← Chapters

ကျရှုံးသွားသော မသေမျိုး

Vol. 7 Ch. 95

ကျရှုံးသွားသော မသေမျိုး

Vol. 7 Ch. 95

" နိုးလာပြီလား "

လောထျန်းက မေးလိုက်သည်။

သက်လတ်ပိုင်းအရွယ် လူကြီးမှာ လောထျန်းကို တွေ့သည်နှင့် လန့်ဖျတ်သွားပြီး တအံ့တသြ မေး၏။

" မင်းက ဘယ်သူလဲ "

ထို့နောက် သူ့မျက်နှာ ချက်ချင်းပြောင်းသွားကာ ပြောလိုက်သည်။

" သွားတော့ ၊ ဒီကနေ မြန်မြန်ထွက်သွား ။ ငါ့ကိုယ်ငါ ထိန်းချုပ်လို့ မရတော့ဘူးကွ ။ မင်းကို သတ်မိသွားလိမ့်မယ် ။ အဝေးကို မြန်မြန်သွားတော့ "

ထိုမြင်ကွင်းကို ကြည့်ကာ လောထျန်း စကားမဆိုနိုင် ဖြစ်သွားရသည်။

ထိုလူက ဘာတွေ ဖြစ်နေပါသနည်း ။

ထိုလူများမှာ မိစ္ဆာနတ်ဆိုးများ ဖြစ်နေသည့်တိုင် သူ့ကို သွားခွင့် ပေးကြသည်လား ။

ထို့အပြင် ထိုလူက သူ့ကို သတ်နိုင်မည်ဟု ထင်နေသည်လား ..

" အား .. နာလိုက်တာ "

ထိုအချိန်တွင် အမျိုးသမီးကလည်း နိုးလာသည်။

သူမက ကိုယ်ပေါ်မှ ဒဏ်ရာများကို စမ်းကြည့်နေရင်း ရုတ်တရက် လောထျန်းအား တွေ့သွား၏။

" ဟင် ..ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၊ ရှင်မသေ သေးဘူးပေါ့ "

သူမက အံ့သြတကြီး ပြောလိုက်သည်။

" ချင်းလျန်  ..ဘာတွေ ဖြစ်နေတာလဲ "

သက်လတ်ပိုင်းအရွယ် လူကြီးက တအံ့တသြ မေးလိုက်သည်။

အမျိုးသမီး စကားပြန်မပြောနိုင်ခင်မှာပင် အဘိုးအိုထံမှ ချောင်းဆိုးသံ ထွက်လာ၏။

" ဟင် ..ငါ ဘာလို့ အခုထိ မသေသေးတာလဲ "

အဘိုးအို၏ အသံမှာ အလွန်စိတ်ပျက်နေဟန် တူသည်။

" ဟင်..ဘာတွေ ဖြစ်နေတာလဲ "

သူ လောထျန်းကို တွေ့သောအခါ အံ့သြတုန်လှုပ်သွားသည်။

" မင်း .. မင်းက ငါတို့ သုံးယောက်လုံးကို အနိုင်ယူလိုက်နိုင်တာလား ။ မင်းက ဘယ်သူလဲ "

သူ အံ့သြတကြီး မေးလိုက်သည်။

လောထျန်းက အဘိုးအိုကို မျက်စောင်းဖြင့် ကြည့်ကာ ပြော၏။

" ဒီမေးခွန်းကို ကျုပ်က မေးရမှာ မဟုတ်ဘူးလား ။ ခင်ဗျားတို့က ဒဏ္ဍာရီကျော် မိစ္ဆာနတ်ဆိုးတွေ ဖြစ်နေပြီးတော့ လူ့အသက်ကို ကယ်ချင်နေကြတာ။ ခင်ဗျားတို့ သုံးယောက်လုံး ဘာတွေ ဖြစ်နေကြတာလဲ "

သူတို့ သုံးဟောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် အဘိုးအိုက သက်ပြင်းချ၍ ပြော၏။

" အင်း ..လျှို့ဝှက်ချက်လဲ မဟုတ်တော့ဘူးဆိုတော့ မင်းကို ပြောပြပါ့မယ် "

သူက သူတို့သုံးယောက်၏ အဖြစ်ပျက်ကို ပြန်ပြောပြလိုက်သည်။

သူတို့ သုံးယောက်မှာ မြောက်ပိုင်းဒေသမှ ဖြစ်ကြပြီး လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြသည်။

