလုံးကို ထိန်းချုပ်တယ် ၊ ရှင်နဲ့ သဘောထား ကွဲလွဲတဲ့ သူတိုင်းကို ရှင်းပစ်တယ် ။ ပြီးတော့ ကျွန်မတို့ တော်ဝင်မိသားစု အကုန်လုံးနီးပါးကိုလည်း သတ်ပစ်ခဲ့တယ် ။ ဒါတင်မကသေးဘူး .. အခု ပလ္လင်ကိုပါ အပိုင်သိမ်းဖို့ ကြံနေပြန်ပြီ ။ ရှင်က ကျွန်မအဖေနဲ့ လုံးဝ မထိုက်တန်တဲ့သူပဲ "
ကူယွိနင်မှာ ပြောနေရင်း ဒေါသပိုထွက်လာပြီး အသံများပင် တုန်လာ၏။
ဘုရင်ရှန်းဝူက ကူယွိနင်အား အထင်သေးသည့် အကြည့်ဖြင့်ကြည့်ကာ ပြုံးလိုက်သည် ။
" မိန်းကလေး ..မင်းရော မင်းအဖေရောက တော်တော်လေး တုံးအကြတာပဲ ။ အဲ့တုန်းက ငါ မင်းအဖေအတွက် တိုက်ခိုက်ခဲ့တာ မှန်တယ် ။ ဒါပေမယ့် ငါပြန်လာတဲ့အချိန်က အဆိပ်မိချင်ယောင် ဆောင်ခဲ့တာကွ ၊ ပြီးတော့ အဲ့နေရာကရတဲ့ ပစ္စည်းကပဲ ငါ့အဆိပ်ကို ဖြေပေးနိုင်မယ်လို့ တမင်ပြောခဲ့တာ ။ မင်းအဖေ ငတုံးကြီးက ငါကြိုတင်ကြံစည်ထားတာတွေကို မသိဘဲ ငါ့စကားကို ယုံခဲ့တာလေ "
စကားဆုံးသည်နှင့် ဘုရင်ရှန်းဝူက တဟားဟား အော်ရယ်လိုက်သည် ။
" ရှင် .. "
ကူယွိနင် စကားမပြောနိုင် ဖြစ်သွား၏။
ထိုအချိန်မှသာ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးက ဘုရင်ရှန်းဝူ၏ လှည့်ကွက်မှန်း သူမ သိသွားတော့သည် ။
ခန်းမထဲတွင် ရှိနေကြသည့် လူများမှာလည်း ယခုမှသာ ထို လျှို့ဝှက်ချက်များကို သိလိုက်ကြခြင်းဖြစ်သည် ။
လွန်ခဲ့သောနှစ်များတွင် ယဲ့ဖုန်းနိုင်ငံ၏ ဧကရာဇ်က ရုံးတော်သို့ တက်ရောက်ခြင်းမရှိဘဲ နေမကောင်းဖြစ်နေသည်ဟုသာ ကြေငြာခဲ့၏။
အမှန်တရားက ယခုကဲ့သို့ ဖြစ်နေမည်ဟု သူတို့ ထင်မထားခဲ့မိပါ ။
သို့သော် လက်ရှိတွင် ဘုရင်ရှန်းဝူကသာ အာဏာပိုင် ဖြစ်နေလေရာ ထိုအမှန်တရားက အရေးမကြီးတော့ပေ ။
" မိန်းကလေး .. ဒီနေ့ မင်းလာခဲ့တာလဲ ကောင်းတာပဲ ။ ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲကို စဖို့က ကူ မိသားစုရဲ့ သွေး လိုတယ်လေ ။ အခမ်းအနား မစခင်အထိ မင်း ဒီမှာပဲ နေပေါ့ကွာ ။ အားလုံးပြီးသွားတဲ့အချိန်မှ မင်းကို ဘာမှ သုံးစားမရတဲ့ ငါ့ သားနဲ့ လက်ထပ်ပေးမယ် ။ အဲ့ကျ မင်းဘဝလဲ မပျက်စီးတော့ဘူးပေါ့ ။ ဒါ မင်းတို့ ကူ မိသားစုအပေါ် ထားတဲ့ ငါ့ရဲ့ စေတနာအဖြစ် မှတ်ယူလိုက်ပေါ့ "
ဘုရင်ရှန်းဝူက ပြောလိုက်သည် ။
