← Chapters

မှတ်ဥာဏ်ပင်လယ်

Vol. 7 Ch. 90

မှတ်ဥာဏ်ပင်လယ်

Vol. 7 Ch. 90

ထိုသို့ ပြောပြီးသည်နှင့် လောထျန်းက မင်းသားရှန်းဝူ၏ ခေါင်းသို့ လက်ညိုးဖြင့် ထိုးလိုက်သည် ။

မင်းသားရှန်းဝူ နေရာမရွှေ့နိုင်ဘဲ ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်သွား၏။

" မင်း ..ငါ့သားကို ဘာလုပ်လိုက်တာလဲ "

ထိုအခြင်းအရာကိုကြည့်ကာ ဘုရင်ရှန်းဝု ထိတ်လန့်တကြား ပြောလိုက်သည် ။

လောထျန်းက သူ့ကို လှည့်ကြည့်ကာ အေးစက်စက် ပြန်ပြော၏။

" စိတ်မပူပါနဲ့ ၊ ခင်ဗျားသားက ခုထိ မသေသေးပါဘူး ။ ဒါပေမယ့် သူ့ရဲ့ နာကျင်မှုကတော့ သေတာထက်တောင် ဆိုးနိုင်တယ် "

" ဘာ .."

ဘုရင်ရှန်းဝူ အံ့သြမှင်သက်သွားသည် ။

ထိုအချိန်တွင် မင်းသားရှန်းဝူ တစ်ကိုယ်လုံး တုန်လာပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်လာ၏။

ထို့နောက်တွင်မူ သူ သတိပြန်ရလာသည် ။

" ဘာတွေ ဖြစ်နေတာလဲ .. ငါ ဘယ်ရောက်နေတာလဲ "

မင်းသားရှန်းဝူက ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်သည် ။ အချိန်အတန်ကြာပြီးမှသာ သူ အသိပြန်ဝင်လာ၏။

" ဒါ ရှန်းဝူနန်းတော်လား ..မင်းက လောထျန်းလား .. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ဒါဆို ငါ .. စောနက .. "

" သားလေး ၊ ဘာတွေ ဖြစ်နေတာလဲ "

ဘုရင်ရှန်းဝူက သူ့သားအား မေးလိုက်သည် ။

" အဖေ ..အဖေအသက်ရှင်နေသေးတာပဲ ။ ဒါဆို စောနက ကျွန်တော် အိမ်မက် မက်နေခဲ့တာပေါ့ ။ ကျွန်တော့်အိမ်မက်ထဲမှာ နှိပ်စက်နည်းပေါင်းစုံနဲ့ နှပ်စက်ခံခဲ့ရတာဗျာ "

မင်းသားရှန်းဝူမှာ အိမ်မက်အကြောင်းကို ပြန်တွေးမိသွားဟန်ဖြင့် တစ်ကိုယ်လုံး တုန်သွား၏။ သူ ရူးသွားတော့မည်ကဲ့သို့လည်း ခံစားလိုက်ရသည် ။

လောထျန်းက သူ့ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်သည် ။

" စိတ်မပူပါနဲ့ ၊ အခုမှ အစပဲ ရှိသေးတယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် လက်ညိုးဖြင့် ထိုးလိုက်ပြန်သည် ။

ဤတစ်ကြိမ်တွင်လည်း မင်းသားရှန်းဝူမှာ နေရာ၌ပင် ကျောက်ရုပ်ဖြစ်သွားပြန်၏။

" မင်းက လောထျန်းနော် ..ဟုတ်တယ်မလား ။ မင်း ဘာလို့ ခုလိုတွေ လုပ်နေရတာလဲကွာ ။ ကူ မိသားစုက မင်းကို ငွေ ဘယ်လောက်ပေးထားလို့လဲ ။ ငါတို့ ရှန်းဝူနန်းတော်က မင်းကို သူတို့ပေးတာထက် နှစ်ဆ ပေးပါ့မယ် "

ဘုရင်ရှန်းဝူက အသံတိုးတိုးဖြင့် တိုးလျှိုးတောင်းပန်လိုက်သည် ။

လောထျန်းက သူ့ကို လှည့်ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ပြန်၏။