သူတို့ထဲမှ အမျိုးသမီးမှာ ဂိုဏ်းကြီးတစ်ခုမှ သူတော်စင်တစ်ယောက်ဖြစ်ပြီး ဖုချင်းလျန်ဟု အမည်ရ၏။

သက်လတ်ပိုင်းအရွယ် လူကြီး၏ နာမည်ကမူ ကျင်းယီ ဟု ခေါ်ပြီး ဓားသိုင်းပညာတွင် ပါရမီထူးချွန်သူ တစ်ယောက်ဖြစ်သည်။

အဘိုးကြီးကမူ ယဲ့ထုံလင်း ဟု အမည်ရကာ ထိုအချိန်က အစီအမံပညာရပ်တွင် ခေါင်းဆောင် ပါရမီရှင်တစ်ဦးဖြစ်သည်။

သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက် သိကြသည်မှာ နှစ်များစွာ ကြာခဲ့ပြီဖြစ်ပြီး အကျင့်စရိုက်များကလည်း ဆင်တူသည့်အတွက် သွေးသောက် မောင်နှမများ ဖြစ်လာခဲ့ကြ၏။

သို့သော် သူတို့သုံးယောက်လုံး အလွန်ပါရမီ ထူးကြသည့်တိုင် တုကျဲ့ထိပ်ဆုံးအဆင့်သို့ ရောက်ပြီးနောက် တစ်ယောက်တစ်မျိုးစီ အခက်အခဲကြုံခဲ့ကြရသည်။ သူတို့ မည်သို့ပင် ကြိုးစားသော်လည်း ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ မတက်နိုင်ဘဲ ရှုံးနိမ့်ခဲ့ကြရ၏။

သူတို့ သုံးယောက်တွင် ယဲ့ထုံလင်းမှာ အကြီးဆုံးဖြစ်ပြီး သက်တမ်းကုန်ခါနီး ဖြစ်နေသည့်အတွက် ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့သာ မတက်နိုင်ပါက မကြာခင် သေဆုံးရမည်ဖြစ်သည်။

သို့ဖြစ်ရာ သူတို့သုံးယောက်လုံး ကမ္ဘာအနှံ့ ခရီးသွား၍ ကျင့်ကြံခြင်းအဆင့် တက်နိုင်မည့် နည်းလမ်းကို ရှာဖွေခဲ့ကြသည်။

နောက်ဆုံးတွင်မူ သူတို့၏ ကြိုးစားမှု အရာထင်လာပြီး ကျင်းယီက ရှေးဟောင်း မသေမျိုးတစ်ယောက်၏ သင်္ချိုင်းဂူကို မတော်တဆ ရှာတွေ့သွားခဲ့၏။

ထိုသင်္ချိုင်းဂူထဲတွင် ကျင့်ကြံခြင်း နောက်တစ်ဆင့်သို့ တက်နိုင်မည့် နည်းလမ်းအား ဖုံးကွယ်ထားသည်ကိုလည်း သူတို့ သိလိုက်ရသည်။

ထို့ကြောင့် သူတို့သုံးယောက်လုံး လူစုကာ သင်္ချိုင်းဂူထဲသို့ ဝင်ခဲ့ကြသည်။

ဤသို့ဖြင့် အတားအဆီး၊ အခက်အခဲများစွာ ဖြတ်ကျော်ပြီးနောက်တွင်မူ မသေမျိုး၏ အလောင်းထည့်ထားသည့် ခေါင်းတလားဆီသို့ ရောက်သွားကြ၏။

သူတို့သုံးယောက် အလွန်စိတ်လှုပ်ရှားသွားကာ ခေါင်းတလားအား ဖွင့်လိုက်ကြသည်။

ယဲ့ထုံလင်းက ထိုသို့ ပြောနေရင်း ရုတ်တရက် စကားရပ်လိုက်သည်။ သူ့မျက်နှာတွင် နာကျင်နေသည့် အရိပ်အယောင် ပေါ်လာ၏။

ကျန်နှစ်ယောက်လည်း အံကြိတ်လိုက်ကြသည်။

လောထျန်းက သူတို့သုံးယောက်ကို ကြည့်ကာ ပြောလိုက်သည်။

" ဒါဆို ..မသေမျိုးရဲ့ သင်္ချိုင်းက  အတုပေါ့ "

ယဲ့ထုံလင်းက ခေါင်းယမ်းကာ စကားဆက်၏။

" အတုလို့တော့ ပြောလို့မရဘူးကွ ။ ဒါပေမယ့် အခေါင်းထဲမှာ မြှုပ်ထားတာက သာမာန် မသေမျိုးတစ်ယောက်ရဲ့ အလောင်းမဟုတ်ဘူး ။ ကျရှုံးသွားတဲ့ မသေမျိုးတစ်ယောက်ရဲ့ လက်အရိုးတွေပဲ "