" ရှင် .. မျိုးမစစ်ကောင် .. "
ကူယွိနင် ဒေါသတကြီးဖြင့် ညာလက်ကို မြှောက်လိုက်သည် ။
သူမ၏ လက်ပေါ်တွင် ရှိနေသော အနီရောင် ဆေးမှင်တစ်ခုက တစ်ဝက်တပျက် ပေါ်လာ၏။
၎င်းကို မြင်သောအခါ ဘုရင်ရှန်းဝူ မျက်မှောင်ကြုံ့သွားသည် ။
" မိန်းကလေး .. အဲ့အစွမ်းကို မသုံးဖို့ မင်းကို ငါအကြံပေးလိုက်မယ်နော် ။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို ဒီအစွမ်းကို သုံးရင်တောင် ငါ့ကို ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး ။ မင်းကိုမင်း သတ်သေသလိုပဲ ဖြစ်သွားလိမ့်မယ် "
ဘုရင်ရှန်းဝူက ပြောလိုက်သည် ။
" ကျွန်မ ဂရုမစိုက်ဘူး .. သေတာတွေ ရှင်တာတွေကို ကျွန်မ ဂရုစိုက်နေသေးတယ်လို့ ရှင်က ထင်တယ်ပေါ့ "
ကူယွိနင်က ဒေါသတကြီး ပြောလိုက်သည် ။
ဘုရင်ရှန်းဝူ မျက်မှောင်ပိုကြုံ့သွား၏။
" ဒါဆိုလဲ လုပ်ကြည့်လိုက်လေ "
ကူယွိနင်က အံကြိတ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည် ။
သို့သော် ထိုအချိန်မှာပင် ..
" ဒီကြက်ပေါင်က တော်တော်စားလို့ကောင်းတာပဲ ။ အသားက နူးညံ့နေတာပဲ ။ အရသာလဲ အသားထဲ သေချာဝင်နေတာ ။ ကျုပ် မိသားစုထဲက စားဖိုမှုးရဲ့ လက်ရာနဲ့တော့ ကွာပ ။ ဒီဟာကို ချက်တဲ့ စားဖိုမှူး အသက်ရှင်ရမယ်လို့ ကျုပ် ဆုံးဖြတ်လိုက်ပြီ "
လောထျန်းက လက်ထဲမှ ကြက်ပေါင်ကို ချကာ ကျေနပ်နေဟန်ဖြင့် ပြောလိုက်သည် ။
" ဟင် .. "
အားလုံး သူ့ကို လှည့်ကြည့်လိုက်ကြပြန်၏။
လောထျန်းက ပေနေသည့် သူ့လက်ကို အနားမှ သခင်ကြီးဝမ်၏ အင်္ကျီပေါ်တွင် သုတ်လိုက်သည် ။ ထို့နောက် မတ်တပ်ထ၍ ဘုရင်ရှန်းဝူဆီသို့ လျှောက်လာ၏။
" ဘုရင်ရှန်းဝူ .. ကျုပ် ခင်ဗျားကြီးကို အခွင့်ရေးတစ်ခု ပေးမယ်ဗျာ ။ အခု ခင်ဗျား ခေါ်လို့ရတဲ့ လူမှန်သမျှ ကျုပ်ဆီလာဖို့ ခေါ်လိုက် ။ ကျုပ် အားလုံးကို ဒီနေ့ ဒီနေရာမှာ ကိုင်တွယ်ပေးမယ် "
လောထျန်းက ပြောလိုက်သည် ။
" မင်း ..ဘာပြောလိုက်တယ် "
" ကောင်လေး .. မင်း သေချင်နေပြီနဲ့တူတယ် "
ဘုရင်ရှန်းဝူ မည်သို့မှ ပြန်မပြောရသေးခင်မှာပင် သူ့နံဘေးမှ လူနှစ်ယောက်က ဒေါသတကြီးအော်ကာ လောထျန်းအား လက်ဖြင့် ဖမ်းဆုပ်လိုက်ကြသည် ။
သို့သော် ..
ဘုန်း ..ဘုန်း ...
