ကွေ့ရှအဆင့် ကျင့်ကြံသူများကို သတ်ခြင်း
Vol. 7 Ch. 88
ဘုရင်ကျင်းဖန် လေထဲသို့ ရောက်သွားသည်နှင့် သူ့ပုံသဏ္ဍန်အမှန် ပေါ်လာ၏။ ထို့နောက် သူက ပါးစပ်ဟကာ ဧရာမ အလင်းလုံးကြီး တစ်ခုကို ဘုရင်ရှန်းဝူထံသို့ ထွေးထုတ်လိုက်သည် ။
" ဒါ .."
အလင်းလုံးကြီးကို ကြည့်ကာ ဘုရင်ရှန်းဝူ မျက်နှာပျက်သွား၏။
အလင်းလုံးကြီးထဲတွင် ပါဝင်သည့် အစွမ်းကြောင့် သူ ကြောက်ရွံ့တုန်လှုပ်သွားရသည် ။
ထိုတိုက်ခိုက်မှုကို သူ ခုခံနိုင်မည် မထင်ပေ ။
ကွေ့ရှအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းကို သူ့အနေဖြင့် ခုခံရန်မှာ မဖြစ်နိုင်ပါ ။
" သွားပြီပေါ့ကွာ .."
ဘုရင်ရှန်းဝူ စိတ်ပျက်လက်ပျက် ဖြစ်သွားသည် ။
သို့သော် ထိုအချိန်မှာပင် လူရိပ်တစ်ခုက သူ့ရှေ့သို့ တည်နေရာရွှေ့ပြောင်းလာပြီး ဘုရင်ကျင်းဖန် ပစ်လွှတ်လိုက်သည့် အလင်းလုံးကို ကန်ထုတ်လိုက်သည် ။
ဝှစ် ..
တစ်ချက်တည်းဖြင့်ပင် အလင်းလုံးက ကောင်းကင်ယံသို့ ပြန်တက်သွား၏။
" ဟင် .. "
ဘုရင်ရှန်းဝူ အံ့အားသင့်သွားသည် ။
ဤမျှအစွမ်းထက်လှသည့် အလင်းလုံးကို တစ်ချက်တည်းဖြင့် အဝေးသို့ ကန်ထုတ်လိုက်နိုင်သူမှာ မည်သူနည်း .. ။
လူရိပ်ကို သေချာကြည့်လိုက်သောအခါ ဘုရင်ရှန်းဝူ အံ့သြမှင်သက်သွားရပြန်၏။
အဘယ့်ကြောင့်ဆိုသော် သူ့အသက်ကို ကယ်လိုက်သူမှာ လောထျန်း ဖြစ်နေသောကြောင့်ပင် ။
" သခင်လေး .. "
လေထဲမှ ဘုရင်ကျင်းဖန်မှာလည်း လောထျန်း၏ လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည် ။
လောထျန်းက အေးစက်စက်မျက်နှာဖြင့် ပြော၏။
" ကျင်းဖန် .. မင်း အဲ့လိုလုပ်လိုက်ရင် တစ်မြို့လုံး ပျက်စီးသွားမှာပေါ့ဟ "
ထိုအချိန်မှသာ ဘုရင်ကျင်းဖန် အသိပြန်ဝင်သွားပြီး သူ မြို့ထဲသို့ ရောက်နေသည်ကို သတိထားမိသွားသည် ။
ထိုအလင်းလုံးသာ မြေပြင်သို့ ကျသွားခဲ့ပါက ဘုရင်ရှန်းဝူ သေသွားမည်ဖြစ်သော်လည်း မြို့ထဲမှ အခြားသူများကိုပါ အကျိုးသက်ရောက်နိုင်ပေသည် ။
" ငါ့ သခင်လေးက လူတွေကို ဂရုစိုက်နေသေးတာပဲ ။ ကြည့်ရတာ တခြားသူတွေကို မသေစေချင်ဘူးနဲ့တူတယ် "
ဘုရင်ကျင်းဖန် စိတ်ထဲမှ တွေးကာ သက်ပြင်းချလိုက်သည် ။
သို့သော် ထိုစဥ် လောထျန်းက ဆက်ပြောလာ၏။