" ကျရှုံးသွားတဲ့ မသေမျိုးတစ်ယောက် .. "

လောထျန်း အံ့အားသင့်သွားသည်။

ကျန်းယီက ရှင်းပြသည်။

" ကျရှုံးသွားတဲ့ မသေမျိုးဆိုတာ မိစ္ဆာနည်းလမ်းတွေကို ကျင့်သုံးတဲ့ မသေမျိုးတွေကို ခေါ်တာ။ ဒီလူတွေက တကယ့် နတ်ဆိုးအစစ်တွေထက်တောင် ပိုပြီး ယုတ်မာရက်စက်ကြတယ် "

လောထျန်း သဘောပေါက်သွားကာ ပြောသည်။

" ဒါဆို ခင်ဗျားတို့က အဲ့ဒီ ကျရှုံးသွားတဲ့ မသေမျိုးရဲ့ ကိုယ်အရောင်အဝါနဲ့ ထိမိသွားကြတာပေါ့ "

သုံးယောက်လုံး အသံတိတ် ခေါင်းညိတ်လိုက်ကြသည်။

ထို့နောက် ယဲ့ထုံလင်းက ဆက်ပြော၏။

" တကယ်တော့ မသေမျိုးရဲ့ သင်္ချိုင်းဂူ သတင်းက တမင်ဖြန့်ထားတဲ့ သတင်းတုပဲ ။ ကျရှုံးသွားတဲ့ မသေမျိုးမိစ္ဆာက တစ်စစီ ဖြစ်အောင် အလုပ်ခံခဲ့ရပြီးတော့ မြေမြှုပ်ခံခဲ့ရတယ် ။ ဒါပေမယ့် သူက လက်မလျှော့ဘဲနဲ့ တခြားသူရဲ့ ကိုယ်မှာ ပြန်ဝင်စားနိုင်အောင် လုပ်ခဲ့တာကွ "

" ဒါ့ကြောင့် သူက အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရောက်လာအောင် လှည့်ကွက်တွေ သုံးပြီးတော့ မျှားခေါ်ခဲ့တာပဲ ။ ရောက်လာတာနဲ့ သူ့ရဲ့ ကိုယ်အရောင်အဝါကို အသုံးချပြီး ငါတို့ကို သူ့ရဲ့ ကျွန်တွေအဖြစ် ထားဖို့ ကြိုးစားခဲ့တာပေါ့ကွာ "

" သူ့ရဲ့ ကိုယ်အရောင်အဝါနဲ့ တွေ့ပြီးတော့ တကယ်လဲ ငါတို့ ကျင့်ကြံခြင်းအဆင့်တက်ပြီး မသေမျိုးဖြစ်သွားခဲ့ကြတယ် ။ ငါတို့ကို သာမာန်နည်းလမ်းတွေနဲ့ ဘယ်လိုမှ သတ်လို့မရဘူး "

" ဒါပေမယ့် အတုံ့အလှည့်အနေနဲ့ ငါတို့ရဲ့ ခန္ဓာကိုယ်နဲ့ အသိစိတ်ကတော့ ကျရှုံးသွားတဲ့ မသေမျိုးတွေရဲ့ အစွမ်းနဲ့  အသုံးချတာကို နေ့တိုင်း ခံရတာပေါ့ကွာ ။ နေ့တိုင်း ငါတို့တွေ ရူးသွားပြီးတော့ လူသတ်ဖို့ပဲ သိတဲ့ မိစ္ဆာနတ်ဆိုးတွေ ဖြစ်သွားခဲ့ရတယ် "

" ပုံမှန်အတိုင်း နေချင်လို့ရှိရင် သွေးတွေအများကြီးနဲ့ ကျရှုံးသွားတဲ့ မသေမျိုးတွေရဲ့ စိတ်စွမ်းအင်ကို ဆေးကြောပစ်မှပဲ ရတာကွ ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုရင် ငါတို့ လူတွေအများကြီးကို သတ်ရတာပေါ့ကွာ "