" ကူ မိသားစုက ကျုပ်ကို ဘာငွေမှ မပေးထားဘူး ။ ကျုပ်က မိန်းကလေးကို အခန့်သင့်လို့ ကူညီဖြစ်သွားတာ ။ ကျုပ် တကယ် လုပ်ချင်တာက ခင်ဗျားနဲ့ ခင်ဗျားရဲ့သားကို သတ်ပစ်ဖို့ပဲ "

" ဘာဖြစ်လို့ သတ်ချင်ရတာလဲ "

ဘုရင်ရှန်းဝူ နားမလည်နိုင်တော့ပေ ။

ပိုက်ဆံအတွက် မဟုတ်ဘဲ သူ့ကို သတ်ချင်နေသည်တဲ့လား ...

အဘယ့်ကြောင့်နည်း ..

လောထျန်းက သူ့ကိုကြည့်ကာ အေးစက်စက် ပြောလိုက်သည် ။

" ဒါက ရှင်းပါတယ် ၊ ခင်ဗျားသားနဲ့ ကျုပ် နဲ့ ကြားမှာ ရန်စ ရှိထားတယ်ဗျ ။ ဒါပေမယ့် အစကတော့ ကျုပ် အဲ့ဒါကို သိပ်ပြီး စိတ်ထဲမထားပါဘူး ။ ဒါနဲ့ ခင်ဗျားသားက ကျုပ်ကို အရင်ဆုံး ရန်လာစတာနော် ။ကျုပ်က သူ့ကို လစ်လျုရှုထားပေမယ့် သူက ရှန်းဝူနန်းတော်ရဲ့ အာဏာကိုသုံးပြီး ကျုပ်နဲ့ ကျုပ်တို့ လောမိသားစု တစ်ခုလုံးကိုပါ ဖျက်ဆီးဖို့ ကြိုးစားခဲ့တယ်လေ ။ ဒါကိုတော့ သည်းခံပေးလို့ မရဘူး "

" ဟင်.. "

ထိုအချ်န်မှသာ ဘုရင်ရှန်းဝူသည် သူ သတိမထားမိဘဲ လောထျန်းအား စော်ကားမိသွားခဲ့သည်ကို သိလိုက်ရ၏။

ဘုရင်ရှန်းဝူက သူ့သားအား ဒေါသဖြင့် ကြည့်လိုက်သည် ။

" ဒီ ဘာမှ သုံးစားမရတဲ့ကောင်က ငါ့ကို ဒုက္ခပေးခဲ့တာ ။ လောထျန်း .. ဒီကိစ္စက ငါ့သားကို သေချာမဆုံးမခဲ့မိတဲ့ ငါ့အမှားပါ။ မင်း ဒီခွေးကောင်ကို သတ်ချင်ရင် သတ်လို့ရတယ် ။ ငါ့သက်ကိုတော့ ချမ်းသာပေးပါကွာ "

ဘုရင်ရှန်းဝူ ပြောလိုက်သည် ။

မျှော်လင့်မထားသည့် တုန့်ပြန်ပုံကြောင့် လောထျန်း အနည်းငယ် အံ့အားသင့်သွား၏။

" ခင်ဗျားက ခင်ဗျားသားရဲ့အသက်ကို စွန့် လွှတ်လိုက်ဖို့ ဆန္ဒရှိတယ်ပေါ့ "

လောထျန်းက မေးသည် ။

ဘုရင်ရှန်းဝူက ပြန်ပြော၏။

" ဒီခွေးကောင်က သူ ယုတ်မာထားလို့ သူ ပြန်ခံရတာပဲ "

လောထျန်းက ဘုရင်ရှန်းဝူကို တစ်လှည့် မြေပြင်တွင် လဲကျနေသည့် မင်းသားရှန်းဝူကိုတစ်လှည့် ကြည့်လိုက်သည် ။ ထို့နောက် သူ မျက်မှောင်ကြုံ့၍ ပြော၏။

