စိတ်သောကအသက်
Vol. 7 Ch. 91
" ဟင် "
လောထျန်း အံ့အားသင့်သွားပြီး ဘုရင်ရှန်းဝူအား ငုံ့ကြည့်လိုက်သည် ။ ဘုရင်ရှန်းဝူက နေရာတွင်သာ မလှုပ်မယှက် ရှိနေ၏။
လောထျန်းက သူ့စိတ်ဝိဥာဥ်အစွမ်းကိုသုံး၍ စစ်ဆေးကြည့်လိုက်သောအခါ ဘုရင်ရှန်းဝူ၏ စိတ်ဝိဥာဥ်မှာ အစိတ်စိတ်အမွှာမွှာ ဖြစ်နေပြီး သူ့မှတ်ဥာဏ်များကလည်း ကြည့်ရပင် မရတော့သည်ကို မြင်လိုက်ရသည် ။
ဘုရင်ရှန်းဝူသည် အသက်ရှင်နေသေးသည့်တိုင် အလောင်းကောင်နှင့် မခြားတော့ပေ ။
" ဟ .. ဒီလူက အဖျက်အဆီး အစီအမံကိုပါ ထားခဲ့တာပဲ "
လောထျန်း ဆွံ့အသွားသည် ။
ထိုလူက သူ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် သေချာကြိုတင် ပြင်ဆင်ထားခဲ့ပေသည်။
လောထျန်း သိချင်စိတ် ပိုဖြစ်သွား၏ ။
ထိုလူက မည်သူနည်း .. ။
မည်သည့်ရည်ရွယ်ချက်ကြောင့် ယခုကဲ့သို့ လုပ်နေရသနည်း ။
သို့သော် ထိုအကြောင်းကို လတ်တလော သိရန် မဖြစ်နိုင်သေးပါချေ ။
" ခဏထားလိုက်ပါမယ်လေ ။ အခု ငါလဲ ဒီအရှုပ်ထဲ ဝင်ပါနေပြီဆိုတော့ ငါက မရှာရင်တောင် ဒီလူတွေက ငါ့ကို လာရှာမှာပဲ ။ အဲ့ကျမှပဲ ရှင်းလိုက်တော့မယ် "
လောထျန်း တစ်ကိုယ်တည်း ရေရွတ်ကာ ဘုရင်ရှန်းဝူ၏ ကိုယ်ကို မချီ၍ အပြင်သို့ ထွက်သွားလိုက်သည် ။
" သခင်လေး လောထျန်း ၊ ဒါ ဘုရင်ရှန်းဝူလား .. ဘယ်လိုဖြစ်သွားတာလဲ "
ထိုစဥ် အပြင်တွင် ရောက်နေသည့် ကူယွိနင်က အံ့သြတကြီး မေး၏။
" အိုး ..ဟုတ်သားပဲ ၊ စိတ်မကောင်းပါဘူးဗျာ ။ ကျုပ် သူ့ကို သတိမထားပဲ နေလိုက်တဲ့အချိန် အရူးအဖြစ် မတော်မဆ ပြောင်းလိုက်မိသလို ဖြစ်သွားတယ် "
" အရူး ..ဟုတ်လား "
ကူယွိနင် နားမလည်နိုင် ဖြစ်သွားသည် ။
မောက်မာခက်ထန်လှသည့် ဘုရင်ရှန်းဝူက အရူးအဖြစ် ပြောင်းသွားသည်တဲ့လား "
" မိန်းကလေး .. အခု ကျုပ် လက်တုန့်ပြန်ချင်တဲ့ သူကိုလဲ လက်တုန့်ပြန်လိုက်ရပြီမို့ ကျုပ် ဒေါသလဲ ပြေသွားပြီဗျ ။ ဒီတော့ ကျုပ် ဘုရင်ကျင်းဖန်ကို ခင်ဗျားရဲ့ ကိစ္စတွေပြီးတဲ့အထိ ထားပေးခဲ့မယ် ။ ကျန်တဲ့ကိစ္စတွေကိုတော့ ခင်ဗျားဘာသာ စီစဥ်လို့ အဆင်ပြေတယ်မဟုတ်လား "
လောထျန်းက ပြောလိုက်သည် ။
" ဒါ . ဟုတ်ကဲ့ ၊ ကိစ္စမရှိပါဘူးရှင် ။ ကျန်တာတွေကို ကျွန်မ ရှင်းလိုက်ပါ့မယ် "
ကူယွိနင် ပြန်ပြောလိုက်သည် ။