ထိုစကားကို ကြားပြီးနောက် လောထျန်းက မျက်နှာသုန်မှုန်စွာ ပြောလိုက်သည်။

" ဒါဆို ခင်ဗျားတို့က စိတ်လွတ်သွားရင် .. လူတွေအများကြီးကို ဘာအထိန်းအချုပ်မှ မရှိတော့ဘဲ သတ်ပစ်တယ် ။ စိတ်မလွတ်အောင်ကျတော့လဲ လူတွေအများကြီးကို အထိန်းအကွပ်မရှိ သတ်ရတယ် ။ အဲ့လိုပေါ့ "

သုံးယောက်လုံး ခေါင်းညိတ်လိုက်ကြသည် ။

လောထျန်း မျက်မှောင်ကြုံ့ကာ ပြော၏။

" ဒီကျရှုံးသွားနဲ့ မသေမျိုးတွေရဲ့ နည်းက တော်တော်ရက်စက်ယုတ်မာတာပဲ "

ဖုချင်းလျန်က အောင့်သက်သက်ပြုံး၍ ပြောလိုက်သည်။

" ဒါကို ငါတို့လဲ မငြင်းဘူး ။ ဒါပေမယ့် ငါတို့ သုံးယောက်လုံးက သွေးဆာတဲ့ သူတွေ မဟုတ်ပါဘူး ။ အခြေအနေ မဟန်တော့တာကို သိသိချင်း ငါတို့သုံးယောက်လုံး ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားခဲ့ကြတယ် ။ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစား ကြိုးစား မသေနိုင်ဘူး "

ထိုသို့ ပြောပြီးသည်နှင့် သူမ အံကြိတ်လိုက်သည် ။ သူမ ပါးပြင်တွင်လည်း မျက်ရည်များ စီးကျလာ၏။

လောထျန်းက သူမကို ကြည့်ကာ ပြောလိုက်သည်။

" ဒါဆို  ဟို ကျောက်ကမ်းပါးက 'သေချင်တယ်' ဆိုတဲ့ စာတွေက ခင်ဗျားတို့ ရေးထားတာပေါ့ "

သုံးယောက်လုံး ခေါင်းညိတ်လိုက်ကြပြန်၏။

" ဒါဆို ဒီနေရာမှာ ချုပ်နှောင်ခံထားဖို့ ခင်ဗျားတို့ကိုယ်တိုင် စီစဥ်ခဲ့ကြတာလား "

လောထျန်းက မေးလိုက်သည် ။

ယဲ့ထုံလင်းက ခေါင်းညိတ်၍ ပြော၏။

" အမှန်ပဲ ၊ ဒီနည်းက ငါတို့ စဥ်းစားမိတဲ့အထဲမှာ အကောင်းဆုံး နည်းပဲလေ ။ နေရာရွေးတာရော ၊ ငါတို့ကိုယ်ငါတို့ ချုပ်နှောင်ဖို့ကိုရော အားလုံးကို ငါကိုယ်တိုင် လုပ်ခဲ့တာကွ ။ ငါတို့က မသေနိုင်မှတော့ ချုပ်နှောင်ခံထားရတာပဲ အကောင်းဆုံးပေါ့ကွာ ။ ဒီလိုဆို လူတွေကိုလဲ မသတ်မိတော့ဘူး "

စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်း ထိုသုံးယောက်အား တလေးတစား ကြည့်လိုက်သည်။

မိစ္ဆာနတ်ဆိုး သုံးကောင်ဟု နာမည်ကျော်သူများက မမျှော်လင့်ဘဲ ကြင်နာသော နှလုံးသားရှိသည့် လူသုံးယောက် ဖြစ်နေပေသည် ။

" ဒါဆို .. ဒီ စိတ်သောကအသက် ကလဲ .. "

လောထျန်း တစ်စုံတစ်ခုကို တွေးမိသွားကာ သူ့လက်ထဲမှ စိတ်သောကအသက် များ စုထားသည့် ပုလင်းကို မြှောက်လိုက်သည်။

ယဲ့ထုံလင်းက ခေါင်းညိတ်လိုက်သည် ။

" ငါတို့ရဲ့ ခန္ဓာကိုယ်တွေက ကျရှုံးသွားတဲ့ မသေမျိုးတွေရဲ့ စွမ်းအင်တွေနဲ့ နောက်ကျိနေတာကွ ။ ဒီ စိတ်သောကအသက် တွေက 'ယင်' နဲ့ 'ယန်' အစွမ်းနှစ်ခု ဆုံတဲ့အချိန်မှာ ထွက်လာတဲ့ အသန့်စင်ဆုံး အရာပဲ ။ ဒီတော့ ငါတိူ့ခန္ဓာကိုယ်နဲ့ ဒီစိတ်သောကအသက် က တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေကြတာ ။ အနားကို ကပ်သွားတာနဲ့ ဆိုးရွာတဲ့ အကျိုးဆက်တွေ ဖြစ်လာတတ်တယ်ကွ ။ ဒါ့ကြောင့်မို့လဲ  ဟို ဧကရာဇ်ဆိုတဲ့သူကို ငါ မကယ်နိုင်တာပဲ "