" တခြားသူတွေကို သတ်တာ ကိစ္စမရှိပေမယ့် စားဖိုမှူးကို မသေစေနဲ့လို့ ခုနက မှာထားတယ်လေ ။ ခုလို တိုက်လိုက်ရင် စားဖိုမှူးပါ သေသွားမှာပေါ့ "
" အ ... "
ဘုရင်ကျင်းဖန် မည်သို့ ပြန်ပြောရမည်မသိ ဖြစ်သွားသည် ။
ထိုအချိန်တွင် ဘုရင်ရှန်းဝူက အခြေအနေကို အခွင့်ကောင်းယူကာ နောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည် ။
" ဟာ ..မဖြစ်ဘူး ၊ သူ ထွက်ပြေးဖို့ လုပ်နေပြီ "
ဘုရင်ကျင်းဖန်က ၎င်းကို တွေ့သွားကာ ပြော၏။
လောထျန်းက ခေါင်းယမ်းလိုက်သည် ။
" ကိစ္စမရှိပါဘူးကွာ ၊ သူ ပြေးလဲ မလွတ်ပါဘူး "
ဘုရင်ရှန်းဝူက သူ့ရှေ့တွင် ထွက်ပြေးချင်နေသည်တဲ့လား ..
ထပ်ပြီး ဆုတောင်းလိုက်ပါဦး ..
ထိုအချိန်တွင် ဘုရင်ရှန်းဝူက လူးလဲကာ နန်းတော်အတွင်းရှိ ခြံဝင်းတစ်ခုဆီသို့ ပြေးသွား၏။ ထိုခြံဝင်းအား အကာအကွယ် အစီအမံတစ်ခုက လွှမ်းခြုံထားသည် ။
" အားလုံး .. ကျုပ်ကို လာကူညီပါဦး "
ဘုရင်ရှန်းဝူက ပြေးလွှားရင်း အော်ဟစ်လိုက်သည် ။
သူ ရောက်လာသည်နှင့် အကာအကွယ် အစီအမံ ပွင့်သွားပြီး ခြံဝင်းတစ်ခု ပေါ်လာ၏။
" ဟင် .. ဘာတွေ ဖြစ်နေတာလဲ ၊ အရေးကြီးကိစ္စမဟုတ်ရင် လာမနှောင့်ယှက်နဲ့လို့ မှာထားတယ် မဟုတ်ဘူးလား "
ခြံဝင်းအတွင်းမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည် ။
ထိုအသံကို ကြားသောအခါ ဘုရင်ရှန်းဝူ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း ဦးညွှတ်အရိုအသေ ပေးလိုက်သည် ။
" သခင်ကြီး .. ကျုပ် သခင်ကြီးကို အနှောင့်ယှက် မပေးချင်ပါဘူး ။ ဒါပေမယ့် အစွမ်းထက်တဲ့ ရန်သူတစ်ယောက် ရောက်နေတယ်ဗျ "
" အစွမ်းထက်တဲ့ ရန်သူ ..ဟုတ်လား ..ဟားဟား .. မင်းတို့ယဲ့ဖုန်းနိုင်ငံမှာ ဘယ်လို အစွမ်းထက်တဲ့ရန်သူ ရှိလို့လဲ "
ထိုအသံက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် လူရိပ်လေးခု ခြံဝင်းထဲမှ တဖြည်းဖြည်း လမ်းလျှောက်ထွက်လာ၏။
" ဘုရင်ရှန်းဝူ ၊ ခင်ဗျားက နိုင်ငံတစ်ခုရဲ့ ဘုရင်တောင် ဖြစ်တော့မှာကို ဘာလို့ အခုလိုမျိုး ပြုမူနေရတာလဲ "
လေးယောက်ထဲမှ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် လူက ပြုံး၍ပြောလိုက်သည်။
" အမှန်ပဲ ၊ ဒီအခြေအနေကိုသာ လူတွေမြင်ရင် ရှက်စရာ ဘယ်လောက်ကောင်းလိုက်မလဲ "