ဘုရင်ရှန်းဝူက ယခုကဲ့သို့ ဖြစ်သွားသည့်အတွက် ရှန်းဝူတပ်ဖွဲ့တွင် ခေါင်းဆောင် မရှိတော့ဘဲ ဝရုန်းသုန်းကား ဖြစ်နေလောက်လေပြီ ။
သို့ဖြစ်ရာ ကွေ့ရှအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ဦးသာ သူမဘေးတွင် ရှိပါက ကျန်ကိစ္စများကို ရှင်းရန် ခက်ခဲတော့မည်မဟုတ်ပေ ။
ထို့အပြင် မြို့တော်ထဲ၌ တော်ဝင်မိသားစုဘက်မှ ထောက်ခံသည့် လူအချို့လည်း အနည်းငယ် ရှိသေး၏။
သူတို့သည် ဘုရင်ရှန်းဝူ၏ ဖိနှိပ်ခံထားရသည့် အတွက်ကြောင့်သာ ငြိမ်နေကြခြင်းဖြစ်သည် ။
ထိုညတွင် လောထျန်း နားနေစရာ နေရာတစ်ခု ရှာတွေ့သွား၏။
ထိုအချိန်တွင် ယဲ့ဖုန်းနိုင်ငံ မြို့တော်ထဲ၌မူ ဝရုန်းသုန်းကား ဖြစ်နေပြီး လူများ ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည် ။
ဤသို့ဖြင့် နောက်ထပ် တစ်ရက်နှင့် တစ်ည ကြာသွားပြီးမှသာ အခြေအနေများ ပြန်လည်ငြိမ်သက်သွား၏။
နောက်တစ်ရက်တွင်မူ မြို့တော်တစ်ခုလုံး ပုံမှန် ပြန်ဖြစ်သွားပြီး ကောင်းကင်ဘုံ ယဇ်ပူဇော်ပွဲ အချိန်မှန် စတင်လိုက်သည် ။
ထိုပွဲတွင် မင်းသမီး ကူယွိနင်ကိုယ်တိုင် စင်ပေါ်သို့ တက်ကာ ပြီးခဲ့သည့် နှစ်များအတွင်း ဘုရင်ရှန်းဝူ ကျူးလွန်ခဲ့သော ပြစ်မှုများကို ကြေညာလိုက်သည် ။ ထို့နောက် အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်နေသော ဘုရင်ရှန်းဝူအား ယဇ်ပုလ္လင်ပေါ် တင်၍ လူအများရှေ့တွင် ကွပ်မျက်လိုက်၏။
ဘုရင်ရှန်းဝူနှင့် ပူးပေါင်းခဲ့ကြသည့် ရုံးတော်မှ အရာရှိများနှင့် စစ်တပ်မှ အရာရှိများလည်း အလားတူ ကွပ်မျက်ခံလိုက်ကြရသည် ။
အစပိုင်းတွင် ထိုလူများသည် ခုခံခဲ့ကြသေးသော်လည်း ဘုရင်ကျင်းဖန်၏ ဖိနှိပ်မှုသာမက ကွေ့ယွမ်ဂိုဏ်းနှင့် အခြားမိတ်ဖက် အဖွဲ့များပါ ရောက်လာသည့်အတွက် မည်သို့မှ မလုပ်နိုင်ကြတော့ချေ ။ နန်းတော်ထဲမှ အာဏာက လုံးဝ ဘက်ပြောင်းသွားခဲ့လေပြီ ။
ခေါင်းမာကာ ဆက်လက်ခုခံနေကြသူအချို့မှာ နေရာတွင်သာ အသတ်ခံလိုက်ကြရ၏။
သို့သော် ကူယွိနင်က ဘုရင်ရှန်းဝူလက်အောက်မှ လူအားလုံးကို မသတ်ခဲ့ပါချေ ။
ဘုရင်ရှန်းဝူနှင့် ပူးပေါင်းရန် အတင်းအကြပ် ဖိအားပေးခံခဲ့ရသူများကိုမူ သနားညှာတာပေးခဲ့သည် ။ သူမသည် ထိုလူများကို မသတ်သည့်အပြင် ရုံးတော်တွင် ဆက်လက်တာဝန်ထမ်းဆောင်စေခဲ့၏။
ဤသို့ဖြင့် ယဲ့ဖုန်းနိုင်ငံ တော်ဝင်နန်းတော်မှ ကိစ္စရပ်များ အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားကြသည် ။