ထိူလူနှစ်ယောက်၏ ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားပြီး သွေးစက်များ ပန်းထွက်လာ၏။
" ဟင် .. "
အားလုံး အံ့သြတုန်လှုပ်သွားကြသည် ။
ဘုရင်ရှန်းဝူသည်ပင် မျက်မှောင်ကြုံ့သွား၏။
အဘယ်ကြောင့်ဆိုသော် လောထျန်း မည်သို့ လှုပ်ရှားလိုက်သည်ကို သူ မမြင်လိုက်ရသောကြောင့်ပင် ။
" ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိပြီနဲ့တူတယ် "
ဘုရင်ရှန်းဝူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည် ။
ထို့နောက် သူက ဘေးပတ်လည်သို့ လှည့်ကြည့်ကာ အော်လိုက်သည် ။
" ဟေ့ကောင်တွေ .. အားလုံး အတူတူတိုက်ခိုက်ပြီးတော့ သူ့ကို သတ်ကြ "
" ဟုတ်ကဲ့ပါ "
ခန်းမ တစ်ဖက်တစ်ချက်စီမှ လူ သုံး၊လေးဆယ်စီ ထွက်လာကြသည် ။
" သခင်လေး .. ဒီကောင်တွေကို ကျုပ် ရှင်းပါရစေ "
လောထျန်းအနောက်ဘက်တွင် ရှိနေသည့် ဘုရင်ကျင်းဖန်က ပြောကာ ဒေါသတကြီး ရှေ့တိုးသွားလိုက်သည် ။
ဘုန်း ..
တစ်ချက်တည်းဖြင့် လူပေါင်း တစ်ဆယ်ကျော် နောက်သို့ လွင့်ထွက်သွားပြီး လေထဲတွင် သွးများ ပန်းထွက်သွား၏။
" ဘာတွေ ဖြစ်နေတာလဲ "
၎င်းကို မြင်သောအခါ အားလုံး အံ့သြမှင်သက်သွားကြသည် ။
အဝေးသို့ လွင့်သွားခဲ့ကြသည့် ထိုလူများက အစောပိုင်းက အသတ်ခံခဲ့ရသည့် နှစ်ယောက်ကဲ့သို့ မဟုတ်ချေ ။
သူတို့ထဲမှ တစ်ဝက်က ထုံရွှယ်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည် ။
ထိုလူများက သိုင်းကွက် တစ်ကွက်တည်းကိုပင် မခံနိုင်ဘဲ သေသွားခဲ့ကြရသည်လား ။
" မင်းက ဘယ်သူလဲ "
ဘုရင်ရှန်းဝူ နားမလည်နိုင် ဖြစ်သွားသည် ။
အစွမ်းထက် ကျင့်ကြံသူများစွာက အဘယ့်ကြောင့် ရုတ်တရက် ပေါ်လာရသနည်း ။
ဘုရင်ကျင်းဖန်က ခါးထောက်၍ ဘုရင်ရှန်းဝူအား ကြည့်ကာ ပြောလိုက်သည် ။
" သူခိုးလေး .. မင်း ဖေဖေကြီးကို မမှတ်မိဘူးလား ။ အခုတောင် ငါ့ကို စီးတော်ယာဥ်အဖြစ် ထားဖို့ မင်း လူရှာထားသေးတယ် မဟုတ်ဘူးလားကွ "
ဘုရင်ရှန်းဝူ ခေတ္တမျှ ဆွံ့အသွား၏။ ထို့နောက် သူက တစ်စုံတစ်ခုကို မှတ်မိသွားဟန်ဖြင့် ပြောလိုက်သည် ။
" မင်းက ဘုရင်ကျင်းဖန်လား "
ဘုရင်ကျင်းဖန်က သွားပေါ်အောင် ပြုံးလိုက်သည် ။
" ဒါပေါ့ သူခိုးလေးရဲ့ .. မင်း ဖေဖေကြီး လေ "
ဘုရင်ကျင်းဖန်မှာ ဘုရင်ရှန်းဝူအား အရိုးထဲတိုင် မုန်းနေ၏။
ထိုလူ၏ လှည့်ကွက်ကြောင့် သူ အသက်ရှင်လျက် အသိစိတ်မရှိတော့သည့် အလောင်းကောင်အဖြစ်သို့ ရောက်လုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား ။
ယခု သူ့အား ဖမ်းဆီးရန် ကြိးစားခဲ့သူနှင့် မျက်နှာချင်းဆိုင် တွေ့နေပြီဖြစ်ရာ ဒေါသမထွက်ဘဲ မည်သို့ နေနိုင်ပါမည်နည်း ။
ဘုရင်ရှန်းဝူက လှောင်ပြုံး ပြုံးလိုက်သည် ။
" သိပ်ကောင်းတာပေါ့ ၊ ငါက မင်း ဒီနေရာကို မလာရဲလောက်ဘူးပဲ ထင်နေတာ ။ ဒါလဲ ကောင်းပါတယ်လေ ၊ မင်းကို ငါ့လက်နဲ့ ကိုယ်တိုင် ဖမ်းပြီး စီးတော်ယာဥ်အဖြစ် လုပ်ရမှာပေါ့ "
ထိုသို့ ပြောပြီးသည်နှင့် သူ့လက်ကို ဘုရင်ကျင်းဖန်ဆီသို့ ဆန့်ထုတ်လိုက်သည် ။
ဘုန်း ..