ထိုလေးယောက်လုံး တစ်ယာက်ပြီးတစ်ယောက် ရယ်ပွဲဖွဲ့လိုက်ကြသည် ။
သူတို့၏ စကားများကြောင့် ဘုရင်ရှန်းဝူ မျက်နှာနီသွား၏။ သို့သော် သူက လေးယောက်လုံးကို အရိုအသေပြုကာ ပြောလိုက်သည် ။
" သခင်ကြီးတို့ .. ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပြီဗျ ။ တော်ဝင်မိသားစုက မိန်းကလေး ကူက သူ့ကို ကူညီပေးမယ့် လူတစ်ယောက်ကို ဖိတ်ထားတယ် "
" ဒါကတော့ မဆန်းပါဘူး ။ သူက တော်ဝင်မိသားစုကဆိုတော့ ပုန်ကန်ဖို့တော့ ကြိုးစားမှာပဲ ။ ဒါနဲ့ ကျုပ်သိချင်တာက သူတို့က ဘယ်သူ့ကို ဖိတ်ထားကြတာလဲ ။ နတ်ဆိုးဝိဥာဥ်နန်းတော်က လူသတ်သမားလား "
လေးယောက်ထဲမှ ခပ်ဝဝနှင့် လူကြီးက မေးလိုက်သည် ။
" မဟုတ်ဘူးဗျ ၊ သူက .. "
ဘုရင်ရှန်းဝူ ရှင်းပြရန် ပြင်လိုက်စဥ်မှာပင် ..
သု့အနောက်ဘက်မှ လေတိုက်သံတစ်သံ ကြားလိုက်ရပြီး လောထျန်းနှင့် လူသားအသွင် ပြန်ပြောင်းထားသည့် ဘုရင်ကျင်းဖန်တို့က သူ့နောက်သို့ လိုက်လာသည်ကို မြင်လိုက်ရသည် ။
သူတို့အနောက်တွင်မူ မင်းသမီးကူယွိနင်နှင့် နန်းတော်မှ လူအချို့လည်း လိုက်လာနေ၏။
" အင်း ..ကွေ့ရှအဆင့်က နတ်ဘုရား သားရဲတစ်ကောင်ပါလား "
ဘုရင်ကျင်းဖန်ကို မြင်သောအခါ လူဝကြီး၏ မျက်လုံးများ အရောင်လက်သွားကြသည် ။
" ဝိုး ..သူ့ကိုဖမ်းပြီး စီးတော်ယာဥ်အဖြစ် လုပ်လိုက်ရင် တော်တော်ကောင်းမှာပဲ ။ အသက်ရှင်ရက် မဖမ်းနိုင်ရင်တောင် အသေသတ်ပြီး စျေးကောင်းကောင်းနဲ့ ရောင်းစားလို့လဲ ရသေးတယ် ။ နတ်ဘုရားသားရဲတွေဆီမှာက ရတနာတွေနဲ့ ပြည့်နေတာ "
အခြားတစ်ယာက်ကလည်း စိတ်လှုပ်ရှားစွာ ပြန်ပြော၏။
" မင်းတို့တွေ .. "
ထိုလူများကို မြင်သောအခါ ဘုရင်ကျင်းဖန်၏ မျက်လုံးများ အေးစက်သွားကြသည် ။
သူရှေ့တွင် ရှိနေကြသည့် လေးယောက်လုံးမှာ ကွေ့ရှအဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူများ ဖြစ်သည် ။
ထို့အပြင် သူတို့၏ ကိုယ်အရောင်အဝါကို ခန့်မှန်းကြည့်ရသည်မှာ ထိုလူများသည် အနည်းဆုံး ကွေ့ရှအဆင့် ၄ ရှိသူများ ဖြစ်နိုင်ပေသည်။
ထိုအစွမ်းက အနည်းငယ် ကြောက်စရာကောင်းပေသည် ။
" ဘုရင်ရှန်းဝူ ၊ ရှင်က တခြားနိုင်ငံက လူတွေနဲ့ တကယ်ကြီး ပူးပေါင်းကြံစည်နေတာပဲ "
ထိုမြင်ကွင်းကို မြင်လိုက်သော ယူကွီနင်က ဒေါသတကြီး အော်ပြော၏ ။