ကူယွိနင်သည် ကိစ္စအားလုံး ပြီးသွားသည့်အချိန်တွင် လောထျန်းဆီသို့ သွားလိုက်သည် ။
" သခင်လေး လောထျန်း ၊ သခင်လေးကြောင့်သာ မဟုတ်ရင် ခုလောက်ဆို ကျွန်မတို့ တော်ဝင်မိသားစုတစ်ခုလုံး ဒုက္ခရောက်နေလောက်ပြီ ။ ကျွန်မတို့ ကူ တော်ဝင်မိသားစုက ဘိုးဘေးတွေ အားလုံးရဲ့ကိုယ်စား သခင်လေးကို ကျေးဇူးတင်ကြောင်းပြောဖို့ လာခဲ့တာပါ "
ထိုသို့ ပြောပြီးသည်နှင့် သူမက ဒူးထောက်၍ အရိုအသေပေးလိုက်သည် ။
လောထျန်းက သူမကို ကြည့်ကာ ပြော၏။
" မင်းသမီးလေး ၊ ကျုပ်ကို တကူးတကကြီး ကျေးဇူးတင်နေဖို့ မလိုပါဘူးဗျာ ။ ကျုပ်ကိုယ်တိုင် လက်တုန့်ပြန်ချင်တဲ့ ကိစ္စလေးလဲရှိလို့ ခုလိုကူညီပေးခဲ့တာပါ ။ အဲ့ဒါကို ထားလိုက်ပါလေ ၊ ဒါပေမယ့် တချို့ကိစ္စတွေကိုတော့ မင်းသမီး ကျုပ်ကို ရှင်းပြဖို့ လိုလိမ့်မယ် "
ကူယွိနင် မျက်နှာရဲသွားကာ ပြောသည် ။
" သခင်လေးလောထျန်း ၊ ကျွန်မ တောင်းပန်ပါတယ် ။ရှင် ကျွန်မကို မကူညီတော့မှာစိုးလို့ ကျွန်မအဖေရဲ့ သတင်းကို မပြောဘဲ ဖုံးထားမိခဲ့တာပါ "
" ရှန်းဝူနန်းတော်မှာ ကျွန်မပြောခဲ့သလိုပဲ ၊ ကျွန်မအဖေက အခု မြို့တော်မှာ မရှိဘူးရှင့် ။ သူက ဘုရင်ရှန်းဝူကို ကယ်ဖို့အတွက် တော်ဝင်သင်္ချိုင်းဂူ အတုထဲကို ဝင်သွားတာ နှစ်တွေတော်တော်ကြာခဲ့ပြီ "
ထိုစကားကြောင့် လောထျန်း အံ့အားသင့်သွား၏။
" တော်ဝင်သင်္ချိုင်းဂူ အတု.. ဟုတ်လား "
ကူယွိနင် ခေါင်းညိတ်ပြကာ စကားဆက်သည် ။
" ဟုတ်တယ်ရှင့် ။ အဲ့နေရာက ကျွန်မတို့ တော်ဝင် ကူ မိသားစုအတွက် လုပ်ထားတဲ့ တော်ဝင်သင်္ချိုင်းဂူ လို့ပဲ တခြားသူတွေကို ပြောထားခဲ့ကြတာ ။ ဒါပေမယ့် တကယ်တော့ ကူမိသားစုဝင် တစ်ယောက်ကိုမှ အဲ့မှာ မသဂြိုလ်ဖူးဘူး ။ လိမ်ပြောထားရတဲ့အကြောင်းရင်းက တခြားသူတွေ အဲ့နားကို လွယ်လွယ်လာကပ်ကြမှာ စိုးလို့ပဲ "
" ဘာဖြစ်လို့လဲ "
လောထျန်း အလွန်စိတ်ဝင်စားသွားသည် ။
ကူယွိနင်က သက်ပြင်းရှည်ကြီး တစ်ချက်ချကာ ပြော၏ ။
" ဘာလို့လဲဆိုတော့ အဲ့မှာ မိစ္ဆာနတ်ဆိုးတွေ အများကြီးကို ချုပ်နှောင်ထားလို့ပဲ "
" မိစ္ဆာနတ်ဆိုးတွေ .. "
လောထျန်းက သူမအား အံ့သြတကြီး ကြည့်လိုက်သည် ။
ကူယွိနင် ခေါင်းညိတ်ပြလိုက်၏။