" ကြည့်ရတာ ခင်ဗျားတို့ နှစ်ယောက်က ပုံစံချင်းလဲ သိပ်မတူကြဘူးနော် ။ ခင်ဗျားကြီးက အကောင်ကြီးကြီး ထွားထွားနဲ့ ။ သူကကျတော့ မိန်းကလေးနဲ့တောင် ခပ်ဆင်ဆင်ပဲ ။ သူက ခင်ဗျားရဲ့ သားအရင်းရော ဟုတ်ရဲ့လား "

" အ .. "

ဘုရင်ရှန်းဝူ၏ မျက်လုံးထောင့် အနည်းငယ် လှုပ်ရှားသွားသည် ။ ထို့နောက် သူက ချက်ချင်းဟန်ဆောင်ပြုံး၍ ပြော၏။

" ဒါပေါ့ကွာ ၊ ဘာလို့ သားအရင်းမဟုတ်ရမှာလဲ "

" ဟုတ်လား "

လောထျန်းက ဘုရင်ရှန်းဝူကိုကြည့်ကာ သူ့ခေါင်းပေါ်သို့ လက်တင်လိုက်သည် ။

ချက်ချင်းပင် ဘုရင်ရှန်းဝူ၏ မှတ်ဥာဏ်များ လောထျန်းခေါင်းထဲသို့ ဝင်လာ၏။

" ဝူရို့ မသေမျိုးနန်းတော်ပါလား ၊ ခင်ဗျားက သားအရင်းကို အဲ့ကို ပို့ပြီးတော့ သားအတုကို ဘေးမှာ ထားထားတာပဲ ။ ကျုပ် သဘောပေါက်ပြီ "

လောထျန်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည် ။

" ဟင် .. မင်း ဘယ်လိုသိသွားတာလဲ ။ ငါ့ကို ဘာလုပ်လိုက်တာလဲ "

ဘုရင်ရှန်းဝူ အလန့်တကြား ဖြစ်သွား၏ ။

လောထျန်း အသုံးပြုသည့် နည်းများက ထူးဆန်းလှပေသည် ။

လောထျန်းက သူ့ကိုကြည့်ကာ ပြော၏။

" ကျုပ် နည်းလေးတစ်ခု စမ်းသုံးကြည့်လိုက်တာပါ ။ဘုရင်ရှန်းဝူ .. ခင်ဗျားရဲ့ သားအရင်းပဲ ဖြစ်ဖြစ် ၊ သားအတုပဲ ဖြစ်ဖြစ် ခင်ဗျားသာ သေချာဆုံးမထားရင် ခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး "

" အဖေ .. ကျွန်တော့်ကို သတ်လိုက်ပါဗျာ "

ထိုအချိန်တွင် မင်းသားရှန်းဝူ ပြန်နိုးလာသည်။

ကြားထဲတွင် မိနစ်အနည်းငယ်သာ ကြာသွားခဲ့သော်လည်း မင်းသားရှန်းဝူမှာ ထိုအချိန်အတွင်း နှစ်ပေါင်းများစွာ အိုမင်းသွားဟန်တူ၏။

သူ့ဆံပင်များက ဖြူနေကာ သူ့မျက်နှာတွင်လည်း ပါးရေများ တွန့်နေသည် ။

သူ ဘာတွေဖြစ်ခဲ့သည်ကို ခန့်မှန်းရန်ပင် မလွယ်ချေ ။

" သွားစမ်းပါ ပြဿနာကောင်ရာ ။ ဘာလို့ မင်း စောစော  သေမသွားရတာလဲ "

ဘုရင်ရှန်းဝူ အလွန်ဒေါသထွက်နေ၏။

ထို သုံးစားမရသည့် ကောင်ကြောင့် ယခုလို အဖြစ်မျိုးဖြင့် ကြုံရလိမ့်မည်ဟု သူ တွေးမထားခဲ့ပါချေ ။

" အဖေ .. "

မင်းသားရှန်းဝူ အံ့သြမှင်သက်သွားသည် ။

သူ့အဖေသည် ယခင်ကတည်းက သူ့ကို သိပ်ဂရုမစိုက်လှသော်လည်း ထိုသို့သော စကားမျိုး တစ်ခါမှ မပြောဖူးခဲ့ပါ ။