ချက်ချင်းပင် သူ့ကိုယ်၌ အစွမ်းထက်သော ကိုယ်အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။
လောထျန်း ၎င်းကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည် ။
ဘုရင်ရှန်းဝူ၏ ကိုယ်အရောင်အဝါက သာမာန် ထုံရွှယ်အဆင့် ကျင့်ကြံသူများထက် များစွာ ပိုအစွမ်းထက်ပေသည် ။
ထိုလူက ယဲ့ဖုန်းနိုင်ငံတွင် အစွမ်းအထက်ဆုံး လူ ဆယ်ဦးထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်မှာ မထူးဆန်းတော့ပေ ။
အကယ်၍ ဘုရင်ကျင်းဖန်သာ ယခင်ကျင့်ကြံခြင်းအဆင့်နှင့် ဆိုပါက ထိုအကွက်ကို သူ ခံနိုင်မည်မဟုတ်သည်မှာ သေချာပါသည် ။
သို့သော် ဘုရင်ကျင်းဖန်က ယခင်ကကဲ့သို့ မဟုတ်တော့သည်ကို ဘုရင်ရှန်းဝူ မသိသည်မှာ နှမျောစရာပင် ။
ဘုန်း ..
ဘုရင်ကျင်းဖန်က ဘုရင်ရှန်းဝူအား လက်နောက်ပြန် ရိုက်လိုက်ရာ ဘုရင်ရှန်းဝူတစ်ယောက် နောက်သို့ လွင့်ထွက်သွား၏။ ထို့နောက် ခန်းမနံရံကို ဖောက်ထွက်ကာ တစ်ဖက်သို့ ကျသွားသည် ။
" မျိုးမစစ်ကောင် .. မင်းကို ငါ အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲပစ်မယ် "
ဘုရင်ကျင်းဖန်က ဒေါသတကြီး အော်ကာ သူ့နောက်သိူ့ ပြေးလိုက်သွားသည် ။
လောထျန်းက သူ့နောက်မှ လှမ်းအော်၏။
" ကျင်းဖန် .. သတိထားဦးနော် ။ စားဖိုမှုးကို မသတ်မိစေနဲ့ "
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး မှင်သက်ဆွံ့အသွားကြသည် ။
ထိုစဥ် ဘုရင်ကျင်းဖန်က လက်ကိုမြှောက်ကာ ဘုရင်ရှန်းဝူအား တစ်ချက်ပြီးတစ်ချက် ရိုက်နေ၏။
ဘုရင်ရှန်းဝူမှာ လက်မြှောက်၍ ခုခံရန် ကြိုးစားလိုက်သေးသော်လည်း သူတို့ချင်း အစွမ်းကွာဟချက်က ကြီးလွန်းနေသဖြင့် တစ်ချက် အရိုက်ခံရတိုင်း နောက်သို့သာ လွင့်ထွက်သွားရသည် ။
သို့သော် ထို့သို့ ဖြစ်နေသည့်တိုင် သူ့ကိုယ်တွင် ပွန်းပဲ့ရာ အနည်းငယ်မှ လွဲ၍ ဒဏ်ရာကြီးကြီး မရလိုက်ပေ ။
" ဘုရင်ကျင်းဖန် .. မင်းက ကွေ့ရှအဆင့်ကို ရောက်သွားလိမ့်မယ်လို့ ငါ ထင်မထားဘူးကွ ။ ဒါပေမယ့် ဒီလောက်နဲ့တော့ မင်း ငါ့ကို သတ်လို့ရမှာ မဟုတ်ဘူး "
အဝေးသိူ့ လွင့်ထွက်သွားပြီးနောက် ဘုရင်ရှန်းဝူက မတ်တပ်ရပ်ကာ ပြောလိုက်သည် ။
" တကယ်လား .. ဒါဆိုရင် ဒီသိုင်းကွက်ကို ခံလိုက်ပါဦး "
ဘုရင်ကျင်းဖန်က အေးစက်စက်ပြောကာ ကောင်းကင်ယံသို့ ပျံတက်သွားလိုက်သည် ။