" ပြောရရင်တော့ အရှည်ကြီးပဲရှင် ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်က ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပြီးတော့ လူတွေအများကြီးကို သတ်ပစ်ခဲ့တဲ့ မိစ္ဆာနတ်ဆိုး သုံးယောက် ရှိခဲ့တယ် ။ ဒီတော့ ဘေးပတ်ဝန်းကျင် နိုင်ငံတွေအများကြီး စုပြီးတော့ အစွမ်းထက် ကျင့်ကြံသူတွေအများကြီးက ဒီမိစ္ဆာနတ်ဆိုးတွေကို ဖမ်းပြီး သတ်ဖို့ ကြိုးစားခဲ့ကြတယ် ။ ဒါပေမယ့် နောက်ဆုံးမှာ ဒီအစီစဥ်က မအောင်မြင်ခဲ့ဘူး ။ အဲ့မှာ ဝင်ပြီးတိုက်ခိုက်ကြတဲ့ သူတွေအားလုံးလဲ သေတဲ့သူကသေ ၊ ဒဏ်ရာရတဲ့သူ ရ ဖြစ်ခဲ့ကြရတယ် "
" နောက်တော့ ထျန်းယွမ် အင်ပါယာနဲ့ ဖုန့်လင်းဒေသရဲ့ အရှင်သခင်က အစွမ်းထက်တဲ့ ကျင့်ကြံသူ လေးယောက်ကို လွှတ်ခဲ့သေးတယ် ။ ဒါပေမယ့် သူတို့ကလဲ မအောင်မြင်ခဲ့ပြန်ဘူး "
လောထျန်း အံ့သြတကြီး မေး၏။
" အဲ့လောက်တောင် အစွမ်းထက်တာလား ၊ ဒီ မိစ္ဆာနတ်ဆိုးတွေက ဘယ်ကျင့်ကြံခြင်းအဆင့်မှာ ရှိတာလဲ "
ကူယွိနင်က ခေါင်းယမ်းပြလိုက်သည် ။
" အဲ့ဒါတော့ ကျွန်မ မသိဘူး ။ ကျွန်မတို့ မိသားစုရဲ့ ရှေးဟောင်းမှတ်တမ်းစာအုပ်တွေထဲမှာ ရေးထားတာတော့ ဒီ မိစ္ဆာနတ်ဆိုးတွေရဲ့အစွမ်းက တိုက်ရည်ခိုက်ရည်ကြောင့် မဟုတ်ဘူးတဲ့ ။ သူတို့ကို သတ်ဖို့ မဖြစ်နို်တာကြောင့်လို့ ပြောတယ်"
" ဘာလို့ သတ်လို့ မရတာတဲ့လဲ "
လောထျန်း သိချင်စိတ်ဖြင့် ဆက်မေးလိုက်သည် ။
ကူယွိနင် ပြန်ပြော၏။
" ကျွန်မ မသိဘူးရှင့် ။ စာအုပ်တွေထဲမှာ ရေးထားတာတော့ အဲ့ဒီ မိစ္ဆာနတ်ဆိုးသုံးယောက်ကို ဖိနှိပ်နိုင်ခဲ့ကြတဲ့ အစွမ်းထက် ကျင့်ကြံသူတချို့ ရှိတယ်တဲ့ ။ ဒါပေမယ့် နောက်ဆုံးတော့ သူတို့အားလုံး အသတ်ခံခဲ့ရတယ်လို့ ပြောတယ် "
" နောက်တော့ ပညာရှင်တွေက အစီစဥ်တစ်ခု ဆွဲခဲ့ကြတယ် ။ အဲ့ဒီ မိစ္ဆာနတ်ဆိုး သုံးယောက်က ယဲ့ဖုန်းနိုင်ငံရဲ့ မြို့တော်ကို ဖျက်ဆီးခါနီးမှာ သူတို့ကို ချုံခိုတိုက်ခိုက်ပြီးတော့ 'ယင်' အစွမ်းတွေ ပြည့်နေတဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားခဲ့ကြတယ် ။ အချုပ်အနှောင်ရဲ့ အလယ်မှာလည်း ဖီးနစ်ငှက်ရဲ့ မီးတောက်ကို ထားပြီး 'ယင်' နဲ့ 'ယန်' အစွမ်း မျှတအောင် လုပ်ထားခဲ့တယ် ။ အဲ့ဒီနောက်တော့ အပြင်လူတွေ မကပ်နိုင်အောင် တော်ဝင် သင်္ချိုင်းအတု တစ်ခု ဆောက်ပြီး အချုပ်အနှောင် နေရာတစ်ခုလုံးကို ထပ်ပြီး ချုပ်နှောင်ထားခဲ့တာပေါ့ရှင် ။ ကျွန်မတို့ ကူ မိသားစုကတော့ ဖီးနစ်ငှက်ရဲ့ မီးတောက်ကို ထိန်းချုပ်နိုင်တာမို့ အချုပ်အနှောင်ရဲ့ အစောင့်အရှောက် ဖြစ်လာခဲ့ကြတယ် "
စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း ခေါင်းညိတ်၍ ပြောလိုက်သည် ။
" ဒါဆို မင်းသမီးရဲ့ အဖေ၊ ဧကရာဇ်ကြီးက ဘာလို့ အဲ့နေရာကို သွားခဲ့ရတာလဲ "
ကူယွိနင် အောင့်သက်သက် ပြုံးလိုက်သည် ။
" ဘာဖြစ်လို့လဲဆိုတော့ အဲ့နေရာမှာ ဖီးနစ်ငှက်ရဲ့ မီးတောက် ရှိလို့ပေါ့ရှင့် ။ အဲ့နေရာမှာ ' ယင်' အစွမ်းနဲ့ ' ယန် ' အစွမ်းတွေ ပြည့်နေတာမို့ စိတ်သောကအသက် လို့ခေါ်တဲ့ ထူးခြားတဲ့ ပစ္စည်းတစ်ခုကို ထုတ်ပေးနိုင်တယ် ။ အဲ့ပစ္စည်းက လူတွေရဲ့ ကျင့်ကြံခြင်းကို တိုးတက်စေရုံတင်မကဘူး ၊ အဆိပ်ပေါင်းစုံကိုလဲ ပြယ်စေနိုင်တယ် "
" ကျွန်မအဖေက ဘုရင်ရှန်းဝူ လှည့်စားတာကို ခံရပြီးတော့ စိတ်သောကအသက် ကို ယူဖို့ တော်ဝင် သင်္ချိုင်းဂူအတုထဲကို ဝင်သွားခဲ့တာ ။ ဒါပေမယ့် သူ အထဲမှာပဲ ပိတ်မိသွားခဲ့ရတယ် "
ထိုသို့ ရှင်းပြပြီးသွားသောအခါ ကူယွိနင် တိတ်ဆိတ်ငြိမ်သက်သွားသည် ။
သို့သော် ထိုစဥ် လောထျန်းက ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
" ခဏလေး .. အဲ့ သိင်္ချိုင်းဂူ အတုထဲမှာ ဘာရှိတယ်လို့ ပြောလိုက်တာလဲ "
လောထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည် ။
" အ ..စိတ်သောကအသက် လေ ..ဘာဖြစ်လို့လဲ ၊ သခင်လေး အဲ့နာမည်ကို ကြားဖူးလို့လား "
ကူယွိနင် ပြန်မေးလိုက်သည် ။
လောထျန်းက သူ့ပါင်သူ အားပါးတရ ပြန်ရိုက်ကာ ပြော၏။
" ဘုရားရေ .. ကျုပ် အဲ့ဒါကို ရှာနေတာ ကြာလှပြီ ။ လုံးဝ ရှာမတွေ့လို့ ဘယ်နေရာမှာ ရှိနိုင်မလဲဆိုတာကို တွေးနေခဲ့တာ ။ အခုလို ခင်ဗျားတို့ဆီမှာ ရှိနေမယ်လို့ ဘယ်ထင်ပါ့မလဲ ။ တော်ဝင်သင်္ချိုင်းဂူအတုက ဘယ်မှာရှိတာလဲ ။ ကျုပ်ကို အဲ့ကို ခေါ်သွားပေးပါလား "
စိတ်သောကအသက် မှာ လောထျန်း စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်သို့ ရောက်ရန် အဓိက လိုအပ်သည့် ပစ္စည်းပင် ။
သို့သော် လောမိသားစု တစ်ခုလုံးကို ထိုနာမည်ကို ကြားပင် မကြားဖူးသဖြင့် သူ မည်သည့်နေရာတွင် ရှာရမည်မသိ ဖြစ်နေခဲ့၏။
ထိုပစ္စည်းက ဤနေရာတွင် ရှိနေမည်ဟု သူ မည်သို့ ထင်ထားပါမည်နည်း ။