ဘုရင်ရှန်းဝူ မည်သို့မှမပြောဘဲ လှောင်ပြောင်ဟန်ဖြင့်သာ ကြည့်လိုက်သည် ။
ထိုအချိန်တွင် လေးယောက်ထဲမှ ပိန်ပိန်ပါးပါးလူက ပြုံး၍ ပြောလာ၏။
" ဟော ..ဒါ ..ကူမိသားစုက မင်းသမီးလေးပါလား ။ နှစ်တွေအများကြီး ဒုက္ခရောက်နေတဲ့ တိုင်းပြည်တစ်ခုကို မိန်းမငယ်လေးတစ်ယောက်က ကာကွယ်ဖို့ ဘယ်လွယ်ပါ့မလဲ ။ ဒါပေမယ့် အခုတော့ အားလုံး ပြီးသွားပါပြီ "
ဆံပင်အနီရောင်နှင့် အဘိုးအို နောက်တစ်ဦးကလည်း အပြုံးဖြင့် ပြောလိုက်သည် ။
" အမှန်ပဲ ၊ ယဲ့ဖုန်းနိုင်ငံက မင်းတို့ ကူ မိသားစု လက်ထဲမှာ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး အားနည်းလာခဲ့တာ ကြာနေပြီ ။ အရင်က အင်အားကြီး နိုင်ငံတစ်ခုကနေ ဒီအခြေအနေ ဖြစ်လာတာကိုပဲ ကြည့်တော့ ။ ဒါပေမယ့် အခုတော့ မင်းတို့ ကူမိသားစုရဲ့ ကံကောင်းခြင်းက အဆုံးသတ်သွားပါပြီကွာ ။ မိန်ကလေး .. ငါတို့ ကောင်းကောင်းမွန်မွန် ပြောနေတုန်း ထီးနန်းကို လွှဲပေးလိုက်သင့်တယ်နော် ။ ဒါဆို မင်းအသက်ကို ချမ်းသာပေးလို့ ရတာပေါ့ "
" ရှင်တို့တွေ .. "
ကူယွိနင်က ထိုသူများအားလုံးကို ဒေါသပြည့်နေသည့် မျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်သည် ။ ထို့နောက် သူမ လောထျန်းဘက် လှည့်လိုက်၏။
ထိုအချိန်တွင် လောထျန်းက လက်နောက်ပစ်လျက် ရှိနေပြီး အခြားသူများကို ကြည့်ကာ ပြောလိုက်သည် ။
" ဒါဆို ..ခင်ဗျားတို့တွေအားလုံးက ဘုရင်ရှန်းဝူကို ကာကွယ်ပေးကြမယ်ပေါ့ "
ဆံပင်နီနှင့် အဘိုးအိုက လောထျန်းကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည် ။
" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ ။ ငါတို့ကို စကားပြောရအောင် မင်းက ထိုက်တန်လို့လား ။ မင်း လာခဲ့တဲ့ နေရာကို အခုပြန်သွားတော့ ။ ဘုရင်ရှန်းဝူကို ငါတို့က ကာကွယ်ပေးမှာ "
လောထျန်း၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတန်းတစ်ခု ဖျတ်ခနဲ လင်းသွားပြီး နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားကာ ဆံနီအဘိုးအိုရှေ့သို့ ရောက်သွား၏။
" ဟင် "
၎င်းကို မြင်သောအခါ ဆံနီအဘိုးအို အံ့သြတုန်လှုပ်သွားသည် ။ သို့သော် သူ မည်သို့မှ တုန့်ပြန်ချိန် မရလိုက်ခင်မှာပင် ...
ဘုန်း ..