" ငါ့ကို အဖေလို့ မခေါ်နဲ့ ။ မင်းက ငါ့သား မဟုတ်ဘူး ။ မင်းရဲ့ မိဘတွေက ငါ သတ်ခဲ့တဲ့ အမှိုက်တွေထဲက နှစ်ယောက်ပဲ ။ ငါ့သားအရင်းက အဲ့အချိန်တုန်းက မွေးကင်းစလေးပဲ ရှိသေးတယ် ။ ငါ လုပ်မယ့် ကိစ္စတွေက အန္တရာယ်များလွန်းလို့ ငါ့သားကို ဘေးဖြစ်မှာစိုးလို့ သူ့ကို အဝေးပို့ပြီး မင်းနဲ့ လူစားထိုးပြီး မင်းကို ငါ့အနားမှာ ထားထားခဲ့တာပဲ "

" အခုတော့ မင်းက ငါ့ကို တောက်လျှောက် ဒုက္ခမျိုးစုံ ပေးလာရုံတင်မကဘူး ၊ အခုဆို မင်းကြောင့် ငါ အသတ်ပါ ခံရတော့မှာ ။ မင်းကို ငါ တစ်စစီ ဖြစ်သွားအောင်တောင် လုပ်ပစ်လိုက်ချင်တယ် "

ဘုရင်ရှန်းဝူ၏ စကားများက ပြင်းထန်လှပေသည်။

စကားဆုံးသည်နှင့် မင်းသားရှန်းဝူ မျက်နှာပျက်သွား၏။

သူ့ဘဝ တစ်ခုလုံးက အလိမ်အညာများ ဖြစ်နေသည်ကို သူ ယခုမှသာ သိခွင့်ရလိုက်ခြင်းပင် ..

သူ နှစ်ပေါင်း ၂၀ ကျော် အဖေဟု ခေါ်လာခဲ့သူက သူ့မိဘအရင်းနှစ်ယောက်ကို သတ်ခဲ့သည့် ရန်သူတဲ့လား ..

" မဟုတ်ဘူး ..ကျုပ် မယုံဘူး . မယုံဘူး .. "

မင်းသားရှန်းဝူ မယုံနိုင်စွာ ခေါင်းယမ်းလိုက်သည် ။ ထို့နောက် သူ မြေပေါ်သိူ့ လဲကျသွားပြီး သူ့ပါးစပ်မှ အမြှုပ်များ ထွက်လာ၏။ သူ့ခန္ဓာကိုယ်လည်း တွန့်လိမ်သွားကာ မကြာမီပင် သေဆုံးသွားတော့သည် ။

" အင်း .."

ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း အနည်းငယ် မှင်သက်သွားသည် ။

ထိုလူက ယခုကဲ့သို့ သေသွားရသည်လား ..

သို့သော် ပြန်စဥ်းစားကြည့်ပါက မင်းသားရှန်းဝူသည် သူ့စိတ်ဝိဥာဥ်အစွမ်းအောက်တွင် နှိပ်စက်ခံထားရသည် မဟုတ်ပါလား ။

အမှန်တွင်မူ မင်းသားရှန်းဝူသည် နှပ်စက်ခံရသည့် ဒဏ်ကြောင့် သူ့စိတ်ဝိဥာဥ် ကွဲကြေပျက်စီးသွားတော့မလို ခံစားခဲ့ရ၏။

ပြန်နိုးလာသည့် အချိန်တွင် သတင်းဆိုးကို ရုတ်တရက် ကြားလိုက်ရသဖြင့် ကျန်ရှိနေသေးသည့် သူ့စိတ်ဝိဥာဥ်က လုံးဝ ပျက်စီးသွားခဲ့ခြင်းဖြစ်သည် ။

သို့ဖြစ်ရာ ထိုအခြေအနေတွင် စိတ်ဝိဥာဥ် ပျက်စီးပြီး အသက်ဆုံးသွားရခြင်းက နားလည်၍ ရပေသည် ။

လောထျန်းက ခေါင်းယမ်း၍ ဘုရင်ရှန်းဝူဆီသို့ အကြည့်လွှဲလိုက်သည် ။

" လောထျန်း .. မင်း ငါ့ကို သတ်လို့ မရဘူးနော် ။ သတ်လို့ကတော့ ဖြစ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း ခံနိုင်မှာ မဟုတ်ဘူး "