ထိုအချိန်မှသာ ဖုချင်းလျန်အား စိတ်သောကအသက် များ ရှိသည့်တွင်းထဲသို့ ပစ်ချလိုက်စဥ် သူမ နာကျင်သွားရသည့် အကြောင်းရင်းကို လောထျန်း နားလည်သွား၏။

ထိုအချိန်တွင် ဖုချင်းလျန်က လောထျန်းကို ကြည့်ကာ မေးလိုက်သည်။

" သခင်လေး .. ခုနတုန်းက ကျွန်မတို့ကို ဘယ်လိုလုပ်ပြီး လူအဖြစ် ပြောင်းလိုက်နိုင်တာလဲ "

ကျန်နှစ်ယောက်ကလည်း လောထျန်းအား သိချင်စိတ်ဖြင့် ကြည့်လိုက်ကြသည် ။

ထိုလူသုံးယောက်မှာ နတ်ဆိုးအဖြစ် ပြောင်းသွားသည်နှင့် မှတ်ဥာဏ်များ ဝေဝါးသွားပြီး မည်သို့ ဖြစ်ပျက်သွားသည်ကို မမှတ်မိကြတော့ပေ ။

အမှန်တွင်မူ နတ်ဆိုးအဖြစ် ပြောင်းသွားသည်နှင့်  သူတို့၏ အစွမ်းက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သွားပြီး တစ်ယောက်ယောက်ကို မသတ်ရမချင်း လူအဖြစ်သို့ ပြန်မပြောင်းနိုင်ချေ ။

လောထျန်းက သုံးယောက်လုံးကို ကြည့်ကာ ​အားနာစွာ ပြုံးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးဗျာ ။ ကျုပ် ခင်ဗျားတို့ကို အကြိမ် သုံး ၊ လေးဆယ်လောက် ဆက်တိုက် သတ်လိုက်တာ "

" ဟင် .. "

သူတို့အားလုံး အံ့သြတုန်လှုပ်သွား၏။

သူတို့ကို အကြိမ် သုံး ၊လေးဆယ် ဆက်တိုက် သတ်ခဲ့တာတဲ့လား ..

ကမ္ဘာကြီးတွင် ထိုသို့သော လူမျိုးရှိနေသည်လား ..

သို့သော် လောထျန်း၏ အသွင်အပြင်နှင့် အပြင်မှ အပျက်အစီးများကို ကြည့်ခြင်းဖြင့် လောထျန်း လိမ်ပြောနေခြင်းမဟုတ်ကြာင်း သိနိုင်ပေသည်။

သို့ဆိုလျှင် ...

သူတို့သုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ လောထျန်းရှေ့တွင် တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။

" သခင်လေး ၊ ကျုပ်တို့ သုံးယောက်ကို ကျေးဇူးပြုပြီး သတ်ပေးပါ "

သူတို့သုံယောက် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

" ဟင် .. "

လောထျန်း ထိုလူများအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။

" သခင်လေး ..၊ လွန်ခဲ့တဲ့ နှစ်တစ်ထောင်လောက်အတွင်းမှာ ကျုပ်တို့တွေ နေ့တိုင်း ကျရှုံးသွားတဲ့ မသေမျိုးရဲ့ စွမ်းအင်နဲ့ တိုက်စားခံရပြီးတော့ မဆုံးနိုင်တဲ့ နာကျင်မှုကို ခံစားခဲ့ကြရတယ် ။ ဒီအတိုင်းသာ ဆက်သွားရင် မကြာခင်မှာ ကျုပ်တို့တွေ ကျရှုံးသွားတဲ့ မသေမျိုးရဲ့ ကျွန်အဖြစ် ရောက်သွားကြတော့မှာ ။ အဲ့ကျရင် လူသတ်ဖို့ပဲ သိတဲ့ နတ်ဆိုးတွေ ဖြစ်သွားကြလိမ့်မယ် ။ကျေးဇူးပြုပြီး ကျုပ်တို့ သုံးယောက်ကို သတ်ပေးပါ "

ထိုသုံးယောက်က ပြောလိုက်ကြသည်။

All Chapters