လောထျန်းက သူ့လည်မျိုကို လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာ လေထဲသို့ မြှောက်လိုက်သည် ။
" လူတွေက ဘာဖြစ်လို့ စကားပြောတာ ဒီလောက်ရိုင်းကြတာလဲ မသိဘူး ။ ကောင်းကောင်းမွန်မွန် ပြောရင်လဲ ရရဲ့သားနဲ့ "
သူ အေးစက်စက် ပြော၏။
" ဟေ့ကောင် .. သူ့ကို လွှတ်ပေးလိုက်စမ်း "
လူဝကြီးက ဒေါသတကြီး အော်လိုက်သည် ။ သူ့လက်ထဲတွင် မြို့တော် တံခါးပေါက်နီးပါး ကြီးသည့် သစ်သားဓားတစ်လက် ထွက်ပေါ်လာပြီး လောထျန်းဆီသို့ လှမ်းခုတ်လိုက်သည် ။
ထိုဓားတွင် ပါဝင်သည့် ဖိအားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး တောင်ကြီးတစ်လုံး ပြိုကျလာသည့်အလား လောထျန်းဆီသို့ တိုးဝင်သွား၏။
သို့သော် ...
လောထျန်းက ၎င်းကို လက်ချောင်းလေး တစ်ချောင်းတည်းဖြင့် အလွယ်တကူ တားလိုက်သည် ။
" ဟင် "
လူဝကြီး နာမလည်နိုင် ဖြစ်သွား၏။
ထိုအချိန် လောထျန်းက သူ့အား ဖြည်းဖြည်းချင်း ခေါင်းလှည့်၍ ကြည့်လိုက်သည် ။
" အ .."
လောထျန်း၏ အကြည့်ကို ခံလိုက်ရသည်နှင့် သူ့စိတ်ဝိဥာဥ်က တစ်စစီ ကွဲကြေသွားတော့မည့်အလား လူဝကြီး ခံစားလိုက်ရသည် ။
" ထွက်ပြေးရမယ် "
ထိုအချိန်တွင် ထွက်ပြေးရန် တစ်ခုတည်းသာ သူ့ခေါင်းထဲ ရှိနေတော့၏။
ဝုန်း ..
သူ နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည် ။
ဤတစ်ကြိမ် သူ ယဲ့ဖုန်းနိုင်ငံသို့ လာခဲ့စဥ်တွင် ထိုသို့သော လူမျိုးနှင့် တိုက်ခိုက်ရလိမ့်မည်ဟု မည်သူကမှ သူ့ကို မပြောခဲ့ကြပါ ။
သို့သော် ..
" ခင်ဗျားက တစ်ဖက်သတ်ကြီး တိုက်ခိုက်ပြီးတာနဲ့ ထွက်သွားချင်တယ်ပေါ့လေ ။ သိပ်ကို မရိုးရှင်းလွန်းဘူးလားဗျာ "
လောထျန်းက ထိုလူကြီး မသိလိုက်ခင်မှာပင် သူ့ဘေးသို့ ရောက်သွားကာ လက်သီးဖြင့် ထိုးလိုက်သည် ။
ဘုန်း ..
လက်သီးချက်မှာ အစွမ်းထက်လွန်းလှသဖြင့် လူဝကြီး တုန့်ပြန်ရန်ပင် အချိန်မရလိုက်ဘဲ နေရာ၌ သေဆုံးသွားတော့၏ ။
" ဟင် .. "
ထိုမြင်ကွင်းကို ကြည့်ကာ အားလုံး အံ့သြမှင်သက်သွားကြသည် ။
အထူးသဖြင့် ဘုရင်ရှန်းဝူပင် ...
ထို ကွေ့ရှအဆင့် ကျင့်ကြံသူ လေးယောက်မှာ သူ့ ဝှက်ဖဲများဟု ဆိုလျှင် မမှားပေ ။
သို့သော် ထိုလူများက လောထျန်းရှေ့တွင် စာရွက်တစ်ရွက်ကဲ့သို့ အစွမ်းနိမ့်နေသည်လား ။
ထိုအတိုင်းသာ ဆိုပါက ....
ဘုရင်ရှန်းဝူ မျက်နှာအလွန်ပျက်သွား၏။ ထို့နောက် သူက အားလုံး အံ့အားသင့်နေချိန်တွင် ကျန်နေသေးသော ကျင့်ကြံသူများ၏ အနောက်ဘက်သို့ တိတ်တဆိတ် ဆုတ်သွားလိုက်သည် ။ ထို့နောက် နောက်လှည့်၍ ထွက်ပြေးလိုက်၏။