ဘုရင်ရှန်းဝူက လောထျန်းအား ဖြူဖျော့နေသည့် မျက်နှာဖြင့် ကြည့်လိုက်သည် ။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ခုချိန်မှာ ကျုပ်ကို ဒီလိုစကားမျိုးပြောတာက ဥာဏ်ရှိတဲ့ လုပ်ရပ်လို့ ထင်လို့လား "

ဘုရင်ရှန်းဝူက ကြောက်လန့်တကြား ပြန်ကာသည် ။

" ငါ မင်းကို ခြောက်နေတာ မဟုတ်ပါဘူးကွာ ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် ဟိုလူတွေက မင်းကို သေချာပေါက် ပြဿနာရှာကြလိမ့်မယ် ။ အဲ့လူတွေကိုတော့ မင်း လုံးဝ သွားရှုပ်လို့ မဖြစ်ဘူး "

လောထျန်းက သူ့ကို ကြည့်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည် ။

" ခင်ဗျားကြီးက ဘာလို့ စကားထာတွေ လာဝှက်နေရတာလဲ ။ ကျုပ် အခွင့်အရေး တစ်ခုပေးမယ် ။ ခင်ဗျား သိထားတာတွေ အားလုံးကို အခု ပြောပါ ။ ကျုပ် အားလုံးကို တစ်ခါတည်းရှင်းပစ်မယ် "

ဘုရင်ရှန်းဝု ခေါင်းယမ်းလိုက်သည်။

" ငါ ပြောလို့ မရဘူးကွ "

လောထျန်း၏ မျက်နှာ ပိုသုန်မှုန်သွားကာ အေးစက်စက်ပြော၏။

" ဟုတ်ပြီလေ ၊ ခင်ဗျားမပြောရင် ကျုပ်ကိုယ်တိုင် ကြည့်ရလိမ့်မယ် "

ထိုသို့ပြောပြီးသည်နှင့် သူ့လက်ဆန့်ကာ ဘုရင်ရှန်းဝူ၏ ခေါင်းပေါ်သို့ တင်လိုက်ပြန်သည် ။ မှတ်ဥာဏ်များ စတင်စီးဆင်းလာ၏။

သို့သော် ဤတစ်ကြိမ်တွင် မှတ်ဥာဏ်အတွင်း၌ အနက်ရောင် မြူအုပ် ပေါ်လာသည် ။

" ဟင် .. သူ့ မှတ်ဥာဏ်တွေကို တစ်ယောက်ယောက်က ပြောင်းထားတာပဲ "

လောထျန်း အံ့အားသင့်သွားရသည် ။

ထိုလူက သူ့ကိုယ်သူ ဖုံးကွယ်ရန် အခြားသူ၏ မှတ်ဥာဏ်များကို ဝင်စွတ်ဖက်နိုင်နေ၏။

လောထျန်း သိချင်စိတ် ပိုဖြစ်သွားသည် ။

ဘုရင်ရှန်းဝူ၏ နောက်ကွယ်တွင် မည်သူ ရှိနေပါသနည်း ။

လောထျန်း ထိုသို့ တွေးကာ အခြားသူ ထားထားသည့် စည်းကို ဖယ်ရှားလိုက်သည် ။

သူ၏ စိတ်ဝိဥာဥ်အစွမ်းကြောင့် အနက်ရောင်မြူအုပ်က တဖြည်းဖြည်း လွင့်ပါးလာ၏။

သို့သော် ထိုမှတ်ဥာဏ်ကို သူ မြင်ရလု ဆဲဆဲမှာပင် ဘုရင်ရှန်းဝူ၏ အသိစိတ်ပင်လယ်ထဲတွင် မှတ်ထားသည့် အမှတ်သားတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်သွားတော့သည် ။

ဘုန်း ..

မကျယ်လွန်းသည့် အသံတစ်သံနှင့်အတူ ဘုရင်ရှန်းဝူ၏ ခန္ဓာကိုယ် တောင့်တင်းသွားကာ မြေပေါ်သို့ လဲကျသွားသည် ။

All Chapters